Jobs In Myanmar
Load...

What signs show the employer a bad Manager

by www.jobsinyangon.com


Tags: Recruitment-Manager-Management-HR-JobsinYangon



အလုပ်ရှင်ကို တစ်စုံတစ်ယောက်ကကောင်းမွန်သောမန်နေဂျာတစ်ဦးဖြစ်မလာနိုင်သည်အားဖော်ပြနေသည့်အချက်များ 

မန်နေဂျာကောင်းတစ်ဦးမဟုတ်သူသည် ပူးပေါင်းပါဝင်လုပ်ဆောင်မှုများနှင့် စိတ်ဓါတ်တက်ကြွမှုရှိခြင်းများကို ဖျက်စီးပစ်နိုင်ပြီး ကုန်ထုတ်စွမ်းအားကိုပိတ်ဆို့နိုင်ကာ ယျေဘူယျအားဖြင့် သူတို့ရဲ့အဖွဲ့သားများအားလုံးကို အလုပ်လာရမှာကြောက်ရွံ့လာကြစေတတ်ပါတယ်။ 

ကောင်းမွန်သောမန်နေဂျာတစ်ဦးကတော့ ကောင်းမွန်တဲ့ရလာဒ်များကိုဆောင်ကြဉ်းပေးနိုင်သည်သာမက၊ သူတို့၏အဖွဲ့တစ်ခုလုံးကို ပူးပေါင်းပါဝင်လုပ်ဆောင်မှုများနဲ့ စိတ်ဓါတ်တက်ကြွစေမှုများအပေါ်တွင် ကြီးစွာသော အကျိုးသက်ရောက်မှုကို ရှိစေနိုင်ပါတယ်။ 

မကောင်းသောမန်နေဂျာတစ်ဦးဆိုသည်မှာ အဘယ်နည်း? 

မန်နေဂျာတစ်ဦးဖြစ်လာခြင်းဆိုသည်မှာ သင့်အနေနှင့် ကျောင်းတွင်သင်ယူလိုသော ကျွမ်းကျင်မှုကို စဉ်းစားဆုံးဖြတ်ရသကဲ့သို့ပင် အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာအပြောင်းအလဲတစ်ခုဖြစ်ပါသည်။ ထိုသို့ ဖြစ်လာစေရန်အတွက် ကျွမ်းကျင်မှုအသစ်များနှင့် မတူကွဲပြားသော တာဝန်ဝတ္တရားများကို ရယူဆောင်ရွက်ရခြင်းတို့လိုအပ်ပါသည်။ 

သင်ဟာ သင့်ရဲ့မန်နေဂျာတစ်ဦးတိုင်းတွင် အကောင်းဆုံးသောရည်ရွယ်ချက်များသာရှိသည်ဟု ထင်မြင်ယူဆချင်မည်ဖြစ်သော်လည်း သူတို့ဟာ စီမံခန့်ခွဲမှုအပိုင်းတွင် သင့်လျော်ကောင်းမွန်သည့်သူများ ဖြစ်ချင်မှဖြစ်နိုင်ပါလိမ့်မည်။ 

တစ်စုံတစ်ယောက်ဟာ ကောင်းမွန်သင့်တော်သော မန်နေဂျာတစ်ဦးဖြစ်မလာနိုင်ဟုဖော်ပြနေသော လက္ခဏာများမှာ ကျွန်ုပ်တို့ရဲ့အနီးတဝိုက်တွင် အများအားဖြင့်ရှိနေတတ်ကြပါသည်။ သို့သော်လည်း သူတို့ဟာအဆိုပါအလုပ်ကို ငွေကြေး၊ ဂုဏ်ပကာသန၊ ဒါမှမဟုတ် သူတို့ဟာ အလုပ်တွင်လုံလောက်စွာသက်တမ်းကြာရှည်ရှိနေမှုတို့ကြောင့် မလွှဲသာပဲ ရယူလုပ်ကိုင်လိုက်ရဖို့မှာလည်းဖြစ်နိုင်သောအချက်များပဲဖြစ်ပါတယ်။ 

ဒီနေ့ ကျွန်ုပ်တို့ဟာ အများအားဖြင့်တွေ့ရှိတတ်တဲ့ တစ်စုံတစ်ယောက်ဟာ ကောင်းမွန်တဲ့မန်နေဂျာတစ်ဦး ဖြစ်နိုင်သည်ဟု သတိပေးနေသည့်နမိတ်လက္ခဏာများနှင့် အဆိုပါလက္ခဏာများကို အမှုမဲ့အမှတ်မဲ့ လျစ်လျူရှုထားခြင်းကြောင့်ဖြစ်ပေါ်လာနိုင်မည့် အကျိုးဆက်များကိုကြည့်ရှုကြမှာဖြစ်ပါတယ်။ 

အဖွဲ့ဝင်များကို ရာထူးတိုးမြှင့်မှုများပြုလုပ်ရာတွင် သတိကြီးစွာထားပါ။

မန်နေဂျာဆိုးတစ်ဦးဖြစ်သည်ဟုဖော်ပြနေသော လက္ခဏာ ၅ ချက် 

၁။ သူတို့ထံတွင် တိုးတက်မှုကိုအားပေးသောအတွေးအခေါ်များမရှိကြပါဘူး။ 

တိုးတက်မှုကိုအားပေးသောအတွေးအခေါ် (Growth Mindset) ဆိုသည်မှာ ကျွမ်းကျင်မှုတိုင်းဟာ သင်ယူတတ်မြောက်နိုင် သည်ဆိုသည့် အတွေးအမြင်ပဲဖြစ်ပါတယ်။  မည်သူတစ်ဦးတစ်ယောက်ကမျှ မွေးရာပါတတ်မြောက် လာသည်မရှိသလို အခြားသူများဟာလည်း ထိုအရာတွင်ဘယ်တော့မှ ကျွမ်းကျင်လာမှာမဟုတ်ပဲ ဖြစ်နေမှာမဟုတ်ပါဘူး။ ထိုသို့ကျွမ်းကျင်လာရန်အတွက် ကြိုးစားမှုလိုအပ်သည်ဖြစ်ကာ အားထုတ်မှုပြုလုပ်ခြင်းအားဖြင့် လူတိုင်းဟာ ကျွမ်းကျင်မှုတစ်ရပ်ကိုသင်ယူနိုင်ပြီး တိုးတက်အောင်ပြုလုပ်နိုင် မှာဖြစ်ပါတယ်။ 

သင့်ရဲ့အကောင်းဆုံးဝန်ထမ်းများတွင် တိုးတက်မှုကိုအားပေးသောအတွေးအခေါ်များရှိနေပြီး မကြာ ခဏဆိုသလို ကျွမ်းကျင်မှုအသစ်များကိုလေ့လာတတ်ကြပါသည်။ အဆိုပါအရာနှင့်ဆန့်ကျင်ဖက် အတွေးအမြင် (Fixed Mindset) ရှိသောသူမည်သူ့ကိုမဆို ရာထူးတိုးပေးခြင်းဟာ ကြီးမား လှစွာသောစွန့်စားမှုတစ်ရပ်ဖြစ်ပါသည်။ သူတို့ရဲ့ ပြုမူလုပ်ဆောင်ချက်တွေဟာသူတို့အပေါ်တွင်သာ မက သူတို့ရဲ့အဖွဲ့များအပေါ်တွင်ပါ အကျိုးသက်ရောက်မှုရှိနိုင်ပါသည်။ 
အကျိုးဆက်ကတော့ - ဦးစွာပထမအနေနဲ့ တရားသေအတွေးအမြင် (Fixed Mindset) ရှိတဲ့ မန်နေဂျာတစ်ဦးကိုယ်တိုင် ခံစားကြုံတွေ့ရမှာဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် မန်နေဂျာ တစ်ဦးအနေဖြင့် သူတို့ရဲ့ကိုယ်ပိုင်ကျွမ်းကျင်မှုများသာမက များစွာသောအရာများကိုသင်ယူဖို့ရန် လိုအပ်သောကြောင့်ဖြစ်ပါတယ်။ 

ပိုဆိုးတာတစ်ခုကတော့ အဆိုပါ တရားသေအတွေးအမြင်ဟာ သူတို့ရဲ့အဖွဲ့အတွင်း ကူးလူးပြန့်ပွား သွားနိုင်ကာ သူတို့ရဲ့ အဖွဲ့ဝင်များဟာလည်း တိုးတက်မှုရှိလာတော့မှာမဟုတ်ပါဘူး။ သူတို့ဟာ သူတို့ ရဲ့အလုပ်အပေါ်မှာငြီးငွေ့လာပြီး နေ့တဓူဝတူညီတဲ့အရာများကိုသာပြုလုပ်နေရသည်ကို စိတ်မွန်း ကြပ်လာကာ၊ အဆုံးသတ်အနေဖြင့် သင့်ကုမ္ပဏီ၏ပြင်ပမှ ပိုမိုကြီးပွားတိုးတက်စေမည့် အခွင့်အလမ်း များဆီသို့ထွက်ခွာသွားကြမည်ဖြစ်ပါသည်။ 

၂။ သူတို့ဟာ မိမိတို့ရဲ့ကိုယ်ပိုင်အလုပ်များကို မစွန့်လွှတ်နိုင်ကြပါဘူး။

အထူးသဖြင့် အင်ဂျင်နီယာများနှင့် အခြားသော တီထွင်ဖန်တီးမှုဆိုင်ရာ အခန်းကဏ္ဍများတွင် မိမိ တို့၏ ကိုယ်ပိုင်အလုပ်များကိုစွန့်လွှတ်မှုပြုလုပ်ရန်မှာ ခက်ခဲမှုရှိနိုင်ပါသည်။ မန်နေဂျာ ရာထူးအသစ် ကိုရယူလိုကာ အခြားသော အကျိုးရလာဒ်ရှိစေသည့် မိမိတို့၏ကိုယ်ပိုင်လုပ်ငန်းများကို ဆက်လက် ပြုလုပ်လိုနေဖို့မှာ အလွန်ပင်လွယ်ကူလှပါသည်။

စိတ်မကောင်းစွာနဲ့ပဲ ထိုအရာဟာ သူတို့ရဲ့စီမံခန့်ခွဲမှုဆိုင်ရာတာဝန်များနှင့်ထိုက်တန်စွာပြန်လည်ပေး ဆပ်နိုင်မှုမရှိစေရန်လွယ်ကူသောနည်းလမ်းတစ်ခုဖြစ်ပါသည်။ မန်နေဂျာများဟာ အရေးကြီးသည့် အရာများကို သတ်မှတ်ရပြီး လုပ်ငန်းတာဝန်များချမှတ်ပေးရသည်ဖြစ်သည့်အတွက် အကောင်းဆုံး သောအလုပ်များကို သူတို့ကိုယ်တိုင်သို့သာ ချမှတ်ပေးဖို့ရာမှာလွယ်ကူလှပါသည်။ 

အကျိုးဆက်ကတော့ - အကယ်၍ ထိုသူတို့ဟာ သူတို့ဘာသာအလုပ်များအားလုံးကိုလုပ်ဆောင်ရန် ကြိုးစားပါက သူတို့ရဲ့အဖွဲ့ဝင်များလိုအပ်မည့်အကူအညီများကိုရရှိနိုင်မှာမဟုတ်ပါဘူး။ 

၃။ သူတို့ဟာ လူများနဲ့ဆက်ဆံရတာကိုမကြိုက်ကြပါဘူး

လူတိုင်းဟာ သူတို့ရဲ့နေ့ရက်များကို လူတို့ရဲ့ပြဿနာများကို ကူညီဖြေရှင်းပေးခြင်း၊ အခြားသူများရဲ့ ပြဿနာများ ကို နားထောင်ပေးခြင်းနှင့် လူတို့အားတိုးတက်အောင်လုပ်ဆောင်ပေးခြင်းတို့ကို ပြုလုပ် ရင်း အချိန်ကုန်ဆုံးလိုတာမဟုတ်ပါဘူး။ အကယ်၍ မန်နေဂျာများဟာ ထိုကိစ္စရပ်များကို လုပ်ဆောင် ရန် စိတ်ပါဝင်စားစွာတက်ကြွမှုမရှိပါက သူတို့ဟာမန်နေဂျာဖြစ်ထိုက်သူများမဟုတ်ပါဘူး။ 

ထိုကိစ္စသည် အဖွဲ့ဝင်များအပေါ် အထူးသဖြင့် ထိခိုက်စေပါတယ်။ 

၎။ သူတို့ဟာ အမှန်တကယ်လုပ်ငန်းတာဝန်များအတွက်မဟုတ်ပဲ ငွေကြေးအတွက် စီမံခန့်ခွဲမှုနေရာ ကိုလုပ်ချင်ကြတယ် 
များစွာသောကုမ္ပဏီများတွင် လစာတိုးမြှင့်မှုများကိုဆက်တိုက်ရရှိနေပြီး သင့်ရဲ့အသက်မွေးဝမ်း ကျောင်းပညာရပ်တွင်တိုးတက်မှုရှိဖို့ရန်မှာ စီမံခန့်ခွဲမှုနယ်ပယ်သို့ဝင်ရောက်ဖို့ပဲဖြစ်ပါတယ်။ ထိုအရာ က လူတို့အား သူတို့ဟာမန်နေဂျာတစ်ဦးဖြစ်လာရန်အလားအလာများကို စိတ်ဝင်စားမှုမရှိလျှင် တောင်မှ သူတို့အား စီမံခန့်ခွဲမှုအပိုင်းသို့ဝင်ရောက်ဖို့အတွက် ထည့်သွင်းစဉ်းစားရန် ဖိအားပေးလျက် ရှိပါသည်။ 

ငွေကြေးသည် တစ်ဦးတစ်ယောက်၏ အလုပ်လုပ်ရန်စိတ်အားထက်သန်စေဖို့ တွန်းအား၏ အစိတ် အပိုင်းတစ်ခုဖြစ်နေသင့်သော်လည်း ထိုအရာသည် သူတို့ရဲ့ ပထမဦးစားပေး စိတ်အားထက်သန်စေ သောအရာဖြစ်နေပါက သင်ဟာမန်နေဂျာရွေးချယ်ရာတွင် ဆိုးရွားသောဆုံးဖြတ်မှုပြုလုပ်မိနိုင်သည် ဟု ညွှန်ပြနေသော နမိတ်လက္ခဏာတစ်ရပ်ဖြစ်နေနိုင်ပါသည်။ 

အကျိုးဆက်ကတော့ - အကယ်၍ တစ်ဦးတစ်ယောက်ဟာ ငွေကြေးအတွက် အလုပ်လုပ်တဲ့သူဖြစ် ပါက သူတို့ကိုထုတ်ပယ်နိုင်လောက်စေမည့် ပြဿနာများကိုဖုံးကွယ်ထားနိုင်ခြေရှိပါသည်။ သူတို့ ဟာ သူတို့အလွန်တရာလိုလားသော ငွေကြေးဆိုင်ရာတွန်းအားကို လက်လွှတ်လိုက်ရမည်ကိုစိတ်ပူ ပြီး ပြဿနာများရှိနေသည်ကိုလည်းဝန်ခံမှာမဟုတ်ပဲ အကူအညီလည်းတောင်းမှာမဟုတ်ပါဘူး။

၅။ သူတို့ဟာ သူတို့ရဲ့အလုပ်များတွင်ပျော်ရွှင်မှုမရှိပါဘူး

အကယ်၍ တစ်ယောက်ယောက်ဟာ အလုပ်ခွင်အတွင်း သိသာထင်ရှားစွာပင်ပျော်ရွှင်မှုမရှိနေဘူးဆို ပါက ထိုသူကို မန်နေဂျာအဖြစ်ရာထူးတိုးမြှင့်ပေးခြင်းသည် မန်နေဂျာဆိုးတစ်ဦးကိုသာ ပြုလုပ်ပေး လိမ့်မည်ဖြစ်ပါသည်။ သူတို့သည်ဆက်လက်၍ ပျော်ရွှင်မှုမရှိခြင်း၊ ‌စောဒကတက်မှုများခြင်း၊ စိတ် အားတက်ကြွမှုမရှိဖြစ်ခြင်းတို့ ရှိနေသည့်ဝန်ထမ်းတစ်ဦးအနေဖြင့် ဆက်လက်ရှိနေမည်ဖြစ်ကာ ထိုသူမှ သူတို့၏ အဖွဲ့တစ်ခုလုံးထံသို့ အဆိုပါအပြုအမူနှင့် စိတ်ဓါတ်အား ပျံ့နှံ့စေလိမ့်မည်ဖြစ်ပါ သည်။ 

အကျိုးဆက်ကတော့ - သူတို့ရဲ့အဖွဲ့သားများအားလုံးအပေါ် အလုပ်အပေါ်ပျော်မွေ့မှုမရှိသည့်အမူ အကျင့်ကို နမူနာဖြစ်ပေါ်စေကာ ထိခိုက်မှုရှိစေသည်သာမက ထိုအရာက သင့်ရဲ့တိုးတက်မှုပေါ်ကို လည်းထိခိုက်မှုရှိစေပါသည်။ ဒီနေရာတွင်အလုပ်လုပ်ခြင်းက ကောင်းမွန်သည်ဆိုသောအချက်ကို ပြောပြနိုင်ခြင်းမရှိသော မန်နေဂျာဆိုးတစ်ဦးကို မည်ကဲ့သို့ ထိထိရောက်ရောက်အလုပ်ရရှိနိုင်မည် နည်း။? 

ကုမ္ပဏီများဟာ မန်နေဂျာဆိုးများကို ရာထူးတိုးမြှင့်မပေးမိရန် မည်သို့ရှောင်ရှားနိုင်မည်နည်း?

(၁) တစ်ကိုယ်ရည်အလုပ်ရှိသူများအတွက် ကြီးပွားတိုးတက်စေမည့် လမ်းကြောင်းကို ဖန်တီးပြုလုပ်ပေးပါ။ 
(၂) ပြောဆိုဆက်ဆံနိုင်သောစွမ်းရည်ကိုသင်ကြားရလွယ်ကူပြီး စိတ်ပါဝင်စားမှုရှိသော ပမာဏအလိုက် ရာထူးတိုးမြှင့်ပေးပါ။ 
(၃) မန်နေဂျာတစ်ယောက်အနေဖြင့် ထိုအရာသည် သူတို့အတွက် ဖြစ်နိုင်မဖြစ်နိုင်ကိုစဉ်းစားဆုံး ဖြတ်ရန် အခွင့်ကိုပေးထားပါ။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Smilax Global Company

Smilax Global Company

The goal on Information Technology and Services of Smilax Global is to deliver the best in IT service managementto ensure that our customers and, ultimately, the citizens of Myanmar realise the most f...
Show the postings (1)
Toyota Aye and Sons Co., Ltd.

Toyota Aye and Sons Co., Ltd.

Our Vision To become the most reliable and respected automotive-dealer group in Myanmar. Our Mission '' To attract and attain customers with high-valued products and services and the most satis...
Show the postings (25)
Mo Asia Co.,Ltd

Mo Asia Co.,Ltd

..Mo Asia Co. Ltd is a distributor for Dumex Milk Powder in Myanmar. Dumex is an infants' and children's nutrition company. Its products span the infant, follow on and growing-up milk categories, and ...
Show the postings (1)
River King Ayeyar Construction Co., Ltd.

River King Ayeyar Construction Co., Ltd.

Our Vision To develop and maintain an everlasting strong relationship with our client based on trust and the quality of services provided by us. Our Mission To deliver excellence quality in time...
Show the postings (19)
Sea Rain Co.,Ltd

Sea Rain Co.,Ltd


Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS