Jobs In Myanmar
Load...

Why Is Effective Communication Important in Management?

by www.jobsinyangon.com


Tags: Knowledge-HR-Management-Effective-Communication-JobsInYangon



စီမံခန့်ခွဲမှုပြုရာတွင် ထိရောက်စွာပြောဆိုဆက်ဆံမှုရှိခြင်းဟာ ဘာကြောင့်အရေးပါတာလဲ? 

 

အခြားသူများကိုဦးဆောင်နိုင်ဖို့အတွက်သင့်ထံတွင်ထိရောက်စွာပြောဆိုတတ်မှုစွမ်းရည်များရှိနေဖို့လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် မန်နေဂျာတစ်ဦးဟာ သူ့လုပ်ငန်းရှင်ရဲ့ ရည်မှန်းချက်တွေကိုအကောင်အထည်ဖော်ဖို့အတွက် အားကိုးရနိုင်မှာမဟုတ်ပဲ လုပ်သား၊ ဝန်ထမ်းများကိုစုစည်းခေါ်ယူခြင်းနဲ့အချိန်ကုန်နေရပါလိမ့်မယ်။ ကောင်းမွန် ထိရောက်စွာဆက်သွယ်ပြောဆိုနိုင်တဲ့ မန်နေဂျာများဟာ ကောင်းမွန်တဲ့ ပြဿနာဖြေရှင်းသူများလည်းဖြစ်နေတတ်ပြီး ဒီအရာက ကွဲပြားခြားနားမှုများအမြဲတမ်းရှိနေတဲ့ အပြည်ပြည်ဆိုင်ရာမှလူများနဲ့ပါဝင်ဖွဲ့စည်းထားတဲ့ လုပ်ငန်းခွင်များတွင် မရှိမဖြစ်လိုအပ်သောကျွမ်းကျင်မှုတစ်ရပ်ဖြစ်ပါတယ်။ ပြောဆိုခြင်းနဲ့ စာဖြင့်ရေးသားပြီး ပြောဆိုဆက်သွယ်မှုပြုရာတွင်ပါရမီရှိတဲ့ဝန်ထမ်းများဟာလည်း ဒီ corporate ladder ကို ပိုပြီးမြန်မြန်တက်ရောက်နိုင်တတ်ကြပါသေးတယ်။ မန်နေဂျာများနဲ့ ဝန်ထမ်းများအကြား ထိရောက်စွာပြောဆိုဆက်ဆံမှုရှိခြင်းဟာ ကောင်းမွန်စွာလှုပ်ရှားလျှက်ရှိတဲ့လုပ်ငန်းခွင်တစ်ခုအတွင်း မရှိမဖြစ်လိုအပ်တဲ့အရာပဲဖြစ်ပါတယ်။ 

 

ပိုမိုကောင်းမွန်တဲ့ ဝန်ထမ်းများအကြားဆက်ဆံမှုများ

အကောင်းဆုံးမန်နေဂျာများဟာ အဖွဲ့အစည်းရဲ့အဆင့်တိုင်းတွင် မိတ်ဖွဲ့ခြင်းနဲ့ ပြောဆိုဆက်ဆံခြင်းများရှိ နေဖို့အတွက်လိုအပ်ချက်များကိုနားလည်သဘောပေါက်ကြပါတယ်။ ထိရောက်တဲ့ ပြောဆိုဆက်ဆံမှု စွမ်းရည်ဟာ တစ်ဦးနဲ့တစ်ဦးရင်းနှီးမှုမရှိခြင်းကိုဖယ်ရှားနိုင်ပြီး အဖွဲ့အစည်းတစ်ခုတွင် ရှိသင့်ရှိထိုက်တဲ့ ပူးပေါင်းလုပ်ဆောင်တတ်တဲ့စိတ်ဓါတ်ကိုပေါ်ပေါက်လာစေပါတယ်။ သာမန်ဝန်ထမ်းတစ်ဦးရဲ့ အလုပ် လုပ်လိုစိတ်ရှိမှုနဲ့ အလုပ်အပေါ်စိတ်ပါဝင်စားမှုရှိခြင်းတို့ဟာ တစ်နေ့နဲ့တစ်နေ့ မတူပါဘူး။ ဒီအရာကို မန်နေဂျာများဟာလက်ခံထားပါတယ်၊ ဒါပေမယ့်သူတို့ကိုယ်ပိုင် ပြောဆိုဆက်ဆံမှုပုံစံများကိုအစီအစဉ် ချမှတ်ထားပြီး ဝန်ထမ်းများကို လိုလားသည့်ရလာဒ်အခြေအနေရရှိလာအောင် စိတ်အားတက်ကြွလာဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။

 

ကုန်ထုတ်လုပ်မှုစွမ်းရည်တိုးတက်လာမှု 

သူတို့သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ မန်နေဂျာများဟာ ကုမ္ပဏီတစ်ခုရဲ့ ကုန်ထုတ်လုပ်မှုစွမ်းအား အတွက် ဝင်ရိုးများဖြစ်ကြပါတယ်။ မန်နေဂျာများအနေနဲ့ နည်းဗျူဟာများကိုရှင်းလင်းစွာရေးဆွဲထားပြီး ဝန်ထမ်းအဖွဲ့များအနေနဲ့ ဘာတွေကိုလုပ်ဆောင်ရမလဲဆိုတာကိုနားလည်သဘောပေါက်စေရန် အတွက် အစီအစဉ်များရေးဆွဲထားရမှာဖြစ်ပြီး ကုမ္ပဏီက သူတို့ကို ဒီအရာများပြီးမြောက်ရန် ဘယ်လိုဆောင် ရွက်စေလိုသလဲဆိုတာကိုဖော်ပြထားရပါမယ်။ တစ်ချိန်တည်းမှာပင် အဖွဲ့ဝင်တိုင်းမှ သူတို့လုပ်ဆောင်ရ မယ့် အခန်းကဏ္ဍကို သိရှိနားလည်ပြီး သူတို့လုပ်ဆောင်ရမယ့်အလုပ်ဟာ အရေးကြီးတဲ့အရာတစ်ခုဖြစ် တယ်ဆိုတာကိုနားလည်သဘောပေါက်နေရပါမယ်။ အကယ်၍ မန်နေဂျာတစ်ဦးဟာ ထိုသို့ဖြစ်လာ အောင်မလုပ်နိုင်ပါက ဝန်ထမ်းများဟာတဖြည်းဖြည်းပျင်းရိငြီးငွေ့လာမှာဖြစ်ပြီး သူတို့ရဲ့အလုပ်များတွင် စိတ်ဝင်စားမှုလျော့နည်းလာမှာပဲဖြစ်ပါတယ်။ 

 

Golbalization ကြောင့် အကျိုးသက်ရောက်မှု

မတူညီတဲ့ယဉ်ကျေးမှုတွေရှိကြပြီး ဘာသာစကားအရလဲကွဲပြားတဲ့ အလုပ်သမားအဖွဲ့ဝင်များဟာ ယနေ့ ခေတ်ကမ္ဘာရဲ့ Globalized workplace တွင် တွေ့မြင်နေကျ အရာတစ်ခုဖြစ်ပြီး တဖြည်းဖြည်း ပိုလို့ တောင် အတွေ့များလာနေတာဖြစ်ပါတယ်။ မန်နေဂျာများအနေနဲ့ ပိုမို၍ မတူကွဲပြားတဲ့ယဉ်ကျေးမှုများရှိ နေတဲ့ နိုင်ငံစုံမှဝန်ထမ်းများနဲ့ ပြောဆိုဆက်ဆံနိုင်ရန်အတွက် နည်းဗျူဟာအသစ်များကို ကြံဆဖန်တီး သင့်ပါတယ်။ မန်နေဂျာများအနေနဲ့ ကုမ္ပဏီရဲ့ရည်မှန်းချက်တွေနဲ့ ရည်ရွယ်ချက်များအကြောင်းပြောဆို တဲ့အခါမှာ ဝန်ထမ်းများဟာများစွာသော မတူကွဲပြားတဲ့ နိုင်ငံစုံမှသူများဖြစ်တယ်ဆိုတဲ့အချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။  

 

မတူကွဲပြားတဲ့ မျိုးဆက်များအကြားက ဆက်ဆံမှုများ

မတူကွဲပြားတဲ့ အသက်အပိုင်းအခြားမှသူများဟာ အတူတူအလုပ်လုပ်ကိုင်ကြရတဲ့အခါ ပြဿနာများကို ဖြစ်ပွားစေတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာအောင်မြင်စွာကွပ်ကဲနိုင်လိုတဲ့ မန်နေဂျာများအတွက် ကောင်းမွန်တဲ့ပြောဆိုဆက်ဆံမှုစွမ်းရည်များလိုအပ်ပါတယ်။ ဥပမာအားဖြင့် ၁၉၄၆ခုနှစ်မှ ၁၉၆၄ ခုနှစ် အတွင်းမွေးဖွားခဲ့တဲ့ Baby Boomer ဝန်ထမ်းများရဲ့ယှဉ်ပြိုင်လိုစိတ်ကြီးမားမှုဟာ သင့်တော်သလောက် သာအလုပ်လုပ်လိုတဲ့ ၁၉၆၅ ခုနှစ် နောက် ပိုင်းမွေးဖွားခဲ့တဲ့ Generation X နဲ့ Y လုပ်ဖော်ကိုင်ဖက်များနဲ့ ဘယ်လိုမှ ကိုက်ညီမှုရှိစေမှာမဟုတ်ပါဘူး။ မန်နေဂျာများအနေနဲ့ မတူကွဲပြားတဲ့အဖွဲ့များကို ကောင်းမွန် စွာတစ်ဦးနဲ့တစ်ဦးပြောဆိုဆက်ဆံမှုရှိစေဖို့ တိုက်တွန်းအားပေးနိုင်ရန်ကြိုးပမ်းတဲ့အခါမှာ အများစုကို ခေါင်းစဉ်တပ်ပြီးထင်မြင်ယူဆချက်များကိုပြောဆိုခြင်းမပြုသင့်ပါဘူး။

 

ပြဿနာဖြေရှင်းမှုစွမ်းရည်များ 

ထိရောက်စွာပြောဆိုဆက်ဆံနိုင်ခြင်းနဲ့ ပြဿနာဖြေရှင်းမှုစွမ်းရည်များဟာ ဆက်စပ်လျှက်ရှိပါတယ်။ အလုပ်တွင် ပြဿနာရပ်များတွေ့ကြုံရတဲ့အခါမှာ ဝန်ထမ်းများဟာ မန်နေဂျာများကို လမ်းညွှန်မှုပေးစေပြီး သူတို့ရဲ့ပြဿနာ ရပ်များကိုဖြေရှင်းနိုင်စေရန်အတွက် ချည်းကပ်မှုပြုလုပ်ကြပါတယ်။ လျှို့ဝှက်ထားသင့်တဲ့အရာများကို လျှို့ဝှက် မထားတတ်တဲ့မန်နေဂျာများဟာတော့ သူတို့အနေနဲ့ လုပ်ဖော်ကိုင်ဖက်များအကြားဖြစ်ပွားနေတဲ့ အငြင်းပွားမှုများ နဲ့ ပြဿနာရပ်များ၊ စွမ်းဆောင်ရည်ကျဆင်းခြင်း (သို့) ပစ္စည်းဥစ္စာအလွဲသုံးစားလုပ်မှုပြဿနာများကိုဖြေရှင်းပေး ဖို့အတွက် လုံလောက်တဲ့ယုံကြည်မှုကိုရရှိပိုင်ဆိုင်ထားမှာမဟုတ်ပါဘူး။ ဒီအခြေအနေများကိုဖြေရှင်းမှုမပြုလုပ် နိုင်ခြင်းဟာ အဖွဲ့အစည်း/ လုပ်ငန်းရဲ့ ကုန်ထုတ်လုပ်မှုစွမ်းအားကိုကမောက်ကမဖြစ်စေပြီး ၎င်းအဖွဲ့အစည်း/ လုပ် ငန်းတစ်ရပ်လုံးအနေနဲ့ ဦးတည်ရာရည်မှန်းချက်ကိုပြီးမြောက်အောင်မြင်စွာဆောင်ရွက်နိုင်ဖို့အား အဟန့်အတား ဖြစ်စေပါတယ်။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


ACECOOK MYANMAR CO.,LTD.

ACECOOK MYANMAR CO.,LTD.

HANA အသင့်စားရှမ်းခေါက်ဆွဲဟာ ဆီဖြင့်ကြော်ထားခြင်းမဟုတ်သော Non-Fried ဆန်ခေါက်ဆ...
Show the postings (13)
Phyo Pyae Sone Myanmar Co.,Ltd

Phyo Pyae Sone Myanmar Co.,Ltd

With customers at the forefront of our minds,The Company prioritizes for the best of customer service at value price point for our guests with uncompromising quality and facilities.Starting from Distr...
Show the postings (42)
MYANMAR PARA LIGHT LED & LIGHTING ACCESSORY CO.,LTD

MYANMAR PARA LIGHT LED & LIGHTING ACCESSORY CO.,LTD

Translator -Female -Chinese language (4 Skills) -Graduate UniversityMYANMAR YANG DING is Taiwanese LED manufacturing below at PARA LIGHT Group Our HQ at Taipei, Taiwan. The Myanmar factory i...
Show the postings (4)
Fair Deal Co., Ltd

Fair Deal Co., Ltd

..Fair Deal Co., Ltd ....
Show the postings (1)
Koe Koe Tech IT Social Enterprise

Koe Koe Tech IT Social Enterprise

Myanmar is exceptional among developing countries in that it appears poised to completely leapfrog feature phones and go straight to smartphones. Android smartphones in distribution in Myanmar already...
Show the postings (20)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS