by www.jobsinyangon.com
Tags: Knowledge-Human-Resource-Planning-JobsInYangon
Human Resource Planning ဆိုသည်မှာ အဘယ်နည်း?
Human Resource Planning (HRP) ဆိုသည်မှာ အဖွဲ့အစည်းတစ်ခုအတွင်း အနာဂါတ်တွင်လိုအပ်လာနိုင်သော လူသားအရင်းအမြစ်လိုအပ်ချက်များကို ကြိုတင်ခန့်မှန်းရခြင်းနှင့် လက်ရှိ အဖွဲ့အစည်းအတွင်းရှိနေသော လူသားအရင်းအမြစ်များကို မည်သို့အသုံးချပြီး အဆိုပါလိုအပ်ချက်များကို ပြည့်မှီရန်အတွက်ဆောင်ရွက်နိုင်မလဲ ဆိုသည်ကို ဆုံးဖြတ်ရခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့် ဒီအရာဟာ အဖွဲ့အစည်းတစ်ခုရဲ့ လူသားအရင်းအမြစ်ပမာဏ ကို အခြေခံစီးပွားရေးဆိုင်ရာ အယူအဆတစ်ခုဖြစ်တဲ့ supply နဲ့ demand တို့အနေနဲ့ ရှုမြင်ခြင်းကိုအဓိကထား တာဖြစ်ပါတယ်။
HRP လုပ်ငန်းစဉ်ဆိုသည်မှာ အဖွဲ့အစည်းတစ်ခု၏ စီမံခန့်ခွဲမှုအတွက် အနာဂါတ်လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်ကို သင့်တော်သည့်အချိန်နှင့် နေရာတွင် သင့်တော်သည့်လူဦးရေပမာဏကို ဖြည့်ဆည်းပေးနိုင်ရန် ကူညီပေးခြင်းဖြစ်ပါသည်။ ထို့အပြင် HR လိုအပ်ချက်များကိုသင့်တော်သလို ခွဲခြမ်းစိတ်ဖြာပြီးနောက်တွင် မှသာ ဝန်ထမ်းခန့်အပ်ခြင်းနှင့် ရွေးချယ်ခြင်းလုပ်ငန်းစဉ်ကို စီမံခန့်ခွဲမှုဘက်မှစတင်နိုင်မှာဖြစ်သလို HRP သည် အဖွဲ့အစည်းများရဲ့ နည်းဗျူဟာများနဲ့ ရည်မှန်းချက်များကို အောင်မြင်စွာရရှိနိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သောအရာတစ်ခုဖြစ်ပါတယ်။ လက်တွေ့တွင် အဖွဲ့အစည်း၏ ရေရှည်ရည်မှန်းချက်များနှင့် နည်းဗျူဟာများဟာ ယနေ့ခေတ်တွင် Human Resource Planning လုပ်ဆောင်ချက်နှင့်ကျယ်ပြန့်စွာ ဆက်စပ်လျှက်ရှိနေသည့်အတွက် HR Planning သည် ယခုအခါတွင် Strategic HR Planning လုပ်ဆောင်ချက်အဖြစ် ပြောင်းလဲ၍လာနေပြီဖြစ်ပါသည်။
HR Planning လုပ်ဆောင်ချက်သည် အဖွဲ့အစည်းတစ်ခု၏ လူသားအရင်းအမြစ်လိုအပ်ချက်များကို ကိန်းဂဏ္ဍန်း များအရ စီမံခန့်ခွဲရခြင်းဖြစ်သည့်အတွက် ရိုးရှင်းသောလုပ်ဆောင်ချက်တစ်ခုဖြစ်သည်ဟု ထင်မြင်ယူဆရသော်လဲ လက်တွေ့လုပ်ဆောင်ရာတွင် HR မန်နေဂျာများအနေနဲ့ အဖွဲ့အစည်းအတွင်းရှိ လက်ရှိလုပ်သားအင်အားစု၏ သက်ရောက်မှုများ၊ လုပ်ငန်းလိုအပ်ချက်များပြည့်မှီအောင်ဆောင်ရွက်နိုင်ရေးအတွက် ဖိအားများနဲ့ လက်ရှိလုပ်သား အင်အားစု၏ ဈေးကွက်အခြေအနေ အစရှိသည့် များစွာသောအခက်အခဲများနှင့် ရင်ဆိုင်ရနိုင်ပါတယ်။ ထို့ကြောင့် HR Planning ဟာ အဖွဲ့အစည်းများကို အောက်ပါအတိုင်း နည်းလမ်းများစွာဖြင့်အထောက်အကူပြုနိုင်ပါသည် -
- HR မန်နေဂျာများသည် လုပ်သားအင်အားလိုအပ်ချက်များကို အပြောင်းအလဲများဖြစ်ပေါ်လာသည့် အခါတွင်မှ အံ့အားသင့်နေရမည်ထက် ကြိုတင်ပြီးခန့်မှန်းရသော အဆင့်တွင်ရှိနေခြင်း။
- စက်မှုလက်မှုလုပ်ငန်းများနဲ့ အခြားသောကဏ္ဍတိုင်းတွင်ဖြစ်ပွားလေ့ရှိသော လုပ်သားအင်အား အပြောင်းအလဲဈေးကွက်၏ ထောင်ချောက်ထဲသို့ ကျရောက်မှုမရှိစေရန် ကူညီပေးနိုင်ခြင်း။
- လုပ်သားအင်အားဈေးကွက်တိုးတက်မှုရှိလာခြင်းသည် အဖွဲ့အစည်း၏ လုပ်သားအင်အား လိုအပ်ချက်နှင့် ကျွမ်းကျင်မှုဆိုင်ရာအတွေ့အကြုံ၊ စွမ်းဆောင်ရည်လိုအပ်ချက်များ၊ ကျွမ်းကျင်မှုများ အစရှိသည်တို့နှင့် အမြဲတမ်း ကိုက်ညီမှုရှိမနေနိုင်သောကြောင့် ကြိုတင်ကာကွယ်မှုများဆောင်ရွက်ထားခြင်း။
- ကြီးထွားနေဆဲအဖွဲ့အစည်းများအနေနဲ့ အရေးပါသောကျွမ်းကျင်မှုများ၊ လုပ်ငန်းပြီးမြောက်မှုစွမ်းရည်များ၊ နဲ့ စွမ်းဆောင်ရည်ရှိသူများကိုရရှိဖို့ လိုအပ်ချက်များကို ပြည့်မှီမှုရှိစေရန်ဆောင်ရွက်ရာတွင် အခက်အခဲ များနဲ့တွေ့ကြုံရနိုင်ပြီး HRP လုပ်ငန်းစဉ်က ထိုအရာများကို HR ၏ လိုအပ်ချက်များနဲ့ ကိုက်ညီမှုရှိစေရန် နှင့် သူတို့၏ နည်းဗျူဟာကျသော ရည်မှန်းချက်များကိုရရှိအောင်မြင်နိုင်ရန်အတွက် လုပ်ဆောင်ပေးနိုင်ခြင်း။
- အဖွဲ့အစည်းဆိုင်ရာ ဦးတည်ချက်များကို ထည့်သွင်းစဉ်းစားပြီး HR Planning လုပ်ဆောင်ချက်သည် လိုအပ်သောစွမ်းဆောင်ရည်ရှိသူများ (သို့) အလုပ်ပြီးမြောက်မှုစွမ်းရည်ရှိသူများကို အတည်ပြုဖော်ထုတ် ခြင်း၊ ရွေးချယ်ခြင်းနဲ့ တိုးတက်မှုရှိစေရန်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ပေးခြင်း။
ထို့ကြောင့် အဖွဲ့အစည်းများအနေနဲ့ HR Planning လုပ်ငန်းစဉ်များကို လုပ်ဆောင်ခြင်းအားဖြင့် သူတို့ရဲ့ လုပ်သားအင်အားလိုအပ်ချက်များကြောင့် တွေ့ကြံလာရနိုင်သော မလိုအပ်တဲ့ အခက်အခဲများကို ကာကွယ်နိုင်စေမှာဖြစ်ပြီး ပြင်ပ HR Consulting လုပ်ငန်းများဟာလဲ အဖွဲ့အစည်းများကို သူတို့ရဲ့ အနာဂါတ်လိုအပ်ချက်များအတွက် နားလည်ရလွယ်ကူသော HR အကဲဖြတ်မှုများနဲ့ အစီအစဉ်များကို ငွေကုန်ကြေး ကျသက်သာစွာဖြင့် အချိန်နဲ့တပြေးညီပေးအပ်နိုင်စွမ်း ရှိနေကြပြီဖြစ်ပါတယ်။
HR Planning လုပ်ငန်းစဉ်တစ်ခုတွင် အောက်ပါ ကျယ်ပြန့်သော အဆင့် (၄) ဆင့် ပါဝင်နေပါသည် -
၁။ လက်ရှိ လူသားအရင်းအမြစ်လိုအပ်ချက်မာဏ
အဖွဲ့အစည်းတစ်ခုအတွင်းလက်ရှိအခြေအနေတွင်အသုံးပြုနိုင်သော လူသားအရင်းအမြစ်အား အကဲဖြတ် လေ့လာခြင်းသည် HR planning တွင် ပါဝင်သော ကနဦးအချက်တစ်ခုဖြစ်ပါသည်။ ထိုအရာတွင် အဖွဲ့အစည်း တစ်ခု၏ HR အားသာချက်များဖြစ်သည့် အရေအတွက်များ၊ စွမ်းဆောင်ရည်များ၊ ပါရမီရှိမှုများ၊ အလုပ်ပြီး မြောက်မှုအခြေအနေများ၊ အရည်အချင်းများ၊ လုပ်ငန်းအတွေ့အကြုံများ၊ အသက်များ၊ လုပ်သက်များ၊ စွမ်းဆောင်ရည်အဆင့်များ၊ ရာထူးများ၊ အဆင့်သတ်မှတ်ချက်များ၊ ဆုကြေးငွေပေးအပ်မှုများ၊ အကျိုးခံစားခွင့်များ အစရှိသည်တို့ကို နားလည်မှုရှိစေရန် လေ့လာရခြင်းလဲပါဝင်နေပါသည်။ ဒီအဆင့်တွင် အတိုင်ပင်ခံများဟာ Manager များနှင့် ကြိမ်ဖန်များစွာတွေ့ဆုံကာ ထိုသူတို့ကြုံတွေ့နေရတဲ့ အရေးကြီးသော HR အခက်အခဲများနဲ့အတူ များစွာသောလုပ်ငန်းလုပ်ဆောင်ချက်များအတွက် အခြေခံကျသည် (သို့) အရေးပါ သည်ဟု သူတို့ယူဆထားသော အလုပ်သမားအင်အားစု၏ လုပ်ငန်းပြီးမြောက်မှုစွမ်းရည်များကိုနားလည်မှုရှိ လာစေရန်အတွက် လုပ်ဆောင်ရမှာဖြစ်ပါတယ်။
၂။ အနာဂါတ် HR လိုအပ်ချက်များ
လုပ်ငန်းတစ်ခုတွင် လိုအပ်လာနိုင်သော အနာဂါတ်လုပ်သားအင်အားလိုအပ်ချက်များကို လေ့လာရခြင်းသည် HR Planning လုပ်ငန်းစဉ်၏ဒုတိယအဆင့်ပဲဖြစ်ပါတယ်။ သိရှိထားပြီးသား HR variable များဖြစ်တဲ့ ခြေကုန်လက်ပန်း ကျမှုများ၊ အလုပ်မှ ခေတ္တအနားယူခြင်းများ၊ ကြိုတင်သိရှိနိုင်သော အလုပ်နေရာလစ်လပ်မှုများ၊ အလုပ်မှပင်စင်ယူ ခြင်း၊ ရာထူးတိုးခြင်းများ၊ ကြိုတင်သတ်မှတ်ထားတဲ့ အလုပ်နေရာရွှေ့ပြောင်းမှုများ အစရှိသည့်အချက်များကို ထည့် သွင်းစဉ်းစားတွက်ချက်ပြီးနောက် အနာဂါတ် HR လိုအပ်ချက်များကို သတ်မှတ်ဆုံးဖြတ်ရခြင်းဖြစ်ပါတယ်။ ထို့အပြင် ကြိုတင်မသိရှိနိုင်သော workforce variable များဖြစ်ကြတဲ့ အပြိုင်အဆိုင်များရှိနေခြင်း၊ အလုပ်မှနှုတ်ထွက်ခြင်း၊ ရုတ်တရက်ပြောင်းရွှေ့မှုပြုလုပ်ရခြင်းများ (သို့) အလုပ်မှ ထုတ်ပယ်လခြင်းများဟာလည်း ဒီလေ့လာခြင်းလုပ်ငန်းစဉ်အတွင်းတွင် ပါဝင်နေပါတယ်။
၃။ လိုအပ်ချက်များကို ကြိုတင်ခန့်မှန်းခြင်း
နောက်တစ်ဆင့်ဟာတော့ လက်ရှိ ရှိနေသောလူသားအရင်းအမြစ်များကို အနာဂါတ်လူသားအရင်းအမြစ် လိုအပ်လာမှုများနှင့် ကိုက်ညီစေရန်ဆောင်ရွက်ခြင်းနှင့် ကြိုတင်ခန့်မှန်းဆောင်ရွက်ခြင်းတို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာ ရေရှည်စီးပွားရေးနည်းဗျူဟာများနဲ့ ရည်မှန်းချက်များကို သိရှိနားလည်မှုရှိထားဖို့ လိုအပ်မှာဖြစ်ပြီး ဒါမှသာလျှင် အဖွဲ့အစည်းတစ်ခု၏ ရည်ရွယ်ချက်ပန်းတိုင်နှင့် အလုပ်သမားလိုအပ်ချက်များကို ကြိုတင်ခန့်မှန်း ထားခြင်းတို့ဟာ ထပ်တူကျနိုင်မှာပဲဖြစ်ပါတယ်။
၎။ HR အရင်းအမြစ်နည်းဗျူဟာနှင့် ထိုအရာကို အကောင်အထည်ဖော်ဆောင်ခြင်း
ရှိနေတဲ့လူသားအရင်းအမြစ်များနဲ့ လိုအပ်နေသောလူသားအရင်းအမြစ်များအကြား ခြားနားချက်များကို လေ့လာကြည့်ရှုပြီးသွားပြီဆိုရင်တော့ HR အတိုင်အပင်ခံလုပ်ငန်းများဟာ အဆိုပါကွာဟချက်များကို သူတို့ကြိုတင်ခန့်မှန်းထားသည့် လိုအပ်လာနိုင်မှုများနှင့်ကိုက်ညီမှုရှိစေရန်အတွက် စီမံမှုများပြုလုပ်ရေးဆွဲ ပေးရမှာဖြစ်ပါတယ်။ ထိုစီမံမှုများတွင် ဝန်ထမ်းများနှင့်ဆက်သွယ်ပြောဆိုနိုင်ရန်အစီအစဉ်များ၊ ပြန်လည် နေရာချထားရေးနှင့်၊ ကျွမ်းကျင်သူများရရှိရေး၊ ဝန်ထမ်းခေါ်ယူခြင်းနှင့် ပြင်ပမှအကူအညီရယူခြင်း၊ ကျွမ်းကျင်သူများအားစီမံခန့်ခွဲခြင်း၊ သင်တန်းပေးခြင်း၊ နည်းဆောင်လမ်းပြပြုလုပ်ခြင်းနှင့် ကုမ္ပဏီလမ်းစဉ် များကို တည်းဖြတ်မှုများပြုလုပ်ရခြင်းတို့ ပါဝင်နိုင်ပါတယ်။ အဆိုပါစီမံမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စွာနှင့်ထိရောက်မှုရှိစေရန်အတွက် Manager များကို ခေါ်ယူပြီး အသိပေးရမည်ဖြစ်ပါသည်။ ဒီနေရာတွင် သတိပြု၊ မှတ်သားစရာရှိသည်က အတိုင်ပင်ခံများသည် ဝန်ထမ်းများဖက်မှ မလိုလားအပ်သည့် ပြဿနာများဖြစ်မလာစေရန်အတွက် စည်းမျဉ်း စဉ်းကမ်းများနှင့် တရားဝင်လိုက်နာရန် သတ်မှတ်ထားသည့်အရာများကို မပျက်မကွက်လိုက်နာကြရမည်ဖြစ်ပါသည်။
ထို့ကြောင့် HR အတိုင်အပင်ခံ လုပ်ငန်းတစ်ခုမှ သင့်လျှော်စွာဆောင်ရွက်ထားသည့် HR Planning လုပ်ငန်းစဉ် တစ်ခုဟာ အဖွဲ့အစည်းအများကို သူတို့၏ ရည်မှန်းချက်ပန်းတိုင်များနဲ့ ရည်ရွယ်ချက်များကို သင့်တော်သည့် HR အားသာချက်များကို အသုံးချပြီး အချိန်မှီရရှိနိုင်စေရန်အတွက် ကူညီပေးနိုင်ပါသည်။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
Phyo Pyae Sone Myanmar Co.,Ltd
With customers at the forefront of our minds,The Company prioritizes for the best of customer service at value price point for our guests with uncompromising quality and facilities.Starting from Distr...
Show the postings (43)
Power Light Co.,Ltd
...Power Light was incorporated with the vision of providing customers with highest quality lighting products and consultation services at best cost efficient solution in Myanmar. In order to be the l...
Show the postings (6)
Mo Asia Co.,Ltd
..Mo Asia Co. Ltd is a distributor for Dumex Milk Powder in Myanmar. Dumex is an infants' and children's nutrition company. Its products span the infant, follow on and growing-up milk categories, and ...
Show the postings (1)
Yangon Industrial Gas Co., Ltd
..YIG is the First Industrial Gas Supplier in Myanmar who considers “Safety” of end-user is the most important responsibility. At YIG, as the local company, we pursue the global standard to Myanma...
Show the postings (1)