by www.jobsinyangon.com
Tags: Knowledge-Employee-Resign-Ethics-JobsInYangon
ဝန်ထမ်းတစ်ဦးက အလုပ်မှ နုတ်ထွက်စာတင်လာတဲ့အခါမှာ သင်ဘာတွေကိုလုပ်ဆောင်သင့်သလဲ?
ဝန်ထမ်းများဟာ ဘာကြောင့်သူတို့ရဲ့အလုပ်မှ နုတ်ထွက်လိုကြတာလဲ?
အကောင်းဆုံးသောအလုပ်ရှင်များတောင်မှ ဒီအရာကိုတွေ့ကြုံရမှာဖြစ်ပါတယ်။ သင့်ရဲ့အလုပ်ပတ်ဝန်းကျင် (သို့) သင့်ရဲ့ဝန်ထမ်းများနဲ့ အပြန်အလှန်ကောင်းမွန်တဲ့ဆက်ဆံရေးများရှိနေတာတွေနဲ့မဆိုင်ပါဘူး။ ဝန်ထမ်းများ resign လုပ်ရခြင်းဟာ သင်ထိန်းချုပ်နိုင်ခြင်းမရှိတဲ့ အကြောင်းပြချက်များကြောင့်ပဲဖြစ်ပါတယ်။ တစ်ခါတစ်ရံတွင် သူတို့ကိုယ်သူတို့တောင် ထိန်းချုပ်နိုင်စွမ်းမရှိတဲ့အခြေအနေတွေကြောင့်လည်း resign လုပ်သွားတတ်ကြပါသေး တယ်။
သူတို့ဟာ အလုပ်အသစ်များနဲ့ တိုးတက်အောင်မြင်ဖို့အတွက်ပိုမိုကောင်းမွန်တဲ့အခွင့်အလမ်းများရှိနေတဲ့အတွက် resign လုပ်သွားနိုင်ပါတယ်။ သူတို့ဟာ ကျောင်းပြန်တက်ဖို့နဲ့ နိုင်ငံအတွင်းရွှေ့ပြောင်းနေထိုင်ဖို့အတွက်လည်း resign လုပ်သွားနိုင်ပါတယ်။ သူတို့ရဲ့ အိမ်ထောင်ဖက်က အခြားပြည်နယ်တစ်ခုမှ ရှားရှားပါးပါးခန့်အပ်လာတဲ့ လုပ်ငန်းနယ်ပယ်တစ်ခုတွင်တာဝန်ယူလိုက်တဲ့အတွက်လည်း resign လုပ်သွားနိုင်ပါတယ်။ သူတို့အနေနဲ့ သင် ပေးအပ်နိုင်တာထက်ပိုပြီး ငွေကြေးလိုအပ်လာတဲ့အခါမှာလည်း resign လုပ်သွားနိုင်သလို၊ သူတို့တွင် ကလေး များရှိလာတဲ့အခါ - ပိုမိုကောင်းမွန်တဲ့ကျောင်းရှိတဲ့နေရာ (သို့) ကလေးဟာဂရုစိုက်မှုနဲ့ကြီးထွားဖို့ကိုလိုအပ်တဲ့ အခါမှာ သူတို့ရဲ့မိသားစုဝင်များက သူတို့ကိုထောက်ပံ့ကူညီပေးနိုင်မည့်နေရာမျိုးသို့ ပြောင်းရွှေ့နိုင်ရန်အတွက် လည်း အလုပ်မှထွက်ခွာသွားနိုင်ပါတယ်။
ဝန်ထမ်းတစ်ဦးအနေနဲ့ သင့်ရဲ့အလုပ်မှထွက်ခွာသွားနိုင်သော အကြောင်းပြချက်များဟာ အဆုံးသတ်ရှိမှာမဟုတ်ပဲ လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့သင့်အနေနဲ့လည်း ထိုစိန်ခေါ်မှုများကို အဆုံးမရှိတွေ့ကြုံနေရမှာဖြစ်ပါတယ်။ ဝန်ထမ်း များ ဘာအကြောင်းကြောင့်ဖြစ်ဖြစ် resign ပြုလုပ်ခဲ့ပါက လုပ်ငန်းရှင်များအနေနဲ့ ဝန်ထမ်းတစ်ဦး resign လုပ်ခြင်းကို ဂုဏ်သိက္ခာရှိရှိ၊ ပရော်ဖက်ရှင်နယ်ကျကျနဲ့ သမာသမတ်ရှိရှိကိုင်တွယ်နိုင်စေဖို့အတွက် အောက်ပါလုပ်ငန်းစဉ်များကို လိုက်ပါဆောင်ရွက်သင့်ပါတယ်။
ဝန်ထမ်းများ resign ပြုလုပ်သည့်အခါတွင် မန်နေဂျာများအနေနဲ့ လုပ်ဆောင်သင့်တဲ့ အချက်များ
ဝန်ထမ်းတစ်ဦးအနေနဲ့ သူတို့ရဲ့အလုပ်မှ resign ပြုလုပ်သည့်အခါမှာ မန်နေဂျာများကို များသောအားဖြင့် ဦးစွာ အသိပေးမှာဖြစ်ပါတယ် - မန်နေဂျာများဟာ သူတို့နဲ့ အနီးကပ်ဆုံးဆက်ဆံရတဲ့သူတစ်ဦးဖြစ်နေတဲ့အတွက်ပဲဖြစ် ပါတယ်။ မန်နေဂျာဟာ ဝန်ထမ်းများအနေနဲ့ လုပ်ငန်းခွင်မှ resign ပြုလုပ်ရာတွင် ပထမဦးဆုံးအဆင့်ဟာ HR ရုံး ဌာနသို့နုတ်ထွက်စာပေးပို့ခြင်းပဲဖြစ်တယ်ဆိုတာကိုအသိပေးထားရမှာဖြစ်ပါတယ်။ ဒီသို့ပြုလုပ်ထားခြင်းအားဖြင့် ဝန်ထမ်းတစ်ဦးရဲ့ အလုပ်မှနုတ်ထွက်ခြင်းကို တစ်ဦးခြင်းဖိုင်တွဲထားနိုင်စေဖို့အတွက် တရားဝင်စာတစ်စောင်ကို အလုပ်ရှင်ဖက်မှရရှိနိုင်မှာဖြစ်ပါတယ်။
ဒီအရာကပဲ အလုပ်မှနုတ်ထွက်ခြင်း/ ထုတ်ပယ်ခြင်း ပြုလုပ်ရာတွင် လိုအပ်သည့် အလုပ်မှနုတ်ထွက်ခြင်းဖြစ်စဉ် များအားလုံးကို အစပြုလိုက်ခြင်းပဲဖြစ်ပါတယ်။ သူဌေးအနေနဲ့ HR ကို ဆက်သွယ်ပြီး ဝန်ထမ်းတစ်ဦးကိုအစားထိုး ခန့်အပ်ဖို့အတွက် ချက်ချင်းစီစဉ်မှုပြုရမှာဖြစ်ပါတယ်။ ဒါမှမဟုတ် ထိုဌာနတစ်ခုရဲ့ တည်ဆောက်ပုံနဲ့ အလုပ်တာ ဝန်များကို ဘယ်လိုခွဲဝေထားသလဲဆိုတာကိုလေ့လာကြည့်ရှုပြီး အကောင်းဆုံးပြုလုပ်နိုင်မည့် အဆင့်များကို ဆုံး ဖြတ်သတ်မှတ်ခြင်းဟာ ဝန်ထမ်းတစ်ဦးက resign ပြုလုပ်လိုက်တဲ့အခါမှာဖြစ်ပေါ်လာတတ်တဲ့အခြေအနေများပဲ ဖြစ်ပါတယ်။
ဝန်ထမ်းရဲ့ တစ်ကိုယ်ရည်လျှို့ဝှက်ချက်အတွက်မန်နေဂျာသော်၎င်း၊ အခြားသော HR ဝန်ထမ်းများဟာသော်၎င်း အခြားသောလုပ်ဖော်ကိုင်ဖက်များနဲ့ အဆိုပါဝန်ထမ်းရဲ့ အစီအစဉ်အကြောင်းကို မျှဝေခြင်းမပြုလုပ်သင့်ပါဘူး။ ဒီ ကိစ္စဟာ အဆိုပါဝန်ထမ်းမှ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်များကို ဖွင့်ပြောဖို့ဆုံးဖြတ်လိုက်သည့်အချိန်မတိုင်မှီအထိ လုံးဝ လျှို့ဝှက်ထားရမည့်အရာများပဲဖြစ်ပါတယ်။ အဖွဲ့အစည်းအတွင်း သိရှိသွားတဲ့အချက်အလက်များအားလုံးဟာ အလုပ်မှ resign ပြုလုပ်လျှက်ရှိတဲ့ ဝန်ထမ်းထံမှသာဖြစ်နေရပါမယ်။
ဝန်ထမ်းများက သူတို့ရဲ့အလုပ်မှ resign ပြုလုပ်လာတဲ့အခါတွင် ဘယ်လိုပြုမူရမှာလဲ
ဝန်ထမ်းတစ်ဦးက ဘာကြောင့်ပဲ resign လုပ်လုပ်၊ သင်လုပ်ဆောင်ရမှာက သမာသမတ်ရှိရှိ၊ ဂုဏ်သိက္ခာရှိရှိနဲ့ ပရော်ဖက်ရှင်နယ်ကျကျ ပြုမူပေးဖို့ပါပဲ။ အကယ်၍ အဆိုပါအခွင့်အလမ်းတစ်ရပ်ဟာ ရာထူးတိုးမြင့်ခြင်း (သို့) သူတို့ရဲ့ သက်မွေးမှုလမ်းကြောင်းတွင် ပိုမိုကောင်းမွန်လာစေဖို့ အဆင့်တစ်ဆင့်ဖြစ်တယ်လို့ထင်ပါက အဆိုပါ ဝန်ထမ်းကိုဂုဏ်ပြုပေးလိုက်ပါ။
အဆိုပါဝန်ထမ်းရဲ့မန်နေဂျာနဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့အတူတကွတိုင်ပင်ပြီး သင့်လျှော်တဲ့ နှုတ်ဆက်ပါတီပွဲ တစ်ခုကို စီစဉ်ခြင်း (သို့) အမှတ်တရဖြစ်စေမယ့်အချိန်များကို အတူတကွမျှဝေပြီး ဒေသခံဆိုင်တစ်ခုတွင် အတူ သောက်စားဖို့ (သို့) ကော်ဖီဆိုင်တစ်ဆိုင်အတူထိုင်ပြီး ကော်ဖီသောက်ဖို့အတွက် အခွင့်ရှိပါက စီစဉ်ပေးလိုက်ပါ။ သင့်အနေနဲ့ ဝန်ထမ်းတိုင်းရဲ့သင့်လုပ်ငန်းအကြောင်းနောက်ဆုံးအမှတ်ရစရာမှတ်ဉာဏ်များဟာအပေါင်းလက္ခဏာ ဆောင်နေပြီး ပရော်ဖက်ရှင်နယ်ဆန်နေဖို့ကို လိုလားမှာပဲဖြစ်ပါတယ်။ ဝန်ထမ်းတစ်ဦးအနေနဲ့ သင့်လုပ်ငန်း အဖွဲ့အစည်းအတွင်းလုပ်ကိုင်ခဲ့ရခြင်းဟာ သူ့အတွက်အထူးအခွင့်အရေးတစ်ရပ်ရခဲ့သကဲ့သို့ ခံစားရစေလိုမှာ လည်းဖြစ်ပါတယ်။
ဒီအချိန်မှာ အောက်ပါအချက်များဟာတော့ ဝန်ထမ်းတစ်ဦးက resign ပြုလုပ်လာတဲ့အခါတွင် ဘယ်လိုကိုင်တွယ် ရမလဲဆိုတဲ့ အသေးစိတ်အချက်များပဲဖြစ်ပါတယ်။
အလုပ်မှထွက်ခွာဖို့ပြင်ဆင်ရာတွင်ပြုလုပ်ရမည့်အရာများရဲ့ Checklist
ဝန်ထမ်းထံမှ တရားဝင်အလုပ်မှနုတ်ထွက်စာကိုရရှိပြီးပါက အဆိုပါဝန်ထမ်းရဲ့ ကြီးကြပ်သူ (supervisor) နှင့် အတူတိုင်ပင်ပြီး ထိုဝန်ထမ်းရဲ့ ကျန်ရှိတဲ့ နောက်ဆုံး ၂ပတ်တာကာလဟာ ဆက်လက်ပြီး အပေါင်းလက္ခဏာဆောင် ကာ အကျိုးရှိစေဖို့အတွက် သေချာအောင်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ အကယ်၍ ထိုဝန်ထမ်းက စံသတ်မှတ် ထားသည့်အတိုင်း၊ မျှော်လင့်ထားသည့်အတိုင်း ၂ပတ် ကြိုတင်အသိပေးလာပါက သင့်ထံတွင် ထိုဝန်ထမ်းရဲ့ အလုပ်တာဝန်များကို လွှဲပြောင်းဖို့ရာအတွက် လုံလောက်တဲ့အချိန်ရှိမှာဖြစ်ပါတယ်။
အကယ်၍ ထိုဝန်ထမ်းဟာ ဆက်လက်လုပ်ဆောင်နေတဲ့အလုပ်များနဲ့ သင့်ရဲ့အခြားသောဝန်ထမ်းများအတွက် ပတ်ဝန်းကျင်တစ်ခုကို ထိခိုက်စေတယ်လို့ ထင်မြင်ယူဆပါက သင့်အနေနဲ့ ထိုဝန်ထမ်းကို အလုပ်ခွင်အတွင်းမှ ထွက်ခွာစေပြီး ဝန်ထမ်းခန့်အပ်မှုဆက်ဆံရေးကို ချက်ချင်းအဆုံးသတ်လိုက်နိုင်ပါတယ်။
ကံကောင်းစွာနဲ့ပဲ ဒီလိုကိစ္စမျိုးဟာ ရှားပါတယ်။ ဒီအတွက်ကြောင့် သာမာန်အားဖြင့်ဆိုရင်တော့ သင့်အနေနဲ့ အဆို ပါဝန်ထမ်းရဲ့အလုပ်များကို စုစည်းပြီးနောက် ဝန်ထမ်းအစားထိုးခေါ်ယူရန်အတွက် စတင်ဆောင်ရွက်ပြီး တစ်ချိန် တည်းမှာပင် အဆိုပါအလုပ်တာဝန်များကို အခြားဝန်ထမ်းများထံသို့ ပေးအပ်နိုင်ဖို့အတွက် အခွင့်အလမ်းရှိမှာဖြစ်ပါတယ်။
ဒါမှမဟုတ် သင့်အနေနဲ့ အလုပ်တာဝန်များကိုစီစဉ်ခြင်းကို ဌာနတစ်ရပ်လုံးအတွက်ပြန်လည်စဉ်းစားနိုင်ပါတယ်။ ဝန်ထမ်းတစ်ဦးရဲ့ အလုပ်မှနုတ်ထွက်ခြင်းဟာ ဌာနတစ်ခုတွင်အလုပ်များကိုဘယ်လိုပြီးမြောက်အောင် ဆောင်ရွက် နေသလဲဆိုတာနဲ့ ဘယ်သူတွေကလုပ်ဆောင်ရမယ်ဆိုတာကို ပြန်လည်စီမံတည်ဆောက်နိုင်ဖို့အတွက် အခွင့် အလမ်းတစ်ခုလည်းဖြစ်နေပြန်ပါတယ်။
အလုပ်မှနုတ်ထွက်ခြင်းလုပ်ငန်းစဉ်အတွက် နောက်ဆုံးလုပ်ဆောင်ထားသင့်သည့်အချက်များ
သင့်အနေနဲ့ -
• အစားထိုးဝန်ထမ်းတစ်ဦးကိုခန့်အပ်နိုင်ရန် စီစဉ်ခြင်း။
• အပိတ်အင်တာဗျူးတစ်ခုကို အလုပ်မှထွက်ခွာဖို့ပြုလုပ်နေသည့်ဝန်ထမ်းနှင့်ပြုလုပ်ခြင်းနှင့်
• အလုပ်မှထွက်ခွာဖို့ပြင်ဆင်ရာတွင်ပြုလုပ်ရမည့်အရာများရဲ့ Checklist ပေါ်တွင်ရှိနေတဲ့ အရာတစ်ခုစီ တိုင်းကို ပြီးပြတ်အောင်ဆောင်ရွက်ခြင်း။
• ထိုဝန်ထမ်းရဲ့ နောက်ဆုံးလစာငွေကို ပေးအပ်နိုင်ရန်အတွက် စီမံဆောင်ရွက်ခြင်း။
• သင့်အနေနဲ့ မည်သည့်နောက်ဆက်တွဲ စာရွက်စာတမ်းများကိုမဆို ပေးပို့နိုင်ရန်အတွက် ဝန်ထမ်းကသင့် ကိုသူတို့ရဲ့လိပ်စာနဲ့ပတ်သက်ပြီး အသိပေးနေရမည်ဖြစ်သည်ကို နားလည်သဘောပေါက်စေခြင်း။
• အထက်တွင်ဖော်ပြပြီးဖြစ်တဲ့ နှုတ်ဆက်ပါတီပွဲတစ်ခုကို စီစဉ်ခြင်း။
နိဂုံးချုပ်အားဖြင့်
ဝန်ထမ်းတစ်ဦးအလုပ်မှ resign ပြုလုပ်ခြင်းကို ထိုကဲ့သို့စီမံနိုင်ပါက သင့်ရဲ့အလုပ်စီးဆင်းမှု (workflow) နှင့် အလုပ်ပတ်ဝန်းကျင် (work environment) တွင် ဝန်ထမ်းတစ်ဦးဆုံးရှုံးရခြင်းရဲ့ အကျိုးသက်ရောက်မှုကို အနည်း ဆုံးဖြစ်အောင်လျှော့ချနိုင်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို ထိထိရောက်ရောက်နဲ့ကိုင်တွယ်နိုင်ခဲ့ပါက ထိုဝန်ထမ်း အနေနဲ့ သူ (သို့) သူမဟာ ပူးပေါင်းပါဝင်လုပ်ဆောင်နိုင်ခဲ့ပြီး သူ/သူမအနေနဲ့ သင့်ထံတွင်အလုပ်လုပ်ခဲ့စဉ်မှာ တန်ဖိုးတစ်ခုခုရရှိခဲ့တယ်ဆိုတာကိုသိရှိရင်းနဲ့နှုတ်ဆက်ထွက်ခွာသွားမှာဖြစ်ပါတယ်။ ထိုဝန်ထမ်းရဲ့နောက်ဆုံးနေ့ ရက်များတွင် employment ending checklist တွင်ပါဝင်တဲ့ လုပ်ရိုးလုပ်စဉ်များကို လိုက်နာဆောင်ရွက်သွားရ မှာဖြစ်ပါတယ်ဟုပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျက်
www.jobsinyangon.com
TOP EMPLOYERS
W.H.K Co., Ltd.
..Since established in 1997, W.H.K Company Limited has built a credible reputation as Myanmar’s leading distributor of automotive spare parts. W.H.K became the touchstone of quality and trustworthi...
Show the postings (5)
Smilax Global Company
The goal on Information Technology and Services of Smilax Global is to deliver the best in IT service managementto ensure that our customers and, ultimately, the citizens of Myanmar realise the most f...
Show the postings (1)
Eastern Group of Companies
We are currently seeking dedicated staffs that have a desire to serve others while building a professional career.Over the years, our company has expended and diversified business in poultry farming, ...
Show the postings (8)
SOE MYINT & SONS Stainless Steel Trading Co., Ltd.
GMO-Z.comACE Co.,Ltd.
..GMO-Z.comACE, jointly established by GMO Internet Group from Japan and ACE Data Systems in Myanmar, specializes in Domain, Hosting and SSL with its sale purpose to provide the needs of various resel...
Show the postings (7)