by www.jobsinyangon.com
Tags: Knowledge-Career-Burnout-Workplace-JobsinYangon
Career Burnout (အလုပ်ဆိုင်ရာစိတ်ဖိစီးမှုများ) ဆိုသည်မှာအဘယ်နည်း?
ကျွန်ုပ်တို့ရဲ့လူမှုပတ်ဝန်းကျင်တွင် career burnout များကို ပုံမှန်ဖြစ်နေကျအရာတစ်ခုအနေနဲ့ရှုမြင်လာကြပြီး ထိုအရာနဲ့ပက်သတ်ပြီးတော့လဲ TV program များတွင် ဟာသများပြုလုပ်ကြပါတယ်။ အခြားတစ်နေရာသို့ သွားလိုနေတဲ့လုပ်ဖော်ကိုင်ဖက်များကိုလည်းကျွန်ုပ်တို့ဟာ ရှုံ့ချလေ့ရှိနေကြပါတယ်။ ကျွန်ုပ်တို့ဟာ ထိုအရာကို ခေတ်ပေါ်အစဉ်အလာတစ်ခုရဲ့အစိတ်ပိုင်းတစ်ခုအနေနဲ့လက်ခံထားကြပါတယ်။ ကျွန်ုပ်တို့မလုပ်မိတဲ့အရာက တော့လူတွေကို ဘာတွေက workplace burnout ကိုဖြစ်စေလဲဆိုတာနဲ့ ထိုသို့ဖြစ်ပေါ်ခြင်းကို ဘယ်လိုတားဆီး ကာကွယ်ရမလဲဆိုတာကိုမပြောဖြစ်တာပါပဲ။ ဒီအရာဟာ အရေးကြီးတဲ့ပြဿနာတစ်ရပ်ပါ။ Workplace burnout ဟာ စိတ်ကျရောဂါ၊ စိတ်ကစဥ့်ကလျားဖြစ်မှု၊ အိပ်မပျော်ခြင်း (သို့) ကျန်းမာရေးပြဿနာများကိုဖြစ် ပွားစေနိုင်ပါတယ်။ Career burnout ဆိုတာဟာဘာလဲ? ကျွန်ုပ်တို့အနေနဲ့ ထိုသို့ဖြစ်နေပြီလို့ ဘယ်လိုသိနိုင်မလဲ အရေးအကြီးဆုံးအနေနဲ့ ကျွန်ုပ်တို့ဟာ ဒီအရာကိုဘယ်လိုကုစားနိုင်မှာလဲ?
Career Burnout ဖြစ်နေကြောင်းပြသနေတဲ့ နမိတ်များနဲ့ ရောဂါလက္ခဏာများ
သင့်အနေနဲ့ လုပ်ငန်းခွင်ဆိုင်ရာ burnout ဖြစ်နေပြီလို ဘယ်လိုသိနိုင်မလဲ?
• သင့်ကိုယ်သင်ပိုမိုပြီးတစ်ကိုယ်ကောင်းဆန်လာကာ သင့်အလုပ်ခွင်အတွင်းရှိ အခြားသောသူများကို ဝေဖန်ပစ်တင်မှုများပြုလုပ်လာတတ်သည်ကိုသိရှိလာသောအချိန်
• သင့်ကိုယ်သင်အလုပ်သို့သွားရန်ဖိအားပေးနေရချိန်
• သင့်ရဲ့အလုပ်တွင်အာရုံစူးစိုက်ဖို့ခက်ခဲလာချိန်
• သင့်ရဲ့အလုပ်တွင် စိတ်ကျေနပ်မှုမရချိန်
• အခြားသူများနဲ့ပေါင်းသင်းဆက်ဆံရခြင်းကို စိတ်ရှုပ်လာချိန်
• သင့်ဘဝကိုလက်ခံလာနိုင်စေရန်အတွက် အစားအစာ၊ ဆေးဝါး (သို့) အရက်တို့ကို အလွန်အမင်းသုံးစွဲမှုပြု လာချိန်
• သင့်ရဲ့အိပ်ချိန်အမူအကျင့်များပြောင်းလဲလာချိန်
• သင်ဟာရုတ်တရက်ကျန်းမာရေးဆိုင်ရာပြဿနာရပ်များဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း (ဝမ်းသွားခြင်း) သို့မဟုတ် အခြားသော ကျန်းမာရေးဆိုင်ရာပြဿနာများကိုတွေ့ကြုံလာရချိန်။
ဘယ်အရာတွေက Career Burnout ကိုဖြစ်စေသလဲ?
Career Burnout ကိုဖြစ်စေနိုင်တဲ့ contributing factor များတွင်
ထိန်းချုပ်နိုင်မှုမရှိခြင်း - သင့်ကိုလုပ်ဆောင်ရန်ခိုင်းစေခံရတဲ့အရာများ၊ သင့်ရဲ့ schedule နှင့် သင့်ရဲ့အလုပ်တွင် နေထိုင်မှုပုံစံအပေါ်ထိန်းချုပ်နိုင်စွမ်းမရှိခြင်း။
လုံလောက်မှုမရှိသော အသိအမှတ်ပြုမှုနှင့် အကျိုးခံစားခွင့်များ - သင့်ရဲ့အလုပ်ကိုတန်ဖိုးထားမခံရခြင်း။ သင့်ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်နဲ့ပက်သတ်ပြီးအကြံပြုချက်များမပေးခြင်း၊ သင့်အနေနဲ့ ကြိုးအားအားထုတ်မှု ၁၁၀% ပေးနိုင်သော်လည်း ၅၀%
သာပေးသူနှင့်ရလာဒ်များဟာတန်းတူဖြစ်နေတဲ့အခါတွင် အဓိပ္ပါယ်ရှိပါသေးရဲ့လား?
အလုပ်တာဝန်များနှင့် ပိနေခြင်း - ဝန်ထမ်းမလုံလောက်မှုပြဿနာများ (သို့) လုပ်ငန်းသဘောတရားအရ ရာသီ အလိုက်ပြောင်းလဲမှုများကြောင့် သင့်ထံတွင် အလုပ်များစုနေပြီး ထိုအလုပ်များပြီးမြောက်အောင်ဆောင်ရွက်ဖို့ အချိန်မရှိခြင်း၊ သင့်အနေနဲ့ထိုအချိန်အတွင်းပြီးမြောက်အောင်ဆောင်ရွက်ဖို့ကိုသာကြိုးစားပါက အရည်အသွေး မပြည့်မှီခြင်း (သို့) သင့်အနေနဲ့ လိုက်မှီမှုရှိစေရန်အတွက် ပိုမိုကြာရှည်စွာအလုပ်လုပ်ရခြင်း။
ပြောဆိုဆက်ဆံမှုမရှိခြင်း - သင်နဲ့သင့်လုပ်ဖော်ကိုင်ဖက်များအကြားပြောဆိုဆက်ဆံမှု၊ ရင်းနှီးမှုရှိမနေခြင်း။ “လူ တိုင်းဟာ သူတို့အတွက်ပဲလုပ်နေခြင်း”။ သင်နဲ့ သင့်လုပ်ဖော်ကိုင်ဖက်များအကြားဖြစ်ပွားနေတဲ့ ပြဿနာများကို သင့်လျှော်စွာမဖြေရှင်းနိုင်ခြင်းနှင့် သင်ဟာဒီပြဿနာရပ်များကို သင့်ရဲ့မန်နေဂျာကိုပြောပြ၍မရနိုင်ခြင်း။
မျှတမှုမရှိခြင်း - မျက်နှာသာပေးတတ်သည့်အစဉ်အလာရှိနေခြင်း၊ သင့်အနေနဲ့ အလုပ်ရာထူးတိုးမြှင့်ပေးမှုတစ်ခု ကိုကြေငြာလိုက်သည့်အခါတွင် ဘယ်သူကတော့ ရလိမ့်မယ်ဆိုတာကိုတန်းပြီးခန့်မှန်း၍ရနေခြင်း၊ ဘယ်သူတွေ ကတော့ပိုမိုပြီးခက်ခဲတဲ့အလုပ်တွေကိုရလိမ့်မယ်ဆိုတာကို တန်းပြီးခန့်မှန်း၍ရနေခြင်း။ ရိုးသားမှုမရှိသူတွေသာ နေရာကောင်းကိုရနေခြင်း။
တစ်ပုံစံတည်းသာ ထပ်တလဲလဲလုပ်ဆောင်နေရခြင်း/ အပြောင်းအလဲများလွန်းခြင်း - လုပ်ငန်းများဟာ တစ်ပုံစံ တည်းသာထပ်တလဲလဲလုပ်ဆောင်နေရသည်သော်၎င်း အပြောင်းအလဲများအလွန်များပြားပြီး အစဉ်အမြဲ ညွှန် ကြားချက်အသစ်များဖြစ်ပေါ်နေသည်သော်၎င်းဖြစ်နေတတ်ပါတယ်။ ဒီအခြေအနေနှစ်ရပ်စလုံးက သင့်အနေနဲ့ အာရုံစူးစိုက်မှုရှိနေစေရန်အတွက် လွန်စွာအားစိုက်ရစေနိုင်ပါတယ်။
လုံလောက်မှုမရှိသော အလုပ်/ ဘဝမျှခြေ - အလုပ်များနဲ့သာသင့်ရဲ့ဘဝကိုကုန်ဆုံးစေပြီး သင့်ကိုအလုပ်နဲ့ မသက်ဆိုင်တဲ့ activity အနည်းငယ်ကိုသာလုပ်ဆောင်ဖို့အချိန်ပေးတော့တဲ့အခါ (သို့) သင့်နဲ့အလုပ်လုပ်နေတာ မဟုတ်တဲ့သူတွေနဲ့အတူရှိဖို့အချိန်အနည်းငယ်သာရှိတော့တဲ့အခါများ။
Career Burnout ဖြစ်ခြင်းကို ဘယ်လိုကုစားကြမလဲ
အများအားဖြင့် လူတွေဟာ workplace burnout ကိုကုစားဖို့စဉ်းစားကြတဲ့အခါမှာ အများအားဖြင့်ပြုလုပ်တတ် ကြတာကတော့ “အားလပ်ရက်ယူခြင်း” (သို့) “နားရက်ရှည်ယူခြင်း” ပဲဖြစ်ပါတယ်။ ဒီအရာဟာ တစ်ခါတစ်ရံတွင် တော့ထိရောက်မှုရှိနိုင်သော်လည်း သင်ဟာရောဂါလက္ခဏာကိုသာကုစားနေခြင်းဖြစ်ပြီး ရောဂါဖြစ်စေတဲ့အရင်း အမြစ်ကိုကုစားနေခြင်းမဟုတ်ပါဘူး။ မတွေ့မြင်နိုင်တဲ့/ ဖြစ်ပွားနေတဲ့ ပြဿနာတစ်ရက်ကိုရှာဖွေခြင်းမပြုလုပ် ပဲနဲ့ အလုပ်မှခေတ္တအနားယူခြင်းဟာ ရေတိုတွင် အလုပ်ဖြစ်သော်လည်း သင်အလုပ်ခွင်သို့ပြန်ဝင်ပြီး ရက်အနည်း ငယ်အကြာတွင် အလားတူပြဿနာများနဲ့ ပြန်လည်ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ ဒီတော့ workplace burnout ကို ဘယ်လိုအပြီးတိုင်ကုစားနိုင်မလဲ?
အခြားလုပ်ဖော်ကိုင်ဖက်များနဲ့ ပူးပေါင်းလုပ်ဆောင်ပါ - ဘယ်သူကတော့ workplace burnout ကိုခံစားနေရ သလဲဆိုတာကို ရှာဖွေတွေ့ရှိဖို့မှာလွယ်ကူပါတယ် (သူတို့ဟာ အမြဲတမ်းမျက်မှောင်ကြုတ်နေတဲ့သူများပဲဖြစ် ပါတယ်)။ သူတို့အတွက် ပြဿနာဖြစ်စေတဲ့အရာတွေက ဘာတွေလဲဆိုတာကိုရှာဖွေလိုက်ပါ။ ဒီအရာတွေကို ဖြေရှင်းဖို့အဖြေရှိရဲ့လား? သင့်ရဲ့လုပ်ငန်းရှင်ဟာ ဝန်ထမ်းပိုမိုခေါ်ယူဖို့လိုအပ်နေလား၊ အရင်းအမြစ်တွေ ပိုမိုပြီး ချထားပေးဖို့လိုအပ်နေလား၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်သောမန်နေဂျာတစ်ဦးကို ကိုင်တွယ်ဖြေရှင်းဖို့လိုအပ် နေလား?
သင့်ရဲ့ကြီးကြပ်သူကို အကျိုးအကြောင်းပြောဆိုပါ - သင့်အနေနဲ့ သင့်ရဲ့ကြီးကြပ်သူတို့ချည်းကပ်နိုင်မယ်လို့ထင် ရင် သင်တို့အနေနဲ့ဘာတွေကိုတွေ့ကြုံနေရတယ်ဆိုတဲ့အကြောင်းကို သူ/ သူမကိုအသိပေးပြီး ဒီပြဿနာရပ်ကို ကူညီဖြေရှင်းပေးဖို့အတွက် ဘာတွေကိုလိုအပ်သလဲဆိုတာကိုပြောဆိုကြည့်ပါ။ သင့်ထံတွင်ဖြစ်ပွားနေတဲ့ ပြဿ နာအချို့ကိုဖြေရှင်းကောင်းဖြေရှင်းနိုင်ပါလိမ့်မယ်။
သင့်ရဲ့အလုပ်အတွင်း သင့်အနေနဲ့ဆက်လက်လုပ်ကိုင်နိုင်စေလိုတဲ့ အဓိပ္ပါယ်ကိုရှာဖွေပါ - သင့်ရဲ့နေ့တွေအတွက် ကောင်းသောအရာတစ်ခုခုရှိနေလား? သင့်အနေနဲ့ လုပ်ငန်းတာဝန်တစ်ခုခုကို လုပ်ကိုင်ရတာကိုနှစ်သက်သလား? သင်နှစ်သက်တဲ့ထိုအရာကိုသင့်ရဲ့နေ့တွေမှာပိုမိုပြုလုပ်နိုင်ဖို့အတွက်ဖြစ်နိုင်သလားဆိုတာကိုလေ့လာကြည့်ပါ။ အခြားသောသူများထံမှ အလုပ်တာဝန်များကို သင့်ထံသို့ (အပြန်အလှန်) လွှဲပြောင်းပေးနိုင်လား?
ခေတ္တအနားယူပါ - ကုမ္ပဏီများဟာ အလွန်လုပ်ချင်ကိုင်ချင်စိတ်ရှိပြီး နားရက်မယူတဲ့သူများကို သဘောကျကြ သော်လည်း ဒီအရာဟာ burnout အလွယ်တကူဖြစ်လာစေနိုင်ပါတယ်။ သင့်ရဲ့ဦးနှောက်ကို အလုပ်နဲ့မသက်ဆိုင် တဲ့တစ်စုံတစ်ရာအကြောင်းတွေးတောဖို့အချိန်ရှိနေပါစေ။ လေကောင်းလေသန့်ရှုဖို့အချိန်အနည်းငယ်ပဲဖြစ်ဖြစ်၊ သင့်ရဲ့ဖုန်းပေါ်တွင်ဂိမ်းကစားဖို့နဲ့ လူမှုကွန်ယက်ပေါ်သို့ တက်ရောက်နိုင်ဖို့ပဲဖြစ်ဖြစ်ပေါ့။ သင့်ကိုယ်သင် လုပ်ငန်း စွမ်းဆောင်ရည်ကောင်းစေဖို့အချိန်တိုင်းဖိအားပေးမနေပါနဲ့။
အားလပ်ရက်ရှည်များယူပါ - ကျွန်တော်အထက်ကပြောခဲ့တဲ့အတိုင်း ဒီအရာဟာ ဖြေရှင်းနည်းတစ်ခုတော့ မဟုတ်ပါဘူး (ရံဖန်ရံခါအချိန်များမှလွဲရင်ပေါ့)။ သင့်အနေနဲ့ အနားယူနိုင်မယ့်အချိန်အချို့ရှိနေတယ်ဆိုတာကို သိရှိနေခြင်းဟာ လုပ်ချင်ကိုင်ချင်စိတ်ကိုတိုးပွားစေပါတယ်။ ကျွန်ုပ်တို့အနေနဲ့ ရေပူစမ်းတွင် တစ်ပတ်ခန့်အနား ယူပြီး နောက်တစ်ပတ်ကို ရေတံခွန်များအနီးတွင်အနားယူအပြီးတွင်တော့ ကျွန်ုပ်တို့ရဲ့ အမူအကျင့်များဟာ သိသိ သာသာကိုတိုးတက်ပြောင်းလဲသွားတာကိုလဲတွေ့ရှိရပါတယ်။
သင့်ကိုယ်သင်ကောင်းစွာ care လုပ်ပါ - သင့်အနေနဲ့ ကောင်းမွန်စွာ စားသုံးနေရဲ့လား? လေ့ကျင့်ခန်းလုပ်ဖြစ်ရဲ့ လား? ရေလုံလောက်စွာသောက်သုံးမှုရှိရဲ့လား? စိတ်တည်ငြိမ်မှုရှိစေရန် တရားထိုင်ပေးရဲ့လား? လုံလောက်စွာ အိပ်စက်မှုရှိရဲ့လား? တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့ရဲ့ကျန်းမာရေးဆိုင်ရာပြဿနာများကို ဂရုမမူခြင်းဟာ စိတ်ကျန်း မာရေးအခြေအနေကိုပါ ဆိုးရွားသွားစေတတ်ပါတယ်။
အဖွဲ့အစည်း သို့ သက်မွေးဝမ်းကျောင်းလုပ်ငန်းများကိုပြောင်းလဲလိုက်ပါ - တစ်ခါတစ်ရံတွင် သင်လက်ရှိ ရှိနေတဲ့ နေရာတွင်ဆက်လက်နေထိုင်နေပါကအလုပ်ဖြစ်မှာမဟုတ်ပါဘူး-ဒါဟာဖြစ်နေကျပါပဲ။ ပြဿနာဟာ သင်မဟုတ် ပဲသင့်ရဲ့ပတ်ဝန်းကျင်လဲ ဖြစ်နေနိုင်ပြီး တစ်ခါတစ်ရံတွင် သင့်အနေနဲ့ဒီအဆိပ်အတောက်ဖြစ်စေတဲ့ အသိုင်းအဝိုင်း အတွင်းမှ ထွက်ခွာသွားတတ်ဖို့လိုအပ်ပါလိမ့်မယ်။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
Eastern Group of Companies
We are currently seeking dedicated staffs that have a desire to serve others while building a professional career.Over the years, our company has expended and diversified business in poultry farming, ...
Show the postings (8)
Digital Laboratory Co., Ltd.
..1. MOBILE APP DEVELOPMENT
State of the art iOS and Android mobile app development and UI / UX design
2. WEB DEVELOPMENT
Beautiful and responsive websites built with popular CMS and eCommerce plat...
Show the postings (2)
Tokyo Metropolitan Institute of Technology
To recruit and develop of our country’s most promising students and
most outstanding staff and be a truly global institute.
To Focus on highest international standards and teaching methods.
Prod...
Show the postings (5)
LOTTE MGS Beverage Co.,Ltd
Lotte Group’s mission : “ We enrich people’s lives by providing superior products and services that our customers love and trust.”LOTTE MGS Beverage (Myanmar) Co., Ltd was incorporated in the ...
Show the postings (5)
Polymer Company Limited
Vision
- To be the leader in the market.
Mission
- We will provide best and services available to make a difference.
- We will inspire lifestyle of people.
- We will treat all individuals (stak...
Show the postings (9)