Tags: Knowledge-IT-Internet-WhatsApp-JobsinYangon
WhatsApp တွင် ဘာတွေဖြစ်နေသလဲ?
ဒီအရာဟာ လုပ်ကြံဇာတ်လမ်းများ၊ သတင်းအမှားများနဲ့ လှည့်ဖျားမှုများဖြစ်ပွားရာ နေရာတစ်ခုဖြစ် နေရပါသလဲ?
Encryption များဟာ content များကို စောင့်ကြည့်နိုင်ရန်နဲ့/ စောင့်ကြည့်မှုမပြုနိုင်ရန် မည့်သည့် အခန်းကဏ္ဍမှ ပါဝင်နေပါသလဲ? What’s wrong with WhatsApp ဆိုတဲ့ ဆောင်းပါးတွင်ပါဝင်တဲ့ များစွာသော မေးခွန်းများဟာ လက်ရှိအချိန်ထိဖြေကြားမယ့်သူမရှိသေးပါသော်လည်း တစ်ခါတစ်ရံ တွင် ဒါဟာ နားလည်မှုလွဲမှားခြင်းတစ်ရပ်လည်းဖြစ်နိုင်ပါတယ်။ WhatsApp ဟာ သတင်းအချက် အလက်ဖလှယ်ပြီး ပြောဆိုဆက်သွယ်မှုပြုလုပ်ရန် tool တစ်ခုမျှသာဖြစ်ပြီး e-mail များထက် လုပ်ဆောင်ချက်အနည်းငယ်သာ သာတဲ့အရာဖြစ်ပါတယ်။ အဆုံးသတ်တွင် ဒီ encryption ဟာ Facebook မှ “Closed Groups“ များအတွင်း ဘာတွေဖြစ်ပွားနေသလဲဆိုတာကိုစောင့်ကြည့်ခြင်း ကိုတောင်မှ မတားဆီးနိုင်ပါဘူး။ Facebook ဟာ encryption key များကိုပိုင်ဆိုင်ထားပြီး သူတို့ရဲ့ application ဟာ ဘယ်သူမဆိုပေးပို့လိုက်တဲ့ အရာတိုင်းကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ဒါပေ မယ့် ထိုဆောင်းပါးကိုဖတ်ရှုရခြင်းဟာ ရှည်လျှားပြီး လွန်စွာကောင်းတဲ့အရာများပါဝင်နေပါတယ်။
WhatsApp ကို ၂၀၁၄ ခုနှစ်တွင် Facebook မှ ဒေါ်လာ ၁၉ဘီလျံဖြင့် ဝယ်ယူပြီးနောက်တွင် ဒီအရာ က သမိုင်းတလျှောက် ဈေးအကြီးဆုံးနည်းပညာဝယ်ယူမှုတစ်ရပ်ဖြစ်လာပါတယ်။ ဒီအချိန်မှာ WhatsApp ဟာ သူတို့ရဲ့ app ကို အသုံးပြုနေသူပေါင်း သန်း ၄၅၀ ခန့်ကိုပါဆောင်ကြဉ်းလာခဲ့ပါ တယ်။ ဒီနှစ်ဖေဖော်ဝါရီလတွင် ၎င်းဟာ ကမ္ဘာတစ်လွှားအသုံးပြုသူပေါင်း ၂ဘီလျံရှိခဲ့ပြီဖြစ်ကာ ဒါ က ကိုရိုနာဗိုင်းရပ်စ်ကြောင့် lockdown များ မပြုလုပ်မှီအချိန်ကဖြစ်ပြီး ဒီအရာဟာ သူတို့ကို လက်ရှိအချိန်အထိ လူသုံးအများဆုံး messenger app တစ်ခုဖြစ်လာစေပြီး Facebook ပြီးလျှင် ဒုတိယလူသုံးအများဆုံး app တစ်ခုလည်းဖြစ်လာစေပါတယ်။ များစွာသောနိုင်ငံများတွင် ယခုအခါ ဒီအရာကပုံမှန်အသုံးပြုနေကျ digital communication နဲ့ social coordination ဆိုင်ရာနည်းလမ်း ဖြစ်လာပြီး အထူးသဖြင့် လူငယ်များအကြားတွင် ခေတ်စားနေလျှက်ရှိပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိတ်သတ်တို့ကို ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.