Jobs In Myanmar
Load...

What are Office Politics?

by www.jobsinyangon.com


Tags: Knowledge-OfficePolitics-Office-HR-JobsinYangon



ရုံးတွင်းနိုင်ငံရေး (Office Politics) ဆိုတာဘာလဲ။    
                             
အဖွဲ့အစည်းတိုင်းမှာ ရုံးတွင်းနိုင်ငံရေး(Office Politics)  ရှိပါတယ်။ ရုံးတွင်းနိုင်ငံရေးဆိုတာဟာ  သူတို့ရဲ့ ရာထူးကဏ္ဍကို တိုးတက်အောင်လုပ်ဖို့အတွက်နဲ့ တစ်ခါတစ်ရံမှာ အခြားသူတွေကို ထိခိုက်စေပြီးတော့ မိမိတို့ရဲ့ တစ်ကိုယ်ရည် လုပ်ငန်းစဉ်တွေကို ပိုမိုကောင်းမွန်လွယ်ကူအောင် လုပ်ဆောင်ခြင်းဘဲဖြစ်ပါတယ်။ အဲ့ဒီလို တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရပ်တွေဟာ ဘောင်မဝင်ဘဲ ရုံးတွင်းနိုင်ငံရေးတွေ၊ကျင့်ဝတ်တွေကို အပျက်သဘောဆောင် တဲ့အရာတွေဖြစ်တယ်လို့ ခံစားရစေတဲ့ အရာတွေဘဲဖြစ်ပါတယ်။ သို့သော် ရုံးတွင်းနိုင်ငံရေးလို့ ဖော်ပြလို့ရတဲ့ အချို့ကိစ္စတွေရဲ့ ကောင်းတဲ့အရာ တွေလည်းရှိနေပါသေးတယ်။ ဥပမာ ရုံးတွင်းနိုင်ငံရေးဟာ မိတ်ဆွေဖွဲ့ခြင်းနဲ့ ရှယ်ယာပါဝင်သူတွေအကြား ရင်းနှီးမှုပိုမိုခိုင်မာအောင်ပြုလုပ်ခြင်း တို့ရဲ့ အစိတ်အပိုင်းတွေဖြစ်နေနိုင်ပါတယ်

သင့်အနေနဲ့ စီးပွါးရေးလုပ်ငန်းခွင်တစ်ခုမှာ အောင်မြင်ချင်တယ်ဆိုရင် အချို့လုပ်ဆာင် ချက်တွေကို သိထားသင့်ပါတယ်။ ရုံတွင်းနိုင်ငံရေးမှာ ကျွမ်းကျင်ပါးနပ်ခြင်းဟာ သင့်အပေါ်မှာ အခြားတစ်ယောက်အခွင့်အရေးယူခြင်း ကဲ့သို့သော ကိစ္စမျိုးကနေ ကာကွယ်နိုင်ပြီး သင့်ရဲ့ Career ကိုတိုးတက်ဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အဲ့ဒီစွမ်းရည်တွေကို တိုးတက်အောင်မလုပ်နိုင်ခဲ့ဘူး ဆိုရင်တော့ Career Advancement  လုပ်တဲ့နေရာမှာ နောက်ကောက်ကျကျန်နေခဲ့နိုင်ပါတယ်။ ဒီနေရာမှာ အကြံပြုချင်တာက အရမ်းတစ်ယူသန်တဲ့သူတစ်ယောက်ဖြစ်လာဖို့ မဟုတ်ဘဲ သင့်ရဲ့အဖွဲ့အစည်းအတွင်းမှာရှိတဲ့ Politics ကို သိရှိထားဖို့ဘဲဖြစ်ပါတယ်။

ဘယ်အရာတွေက ရုံးတွင်းနိုင်ငံရေးကို ဖြစ်စေနိုင်ပါသလဲ။

လူတစ်ယောက်ကို ရုံးတွင်းနိုင်ငံရေးမှာ ပါဝင်သက်လာစေနိုင်တဲ့ စေ့ဆော်မှုတွေက တော့ အောက်ပါအကြောင်းအရာမျိုးတွေဘဲဖြစ်ပါတယ်။ လူတစ်ယောက်ဟာ သူတို့ရဲ့ အကြံဉာဏ်တွေကို လူအများလက်ခံလာဖို့ကြိုးစားတဲ့အခါမှာ၊ ရည်မှန်းချက်တစ်ခုကို အကောင်အထည်ဖော်တဲ့အခါမှာ၊အဖွဲ့အစည်းကို လွှမ်းမိုးဖို့ကြိုးစားတဲ့အခါမှာ နဲ့ သူတို့ရဲ့ အာဏာကို တိုးတက်များပြားအောင်ပြုလုပ်ကြတဲ့အခါမှာ ရုံးတွင်းနိုင်ငံရေးနဲ့ ပတ်သက်လာနိုင်ပါတယ်။ အဲဒီရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက်နဲ့ သူတို့ကိုယ်တိုင် သို့မဟုတ် သူတို့အဖွဲ့လိုချင်တဲ့အရာတွေ ရရှိနိုင်ဖို့အတွက် ရုံးတွင်းနိုင်ငံရေး ဆိုင်ရာစိတ်အားထက်သန်နေသူတွေဟာ မဟာမိတ်တွေဖ န်တီး နိုင်တယ်၊အပေးအယူလုပ်နိုင်တယ်၊ ညှိနှိုင်းဆွေးနွေးတာတွေ ပြုလုပ်လာနိုင်ပါတယ်။ ဒါတင်မက သေးဘဲ အချို့သူတွေဟာ သူတို့ရဲ့ အလုပ်ရှင်တွေ ရာထူးတိုးမြှင့်ပေးမှုတွေ မလုပ်ခင်မှာ မဲဆွယ်ဖျားယောင်းတာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ သူတို့ဟာ အချို့သောဆုံးဖြတ်ချက် တွေ သို့မဟုတ် ပရောဂျက်တွေအတွက် အသိအမှတ်ပြု ထောက်ခံမှုရရှိဖို့အတွက် အမိန့်ပေးမှုအဆင့်ဆင့်ကို ရှောင်ကွင်းနိုင်ပါတယ်။

အဖွဲ့အစည်းတစ်ခုအတွင်းမှာရှိကြတဲ့ လူတွေ သို့ အုပ်စုတွေဟာ မတူညီတဲ့ စိတ်ဝင်စား မှုတွေ ရှိတတ်ကြပါတယ်။ ပြီးတော့ ဒီစိတ်ဝင်စားမှုတွေဟာအဖွဲ့အစည်းအတွင်းမှာရှိကြ တဲ့ အခြားသူတွေရဲ့စိတ်ဝင်စားမှုတွေနဲ့ အမြဲတန်းမတူညီနိုင်ပါ။ ထို့ကြောင့် အောင်မြင်ဖို့ အတွက် အဲ့ဒီဝန်ထမ်းတွေအားလုံးဟာ ရုံးတွင်းနိုင်ငံရေးမှာ ပါဝင်ပတ်သက်ကြရမှာ ဖြစ်ပါတယ်။

ရုံးတွင်းနိုင်ငံရေးနှင့် ယှဉ်ပြိုင်မှုများ

အကယ်၍ အဖွဲ့အစည်းတစ်ခုအတွင်းမှာ ရှားပါးတဲ့ရင်းမြစ်တွေရှိနေရင် ယှဉ်ပြိုင်မှုတွေ ဖြစ်လာစေပါတယ်။ အဲဒီနည်းအားဖြင့် ရုံးတွင်းနိုင်ငံရေးဆိုင်ရာ လုပ်ဆောင်ချက်တွေ ဆီကို ဦးတည်သွားနိုင်ပါတယ်။ ဥပမာ ရင်းနှီးမြှုပ်နှံရေးဘဏ်လို အဖွဲ့အစည်းတွေမှာ ရာထူးနေရာတွေက အကန့်အသတ်ရှိနေတာမို့ ဝန်ထမ်းတွေဟာ ရာထူးတိုးဖို့အတွက် နည်းလမ်းမျိုးစုံရှာဖွေကြပါတယ်။ လူတစ်ယောက်ဟာ ပရောဂျက်တစ်ခုကို ထိန်းချုပ်ချင် တဲ့ အခါမှာ သူတို့ဟာ အခြားသူတွေ၊များသောအားဖြင့် သူ့တို့ရဲ့ စီနီယာလုပ်ဖော်ကိုင် ဖက်တွေရဲ့ အသိအမှတ်ပြုမှုကို ရယူဖို့ကြိုးစားကြပါတယ်။

အဖွဲ့အစည်းတိုင်းမှာ ပိရမစ်ပုံစံရှိတဲ့ ရာထူးဝါစဉ်ရှိတတ်ကြပါတယ်။ ဆိုလိုသည်မှာ ဝန်ထမ်း တစ်ယောက် ရာထူးတွေတက်လာတာနဲ့အမျှ ဖြည့်စွက်ဝင်ရောက်နိုင်တဲ့ ရာထူးနေရာ တွေ နည်းလာမှာဘဲဖြစ်ပါတယ်။ ဆုံးဖြတ်ခွင့်အာဏာရှိတဲ့ အလုပ်အမှုဆောင်လို ရာထူး မျိုးဟာ နည်းနည်းဘဲရှိတဲ့အတွက် လူုတိုင်းကတော့ သူတို့လိုချင်တဲ့ရာထူးတိုးမြှင့်ခြင်းကို ရရှိလေ့မရှိကြပါဘူး။

လုပ်ငန်းခွင်မှာ မကောင်းတဲ့ရုံးတွင်းနိုင်ငံရေးတွေ တွေ့ကြုံလာရတဲ့အခါမှာ ကျွန်တော် တို့လုပ်လို့ရနိုင်တဲ့ အရာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

မိတ်တွေအပေါင်းအသင်းများစွာရရှိအောင် ပြုလုပ်ခြင်း။

မကောင်းတဲ့ ရုံးတွင်းနိုင်ငံရေးကိုပြောင်းလဲနိုင်ဖို့အတွက်ဆိုရင် ကျွန်တော်တို့ဟာ ပါဝင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတစ်ခုကတော့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ဟာ သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုပြီး အခြားသူတွေကို ခြောက်လှန့်အနိုင်ကျင့်မှုတွေ ပြုလုပ်ခြင်းဘဲဖြစ်ပါတယ်။ ကျွန်တော်တို့လုပ်နိုင်တဲ့ အရာတစ်ခုကတော့ ကျွန်တော်တို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆွေဖြစ်အောင် လုပ်ဖို့ဘဲဖြစ်ပါတယ်။ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆွေဖွဲ့ပြီဒး မဟာမိတ်ပြုလုပ်ထားခြင်းက ရုံးအတွင်းမကောင်းတဲ့ လွှမ်းမိုးမှုတွေမဖြစ်စေဖို့အတွက် ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အဖျက်သဘောဆောင်တဲ့ ရုံးတွင်းနိုင်ငံရေးကို ပြုလုပ်နေတဲ့သူတစ်ယောက်ကိုဆန့်ကျင်တဲ့ မဟာမိတ်တစ်ခု ဖွဲ့စည်းနိုင်ခြင်းဟာ  အဲ့ဒီသူကို တစ်ဦးတည်းဖြစ်စေပြီး သူတို့ရဲ့အမူအကျင့်တွေကို ထိန်းလိုက်နိုင်ရုံသာမကဘဲ သူတို့လုပ်နေတဲ့အရာတွေကိုပါ ဖော်ထုတ်ပြီးသား ဖြစ်သွားစေပါတယ်။

သင့်ရဲ့လုပ်ငန်းခွင်ကို မှတ်တမ်းတင်ထားပါ။ 

တစ်ယောက်ယောက်က ကျွန်တော်တို့လုပ်ထားတဲ့အရာတွေနဲ့ ပတ်သက်ပြီး နာမည်ကောင်းယူဖို့ ကြိုးစားတာကို တွေ့ခဲ့မယ်ဆိုရင် အဲဒီသူကို ရုံးထဲမှာဘဲတိုက်ရိုက် မထုတ်ဖော်သင့်ပါ။ အဲဒီအစား ပရော်ဖက်ရှင်နယ် အကျဆုံးလုပ်ရပ်ကတော့ သင့်ရဲ့ အလုပ်ကို စေ့စပ်သေချာစွာ မှတ်တမ်းမှတ်ရာထားဖို့ဘဲ ဖြစ်ပါတယ်။ သင့်ရဲ့အထက် အရာရှိတွေနဲ့ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို သင့်ရဲ့အလုပ်အကြောင်းကို အမြဲမပြတ် အစီရင်ခံပါ။ အဲ့ဒီလိုလုပ်ခြင်းအားဖြင့် တစ်စုံတစ်ယောက်မှ သင့်ရဲ့လုပ်ဆောင်ချက် တွေကို မေးခွန်းထုတ်ခြင်း နဲ့ သင့်ရဲ့ကုမ္ပဏီအပေါ် အကျိုးပြုမှုကို စိန်ခေါ်လာခြင်းမှ ကာကွယ်နိုင်ပါတယ်။ အဲ့ဒီလိုပြုလုပ်ထားခြင်းက သင့်ရဲ့ဂုဏ်သတင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ သင့်ရဲ့ အလုပ်ပြီးမြောက်နိုင်စွမ်းကို မေး ခွန်း ထုတ်လာတဲ့အချိန်မှာ လွယ်ကူစွာသက်သေပြနိုင်တာကြောင့်ဘဲဖြစ်ပါတယ်။

သူ့ရဲ့လုပ်ဆောင်ချက်အတိုင်း လက်တုံ့မပြန်ပါနဲ့။

လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်က ကျွန်တော်တို့ကို မကောင်းဘူးလို့အထင် ခံရအောင်ပြုလုပ်တဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ အဲဒီသူကို အမုန်းပွါးနိုင်ပြီး ပြန်လည် လက်တုံ့ပြန်ဖို့ စဉ်းစားနိုင်ပါတယ်။ အဲဒီလိုတွေးခေါ်ခြင်းက ပုံမှန်ဘဲဖြစ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့စိတ်ဒေါသနဲ့ သင့်ရဲ့ ပရော်ဖက်ရှင်နယ်ပီသမှုကို ထိန်းထားနိုင်ဖို့ အတွက် ဂရုပြုသင့်ပါတယ်။ လက်တုံ့မပြန်ဘဲ သင်အကောင်းဆုံးလုပ်နိုင်တဲ့ အရာတစ်ခုကတော့ အဲ့ဒီသူကို အနာဂါတ်မှာ အခုလိုမျိုးထပ်မလုပ်နိုင်ဖို့အတွက် ကာကွယ်ခြင်းဘဲဖြစ်ပါတယ်။ သူတို့နဲ့ တစ်ယောက်ချင်းတွေ့ဆုံပြီး သူတို့ဘာကြောင့် အဲဒီလိုလုပ်ရတယ်ဆိုတာကို သိရအောင်မေးမြန်းကြည့်သင့်ပါတယ်။ သင့်အနေနဲ့ ထိုသူနဲ့ငြိမ်းချမ်းရေး ယူနိုင်ရုံသာမကဘဲ မိတ်ဆွေတွေတောင်ဖြစ်လာနိုင်ပါတယ်။

ရုံးတွင်းနိုင်ငံရေးအကျဉ်းချုပ်

ကျွန်တော်တို့အနေနဲ့ ရုံးတွင်းနိုင်ငံရေးရဲ့ အဖျက်သဘောဆောင်တဲ့သက်ရောက်မှု တွေကို အနည်းဆုံးဖြစ်အောင်ပြုလုပ်ဖို့အတွက် သူ့ရဲ့ အဖျက်သဘောဆောင်တတ်တဲ့ ရှု့ထောင့်ကဏ္ဍတွေကို သိထားသင့်ပါတယ်။ ကျွန်တော်တို့အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းရဲ့ ရုံးတွင်းနိုင်ငံရေးအခြေအနေကို ဘယ်လိုကိုယ်တွယ် ဖြေရှင်းရမယ်ဆိုတာကို လည်း သင်ယူရမှာဖြစ်ပါတယ်။

လုပ်ငန်းခွင်ဆိုင်ရာ  ရုံးတွင်းနိုင်ငံရေးမှာ ကျွမ်းကျင်ခြင်းဆိုတာတွင် ဘယ်သူ့ကိုစကားပြောရမလည်း ဆိုတာကိုသိခြင်း၊ အများရှေ့မှာ နှိမ့်ချတာတွေကို ကောင်းစွာကိုင်တွယ်ခြင်း၊ သင့်ရဲ့အလုပ်ကို သင့်တော်အောင်လုပ်ခြင်း၊ သင့်ကို အသိအမှတ်ပြုသတိထားမိမှုကို တိုးတက်အောင်ပြုလုပ်ခြင်း နှင့် ပရောဂျက်တွေကို အောင်မြင်အောင် ကိုင်တွယ်ခြင်းတို့ ပါဝင်ပါတယ်။ ကျွန်တော်တို့အနေနဲ့- (၁)ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အဖွဲ့အစည်းအတွင်းမှာရှိတဲ့ နိုင်ငံရေးကို နားလည်တယ်ဆိုတာကို သေချာအောင်လုပ်ရပါမယ်။(၂) ကျွန်တော်တို့ ဘယ်နေရာမှာ ဘဲ အလုပ်လုပ်သည်ဖြစ်စေ အဲ့ဒီနေရာရဲ့ ရုံးတွင်းနိုင်ငံရေးလှိုင်းတွေကနေ အောင်အောင်မြင်မြင်နဲ့ ရှေ့ဆက်လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို ဖန်တီးထားနိုင် ကြောင်းသေချာအောင် လုပ်ရမှာဖြစ်ပါတယ်။

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Phee Int'l Shipping Myanmar Ltd

Phee Int'l Shipping Myanmar Ltd

MISSION: To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs. VISION: To be the P...
Show the postings (8)
Koe Koe Tech IT Social Enterprise

Koe Koe Tech IT Social Enterprise

Myanmar is exceptional among developing countries in that it appears poised to completely leapfrog feature phones and go straight to smartphones. Android smartphones in distribution in Myanmar already...
Show the postings (20)
Design Communications International Co, Ltd.

Design Communications International Co, Ltd.

..Design Communications International Co, Ltd.....
Show the postings (2)
The Experts English Language Center

The Experts English Language Center

-Offering low-price, high quality language education -Ensuring the international standard Teaching Methods -Unlocking the students' potentials and opportunities - Promising the difference We off...
Show the postings (2)
One Cloud Co., Ltd.

One Cloud Co., Ltd.

Make us your reliable vendor and have a greatest contribution from us. With our expertise and track record, you can be assured of receiving quality infrastructure and services. Network Infrastructure...
Show the postings (1)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS