Jobs In Myanmar
Load...

When and How to Ask for a Promotion?

by www.jobsinyangon.com


Tags: Knowledge-Acquiring-Promotions-Workplace-JobsinYangon



ဘယ်အချိန်မှာ၊ ဘယ်လိုမျိုး ရာထူးတိုးမြှင့်ပေးဖို့တောင်းဆိုနိုင်မလဲ? 

ရာထူးတိုးမြှင့်ပေးဖို့တောင်းဆိုမှုပြုလုပ်ရခြင်းဟာ ဘဝမှာစိတ်အလှုပ်ရှားရဆုံးအရာများထဲမှတစ်ခုဖြစ်ပါတယ်။ သင့်ကိုယ်သင် အထက်လူကြီးများရှေ့မှာသတိထားမိအောင်လုပ်ဆောင်ရခြင်းဟာ အနည်းငယ်စိတ်လှုပ်ရှား ကြောက်ရွံ့ဖွယ်ကောင်းပြီး ပြိုင်ဆိုင်မှုများဟာပြင်းထန်နိုင်ပါတယ်။ အထူးသဖြင့်လက်ရှိစီးပွားရေးအခြေအနေ မှာပေါ့။ နောက်ပြီး အကယ်၍သူတို့ကငြင်းဆန်ခဲ့ရင်ရော ဘာတွေဖြစ်လာနိုင်မလဲ? ဒါပေမယ့် ဒီအရာက သင့်ရဲ့ သက်မွေးဝမ်းကြောင်းမှုလမ်းကြောင်းမှာအရေးအကြီးဆုံးလုပ်ဆောင်ရမယ့်အရာတစ်ခုလဲဖြစ်နေပါတယ်။ အကယ်၍ သင့်အနေနဲ့ကုမ္ပဏီတစ်ခု/ လုပ်ငန်းနယ်ပယ်တစ်ခုတွင် တိုးတက်မှုရှိလိုပါက ရာထူးတိုးခြင်းများဟာ လိုအပ်တဲ့အချက်တစ်ခုဖြစ်ပြီး ဒီအရာက သင့်ထံသို့လွယ်လွယ်ကူကူနဲ့ရောက်ရှိလာမှာမဟုတ်ပါဘူး။ သင့်အနေ နဲ့ ဒီအရာရရှိဖို့ကြိုးစားလုပ်ဆောင်ခြင်း၊ တောင်းဆိုခြင်းတို့ကိုမဖြစ်မနေပြုလုပ်ရမှာပဲဖြစ်ပါတယ်။ 

၁။ သင်လေ့လာထားရမယ့်အရာများကိုလေ့လာထားပါ

ရာထူးတိုးမြှင့်ပေးမှုခံရဖို့အတွက် အရေးအကြီးဆုံးအချက်ကတော့ ကြိုတင်ပြင်ဆင်ထားခြင်းပဲဖြစ်ပါ တယ်။ ဒါမှသာ သင်တောင်းဆိုမှုပြုတဲ့အခါတွင် သင်ဟာနောက်တစ်ဆင့်သို့တက်လှမ်းရန်အဆင်သင့် ဖြစ်နေပြီဆိုတာကို တိကျတဲ့အချက်တွေနဲ့ သက်သေပြနိုင်မှာဖြစ်ပါတယ်။ ဦးဆုံးအနေနဲ့ သင့်ရဲ့မန်နေဂျာ အား သင်ဟာလက်ရှိအချိန်အထိဘာတွေကိုအောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ပြီဆိုတာကို အလေးပေး ဖော်ပြသင့်ပါတယ်။ ဒီသို့ပြုလုပ်ခြင်းဟာ သင်လုပ်ဆောင်ပေးခဲ့တဲ့အရာတွေနဲ့ သင့်ရဲ့ အနာဂါတ်အလား အလာတွေကိုတိုင်းတာနိုင်မယ့် ကောင်းမွန်တဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ သင့်အနေနဲ့စွမ်းဆောင်နိုင်ခဲ့ တဲ့အရာများအားလုံးကိုစာရင်းပြုစုထားပြီး ထိုအရာများကို သင်ဖော်ပြမယ့်အချက်များတွင်ထည့်သွင်း အသုံးပြုပါ။ သင်ဟာ လုပ်ငန်းသဘောသဘာဝအသစ်တစ်ခုသို့သွားနေတဲ့ side project တစ်ခုကိုလုပ် ဆောင်ခဲ့ဖူးပါသလား? ၆လအတွင်း သင့်ရဲ့ အရောင်းရည်မှန်းချက်များကို နှစ်ဆခန့်ရရှိအောင်စွမ်းဆောင် နိုင်ခဲ့ပါသလား? သင့်ရဲ့ရာထူးနေရာမှာကောင်းမွန်စွာဆောင်ရွက်နိုင်ရုံနဲ့တော့ သင်ရာထူးတိုးလာနိုင်မှာ မဟုတ်ပါဘူး။ သင်ဟာ သင့်လက်ရှိရာထူးနေရာထက်ပိုတဲ့အလုပ်တာဝန်တွေကိုလုပ်ဆောင်နိုင်ခဲ့တယ် ဆိုတာကို ပြသနိုင်ရပါမယ်။

နောက်တစ်ဆင့်အနေနဲ့ သင်လိုချင်တဲ့ရာထူးတစ်ခုကိုရွေးချယ်ဖော်ထုတ်ပြီးနောက် ဘာကြောင့် သင်ဟာ ဒီရာထူးကိုရယူဖို့အသင့်ဖြစ်နေပြီလို့ပြောတာလဲဆိုတာကိုပြောကြားကြည့်ပါ။ အကယ်၍သင်ဟာ လက် ထောက်မန်နေဂျာတစ်ဦးဖြစ်လာဖို့တောင်းဆိုနေတာဆိုရင်၊ ဒီရာထူးမှာဘာတွေလုပ်ရသလဲဆိုတာကို သိထားဖို့နဲ့ သင်ဟာ ဒီရာထူးမှာကောင်းမွန်စွာလုပ်ဆောင်နိုင်မယ်ဆိုတာကို သရုပ်ဖော်ပြသရပါမယ်။ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်လိုတာလား? ဒါဆိုရင် သင်ဟာပရောဂျက်အငယ်စားများ (သို့) အဖွဲ့ငယ်များ ကိုဘယ်လိုအောင်မြင်စွာဦးဆောင်နိုင်ခဲ့လဲ (ဥပမာ - သင့်ဌာနရှိအလုပ်သင်အစီအစဉ်တွင် လမ်းညွှန်မှုပြု ပေးခြင်း) ဆိုတာကိုပြသပေးရပါမယ်။ သင်ဟာ ဒီအလုပ်တစ်ခုနဲ့ကိုက်ညီတဲ့သူတစ်ဦးဖြစ်တယ်ဆိုတာ ကို သေချာရေရာပြီး ခိုင်မာတဲ့နမူနာတွေနဲ့ပြသနိုင်ဖို့အတွက်ရှာဖွေထားရပါမယ်။ 

၂။ အချိန်အခါကိုစဉ်းစားပြီး အစီအစဉ်ဆွဲပါ

အလုပ်ရာထူးတိုးဖို့တောင်းဆိုရန်အတွက် သင့်လျော်တဲ့အချိန်ဆိုတာမရှိပါဘူး။ ဒါပေမယ့် တစ်ချို့ အချိန် နဲ့အခြေအနေများဟာ အခြားအချိန်များထက်ပိုကောင်းပါလိမ့်မယ်။ ရာထူးတိုးဖို့ကိုပြောဆိုဖို့ အကောင်း ဆုံးအချိန်ကတော့ သင့်ရဲ့လုပ်သက်နှစ်ပတ်လည် (သို့မဟုတ် နှစ်ဝက်) ကာလတွင် စစ်ဆေးမှုပြုလုပ်ချိန် ပဲဖြစ်ပါတယ်။ ဒီအရာဟာ သင်နဲ့ သင့်မန်နေဂျာနှစ်ဦးစလုံးအတွက် သင့်ရဲ့အခြေအနေဘယ်လိုရှိလဲဆို တာနဲ့ သင့်ရဲ့သက်မွေးဝမ်းကြောင်းမှုလုပ်ငန်းဟာ ဘယ်နေရာသို့ဦးတည်နေတယ်ဆိုတာကိုဆွေးနွေးနိုင် မယ့်သဘာဝကျတဲ့အခွင့်အလမ်းတစ်ရပ်ပဲဖြစ်ပါတယ်။ *သင်ဟာစစ်ဆေးမှုပြုလုပ်ချိန်ကာလသို့နီးကပ်၊ ရောက်ရှိလာတဲ့အတွက် ရာထူးတိုးမြှင့်ပေးဖို့တောင်းဆိုတာမျိုးမဖြစ်အောင်တော့ဂရုစိုက်ရပါမယ်၊ သင့် အနေနဲ့ ဒီရာထူးနဲ့ထိုက်တန်ကြောင်းကိုထုတ်ဖော်ပြသပေးနိုင်ဖို့တော့လိုအပ်ပါလိမ့်မယ်။

နောက်ပြီး ကုမ္ပဏီအတွင်းရှိ သင့်ရဲ့အနေအထားနဲ့ သင့်ရဲ့ ဌာန/ အဖွဲ့အတွင်းမှာ ဘာတွေဖြစ်ပျက်နေလဲ ဆိုတာကိုလည်းထည့်သွင်းစဉ်းစားထားရပါမယ်။ သင့်အနီးအနားမှာရှိတဲ့သူတွေက ထွက်ခွာသွားတာ တွေ၊ ရာထူးတိုးတာတွေဖြစ်ပေါ်နေလား? သင့်ရဲ့ဌာနဟာ အခြားဌာနတစ်ခုနဲ့ ပေါင်းစည်းဖို့ကိုပြုလုပ်နေ သလား? ဒါမှမဟုတ် ကုမ္ပဏီအတွင်းတွင် သင့်ရဲ့ဌာနဟာ ပြန်လည်နေရာချထားမှုတွေကိုပြုလုပ်နေ သလား? အပြောင်းအလဲတွေများစွာဖြစ်ပေါ်နေတဲ့အခါဟာ သင့်ရဲ့ သူဌေးကို သင်တို့ရဲ့အဖွဲ့အစည်းက ရှေ့သို့တိုးတက်လာသည်နှင့်အမျှ ဘယ်နေရာတွင် သင်ဟာသင့်တော်သူတစ်ယောက်ဖြစ်တယ်လို့မြင်သ လဲဆိုတာကိုမေးမြန်းကြည့်ဖို့အချိန်ကောင်းတစ်ခုပါပဲ။ 

အဆုံးသတ်အနေနဲ့ပြောလိုတာကတော့ စီးပွားရေးအခြေအနေတွေမကောင်းတဲ့အတွက်လဲ တွန့်ဆုတ်မှု မရှိပါနဲ့။ ယခုကဲ့သို့ ကြပ်တည်းတဲ့ကာလများမှာပင် ဉာဏ်ပြေးတဲ့လုပ်ငန်းရှင်များက သူတို့ရဲ့ဝန်ထမ်းများ ဟာသူတို့အတွက်တန်ဖိုးအရှိဆုံးအရင်းအမြစ်တွေဖြစ်တယ်ဆိုတာကိုနားလည်ထားကြပြီး သူတို့ဟာ ဒီ ဝန်ထမ်းများကို ဆွဲထားနိုင်သမျှ အကောင်းဆုံးလုပ်ဆောင်ပြီးဆွဲထားကာ (ကူညီပေးခြင်းများ) ပြုလုပ် ကြမှာပါ။ ပြီးခဲ့တဲ့နှစ်တွေကသူများထက်ပိုနည်းတဲ့ လစာတိုးမြှင့်မှုမျိုးကိုရကောင်းရနိုင်ပါတယ်၊ ဒါပေ မယ့်၊ ရာထူးမှတိုးမြှင့်ခံရခြင်းဆိုတာဟာ ငွေကြေးအတွက်သာမဟုတ်ပါဘူး - ဒီအရာကပိုမိုများပြားလာ မယ့်လုပ်ငန်းတာဝန်တွေရှိလာတာကိုလဲဆိုလိုပါတယ်။ ပြီးတော့ သင့်အနေနဲ့ ယခုအချိန်မှာ အကျိုး ရလာဒ်တွေသိပ်မရခဲ့ဘူးဆိုရင်တောင်မှ စီးပွားရေးအခြေအနေတွေပြန်လည်ဦးမော့လာတဲ့အခါမှာ ငွေ ကြေးဆိုင်ရာဆုချမှုတွေရှိလာနိုင်ပါသေးတယ်။ 

၃။ တွေ့ဆုံဆွေးနွေးမှုတွေကိုပြုလုပ်ဖို့တောင်းဆိုကြည့်ပါ

အကယ်၍ နှစ်စဉ်ပြန်လည်စစ်ဆေးမှုပြုချိန်မဟုတ်တဲ့အချိန်မှာ သင်ဟာ ရာထူးတိုးမြှင့်မှုပြုလုပ်ပေးဖို့ အတွက် တောင်းဆိုတော့မယ်လို့ဆုံးဖြတ်ပြီးပြီဆိုရင်တော့ သင့်ရဲ့မန်နေဂျာဆီသို့ချည်းကပ်မှုမပြုမှီတွင် ကြိုတင်စီစဉ်ထားရပါမယ်။ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် e-mail ပေးပို့ပြီး သင်ဟာသင့်ရဲ့လုပ်ဆောင် ရည်၊ စွမ်းဆောင်ချက်တွေနဲ့ အရည်သွေးတွေ၊ အလားအလာတွေအကြောင်းဆိုဆွေးနွေးလိုတယ်ဆိုတာ ကိုရှင်းလင်းစွာပြောဆိုထားရပါမယ်။ သင့်အနေနဲ့ သင့်ရဲ့မန်နေဂျာဖက်မှ ပြင်ဆင်မှုမပြုလုပ်ရသေးမှီ တွင် ဝင်ရောက်ပြီးတွေ့ဆုံလိုမှာမဟုတ်ပါဘူး။ သူမကို ကြိုတင်အသိပေးထားခြင်းအားဖြင့် သူမအနေနဲ့ သင့်ရဲ့စွမ်းဆောင်ရည်တွေကို ပြန်လည်စဉ်းစားအကဲဖြတ်မှုပြုလုပ်နိုင်ပြီး ကုမ္ပဏီကသင့်ကို ရာထူး (သို့) လစာငွေတိုးမြှင့်ပေးမှု တစ်ခုခုကို ဘယ်လိုပြန်လည်ပေးအပ်နိုင်မလဲဆိုတာကို စဉ်းစားဖို့အချိန်ရစေမှာ ဖြစ်ပါတယ်။ 

၎။ သင်လစာဘယ်လောက်ရသင့်သလဲဆိုတာကို သဘောပေါက်နားလည်ထားပါ

အမျိုးသမီးများအများဆုံးပြုလုပ်တတ်တဲ့ သက်မွေးဝမ်းကျောင်းမှုဆိုင်ရာအမှားတစ်ခုကတော့ သူတို့ရဲ့ လစာငွေအကြောင်းကို သေသေချာချာ ညှိနှိုင်းဆွေးနွေးမှုမပြုတာပါပဲ။ Carnegie Mellon ရဲ့ ၂၀၀၈ခုနှစ် က လေ့လာမှုအရ - အမျိုးသားများဟာ အမျိုးသမီးများထက် သူတို့ရဲ့ပထမဆုံးလစာကို ၄ဆခန့်ပိုမိုပြီး ညှိနှိုင်းခဲ့ကြတာကိုတွေ့ရှိရပြီး၊ အမျိုးသမီးများဟာ အမျိုးသားများထက် လစာငွေညှိနှိုင်းမှုပြုလုပ်ဖို့ကို ၂.၅ဆခန့် နောက်တွန့်တတ်ကြတာကိုတွေ့ရှိရပါတယ်။ ဒါဟာ ကောင်းတဲ့အရာမဟုတ်ပါဘူး! သင်တို့ အနေနဲ့ ရာထူးတိုးမြှင့်ပေးမှုအမှန်တကယ်မရရှိသေးမှီတွင် လစာငွေအားမညှိနှိုင်းသင့်သော်လည်း သင့် အနေနဲ့ အခွင့်အလမ်းပေါ်ပေါက်ခဲ့ပါက ထိုကိစ္စအတွက်မေးမြန်းသင့်ပါတယ်။ ဒီတော့ သင်ရဲ့တန်ဖိုးကို သိရှိထားဖို့အတွက် လေ့လာမှုတွေပြုလုပ်ရပါမယ်။ 

ကုမ္ပဏီအတွင်းရှိစဉ်၊ ဒါမှမဟုတ် အလုပ်ဆင်းစဉ်တွင် PayScale နှင့် Salary.com ကဲ့သို့ လစာငွေနှိုင်း ယှဉ်မှုပြုလုပ်နိုင်မယ့် website များကို ဝင်ရောက်လေ့လာကာ သင့်ရဲ့လုပ်ငန်းနယ်ပယ်နဲ့ ကုမ္ပဏီအမျိုး အစားတွင်ရရှိနိုင်တဲ့ ပုံမှန်လစာငွေများကိုရှာဖွေကြည့်နိုင်ပါတယ်။ 

ထို့နောက်တွင်တော့ ညှိနှိုင်းဆွေးနွေးမှုကို စတင်ပြုလုပ်နိုင်ပါပြီ။ သင့်ကိုယ်သင်ဈေးပေါပေါနဲ့ ဘယ်တော့ မှ မရောင်းလိုက်ပါနဲ့။ များများစားစားပေးဖို့တောင်းဆိုခြင်းဟာ ဘယ်တော့မှ နစ်နာစေမှာမဟုတ်ပါဘူး။ ဒါဟာ ညှိနှိုင်းဆွေးနွေးမှုကစားပွဲတစ်ခုရဲ့ သဘောသဘာဝပဲဖြစ်ပါတယ်။ သူတို့ဟာ သင်တောင်းဆိုတဲ့ အရာထက်ပိုနည်းတဲ့အရာကိုပဲပေးမှာပါ။ ဘယ်တော့မှ ပိုပေးမှာမဟုတ်ပါဘူး။ 

၅။ ပြန်လည်မေးမြန်းမှု (Follow Up) ပြုလုပ်ပါ

အကယ်၍သင်ရာထူးမှတိုးမြှင့်ပေးခြင်းခံရတဲ့အခါ အရမ်းကောင်းပါတယ်၊ အပြင်မှာ အောင်ပွဲခံလိုက်ပါ သင်ကိုယ်သင်ဆုချပေးဖို့အတွက် ထိုက်တန်ပါတယ်။ အကယ်၍ထိုသို့မဖြစ်လာတဲ့အခါမှာလဲ ဒီအရာက အဆုံးသတ်မဟုတ်ဘူးဆိုတာကိုနားလည်ထားပါ။ အရေးအကြီးဆုံးကတော့ ဒီဆွေးနွေးမှုကို ပိတ်သိမ်း မပြစ်လိုက်ဖို့ပါပဲ။ 

သင်အနေနဲ့ ထိုတွေ့ဆုံမှုတစ်ခုကနေ ရှေ့မှာဘာတွေဖြစ်လာနိုင်သလဲဆိုတာကိုသိရှိပြီးထွက်လာဖို့ကို သေချာစေပါ။ ယခုအချိန်မှာ သင်တို့ရဲ့ဌာနဟာ ရာထူးမှတိုးမြှင့်ပေးလို့ကောင်းတဲ့အခြေအနေမဟုတ်ခဲ့ ပါက သင့်ရဲ့သူဌေးကို သင့်အနေနဲ့ဒီကိစ္စအတွက်ကို ဘယ်အချိန်လောက်မှာဆွေးနွေးနိုင်မလဲဆိုတာကို မေးမြန်းကြည့်ပါ။ အကယ်၍သူ/ သူမဟာ သင့်ရဲ့လက်ရှိအရည်အချင်းတွေအပေါ်မှာမူတည်ပြီး ရာထူး တိုးပေးဖို့ငြင်းဆန်ခဲ့တာဆိုပါက သင့်အနေနဲ့ အတွေ့အကြုံတွေရနိုင်မယ့်အဆင့်တွေကိုဝေဖန်အကြံပြု ချက်များရယူပြီး အနာဂါတ်တွင် ရာထူးမှတိုးမြှင့်ပေးဖို့အတွက် စဉ်းစားခံရစေနိုင်ဖို့အတွက် လုပ်ဆောင် လိုက်ပါ။ 

အားလုံးထက်အရေးကြီးတဲ့အချက်ကတော့ သင်ဟာမှန်ကန်တဲ့နေရာတစ်ခုမှာရှိနေပါက၊ သင့်ရဲ့မန်နေ ဂျာက သင်ဟာတိုးတက်ကြီးပွားဖို့နည်းလမ်းတွေရှာဖွေနေတာကို သဘောကျဝမ်းမြောက်ပါလိမ့်မယ်။ ရာထူးတိုးပေးဖို့တောင်းဆိုတဲ့အတွက်တော့ ဘယ်သူမှအလုပ်ထုတ်မခံရဘူးဆိုတာကိုတော့ ယုံလိုက်ပါ။ အကယ်၍ သင်ဟာထိုကဲ့သို့တောင်းဆိုမေးမြန်းမှုမလုပ်ခဲ့ဘူးဆိုရင်တော့ ဒါဟာ သင့်ကိုယ်သင်နစ်နာစေ အောင်လုပ်ဆောင်မိနေတာဖြစ်ပါတယ်။ 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်
ကျေးဇူးတင်လျက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Myint Dachan Co.,LTD.

Myint Dachan Co.,LTD.

.Mission Our mission is to create positive impact on the livestock industry, as well as benefiting the farmers and to the end consumers. Our company aims to produce animal feed for the whole country...
Show the postings (1)
Asahi Loi Hein Co., Ltd.

Asahi Loi Hein Co., Ltd.

.Asahi Loi Hein Co., Ltd. is a Joint Venture company one of the leading soft drinks manufacturer which head office in Yangon and factories in Mandalay and Yangon. Asahi Loi Hein Company Ltd., is a gr...
Show the postings (1)
Mya Kyar Khine Co., Ltd

Mya Kyar Khine Co., Ltd

..Mya Kyar Khine Company Limited was established in 1997 and started distributing Paul Mitchell Professional Hair Care Products (U.S.A) to the Myanmar market. Then, Depilève Waxing and Paraffin Produ...
Show the postings (5)
Magnate Group Logistics Co., Ltd.

Magnate Group Logistics Co., Ltd.

Our youthful and vigorous staffs have the passion and team spirit which has driven us into being able to expand to now 16 cities and further expanding to more with many outlets station and service poi...
Show the postings (14)
Pocari Sweat

Pocari Sweat

.POCARI SWEAT is similar with the composition of body fluids that containing electrolytes. Therefore, it can be absorbed by the body faster and better than ordinary drinking water. It can help to prev...
Show the postings (1)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS