Jobs In Myanmar
Load...

What is suspension from work? (Part – 3)

by www.jobsinyangon.com


Tags: Knowledge-Suspension-Employee-JobsInYangon



အလုပ်မှရပ်နားခြင်း (Suspension) ဆိုသည်မှာ ဘာကိုဆိုလိုတာလဲ? (အပိုင်း - ၃)

 

အရင်နေ့တွေတုန်းက Suspension ပြုလုပ်သင့်ပုံများနဲ့ အခြေအနေများအကြောင်းကို ဆွေးနွေးသွားခဲ့ပြီးဖြစ်ပါတယ်။ ဒီကနေ နောက်ဆုံး၊ အဆုံးသတ်အနေနဲ့ Suspension ပြုလုပ်ခြင်းလုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး ကျန်ရှိနေသေးတဲ့ ဗဟုသုတရဖွယ်ရာကိစ္စရပ်များကို တင်ဆက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 


Suspension ပြုလုပ်ခြင်းတစ်ခုဟာ အချိန်ဘယ်လောက်ကြာသင့်သလဲ? 

ဖြစ်နိုင်သမျှ ကြာချိန်ကိုအနည်းဆုံးဖြစ်အေင် ပြုလုပ်သင့်ပါတယ်။ 

သင့်အနေနဲ့ ဝန်ထမ်းတစ်ဦးကို လိုအပ်တာထက်ပိုပြီး အိမ်မှာနေစေ၍ လစာအပြည့်ပေးထားလိုမှာ မဟုတ်ပါဘူး။ ဒါ့အပြင် suspend ပြုလုပ်ခံရခြင်းဟာ ဝန်ထမ်းအတွက်လည်းလွန်စွာ စိတ်ဖိစီးမှုများကို မြင့်တက်လာစေပါတယ်။ 

သင့်အနေနဲ့ suspension ပြုလုပ်ထားချိန်အတွင်းမှာ ဆက်လက်၍အဆက်အသွယ်ပြုလုပ်ပေးပါ။ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေစဉ်အတွင်းမှာလည်း အဆိုပါဝန်ထမ်းကို ဆက်လက်၍ suspend ပြုလုပ်ထားဖို့ သင့်/ မသင့်ကို အမြဲတမ်းစဉ်းစားနေပါ။ 


လစာမပေးထားပဲ suspend ပြုလုပ်၍ရနိုင်မလား? 

လုပ်ငန်းရှင်နှင့် အလုပ်သမား နှစ်ဦးသဘောတူရေးထိုးထားသော လုပ်ငန်းစာချုပ်တွင် လစာပေးရန်မလိုပဲ suspend ပြုလုပ်ခွင့်ပါဝင်ပါက ထိုအရာကို လက်ခံ၍ရနိုင်ပါတယ်။ 

ဒါပေမယ့်ဒီအရာကို သိပ်ပြီးတွေ့ရလေ့မရှိပါဘူး။ ဘာလို့လဲဆိုတော့ လုပ်ငန်းရှင်ဖက်မှ ဝန်ထမ်းတစ်ဦးရဲ့ ရပိုင်ခွင့်များကို အလုပ်ခန့်အပ်ထားစဉ်မှာ ပေးအပ်ခြင်းမပြုလုပ်ပဲ suspend ပြုလုပ်ခြင်းဟာ မျှတမှုရှိကြောင်းပြသနိုင်ဖို့ ခဲယဉ်းလို့ပဲဖြစ်ပါတယ်။ 

ဒီလိုပြုလုပ်လိုက်ခြင်းအားဖြင့်လည်း အဆိုပါဝန်ထမ်းဟာ ပြစ်မှုထင်ရှားခြင်းမရှိသေးမှီတွင် ဆုံးဖြတ်ချက်ချမှတ်ပြီးရာရောက်တဲ့အတွက် စည်းကမ်းကြပ်မတ်ရေးလုပ်ငန်းစဉ်အားလုပ်ဆောင်ရာတွင် တရားမျှတမှုမရှိပဲ ကြိုတင်၍ ဘက်လိုက်ပြီးဆုံးဖြတ်ရာရောက်သွားနိုင်ပါတယ်။ 

ထို့ကြောင့် Suspension ပြုလုပ်ရာတွင် လစာငွေပေး၍ suspend ပြုလုပ်ခြင်းက အကောင်းဆုံးပဲဖြစ်ပါတယ်။ 


Suspend ပြုလုပ်ပြီးနောက်တွင်မှ အဆိုပါဝန်ထမ်းဟာ နာမကျန်းဖြစ်လာခဲ့ပါက ဘာတွေလုပ်ရမလဲ? 

နာမကျန်းဖြစ်သောကြောင့် အလုပ်မှပျက်ကွက်ခြင်းဟာ suspension ကိုပြီးဆုံးသွားစေမှာ ဖြစ်ပါတယ်။ ထို့ကြောင့်သင့်အနေနဲ့ suspension ကာလကို ရပ်နားပြီး ထိုဝန်ထမ်းကို sick leave/ pay စာရင်းသို့ပြန်လည်ထည့်သွင်းပေးရပါမယ်။ 

စုံစမ်းစစ်ဆေးမှုများကို ဆက်လက်၍ပြုလုပ်နေနိုင်ပါတယ်။ ဒါပေမယ့် ပါဝင်ပတ်သက်နေတဲ့ ကာယကံရှင်ဝန်ထမ်းကို ဆင့်ခေါ်ပြီး သက်ဆိုင်ရာစုံစမ်းမှုများပြုလုပ်ခြင်း (သို့) စည်းကမ်းပိုင်းဆိုင်ရာ ကြားနာမှုများပြုလုပ်ခြင်းတို့ကို တက်ရောက်စေခြင်းတို့ကိုတော့ သတိထား၍ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါတွေအားလုံးဟာအခြေအနေကိုလိုက်၍ ကိုင်တွယ်ဖြေရှင်းရမယ့် အရာများဖြစ်နေလို့ပါ။ အများအားဖြင့် စည်းကမ်းပိုင်းဆိုင်ရာအရ အပြစ်ပေးမှုများကို အဆိုပါဝန်ထမ်းရဲ့ ကျန်းမာရေးအခြေအနေပြန်လည်ကောင်းမွန်လာသည်အထိ ဆိုင်းငံ့ထားရမှာဖြစ်ပါတယ်။ 


Suspend ပြုလုပ်ထားစဉ်မှာ ဝန်ထမ်းကအခြားတစ်နေရာတွင် အလုပ်လုပ်ခွင့်ရှိပါသလား? 

အကယ်၍ သင့်ထံတွင်အလုပ်လုပ်နေသည့်အပြင် အခြားတစ်နေရာတွင်လည်း အလုပ်လုပ်ကိုင်နေပါက သူတို့အနေနဲ့ အခြားအလုပ်ကိုဆက်လက်၍လုပ်ကိုင်ခွင့်ရှိပါတယ်။ 

သို့သော် သင့်ထံတွင်အလုပ်လုပ်ရမယ့် ပုံမှန်အလုပ်ချိန်များတွင်တော့ အားလပ်နေပြီး အချိန်မရွေးအသင့်ရှိနေဖို့လိုအပ်ပါတယ်။ ဒါကြောင့် သင့်ထံတွင်အလုပ်လုပ်ရမယ့် ပုံမှန်အလုပ်ချိန်များမှာတော့ အခြားသောအလုပ်တစ်ခုကို လျှောက်ထားလုပ်ကိုင်နေခြင်းဟာ မသင့်တော်ပါဘူး။ 


စုံစမ်းစစ်ဆေးရေးအစည်းအဝေးကို suspend ပြုလုပ်ခြင်းခံထားရသူဝန်ထမ်းမှ တက်ရောက်ရန် ပျက်ကွက်ခဲ့ပါတယ်။ ထိုသူကို လစာဆက်လက်ပေးနေခြင်းအား ရပ်တန့်ပစ်နိုင်ပါသလား? 

အကယ်၍ ခိုင်လုံတဲ့အကြောင်းပြချက်တစ်စုံတစ်ရာမရှိပဲ စုံစမ်းစစ်ဆေးရေးအစည်းအဝေးသို့ တက်ရောက်ရန်ပျက်ကွက်ခဲ့တယ်လို့ယူဆနိုင်ပြီး အဆိုပါအစည်းအဝေးအတွက်ခေါ်ယူချိန်ဟာလည်း ပုံမှန်လုပ်ချိန်များအတွင်းသာဖြစ်ပါက သင့်အနေနဲ့ meeting သို့ လာရောက်ရန်ပျက်ကွက်ခဲ့တဲ့ အချိန်အတွက်ကို သူတို့ရဲ့လစာငွေအတွင်းမှဖြတ်တောက်မှုပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ suspension pay တစ်ခုလုံးကို ဖြတ်တောက်၍တော့မရနိုင်ပါဘူး။ 

 

သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်များ (သို့) customer များကို suspension ပြုလုပ်ခံရကြောင်း အသိပေးဖို့ လိုအပ်ပါသလား? 

မလိုအပ်ပါဘူး။ သင့်အနေနဲ့ လျှို့ဝှက်ထားပေးဖို့တာဝန်ရှိနေတဲ့အတွက် ထိုဝန်ထမ်းဟာ ခွင့်ယူထားတယ်ဟူ၍ပဲ ရိုးရှင်းစွာပြောဆိုလိုက်နိုင်ပါတယ်။ 

 

Suspend ပြုလုပ်ခြင်းခံထားရတဲ့ဝန်ထမ်းဟာ လုပ်ဖော်ကိုင်ဖက်များနဲ့ Facebook (social media များ) ကနေတဆင့် အဆက်အသွယ်ဆက်လက်၍ပြုလုပ်နေခွင့်ရှိပါသလား? 

ဒီအရာက အနည်းငယ်ခက်ခဲတဲ့မေးခွန်းတစ်ခုပဲဖြစ်ပါတယ်။ အများအားဖြင့်တော့ သူတို့အဆက်အသွယ်ပြုလုပ်တဲ့ပုံစံအပေါ်မူတည်နေပါတယ်။ 

တစ်ဖက်တွင် စည်းမျဉ်းပိုင်းအရကြည့်မည်ဆိုပါလျှင် သူတို့ဟာ လုပ်ဖော်ကိုင်ဖက်များနဲ့ အဆက်အသွယ်ပြုလုပ်နေတဲ့အတွက် suspension စည်းကမ်းများကို ချိုးဖောက်မှုရှိတယ်လို့ ယူဆနိုင်သော်လည်း သူတို့အနေနဲ့ အလုပ်အကြောင်းဆွေးနွေးမှုမလုပ်နေသရွေ့၊ ဒါမှမဟုတ် သူတို့ suspend ပြုလုပ်ခြင်းခံရတဲ့အကြောင်းအရာနဲ့ပတ်သက်၍ ဆွေးနွေးမှုမလုပ်နေသရွေ့တော့ ဒါဟာအရေးမကြီးလှပါဘူး။ 

ဒီနေရာလေးမှာပဲ နိဂုံးချုပ်လိုက်ပါတော့မယ်။ Suspension နဲ့သက်ဆိုင်တဲ့ဗဟုသုတတွေအတော်များများကို စာဖတ်သူတို့အနေနဲ့ သိရှိသွားကြလိမ့်မယ်လို့ထင်ပါတယ်။ ဒီ article လေးကိုဖတ်ရှုပြီးနောက်မှာ မိမိတို့ရဲ့လုပ်ငန်းများတွင် ထိုသို့သောကိစ္စရပ်များကြုံတွေ့လာခဲ့ပါက စာဖတ်သူတို့အနေနဲ့ အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ကြမယ်လို့လည်း ယုံကြည်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အကျိုးရှိစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Myanmar First Asia Group

Myanmar First Asia Group

The Myanmar First Asia is Group of companies focused in Marketing and Distribution of Gems & Jewellery, Lubricant, Coach and bus , Food and Beverages founded in 2008. Myanmar First Asia is striving to...
Show the postings (8)
V Net - Mandalay Internet Service Provider

V Net - Mandalay Internet Service Provider

Vision and Mission Call us rebels, but we strongly believe every home and business in Myanmar should have fast, affordable and reliable access to the internet. No compromise, no barriers, no fuss.So ...
Show the postings (38)
Definity Group of Co.,Ltd

Definity Group of Co.,Ltd

Trust Venture Partners Co., Ltd

Trust Venture Partners Co., Ltd

To contribute to the development of the Myanmar economy by helping Myanmar companies access the capital markets to achieve their growth objectives To provide one-stop service to international compani...
Show the postings (46)
Polyconcept Hong Kong Ltd

Polyconcept Hong Kong Ltd

Skills training related with job; 2. International working environment; 3. Career development in different domain and places; 4. Opportunities to work in different cities and countries; 5. 15 annu...
Show the postings (1)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS