Jobs In Myanmar
Load...

What Do Employees Expect From Managers ?

by www.jobsinyangon.com


Tags: Knowledge-Employee-Management-HR-JobsinYangon



ဝန်ထမ်းများသည် မန်နေဂျာများထံမှ မည်သည့်အရာများကိုမျှော်လင့်ပါသလဲ? 


သူတို့၏ဝန်ထမ်းများမှ သူတို့နှင့်အဖွဲ့အစည်းတို့၏အပေါ်တွင် ဘယ်လိုအရာများကို မျှော်လင့်ထားသလဲဆိုတာကို မန်နေဂျာတိုင်းမှ သိရှိထားဖို့လိုအပ်ပါတယ်။ 

ဝန်ထမ်းတစ်ဦးဟာ သူတို့ရဲ့မန်နေဂျာများနဲ့ အထက်လူကြီးများထံမှ ဘယ်လိုအရာတွေကိုမျှော်လင့်ထားသလဲဆိုတာကို ကျွန်ုပ်တို့အတူတူလေ့လာဖော်ထုတ်ကြည့်ရအောင် 

လူတိုင်းဟာ သူတို့ကိုအသိအမှတ်ပြုမှုရှိစေဖို့ကို လိုလားကြပါတယ်။ မန်နေဂျာတစ်ဦးဟာ ဝန်ထမ်းများရဲ့ အလုပ်ကြိုးစားမှုများကို တန်ဖိုးထားအသိအမှတ်ပြုရန်နဲ့ အများရှေ့တွင် ၎င်းတို့အားချီးကျူးပေးဖို့လိုအပ်ပါတယ်။  ဒီနည်းအားဖြင့် ဝန်ထမ်းများကို ပိုမိုကောင်းမွန်သောရလာဒ်များရရှိအောင်ဆောင်ကြဉ်းနိုင်စေဖို့အတွက် စိတ်အားတက်ကြွမှုရှိလာစေပြီး အဖွဲ့အစည်းအပေါ်  ပိုမိုခင်တွယ်လာမှာဖြစ်ပါတယ်။ ဝန်ထမ်းများဟာ သူတို့ရဲ့မန်နေဂျာများမှ သူတို့ကို အများရှေ့တွင်ချီးမွမ်းပြောဆိုမှုပြုသည်ကိုလည်း လိုလားကြပါတယ်။ သူတို့နှင့်ထိုက်တန်သောဆုလာဒ်များကို ပေးအပ်မှုပြုပါ။ သူတို့ဟာအရေးကြီးတယ်လို့ထင်မြင်ယူဆမှုရှိပါစေ။ သူတို့ရဲ့အမည်များကို notice board များပေါ်တွင်ဖော်ပြပြီး သူတို့အားသင့်လျှော်စွာဆုပေးအပ်မှုများပြုလုပ်ပါ။ ဝန်ထမ်းများအဖို့တော့ ငွေကြေးဟာ အလွန်ကောင်းမွန်တဲ့ စိတ်အားတက်ကြွမှုဖြစ်စေတဲ့ တွန်းအားတစ်ခုဖြစ်ပါတယ်။ 

ဝန်ထမ်းတိုင်းဟာ သူတို့ရဲ့အထက်လူကြီးများမှ သူတို့အပေါ်ယဉ်ကျေးစွာဆက်ဆံတာကိုလိုလားကြပါတယ်။ သင့်ရဲ့အဖွဲ့သားများကို ဘယ်တော့မှအော်ဟစ်ပြောဆိုခြင်းမပြုလိုက်ပါနဲ့။ တာဝန်ရှိသူတစ်ဦးဖြစ်ခြင်းဟာ သင့်ရဲ့လက်အောက်ငယ်သားများ အပေါ်ရိုင်းပြဖို့အခွင့်အာဏာကိုပေးထားတာမဟုတ်ပါဘူး။ သူတို့ရဲ့ပြဿနာများကို ကိုယ်ချင်းစာနာမှုရှိစွာနဲ့နားထောင်ပေးကာ တတ်နိုင်သမျှ သူတို့အားကူညီပေးပါ။ 

ဝန်ထမ်းများဟာ သူတို့ရဲ့မန်နေဂျာများကို ၎င်းတို့အားခိုင်မာစွာကူညီဖေးမနိုင်သော ထောက်တိုင်တစ်ခုအဖြစ်ပြုမူပေးစေရန် မျှော်လင့်ကြပါတယ်။ မန်နေဂျာတစ်ဦးအနေဖြင့် အခြေအနေအရပ်ရပ်တွင် သင့်ရဲ့အဖွဲ့သားများဖက်မှရပ်တည်ပေးဖို့ လိုအပ်ပါတယ်။ ဝန်ထမ်းများဟာ သူတို့ရဲ့အထက်လူကြီးများဟာ သူတို့နဲ့အတူထိုင်ကာ ၎င်းတို့ရဲ့အလုပ်များတွင် ကူညီဖေးမပေးပါက ပျော်ရွှင်ကြေနပ်ကြတယ်ဆိုတာကိုယုံလိုက်ပါ။ ဝန်ထမ်းများကို တီထွင်ဆန်းသစ်မှုရှိသောအတွေးအခေါ်များနှင့် တိုးတက် မှုရှိစေရန်ဖြေရှင်းချက်များကို ထုတ်ဖော်ပြောကြားမှုရှိစေရန်အတွက် အားပေးအားမြှောက်ပြုပေးပါ။ သူတို့ရဲ့နေ့ရက်များကို အစီအစဉ်များချမှတ်ကူညီပေးပါ။ ဝန်ထမ်းများဟာ သင့်ရဲ့လမ်းညွှန်မှုများနဲ့ သင်ကြားပြသမှုများကိုလိုလားကြပါတယ်။ သင်ဟာ သင့်ရဲ့အဖွဲ့သားများကို လမ်းညွှန်မှုများပေးနိုင်တဲ့ ကြံ့ခိုင်သန်မာသောခေါင်းဆောင်တစ်ဦးဖြစ်နေရန်လိုအပ်ပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်များပြည့်မှီမှုရှိစေရန်နှင့် လုပ်ငန်းဆောင်တာများကို ဖြစ်နိုင်သမျှအနည်းဆုံးအချိန်ပမာဏအတွင်း ပြီး မြောက်မှုရှိစေရန်ကူညီပေးပါ။ သူတို့အား ရိုးသားတဲ့ဝေဖန်အကြံပြုချက်များကိုပေးပါ။ သူတို့ရဲ့လက်ရှိအလုပ်များတွင်သာ မက နောင်လာမည့်အလုပ်များတွင်လည်း သူတို့အားကူညီပေးနိုင်မည့် နည်းစနစ်အသစ်များနှင့် နည်းဗျူဟာများကို အကြံ ပြုပြောကြားပေးပါ။ 

ဝန်ထမ်းများဟာ သူတို့ရဲ့မန်နေဂျာများကို ၎င်းတို့ရဲ့စံပြပုဂ္ဂိုလ်များဖြစ်လာစေရန်မျှော်လင့်ကြပါတယ်။ သင်ဟာသူတို့အတွက် လွန်စွာအတုယူဖွယ်ကောင်းသောသူတစ်ဦး ဖြစ်နေဖို့လိုအပ်ပါတယ်။ သင့်ရဲ့အဖွဲ့ဝင်များဟာ သင့်ရဲ့ဝတ်စားဆင်ယင်ပုံ၊ လုပ်ပုံကိုင်ပုံတို့ကိုသေချာပေါက်အတုယူမှာဖြစ်တဲ့အတွက်ကြောင့် သင့်ရဲ့အလုပ်တွင်ဝတ်ဆင်သောပုံစံကို သေချာစွာဂရုစိုက်ဖို့ လိုအပ်ပါတယ်။ တစ်မူထူးခြားတဲ့သင့်ကိုယ်ပိုင် ဝတ်စားဆင်ယင်ပုံ၊ လုပ်ပုံကိုင်ပုံတို့ကိုပြုလုပ်ပါ။ 

သူ/ သူမတို့ဟာ အလုပ်တစ်ခုခုကိုလုပ်ဆောင်နိုင်စွမ်းရှိတယ်လို့သင်ယူဆပါက ဝန်ထမ်းများကို တာဝန်ဝတ္တရားများထပ်မံပေးဖို့ကိုတွန့်ဆုတ်ခြင်းမရှိပါစေနဲ့။ များစွာသောစီမံကိန်းများတွင် သူတို့အားတာဝန်များပေးအပ်ပါ။ သူတို့ရဲ့ပင်ကိုယ်စွမ်းရည်နှင့် တီထွင်ဖန်တီးမှုရှိမှုတို့ကိုပြသနိုင်ရန်အခွင့်အလမ်းများပေးအပ်ပါ။ ဝန်ထမ်းများမှ အလုပ်လုပ်ရခြင်းကို ဝန်ထုပ်ဝန်ပိုးတစ်ခု အနေနဲ့သာ ပြုမူလာသည့်အခါတွင် ပြဿနာများဖြစ်ပေါ်လာစေပါသည်။ ဝန်ထမ်းများဟာ သူတို့ထံတွင်လုပ်ကိုင်စရာအသစ် တစ်စုံတစ်ရာမရှိသည့်အခါတွင် စိတ်ပျက်လက်ပျက်ဖြစ်မှုများခံစားကြရပါသည်။ 

ဝန်ထမ်းများဟာ မန်နေဂျာများကို သူတို့နဲ့ပြောဆိုဆက်ဆံမှုရှိဖို့မျှော်လင့်ကြပါတယ်။ သူတို့အစီအရင်ခံရသည့် တာဝန်ရှိသူ လူကြီးများကိုစကားပြောဆိုဖို့အတွက် ခွင့်ပြုချက်တောင်းခံနေရသော အဖွဲ့အစည်းများတွင် မည်သူကမှ အလုပ်လုပ်ချင်မှာ မဟုတ်ပါဘူး။ သင့်ရဲ့သူဌေးက သင့်မွေးနေ့တွင် Birthday wish (မွေးနေ့ဆုတောင်း) မပေးပါက သင်ဘယ်လိုခံစားရပါမလဲ? ဟုတ်ပါတယ်၊ ဝန်ထမ်းများဟာ အနည်းဆုံးတော့ ၎င်းတို့အစီရင်ခံနေရသော တာဝန်ရှိသူလူကြီးများမှ သူတို့ရဲ့နေ့ထူးနေ့မြတ် များတွင် ကောင်းချီးထောပနာပေးမှုကိုမျှော်လင့်ကြပါတယ်။ သင့်ရဲ့ဝန်ထမ်းများကိုအပြုံးနဲ့တွေ့ဆုံနှုတ်ဆက်လိုက်ပါ။ 

သင့်ဝန်ထမ်းများနဲ့ ပွင့်လင်းမြင်သာမှုရှိပါ။ သူတို့အပေါ်အရမ်းမတင်းကြပ်ပါနဲ့ သူတို့ဘာသာဆုံးဖြတ်ချက်များပြုလုပ်နိုင်ရန် အတွက်လွတ်လပ်စွာလုပ်ဆောင်နိုင်မှုအချို့ကိုပေးအပ်ထားပါ။ ၎င်းတို့ဟာ အရာအားလုံးအတွက်ခွင့်ပြုချက်များရယူရန်လို အပ်နေပါက လုပ်ငန်းတွင်ထိခိုက်မှုများရှိလာနိုင်သည်ကိုယုံလိုက်ပါ။ သေးငယ်သောကိစ္စတစ်ခုခြင်းစီတိုင်းအတွက် သူတို့အား အပြင်းအထန်အပြစ်မတင်ပါနဲ့။ Email တိုင်းတွင် သင့်အားထည့်သွင်းပြန်ဆိုရန်သူတို့ကိုမပြောပါနဲ့။ အခြေအနေများကို သူတို့ ဘာသာကိုင်တွယ်ဖြေရှင်းပါစေ။ သူတို့နည်းသူတို့ဟန်နဲ့ အလုပ်လုပ်နိုင်စေဖို့ရာအတွက် လွတ်လပ်မှုပေးထားပါ။ 

သင့်ရဲ့ဝန်ထမ်းများအားလုံးကို တန်းတူဆက်ဆံပါ။ သင့်အဖွဲ့သားများအပေါ် ဘယ်တော့မှ လှောင်ပြောင်မှုမပြုပါနဲ့။ 

ဝန်ထမ်းများဟာ သူတို့ရဲ့လစာများကိုအချိန်မှီပေးအပ်မှုရှိစေဖို့ကိုမျှော်လင့်ကြပါတယ်။ သူတို့ရဲ့လစာများ ဒါမှမဟုတ် ဆုကြေး ငွေများကို ဘယ်တော့မှနောက်မကျပါစေနဲ့။ သူတို့ကိုပေးအပ်ရမယ့်ကုန်ကျစားရိတ်များကို အချိန်မှီလက်မှတ်ထိုးပေးကာ မလိုအပ်သောဖြေရှင်းမှုများကိုလည်းမတောင်းဆိုပါနဲ့။ 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Smilax Global Company

Smilax Global Company

The goal on Information Technology and Services of Smilax Global is to deliver the best in IT service managementto ensure that our customers and, ultimately, the citizens of Myanmar realise the most f...
Show the postings (1)
Imedia International (Myanmar) Co., Ltd.

Imedia International (Myanmar) Co., Ltd.

Mo Asia Co.,Ltd

Mo Asia Co.,Ltd

..Mo Asia Co. Ltd is a distributor for Dumex Milk Powder in Myanmar. Dumex is an infants' and children's nutrition company. Its products span the infant, follow on and growing-up milk categories, and ...
Show the postings (1)
Creative Fox Co.,Ltd

Creative Fox Co.,Ltd

Magnate Group Logistics Co., Ltd.

Magnate Group Logistics Co., Ltd.

Our youthful and vigorous staffs have the passion and team spirit which has driven us into being able to expand to now 16 cities and further expanding to more with many outlets station and service poi...
Show the postings (14)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS