ချိတ်ဆွဲရန်စာတန်း: News-Buying-Old-Phones-JobsInYangon
ကမ္ဘာ့ရှေးအကျဆုံး Mobile ဖုန်းများကို ဈေးကောင်းပေး၍ Website တစ်ခုမှ ဝယ်ယူလျှက်ရှိနေ
စာဖတ်သူတို့ ပထမဆုံးကိုင်ခဲ့ရဖူးတဲ့ Mobile ဖုန်းတစ်လုံးဟာ ယနေ့ခေတ်ပေါ် စမတ်ဖုန်းများနဲ့ နှိုင်းယှဉ်လိုက်ပါက လွန်စွာခွာခြားမှုရှိသွားပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် ထိုကဲ့သို့သော ဖုန်းအဟောင်းတစ်လုံးဟာ ယနေ့ခေတ်မှာ ဒေါ်လာထောင်နှင့်ချီ၍ တန်ဖိုးရှိလာနိုင်ပါတယ်။
ရှေးဟောင်းပစ္စည်းရောင်းဝယ်ရေးဈေးကွက်တစ်ခုဖြစ်တဲ့ LoveAntiques.com ဟာ ယခုဆိုရင် တန်ဖိုးအရှိဆုံးနဲ့ ရှေးအကျဆုံး Mobile ဖုန်းများကို အမြင့်ဆုံးဈေးနှုန်းများကိုပေး၍ ဝယ်ယူလျှက်ရှိနေပြီပဲဖြစ်ပါတယ်။
အဆိုပါ ရှေးအကျဆုံးနဲ့ တန်ဖိုးအရှိဆုံး Mobile ဖုန်းများရဲ့ စာရင်းတွင် ထိပ်ဆုံးကရပ်တည်နေတာကတော့ ကမ္ဘာ့ ပထမဆုံး iPhone ဖြစ်ပြီး ထိုအရာကို ပေါင်ငွေ ၁၀,၀၀၀ ကျော်ခန့်ဖြင့်ဝယ်ယူလျှက်ရှိနေပါတယ်။ ဒါ့အပြင် ရှေးကျတဲ့ Motorola နဲ့ Nokia ဖုန်းမော်ဒယ်လ်များကိုလည်း အဆိုပါ ဆိုဒ်ပေါ်တွင် ဝယ်ယူလျှက်ရှိနေကြောင်း သိရှိရပါတယ်။
အဆိုပါဖုန်းများအနက်မှ တန်ဖိုးအကြီးဆုံးဖုန်း (၁၀) လုံးကတော့ -
Pre-production Prototype iPhone 1 - £10,000+
Motorola 8000x- £800 - £3,500
Nokia 7700 - £1,000 - £2,000
Mobira Senator NMT- £800 - £2,000
IBM Simon Personal Communicator- £800 - £2,000
Nokia Sapphire 8800 - £500 - £2,000
Technophone PC105T - £600 - £1,500
Orbitel Citiphone- £600 - £1,000
Ericsson R290 Satellite Phone - £300 - £1,000
Rainbow StarTAC - £100 - £400 တို့ဖြစ်ကြပြီး
Software, Model, ဖုန်း၏ အသုံးပြု၍ရနိုင်မှုအခြေအနေနှင့် ရှားပါးမှုတို့ဟာ အဆိုပါ Mobile ဖုန်းအဟောင်းများရဲ့ ဈေးရရှိနိုင်မှုကို အဆုံးအဖြတ်ပေးသွားနိုင်မယ့်အချက်များပဲဖြစ်ကြပါတယ်။ ကျွမ်းကျင်သူများရဲ့အဆိုအရတော့ prototype iPhone 1 ဖုန်းမော်ဒယ်လ်ဟာ ဗြိတိန်ပေါင် ၃၀,၀၀၀ အထိ ပေါက်ကြေးရှိနေကြောင်းကိုလည်း သိရှိခဲ့ရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။