Jobs In Myanmar
Load...

မေလနှင့် ဇွန်လအတွင်း အိန္ဒိယနိုင်ငံတွင်းရှိ အကောင့်ပေါင်း ၂သန်းကျော်ခန့်ကို WhatsApp မှ ဖယ်ရှားခဲ့ 

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-WhatsApp-Banned-Million-Accounts-JobsInYangon



မေလနှင့် ဇွန်လအတွင်း အိန္ဒိယနိုင်ငံတွင်းရှိ အကောင့်ပေါင်း ၂သန်းကျော်ခန့်ကို WhatsApp မှ ဖယ်ရှားခဲ့ 

 

သတ်မှတ်ထားတဲ့စည်းကမ်းချက်များကို ချိုးဖောက်ခဲ့တဲ့ အိန္ဒိယနိုင်ငံတွင်းရှိ အကောင့်ပေါင်း ၂ သန်းကျော်ခန့်ကို WhatsApp မှ ဖယ်ရှားခဲ့တယ်လို့ ကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ WhatsApp ရဲ့ ပြောကြားချက်အရ ထိုအထဲက အသုံးပြုသူများရဲ့ ၉၅% ဟာ India နိုင်ငံအတွင်း Message များကို forward ပြုလုပ်နိုင်မည့် အရေအတွက် ကန့်သတ်မှုစည်းမျဉ်းများကို ချိုးဖောက်ခဲ့သောကြောင့် ဖယ်ရှားခဲ့ရခြင်းဖြစ်ကြောင်း BBC news ရဲ့ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ 

ကုမ္ပဏီမှ ပြောဆိုချက်များအရ မေလ ၁၅ ရက်နေ့နှင့် ဇွန်လ ၁၅ ရက်နေ့အတွင်းမှာပင် သူတို့ဟာ အိန္ဒိယနိုင်ငံအတွင်းရှိ အကောင့်ပေါင်း ၂ သန်းကျော်ခန့်ကို “ပုံမှန်မဟုတ်ပဲ မြင့်မားလှတဲ့ Message ပေးပို့မှုနှုန်းများကြောင့်” ဖယ်ရှားခဲ့ရတယ်လို့ သိရှိရပါတယ်။ WhatsApp ကို အိန္ဒိယနိုင်ငံတွင် တွင်ကျယ်စွာအသုံးပြုလျှက်ရှိကြပြီး အသုံးပြုသူပေါင်း သန်း ၄၀၀ ခန့်ရှိနေတဲ့အတွက် India နိုင်ငံအတွင်းရှိ သတင်းအမှားပြန့်နှံ့မှုများရဲ့ အစပြုရာနေရာတစ်ခုလည်းဖြစ်နေပြန်ပါတယ်။ 

အဆိုပါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားများဟာ သောင်းနှင့်ချီသောအသုံးပြုသူများထံသို့ နာရီပိုင်းအတွင်း လျှင်မြန်စွာပျံ့နှံ့သွားလေ့ရှိတဲ့အတွက် ထိုအရာကိုတုန့်ပြန်ဖြေရှင်းနိုင်ဖို့ဟာ လက်တွေ့မှာ မဖြစ်နိုင်တဲ့အတွက် ယခင်ကလည်း ထိုကဲ့သို့ လျှင်မြန်စွာပျံ့နှံ့သွားခဲ့တဲ့ Message များနဲ့ Video များဟာ အိန္ဒိယနိုင်ငံအတွင်း အကြမ်းဖက်မှုများကို ဖြစ်စေခဲ့ပြီး ပြည်သူများသေဆုံးရခြင်းအထိကို ဖြစ်စေခဲ့ဖူးပါတယ်။ WhatsApp ကတော့ ယခုအခါတွင် အသုံးပြုသူများရဲ့ complain များကို ဖြေရှင်းခြင်းအပြင် သူတို့ရဲ့ platform ကို အလွန်အကျူးအသုံးချလျှက်ရှိနေမှုများကို တားဆီးနိုင်ရန်အတွက် အထောက်အကူပေးနိုင်မည့် tool များကိုလည်း သုံးစွဲလျှက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Phyo Pyae Sone Myanmar Co.,Ltd

Phyo Pyae Sone Myanmar Co.,Ltd

With customers at the forefront of our minds,The Company prioritizes for the best of customer service at value price point for our guests with uncompromising quality and facilities.Starting from Distr...
Show the postings (42)
International Travel Asia Co., Ltd.

International Travel Asia Co., Ltd.

.International Travel Asia Co.,Ltd....
Show the postings (3)
Min Zar Ni Group of Companies

Min Zar Ni Group of Companies

The group engaed in Sourcing, Processing and Marketing all varieties of fresh Frozen Seafood to the international markets. The first pioneer plant was established in 1995 in Yangon and at the present ...
Show the postings (2)
Myanmar Promotional Services ( Event Management )

Myanmar Promotional Services ( Event Management )

To Promote business and enhance trades in academic ways ( Exhibitions and Trade Show ) for the country to develop and grow rapidly in many respective fields We are promoting the business and enha...
Show the postings (4)
Fair Deal Co., Ltd

Fair Deal Co., Ltd

..Fair Deal Co., Ltd ....
Show the postings (1)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS