Jobs In Myanmar
Load...

WhatsApp မှ ဘယ်လိုအချက်အလက်များကို သင့်ထံမှရယူပြီး Facebook နဲ့ sharing ပြုလုပ်နေသလဲ? 

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-WhatsApp-Collect-Data-JobsInYangon



WhatsApp မှ ဘယ်လိုအချက်အလက်များကို သင့်ထံမှရယူပြီး Facebook နဲ့ sharing ပြုလုပ်နေသလဲ? 

 

ယခင်ကသတင်းတစ်ပုဒ်မှာ ကျွန်ုပ်တို့မှ WhatsApp ဟာ Facebook ထံသို့ ကိုယ်ရေးအချက်အလက်များကို မျှဝေပေးနေကြောင်းကြေငြာချက်တစ်ရပ်ကို ရေးသားတင်ဆက်ပေးခဲ့ဖူးပါတယ်။ ထိုအရာဟာ ဖေဖော်ဝါရီလ ၈ ရက်နေ့၊ ၂၀၂၁ ခုနှစ်တွင် စတင်သက်ရောက်မှုရှိလာတော့မှာဖြစ်ပြီး လုပ်ငန်းပိုင်းဆိုင်ရာဆက်သွယ်မှု (business communication) များအတွက် သက်ရောက်မှုရှိစေတော့မှာပဲဖြစ်ပါတယ်။ ဒီပြောင်းလဲမှုဟာ သင့်အနေနဲ့ WhatsApp နဲ့ချိတ်ဆက်ထားတဲ့ လုပ်ငန်းတစ်ခုထံသို့ ဆက်သွယ်မှုများပြုလုပ်တဲ့အခါတွင်မှသာ သင့်ထံမှအချက်အလက်များကို ကောက်ယူနိုင်စေမှာပဲဖြစ်ပါတယ်။ 


ယခုအခါ platform ပေါ်ရှိ လုပ်ငန်းပေါင်း သန်း ၅၀ ခန့်နှင့် ဆက်သွယ်ပြောဆိုမှုများပြုလုပ်သည့်အခါတွင်Facebook သို့ မျှဝေသွားမည့် ဒေတာများအားလုံးကို ဖော်ပြပေးလိုက်ပြီပဲဖြစ်ပါတယ်။ ထိုအရာများကတော့ - 

-    ဖုန်းနံပါတ်
-    Device ID
-    တည်နေရာ
-    ငွေပေးချေမှုဆိုင်ရာ အချက်အလက်များ
-    ထုတ်ကုန်/ ကုန်ပစ္စည်းများနှင့် ထိတွေ့မှုများ 
-    အသုံးပြုသူများအား အတည်ပြုပေးနိုင်မည့် အခြားအချက်အလက်များ တို့ပဲဖြစ်ပါတယ်။ 

အထက်ပါပြောကြားခဲ့တဲ့ အချက်အလက်များကို ပိုမိုကောင်းမွန်စွာ ကြော်ငြာများကို targeting ပြုလုပ်ခြင်းအား ပြုလုပ်ရာတွင် သုံးစွဲသွားနိုင်ပြီး သင့်ရဲ့ငွေပေးချေမှုဆိုင်ရာ အချက်အလက်များနဲ့ သင့်ရဲ့တည်နေရာကို စစ်ဆေးကြည့်ရှုနိုင်ခြင်းအားဖြင့် မျှဝေပေးလိုက်တဲ့အချက်အလက်များဟာ လုပ်ငန်းများအနေနဲ့ သင့်ထံသို့ ငွေပေးချေမှုအတည်ပြုလွှာများနဲ့ ငွေပေးချေမှုဆိုင်ရာအချက်အလက်များကို messaging platform မှတဆင့် တိုက်ရိုက်ပေးပို့မှုများကို ပြုလုပ်နိုင်စေတော့မှာပဲဖြစ်ပါတယ်။ ဒီ ဒေတာမျှဝေမှု ပေါ်လစီစည်းမျဉ်းများဟာ Facebook ရဲ့ business hosting solution များရွေးချယ်အသုံးပြုလျှက်ရှိနေတဲ့ လုပ်ငန်းများအတွက်သာ ဖြစ်ပြီး Facebook မှ ပြောကြားချက်များအရ ထိုသို့ချိတ်ဆက်ထားတဲ့လုပ်ငန်းများကို label တစ်ခုဖြင့် ရှင်းလင်းစွာသတ်မှတ်ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Creative Fox Co.,Ltd

Creative Fox Co.,Ltd

GIORDANO MYANMAR

GIORDANO MYANMAR

..Creation Myanmar Co., Ltd (Giordano)....
Show the postings (15)
Shwe Set Kyar Ko Tint Wai Group Of Co.,Ltd

Shwe Set Kyar Ko Tint Wai Group Of Co.,Ltd

ACECOOK MYANMAR CO.,LTD.

ACECOOK MYANMAR CO.,LTD.

HANA အသင့်စားရှမ်းခေါက်ဆွဲဟာ ဆီဖြင့်ကြော်ထားခြင်းမဟုတ်သော Non-Fried ဆန်ခေါက်ဆ...
Show the postings (13)
PROQC INTERNATIONAL PVT. LTD.

PROQC INTERNATIONAL PVT. LTD.

To nurture the trust of our customers and our team through dynamic interactions, creative supply chain solutions, and integrated partnership The global quality solution, engineering, and consulting s...
Show the postings (3)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS