Jobs In Myanmar
Load...

3 Ways to Prove Your Productivity When Working From Home

by www.jobsinyangon.com


Tags: Work From Home-WFH-productivity



ကြီးကြပ်သူမရှိဘဲ အိမ်မှနေ၍ အလုပ်လုပ်သူတစ်ယောက်အတွက် ကိုယ်ဟာအလုပ်မှာ စိတ်ပါဝင်စားပြီး အလုပ်ပြီးမြောက်အောင်လုပ်ဆောင်နိုင်တယ်ဆိုတာကို သက်သေပြနိုင်ဖို့ မလွယ်ကူပါ။

သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဒါမှမဟုတ် သင့်ရဲ့မန်နေဂျာက သင့်ကိုမကောင်းမြင် နေတာမျိုးမဟုတ်ပေမယ့် သူတို့ကသင့်ကိုနေ့တိုင်းတွေ့နေရတာမဟုတ်တဲ့အတွက် သင် အလုပ်ကြိုးစားနေပါတယ်ဆိုတဲ့ပုံရိပ် သူတို့ရဲ့စိတ်ထဲမှာအသင့်ရှိမနေတတ်တာမျိုးဘဲ ဖြစ်ပါတယ်။ (သူတို့ကိုယ်တိုင် ကြီးကြပ်သူမရှိဘဲ အိမ်ကနေအလုပ်လုပ်ဖူးကြသူတွေ မဟုတ်ရင် အိမ်မှာအလုပ်လုပ်တယ်ဆိုတာကို တကယ်မှန်းဆမြင်ယောင်ကြည့်ဖို့ ခက်ခဲနိုင်ပါတယ်။)

တကယ်တော့ သင်က သင့်အလုပ်ရှင်ရဲ့ဘေးမှာ ရှိမနေဘဲ အိမ်ကဆိုဖာပေါ်မှာထိုင်နေမယ် ဆိုရင်တောင် သင့်ဘယ်လောက်အထိအလုပ်ကြိုးစားတယ်၊ သင့်ရဲ့အလုပ်မှာဘယ်လောက် အထိကျွမ်းကျင်မှုရှိတယ်ဆိုတာကို သင့်အလုပ်ရှင်သိအောင်လုပ်ဖို့ကတော့ သင့်ရဲ့ တာဝန်ဘဲဖြစ်ပါတယ်။

သင့်ရဲ့ အလုပ်ရှင်က သင်အိမ်ကနေအလုပ်လုပ်တဲ့အချိန်တွေကို ဘယ်လိုအသုံးချနေလဲဆို တာနဲ့ ပတ်သက်ပြီးမေးခွန်းထုတ်နေနိုင်တယ်လို့ ထင်ပါက သင့်ရဲ့အလုပ်ပြီးမြောက်အောင် လုပ်နိုင်စွမ်းကို သက်သေပြဖို့အတွက် နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါ။

၁။ ယုံကြည်လို့ရပြီး တုံ့ပြန်အကြောင်းကြားတတ်ပါစေ။

ရုံးခန်းထဲမှာတော့ သင့်ရဲ့အလုပ်စားပွဲမှာ သင်တစ်နေကုန်အလုပ်လုပ်နေတယ်ဆိုတာကို သင့်ရဲ့အလုပ်ရှင်က ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ သင်အိမ်မှာရှိနေတဲ့အချိန်တွေမှာ တော့ သင်အလုပ်လုပ်နေတယ်ဆိုတာကို ပေါ်လွင်စေဖို့အတွက် သင့်အနေနဲ့ အွန်လိုင်းမှာ အမြဲရှိနေသင့်ပြီး (မက်ဆေ့ဂ်ျတွေ၊ အီးမေးလ်တွေကို ) အချိန်နဲ့တပြေးညီ စာပြန်နေဖို့လို အပ်ပါတယ်။

၂။ အစီရင်ခံမှုတွေကို အနည်းဆုံး(လျော့ချပြီး)လုပ်ပေးပါ။

ဆိုလိုသည်မှာ အစီရင်ခံတာတွေ ဆက်သွယ်မေးမြန်းတာတွေကို အလွန်အကျွံမပြုလုပ်သင့် ပါ။ သင်အလုပ်လုပ်နေကြောင်း သက်သေပြဖို့အတွက်  သင့်လုပ်နေတဲ့အရာတွေကို ဆက်တိုက်အစီအရင်ခံနေတာတွေ၊ ပရောဂျက်တွေအကြောင်းကို အမြဲမပြတ်ပြောနေတာ လုပ်နေမိတတ်ပါတယ်။အဲ့ဒီလို မလုပ်မိပါစေနဲ့။ တကယ်တော့ သင့်ရဲ့မန်နေဂျာက ဆုံးဖြတ် ချက်တွေ ချဖို့အတွက်နဲ့ သင့်အလုပ်ကိုပြီးမြောက်အောင်လုပ်ဖို့အတွက် သင့်ကိုအလုပ်ခန့် ထားတာဖြစ်ပါတယ်။ သင့်ကို ကြီးကြပ်သူမရှိဘဲ အလုပ်လုပ်ခွင့်ပေးလိုက်တာက သင့်ရဲ့အချိန်ကို ကောင်းကောင်းအသုံးချနိုင်မယ်လို့ ယုံကြည်တာကြောင့်ဘဲဖြစ်ပါတယ်။ သင့်ရဲ့အလုပ်ရှင်ကို တစ်နာရီခြားတစ်ခါ အီးမေးလ်တွေ ပို့နေစရာမလိုပါ။ အဲ့ဒီလို ပြုလုပ် ခြင်းအားဖြင့် အလုပ်ကိုသင်ကိုယ်တိုင်ပြီးမြောက်အောင်လုပ်နိုင်မယ်လို့ ထင်ထားတဲ့ ယုံကြည်မှုတောင် လျော့ကျသွားနိုင်ပါတယ်။

၃။အာရုံစိုက်သတိပြုခံရမှု(Visibility) ဖန်တီးနိုင်ဖို့အတွက်  လုပ်ငန်းတာဝန်အပိုတွေကို မလုပ်မိပါစေနဲ့။

မိမိနဲ့ မသက်ဆိုင်တဲ့ အခြားပရောဂျက်တွေကို ကူလုပ်ပေးဖို့ကမ်းလှမ်းတာက အရမ်းကောင်းတယ်လို့ ထင်စရာရှိပါတယ်။ သင့်ရဲ့လုပ်စရာတာဝန်တွေအားလုံးကို အချိန်တိုအတွင်းပြီးအောင် လုပ်နိုင်တာမို့ အခြားသူတွေရဲ့အလုပ်တွေကိုပါ သင်ကကူပြီး လုပ်ပေးနိုင်နေတာမျိုးပါ။ ဒါပေမယ့်သင့်ရဲ့ ရည်မှန်းချက်နဲ့ မကိုက်ညီ(မသက်ဆိုင်)တဲ့ အလုပ်တွေကို လုပ်နေမယ်ဆိုရင် အောင်မြင်မှုနဲ့ဝေးကွာသွားနိုင်ပါတယ်။ အကောင်းဆုံး ဥပမာအနေနဲ့ကတော့ သင်ကအလုပ်တွေအားလုံးကိုပြီးအောင်လုပ်နိုင်တယ်။ဒါပေမယ့် ဒါက သင့်ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်မဟုတ်သေးတာမျိုး ဖြစ်နေနိုင်ပါတယ်။ အဆိုးရွားဆုံး ဖြစ်နိုင်ချေကတော့ သင့်ရဲ့ပရောဂျက်တွေကိုပြီးအောင်လုပ်နိုင်မှာ မဟုတ်တော့ဘဲ သင့်အလုပ်ရှင်အနေနဲ့ သင့်ရဲ့ပရောဂျက်တွေကိုပြီးအောင်လုပ်နိုင်စွမ်းကို မေးခွန်းထုတ်လာနိုင်ပါ။

သင်ဟာ သင့်ရဲ့အချိန်ကို အကျိုးရှိရှိအသုံးချနိုင်တယ်လို့ ယုံကြည်ထားခြင်းခံရပြီးသားဖြစ်ပါ တယ်။ ဒါ့ကြောင့် သင်အပိုထပ်ဆောင်းသဘောမျိုး လုပ်ကိုင်ပေးမယ့် တာဝန်ယူမှုတွေ၊ အလုပ်တွေနဲ့ ပတ်သက်လို့ သတိထားပြီးရွေးချယ်သင့်ပါတယ်။ သင့်အနေနဲ့ သင့်လုပ်ငန်းတာဝန်နဲ့ မသက်ဆိုင်တဲ့ ပရောဂျက်တစ်ခုမှာပါဝင် လုပ်ဆောင်ချင်တယ်ဆိုရင် လုပ်နိုင်ပါတယ်။ ဒါပေမယ့် သင်အဲဒီလိုလုပ်နိုင်ဖို့အတွက် အချိန်ထွက်လာအောင် သင့်ရဲ့အလုပ်တွေကို ဘယ်လိုချိန်ညှိပြီး အဆင်ပြေအောင်ဆောင်ရွက်သွားမယ်ဆိုတာကို တော့ သင့်ရဲ့အလုပ်ရှင်ကို ပြောပြပါ။

ကျေးဇူးတင်လျက်

www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Myint Dachan Co.,LTD.

Myint Dachan Co.,LTD.

.Mission Our mission is to create positive impact on the livestock industry, as well as benefiting the farmers and to the end consumers. Our company aims to produce animal feed for the whole country...
Show the postings (1)
KND Corporation Co., Ltd

KND Corporation Co., Ltd

Host Link IT Solution

Host Link IT Solution

..Wireless Point to Point Connection Satellite Remote Site Installation and Maintenance Network Infrastructure Installation System and Design Implementation Hardware and Network Installation and M...
Show the postings (9)
Diebold Nixdorf Myanmar Ltd

Diebold Nixdorf Myanmar Ltd

With a population of nearly 54 million people, Myanmar has huge growth potential in the banking sector as it expands its services outside of Yangon to more rural areas where it is estimated that more ...
Show the postings (4)
Definity Group of Co.,Ltd

Definity Group of Co.,Ltd


Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS