ချိတ်ဆွဲရန်စာတန်း: News-WhatsApp-Android-iOS-JobsInYangon
Android နှင့် iOS device များအတွက် WhatsApp မှ လုပ်ဆောင်ချက်အသစ်နှစ်ခုကို ထုတ်လွှင့်ပေးခဲ့
Express.co.uk မှ သတင်းတစ်ပုဒ်အရ WhatsApp ဟာ iPhone နှင့် Android အသုံးပြုသူများအတွက် လုပ်ဆောင်ချက်အသစ်နှစ်ခုကိုထုတ်လွှင့်ပေးခဲ့ကြောင်း သိရှိရပါတယ်။
ပထမဆုံးလုပ်ဆောင်ချက်အသစ်ကတော့ - ယခုအခါ အသံ message များရဲ့ playback ကို ၁.၅ ဆ (သို့) ၂ ဆ မြန်နှုန်းသို့ပြောင်းလဲ၍နားဆင်နိုင်မှာဖြစ်ပြီး Application အတွင်းပေးပို့လာခဲ့တဲ့ အသံ message များကို သင့်ရဲ့ chat window ပေါ်သို့ရောက်လာသည့် အစီအစဉ်အတိုင်း အလိုအလျှောက် ဆက်တိုက်ဖွင့်ပေးသွားနိုင်တော့မှာဖြစ်ပါတယ်။
ဒုတိယလုပ်ဆောင်ချက်အသစ်ကတော့ - သင့်ကို တစ်စုံတစ်ဦးက “@” သင်္ကေတကို အသုံးပြု၍ mention ခေါ်ခြင်း (သို့) သင်ပြောထားတဲ့ စာတစ်ကြောင်းကို reply ပြန်ခြင်းတို့ပြုလုပ်လာတဲ့အခါတွင် App အတွင်း လက်ရှိပြောဆိုနေသည့် စကားပြောဆိုမှုများတွင် “@” သင်္ကေတလေးကိုတွေ့မြင်နေရမှာဖြစ်ပါတယ်။ ယခုအခါ အဆိုပါ update အသစ်ကို iPhone များအတွက် App Store တွင် download ပြုလုပ်နိုင်နေပြီဖြစ်ပြီး Android ဖုန်းများအတွက်ကိုတော့ Play Store မှတဆင့် download ပြုလုပ်၍ရယူနိုင်နေပြီပဲဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။