Jobs In Myanmar
Load...

ကြိုတင်စီစဉ်မှုရှိခြင်းဟာ ဘာကြောင့်အရေးကြီးပါသလဲ?

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Business-Planning-Plans-JobsinYangon



ကြိုတင်စီစဉ်မှုရှိခြင်းဟာ ဘာကြောင့်အရေးကြီးပါသလဲ?

 

ကြိုတင်စီစဉ်မှုရှိခြင်းဟာ လုပ်ငန်းတိုင်းတွင်အောင်မြင်မှုရရှိစေရန်အတွက် မရှိမဖြစ်အရာတစ်ခုဖြစ်ပါသည်။ ကုမ္ပဏီတစ်ခုထံတွင် လိုက်ပါလုပ်ဆောင်ရန်အကြံအစည်များရှိတဲ့အခါမှာ ခေါင်းဆောင်သူများဟာ အနာဂါတ် အတွက် ပိုမိုကောင်းမွန်စွာကြိုတင်ပြင်ဆင်ထားနိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းအစီအမံတစ်ခုဟာ ကုမ္ပဏီအတွက် အဓိကအာရုံစိုက်ရန်ပစ်မှတ်ကို ဖန်တီးပေးကာ ဝန်ထမ်းများကိုစည်းလုံးမှုရှိစေပြီး တူညီတဲ့ပန်းတိုင်တစ်ခုသို့  ရောက်ရှိစေရန်လုပ်ဆောင်ပေးပါသည်။ လူတိုင်းဟာ အတူတူအလုပ်လုပ်ကြသောအခါ အချိန်များနှင့် အရင်း အမြစ်များကိုစီမံခန့်ခွဲရန်၊ ကုမ္ပဏီကိုတိုးတက်ရန်အတွက် နေရာချထားမှုများတွင် လွယ်ကူစေပါသည်။ 

 

ရည်မှန်းချက်များ ချမှတ်ပါ
ကြိုတင်ပြင်ဆင်မှုရှိခြင်းဟာ လုပ်ငန်းတစ်ခုရဲ့ ပန်းတိုင်ကိုရှာဖွေဖော်ထုတ်နိုင်ရန် ကူညီပေးပါသည်။ အနာဂါတ် အတွက်ကြိုတင်ပြင်ဆင်ထားခြင်းဟာ လုပ်ငန်းတစ်ခုရဲ့ခေါင်းဆောင်သူများကို ဒီကုမ္ပဏီတစ်ခုတွင်ရှိနေရန်လို လားသည့် အကျိုးသက်ရောက်မှုကိုစဉ်းစားရန်နှင့် ထိုနေရာသို့ရောက်အောင်လုပ်ဆောင်နိုင်မည့်နည်းလမ်းများ ကို စဉ်းစားနိုင်စေမည်ဖြစ်ပါသည်။ အသင်းအဖွဲ့တစ်ခုဟာ ပန်းတိုင်တစ်ခုကိုသတ်မှတ်ရန် အတူတကွလုပ်ဆောင် ထားတဲ့အခါတွင် ထိုမျှဝေထားသည့်ဦးတည်ချက်တစ်ခုကိုရရှိရန် တန်းတူညီတူဖြင့် အလုပ်လုပ်ကြမည်ဖြစ်ပါ သည်။

 

အချိန်ကိုထိထိရောက်ရောက်စီမံခန့်ခွဲခြင်း 
အကယ်၍ ကုမ္ပဏီတစ်ခုဟာ သူတို့ကဘာကိုရရှိအောင်လုပ်ဆောင်နေတာလဲဆိုတာကို မသိရှိပါက၊ ခေါင်းဆောင် များဟာ သူတို့ဘယ်နေရာမှာ အာရုံစိုက်ကာအားထုတ်ရမယ်ဆိုတာကို သိရှိနိုင်မှာမဟုတ်ပါဘူး။ လုပ်ငန်းအစီအမံ တစ်ခုရှိမနေပါက ကုမ္ပဏီတစ်ခုဟာ မကြာခဏဆိုသလိုပင် အလွန်နည်းပါးစွား (သို့) လုံးဝတန်ဖိုးရှိမည်မဟုတ်၊ အကျိုးရှိမည်မဟုတ်သောအလုပ်များကိုလုပ်နေခြင်းဖြင့်သာ အချိန်ဖြုန်းလိုက်မည်ဖြစ်ပါသည်။ ကြိုတင်ပြင်ဆင် ခြင်းဟာ လုပ်ငန်းတစ်ခုကို ဘယ်တာဝန်တွေက အရေးအကြီးဆုံးဖြစ်သလဲဆိုတာကို ဆုံးဖြတ်ပေးနိုင်ပြီး ဒီအရာ တွေပြီးဆုံးအောင်ဆောင်ရွက်ဖို့ သင့်လျော်တဲ့အချိန်တစ်ခုကို ခွဲဝေချမှတ်၊ သတ်မှတ်ပေးနိုင်ပါသည်။ 

 

Allocate Resources (အရင်းအမြစ်များကို ခွဲဝေချမှတ်ပေးပါ) 
ဝန်ထမ်းများအနေနဲ့ တစ်ချိန်တည်းတွင်ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ လုပ်ငန်းပရောဂျက်များဟာ အကန့်အသတ်ရှိပါ တယ်။ ကုမ္ပဏီတစ်ခုရဲ့ ဦးတည်ချက်ကိုလမ်းညွှန်မှုပြုလုပ်ပေးနိုင်မည့် အစီအစဉ်များရှိခြင်းဟာ မန်နေဂျာများကို လုပ်ငန်းရဲ့ ရည်ရွယ်ချက်များနဲ့ကိုက်ညီမှုရှိပြီး အဓိပ္ပါယ်အရှိဆုံးသောအလုပ်တာဝန်များကိုရွေးချယ်ကာ ခိုင်းစေ နိုင်စေမည်ဖြစ်ပါသည်။ အကယ်၍ လူတိုင်းဟာ အကျိုးသက်ရောက်မှုအရှိဆုံးသောစီမံကိန်းများကို အတူတကွ အလုပ်လုပ်ကြပါက ၎င်းသည် ကုမ္ပဏီတစ်ခုကို အောင်မြင်မှုရရှိစေရန်ပိုမိုကောင်းမွန်သည့်အနေအထားသို့ ရောက်ရှိစေနိုင်ပါသည်။ 

 

မသေချာမှုများအတွက် ပြင်ဆင်မှုများပြုလုပ်ထားပါ
ကုမ္ပဏီတစ်ခုတွင် ကြိုတင်စီမံမှုများရှိသည့်အခါ စီမံခန့်ခွဲသူများဟာ မသေချာမှုများ၊ မသိကိန်းများကို ကိုင်တွယ် ဖြေရှင်းနိုင်ရန်အတွက် ပိုမိုကောင်းမွန်စွာပြင်ဆင်ထားနိုင်မည်ဖြစ်ပါသည်။ အနာဂါတ်တွင်ဖြစ်လာနိုင်တဲ့ အခြေအ နေတွေကို ကိုင်တွယ်နိုင်ရန် အစီအမံများကိုပြုလုပ်ဖန်တီးထားနိုင်မည်ဖြစ်ပြီး ထို့ကြောင့် ကုမ္ပဏီတစ်ခုဟာ ဘယ်လိုအခြေအနေမျိုးကိုမဆို ရင်ဆိုင်ရန်အသင့်ရှိနေရန် အရင်းအမြစ်များကို စာရင်းပြုလုပ်ထားနိုင်မည် ဖြစ်ပါ သည်။ 

 

ရှိပြီးသားစီးပွားရေးကို ပိုမိုကြီးပွားတိုးတက်ရန်ဆောင်ရွက်ပါ။
သင့်လျော်ကောင်းမွန်တဲ့ စီစဉ်မှုများဟာ စီမံခန့်ခွဲသူများကို လုပ်ငန်းတိုးချဲ့ရန်လုပ်ဆောင်နိုင်စေပါသည်။ အစီအ စဉ်များနေရာတကျရှိနေတဲ့အခါမှာ စီမံခန့်ခွဲသူများဟာ ကုမ္ပဏီတစ်ခုရဲ့ အားသာချက်၊ အားနည်းချက်များကို အလွယ်တကူပြန်လည်သုံးသပ်နိုင်မှာဖြစ်ပါတယ်။ ဒီအရာက ဦးဆောင်ဦးရွက်ပြုသူ ခေါင်းဆောင်များကို ဘယ် လုပ်ငန်းနယ်ပယ်ဟာတော့ဖြင့်အောင်မြင်စွာတိုးချဲ့နိုင်မယ်ဆိုတာကို ရှာဖွေဖော်ထုတ်နိုင်စေပါတယ်။ နည်းဗျူဟာ ကျသောအစီအစဉ်များရှိခြင်သည် လုပ်ငန်းအသစ်များအတွက် အခွင့်အလမ်းများကိုဖော်ထုတ်ရာတွင်လည်း လွယ်ကူမှုရှိစေမှာဖြစ်ပါတယ်။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com

Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


I.E.M Co., Ltd.

I.E.M Co., Ltd.

Vision “ One Stop Solution for Power, Generation, Drive & Control” Mission * Deliver quality products & services by meeting customer needs and expectations. * Dedicated with applicab...
Show the postings (1)
Flavours & Fragrances Distribution Company Limited

Flavours & Fragrances Distribution Company Limited

Our company aims to be more marketable and sustainable.Since our company is made up of a family of only a few employees, it is clear that our own skills and hard work are clearly displayed.We are a co...
Show the postings (3)
Eastern Group of Companies

Eastern Group of Companies

We are currently seeking dedicated staffs that have a desire to serve others while building a professional career.Over the years, our company has expended and diversified business in poultry farming, ...
Show the postings (8)
Mo Asia Co.,Ltd

Mo Asia Co.,Ltd

..Mo Asia Co. Ltd is a distributor for Dumex Milk Powder in Myanmar. Dumex is an infants' and children's nutrition company. Its products span the infant, follow on and growing-up milk categories, and ...
Show the postings (1)
One Cloud Co., Ltd.

One Cloud Co., Ltd.

Make us your reliable vendor and have a greatest contribution from us. With our expertise and track record, you can be assured of receiving quality infrastructure and services. Network Infrastructure...
Show the postings (1)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS