by www.jobsinyangon.com
Tags: Knowledge-Salesperson-Success-Storytelling-JobsinYangon
ပုံပြင်/ဇာတ်လမ်းများပြုလုပ်၍ပြောဆိုခြင်း (Storytelling) ဟာ ဘာကြောင့်ရှိသင့်တဲ့ အရောင်းစွမ်းရည်တစ်ခုဖြစ်နေတာလဲ?
သင့်အနေနဲ့ ရောင်းချလိုပါက လူတွေမှ သင်ပြောဆိုသည့်အရာများအပေါ်နားထောင်လိုစေရန်ပြုလုပ်ရမှာဖြစ် ပါတယ်။ နားထောင်ရုံသာမကပဲ - နားထောင်လိုစိတ်ရှိလာစေရန်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
ရောင်းချခြင်းလုပ်ငန်းစဉ်ဟာ လူတွေကို သတင်းအချက်အလက်များစုပြုံပေးခြင်းနှင့် နယ်ခြားမှောင်ခိုဈေးကွက် ကဲ့သို့သောနည်းလမ်းများကိုအသုံးပြုပြီး ရောင်းချနိုင်အောင်ကြိုးပမ်းခြင်းများကိုပြုလုပ်ရတဲ့ခေတ်မဟုတ်တော့ ပါဘူး။
ယခုအခါတွင် လူတွေဟာပိုမိုပြီးပိုင်းခြားဝေဖန်ဆုံးဖြတ်တတ်လာကြပြီး သင့်ကို Yes ဟု ၂ခါပြောလိုက်သည့် အတွက် အရည်အသွေးစစ်ဆေးသူက သူတို့ရဲ့ credit card များကို ရောင်းချခြင်းလုပ်ငန်းစဉ်အတွက် အသုံးပြု နိုင်မည့် Telemarketing လှည့်စားမှုရဲ့သားကောင်ဖြစ်လာတော့မှာမဟုတ်ပါဘူး။
ဒီအရာဟာ ဈေးကြီးတဲ့ ထုတ်ကုန်များနဲ့ ရေရှည်စာရင်းပေးသွင်းမှုပြုလုပ်ခြင်းများအတွက်ရောင်းချပေးလျက်ရှိ တဲ့ အရောင်းသမားများအတွက်လည်းဟုတ်နေပြန်ပါတယ်။ ထုတ်ကုန်တစ်ခုရဲ့ အားသာချက်များကိုသာရေးသား ထားပြီး ရှင်းလင်းဖော်ပြချက်များ (သို့) ဆက်စပ်မှုရှိစေရန်ကြိုးစားဖော်ပြခြင်းများမရှိသည့် ခြောက်ကပ်သော စာသားများဟာ ကျရှုံးမှုကိုသာဖြစ်စေမှာပါ။ ဘယ်လိုလုပ်ငန်းနယ်ပယ်မျိုးမှာပဲဖြစ်ဖြစ် သင်ဟာ ရောင်းချမှုများပြုလုပ်နိုင်ရန်အတွက် လူအများနဲ့ အမြဲတမ်း စကားပြောဆိုနေရမှာဖြစ်ပါတယ်။ နောက်ပြီး လူတွေကလည်း သူတို့နားထောင်ချင်မှ နားထောင်ကြမှာဖြစ်ပါ တယ်။ ဒီတော့ ရောင်းချမှုတစ်ခုပြုလုပ်နိုင်ရန်အတွက် သူတို့ဟာ သင်ပြောဆိုတဲ့အကြောင်းအရာကို နားထောင် လိုစိတ်ရှိကိုရှိနေရမှာပါ။
ပုံပြင်/ဇာတ်လမ်းများပြုလုပ်၍ပြောဆိုခြင်း (Storytelling) ဆီသို့ စတင်ဝင်ရောက်မှုပြုပါ
Storytelling ဟာ သမိုင်းမတွင်မှီကာလကတည်းက ရှိနေနှင့်ပြီးသားအရာတစ်ခုဖြစ်ပါတယ်။ ဒီအရာဟာ လူသားတွေရဲ့ မျိုးဆက်တစ်ခုမှတစ်ခုသို့ သတင်းအချက်အလက်များကိုလက်ဆင့်ကမ်းလာနိုင်ခဲ့တဲ့ယာဉ်တစ်စင်း လည်းဖြစ်နေပြန်ပါသေးတယ်။ အများနားလည်အောင်ပြောရသော် - ကျွန်ုပ်တို့ပြောဆိုမှုပြုလိုက်တဲ့ ပုံပြင်များအရ လူတွေနဲ့ပက်သက်ဆက်နွယ် မှုကိုတည်ဆောက်နိုင်ပြီး သတင်းအချက်အလက်များကို သူတို့ထံသို့ပေးပို့နိုင်ပါတယ်။ သို့သော် ဒီ ပုံပြင်များဟာ ခြောက်ကပ်သောအချက်အလက်များနဲ့သာပြည့်မနေပဲ ဇာတ်ကြောင်းတစ်ခုကိုနောက်ခံထားပြီးပြောဆိုခြင်းအား ဖြင့် ပိုမိုပြီး ထိရောက်မှုရှိစေမှာဖြစ်ပါတယ်။
Storytelling ဟာ ရှိသင့်ရှိထိုက်တဲ့ အရောင်းကျွမ်းကျင်မှုတစ်ရပ်ဖြစ်တဲ့အတွက် အရောင်းသမားများဟာ Storyteller များဖြစ်နေဖို့လိုအပ်ပါတယ်။ အောက်ပါအကြောင်းအရာများကတော့ ဘာကြောင့်ထိုသို့ဖြစ်နေ စေရန်လိုအပ်သလဲဆိုတာပဲဖြစ်ပါတယ်။
၁။ လူတွေဟာ ပုံပြင်များ/ ဇာတ်လမ်းများမှတဆင့်ဆိုလျှင်ပိုပြီးမှတ်မိလွယ်ကြပါတယ်။
ပုံပြင်များကို ကျွန်ုပ်တို့ဟာ မှတ်မိကြပါတယ်။ သင့်အနေနဲ့ ငါးနှစ်သားတုန်းကကြည့်ခဲ့ဖူးသော ကာတွန်းတစ်ပုဒ်၊ သင် ၇နှစ်သားတုန်းက သင့်အဖွားမှ ပြောပြခဲ့ဖူးသောပုံပြင်တစ်ပုဒ်။ သင့်အနေနဲ့ Alexander Graham Bell က တယ်လီဖုန်းကိုဘယ်လိုတီထွင်ခဲ့သလဲဆိုတာနဲ့ပက်သတ်ပြီး အကြောင်းအရာအချို့ကိုပင်မှတ်မိနေကောင်းမှတ်မိ နေနိုင်ပါတယ်။
မှန်ကန်တဲ့ အကြောင်းအရာများနဲ့ အချက်အလက်များကို ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်း/ ပုံပြင် တစ်ပုဒ်အတွင်းပေါင်းစပ်လိုက်တဲ့အခါမှာ သင်ဟာနားထောင်သူတွေရဲ့ အာရုံစိုက်မှုကိုရရှိပြီး သူတို့ကို ဒီဇာတ်လမ်း/ ပုံပြင်တစ်ပုဒ်ထဲကအချက်အချို့နဲ့ သူတို့ရဲ့အခြေအနေများဆက်စပ်မှုရှိနေတယ်ဆိုတာကိုပြသဖို့ ကူညီပေးနိုင်ပါတယ်။ ဒီအရာကပိုမိုကောင်းမွန်တဲ့ ဆွဲဆောင်နိုင်မှုရှိစေမှာဖြစ်ပြီး - ကျွန်ုပ်တို့ထံတွင်ဝယ်ယူအားပေးမှုရှိလာနိုင်သူများမှ ထိုသို့ဖြစ်နေစေဖို့ကို ကျွန်ုပ်တို့မှလိုလားပါတယ်။
ဖုန်းခေါ်ဆိုမှုအပြီးတွင် သင်ပြောဆိုလိုက်တဲ့ဇာတ်လမ်းတွင်ပါဝင်တဲ့အကြောင်းအရာတစ်ခုနဲ့ ထိုသူတို့ကြုံတွေ့နေ ရတဲ့အကြောင်းအရာဟာတူညီမှုရှိနေပါက၊ ဥပမာ - သင်ဟာ လုံခြုံရေး software တစ်ခုကိုရောင်းချလျှက်ရှိပြီး သူတို့ရဲ့ ဆာဗာလုံခြုံရေးချိုးဖောက်ဝင်ရောက်ရန်ကြိုးစားမှုတစ်ရပ်အကြောင်း report တစ်ခုရှိနေတယ်ဆိုပါစို့၊ သူတို့ရဲ့ ခေါင်းထဲတွင် ဘာတွေကိုစဉ်းစားနေနိုင်မလဲ တွေးကြည့်လိုက်ပါ။ ဟုတ်ပါတယ် အရောင်းသမားတစ်ယောက်ထံမှခြောက်ကပ်တဲ့ရှင်းလင်းဖော်ပြချက်တစ်ခုအနေနဲ့မဟုတ်ပဲ သူတို့ဟာ သင့်ရဲ့ဇာတ်လမ်းတစ်ပုဒ်ကို ပြန်လည်စဉ်းစားကြည့်ကြမှာပဲဖြစ်ပါတယ်။
နားထောင်သူများကို မှတ်မိနိုင်စေဖို့အတွက် ဇာတ်လမ်း/ပုံပြင်များကိုအသုံးပြုခြင်းဟာ လွန်စွာထိရောက်မှုရှိတဲ့ အတွက် ယခုအခါတွင်ထိုအရာကို ကျယ်ပြန့်များပြားလှသောအရာများတွင် အသုံးချလျှက်ရှိနေပြီဖြစ်ပါတယ်။ အထူးသဖြင့် marketing ကဏ္ဍတွင် ဇာတ်လမ်းများဟာ သင့်ကိုပရိသတ်နဲ့ထိတွေ့မှုရှိစေနိုင်ပြီး ဒီအရာက နောက်ခံဇာတ်လမ်းများဟာ marketing လောကတွင်အရေးပါတဲ့အရာတစ်ခုဖြစ်နေတာကိုဖော်ပြနေပါတယ်။ လေ့ကျင့်မှုပြုရာတွင် storytelling ဟာ ထိရောက်မှုရှိခြင်းကြောင့် အလေးထားရမည့် နည်းစနစ်တစ်ခုဖြစ်ပါ တယ်။ ဇာတ်လမ်း/ ပုံပြင်များပုံစံနဲ့ သင်ကြားခြင်းပြုလုပ်တဲ့အခါတွင် နားထောင်သူများဟာပိုမိုပြီး သတင်း အချက်အလက်များကို မှတ်မိလွယ်ကြပါတယ်။
The London School of Business ဟာ ဒီအကြောင်းအရာအပေါ်လေ့လာမှုပြုလုပ်ခဲ့ပြီး storytelling ကို အသုံး ပြုပြီး လူတွေကိုရှင်းပြဖို့နဲ့ သတင်းအချက်အလက်များပေးပို့ဖို့ ပြုလုပ်တဲ့အခါမှာ ရရှိလာတဲ့အတွေ့အကြုံကို အတည်ပြုပေးခဲ့ပါတယ်။
လူများဟာ ဇာတ်လမ်း/ ပုံပြင်များမှတဆင့်မျှဝေပေးလိုက်တဲ့သတင်းအချက်အလက်ကို ၆၅ မှ ၇၀ ရာခိုင်နှုန်း အထိမှတ်မိကြပြီး အချက်အလက်များနဲ့ ညွှန်းကိန်းများသာပါဝင်တဲ့ ခြောက်သွေ့သောတင်ဆက်မှုတစ်ခုမှ တဆင့်ကိုတော့ ၅ မှ ၁၀ ရာခိုင်နှုန်းအထိသာမှတ်မိကြပါတယ်။
အရောင်းလုပ်ငန်းစဉ်တစ်ရပ်ဟာ ဖုန်းကောလ်တစ်ခုတည်းနဲ့ပြီးသွားမှာမဟုတ်တဲ့အတွက် သင့်ရဲ့ ဖောက်သယ် ဖြစ်လာနိုင်သူများအနေနဲ့ သင့်ကိုမှတ်မိနေစေဖို့ကို သင့်အနေနဲ့ လိုလားမှာပါ။ Customer များမှ သင့်ကိုမှတ်မိ လွယ်စေရန် ဇာတ်လမ်း/ ပုံပြင်များကိုပြောဆိုပေးကြည့်လိုက်ပါ။
၂။ ဇာတ်လမ်းများဟာ မျှတတဲ့ဆုံးဖြတ်မှုများနဲ့ရော စိတ်ခံစားမှုများအတွက်ပါ သက်ဆိုင်မှုရှိနေစေပါတယ်။
Sales department များဟာ တင်ဆက်မှုများကိုပြုလုပ်ပြီး သူတို့ရဲ့ ထုတ်ကုန်များဟာ ဘာကြောင့် client များ အတွက် အကောင်းဆုံးမျှတတဲ့ solution တစ်ခုဖြစ်နေလဲဆိုတာကိုပြသဖို့စီစဉ်လေ့ရှိပါတယ်။ သင့်ရဲ့ product တစ်ခုကို ခရေစေ့တွင်းကျသေချာစွာသိရှိထားဖို့က အလွန်အရေးပါပြီး client များအနေနဲ့ သူတို့ရဲ့လုပ်ငန်းများ တွင် နေ့စဉ်တွေ့ကြုံနေရတဲ့ အခြေအနေများနဲ့ ဖြေရှင်းမှုပေးနိုင်တဲ့လုပ်ဆောင်ချက်များကို တွဲပေးတတ်ဖို့က လိုအပ်ပါတယ်။
သို့သော်လည်း လုပ်ဆောင်ချက် (feature) များ၊ ကိန်းဂဏ္ဍန်းများနှင့် သီးသန့်ပြုလုပ်ပေးထားတဲ့ အကျိုးကျေးဇူး များဟာ သင့်အနေနဲ့ ရောင်းချမှုတစ်ခုပြီးမြောက်အောင်ဆောင်ရွက်နိုင်ဖို့အတွက် မလုံလောက်သေးပါဘူး။ သင့်အနေနဲ့ ဒီအရာများဟာလုံလောက်ပြီလို့ထင်နေရင်တော့ သင်ဟာ အနည်းငယ်သာ ရောင်းချနိုင်မှာဖြစ်ပါ တယ်။ တစ်ကယ်တမ်းတွင် ဝယ်ယူမှုများနဲ့ လုပ်ငန်းဆုံးဖြတ်ချက်များဟာ ယျေဘူယျအားဖြင့် မျှတသောဆုံးဖြတ်ချက် များနဲ့ရော စိတ်ခံစားချက်များနဲ့ပါသက်ဆိုင်မှုရှိနေပါတယ်။
Presentation တစ်ခုပြုလုပ်စဉ်အတွင်း (သို့) ရှင်းလင်းပြောဆိုမှုပြုလုပ်စဉ်အတွင်းတွင် ဦးနှောက်ရဲ့ညာဖက်ခြမ်း က စကားပြောဆိုမှုနဲ့သက်ဆိုင်သော Broca’s area ဟာ အလုပ်လုပ်နေပါတယ်။ ဒီအရာဟာ မှတ်မိသိရှိခြင်းနှင့် မျှတစွာဆုံးဖြတ်ခြင်းတို့ကိုပြုလုပ်ပေးတဲ့အရာဖြစ်ပါတယ်။
အဓိပ္ပါယ်များနဲ့ပြည့်စုံပြီး ကြွယ်ဝတဲ့စိတ်ကူးစိတ်သန်းများပါဝင်တဲ့ဇာတ်လမ်းများကိုနားထောင်ရတဲ့အခါမှာ ဦးနှောက်တစ်ခုလုံးဟာလှုံ့ဆော်ခြင်းခံရပါတယ်။ ဒီသို့ဖြစ်ပွားတဲ့အခါမှာ စိတ်ခံစားမှုများရော၊ မျှတစွာဆုံးဖြတ် ခြင်းများပါ ပါဝင်လာပြီဖြစ်ပါတယ်။ တစ်ကိုယ်ရေအမြင်နဲ့ အကောင်းမြင်မှုများဟာ စဉ်းစားသည့်အခါတွင် ပါဝင်လာနိုင်ပါတယ်။ အစမ်းသရုပ်ဖော်ပြသမှုများနှင့် စကားပြောဆိုမှုများတွင်ပါ ဇာတ်လမ်းများ/ ပုံပြင်များပါဝင်လာတဲ့အခါမှာ လူ့ ဦးနှောက်ဟာ ချုပ်ကိုင်ခြင်းခံလိုက်ရပါတော့တယ်။
Storytelling ကိုအသုံးပြုကာ ဖောက်သယ်ဖြစ်လာနိုင်သူတစ်ဦးကို စတင်မိတ်ဆက်ဖို့နဲ့ စကားပြောဆိုဖို့ကို ဘယ်လိုအသုံးချရမလဲဆိုတာကိုသိတဲ့ အရောင်းသမားတစ်ဦးဟာ ဖောက်သယ်ဖြစ်လာနိုင်သူများကို ခံစားသိရှိ စေခြင်းအားဖြင့်အောင်မြင်စွာရောင်းချနိုင်သူတစ်ဦးဖြစ်ပါတယ်။ ဇာတ်လမ်း/ ပုံပြင်များဟာ လူများကို စိတ်ခံစားမှုအဆင့်တွင် ဆက်သွယ်ချိတ်ဆက်ပေးနိုင်ပါတယ်။
၃။ ဇာတ်လမ်း/ ပုံပြင်များဟာ client များကို သူတို့ရဲ့လုပ်ငန်းဆောင်တာများတွင်ထုတ်ကုန်ကိုနောက်ခံထားပြီး မြင်ယောင်လာစေနိုင်ပါတယ်။
သင့်ဖောက်သယ်ဖြစ်လာနိုင်သူများရဲ့အခြေအနေကိုနားလည်သဘောပေါက်နေခြင်းထက်ကောင်းတဲ့အရာမရှိပါ ဘူး။ သူတို့ဟာ နေ့စဉ်ဘာတွေကိုကြုံတွေ့ရလဲဆိုတာနဲ့ ရုန်းကန်ရမှုများဟာ အရောင်းကျွမ်းကျင်သူများအနေနဲ့ တန်ဖိုးထားရမယ့်သတင်းအချက်အလက်များပဲဖြစ်ပါတယ်။
အရောင်းကျွမ်းကျင်သူများအနေနဲ့ ဖောက်သယ်ဖြစ်လာနိုင်တဲ့သူများကြုံတွေ့ရတတ်တဲ့ ခက်ခဲသောအရာများနဲ့ အတွေ့အကြုံများအကြောင်းကို ထုတ်ကုန်တစ်ခုရဲ့အကျိုးရှိမှုများအကြောင်းဆွေးနွေးပြောဆိုခြင်းဟာ smart ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဇာတ်လမ်း/ ပုံပြင်များနှင့်ပြောဆိုခြင်းလောက် အလုပ်ဖြစ်တဲ့အရာမရှိပါဘူး။
သင့်အနေနဲ့ ထုတ်ကုန်တစ်ခုရဲ့ကောင်းကျိုးများအကြောင်းကိုသင့်ရဲ့ဖောက်သယ်ဖြစ်လာနိုင်သူကိုရှင်းလင်းပြသ နေတဲ့အခြေအနေမှာ ဘယ်လိုဇာတ်လမ်းများကိုအသုံးပြုနိုင်သလဲ?
အောင်မြင်ခြင်းနဲ့သက်ဆိုင်တဲ့ ဇာတ်လမ်း/ ပုံပြင်များ
အတွေ့အကြုံများဟာ စွမ်းအားကြီးပါတယ် (အကယ်၍ သင်ကိုယ်တိုင်တွေ့ကြုံခဲ့တဲ့အရာမဟုတ်ရင်တောင်မှ)။ သင့်ထံတွင်ရှိနေတဲ့ အခြား client တွေရဲ့အတွေ့အကြုံများကိုအသုံးချကာ သင့်ရဲ့ထုတ်ကုန်တစ်ခုဟာ လုပ်ငန်းကို ဘယ်လိုတိုးတက်မှုရှိသွားစေသလဲဆိုတာကို ရှင်းလင်းဖော်ပြလိုက်ပါ။ ဖောက်သယ်ဖြစ်လာနိုင်တဲ့သူကို အဆိုပါ လုပ်ငန်းစဉ်တစ်လျှောက်တွေ့ကြုံခဲ့ရတဲ့အရာများအကြောင်းပြောပြပါ။ ဒီကိစ္စရပ်တစ်ခုအကြောင်းလေ့လာမှုကို ဇာတ်လမ်း/ ပုံပြင်တစ်ပုဒ်၏ပုံစံနဲ့ တင်ဆက်ပေးပါ။
သင့်ရဲ့အခြားသော client များတွင်ရှိခဲ့တဲ့ ကနဦးသံသယများအကြောင်း သူတို့ကိုပြောပြပြီး နောက်ပိုင်းတွင် အဆိုပါသံသယများကို ၎င်းထုတ်ကုန်တစ်ခုကိုတပ်ဆင်ပြီးတဲ့အချိန်တွင်ဘယ်လိုချေဖျက်ပေးလိုက်နိုင်လဲဆိုတာ ကိုပြောပြလိုက်ပါ။ အသေးစိတ်အချက်အလက်များဖြစ်တဲ့ သင့် client များရဲ့ ဘဝတွင်ဘာတွေတိုးတက်မှုရှိလာ လဲ၊ သူတို့အနေနဲ့ ငွေဘယ်လောက်သက်သာသွားလဲ၊ သူတို့အနေနဲ့ သင့်ကို ဘာအတွက် အများဆုံးကျေးဇူးတင် ကြသလဲ အစရှိတဲ့ အသေးစိတ်အချက်အလက်တွေကိုပြောဆိုပေးပါ။ သင့်ရဲ့ဖောက်သယ်ဖြစ်လာနိုင်သူဟာ ဒီအကြောင်းတွေကိုကြားလိုမှာပဲဖြစ်ပါတယ်။ သင့်ရဲ့ product တစ်ခုဟာ အောင်မြင်တဲ့ product တစ်ခုဖြစ်နေ ပြီးသားဆိုတာကို အာမခံချက်တစ်ခုအနေနဲ့ သူတို့သိရှိလိုတာကလွဲပြီး ဘာမှ မလိုအပ်ပါဘူး။
ထုတ်ကုန်/ ဝန်ဆောင်မှုတစ်ခုရဲ့ အလုပ်လုပ်နေပုံ
အထက်ပါပြောကြားခဲ့တဲ့ ကိစ္စရပ်တွေအကြောင်းလေ့လာတဲ့ဇာတ်လမ်းတွေအပြင် သင့်ရဲ့ product တစ်ခုက ကူညီပေးနိုင်တဲ့ အခြေအနေများအကြောင်းကိုလည်း လေ့လာမှုပြုလုပ်ပြီးပြင်ဆင်ထားပါ။ အောင်မြင်မှုရှိတဲ့ ဇာတ်လမ်းများဟာ စိတ်ကူးယဉ်ပြီးဖော်ပြထားခြင်းမဟုတ်သော်လည်း ဒီ sales storytelling technique ဟာ စိတ်ကူးစိတ်သန်းများနဲ့သာ သက်ဆိုင်ပါတယ်။ သင့်ဖောက်သယ်ဖြစ်လာနိုင်သူရဲ့ အခြေအနေကို လေ့လာမှုပြု လုပ်ထားတယ်ဆိုပါစို့၊ သူတို့ရဲ့ လုပ်ငန်းများတွင် product ရဲ့ ပါဝင်လုပ်ဆောင်မှုကိုမြင်ယောင်ကြည့်စေနိုင်ရန် ကူညီပြီး ဆွဲဆောင်မှုရှိတဲ့ဇာတ်လမ်းတစ်ခုကိုပြောပြကာ သင့်ရဲ့ထုတ်ကုန်/ ဝန်ဆောင်မှုတစ်ခုဟာ စိတ်ကူးထဲက လုပ်ငန်းတစ်ခုခုကို ဘယ်လိုကူညီပေးနိုင်လဲဆိုတာကိုပြောပြလိုက်ပါ။
သင့်အနေနဲ့ အရမ်းကြီးအလွန်အကြူးဖြစ်မသွားစေဖို့ကိုတော့ဂရုစိုက်ပါ။ အလွန်အမင်းပိုပြောခြင်းမပြုပါနဲ့။ စိတ်ကူးယဉ်ဇာတ်လမ်းများဟာ မှန်ကန်သောအရာများကိုပြောဆိုနိုင်ဖို့အတွက်ကောင်းမွန်သော အထောက် အကူတစ်ခုဖြစ်ပါတယ်။ Albert Camus ကပြောဆိုခဲ့သလိုပါပဲ “စိတ်ကူးယဉ်ဇာတ်လမ်းများဟာ ကျွန်ုပ်တို့ အနေနဲ့ မှန်ကန်သောအရာများကိုပြောဆိုဖို့ လိမ်လည်ပြောဆိုခြင်းတစ်ခုပဲဖြစ်ပါတယ်” ထို့ကြောင့် လက်တွေ့ ဆန်သောအခြေအနေများကိုသာပြောဆိုပြီး မျှမျှတတရှိတဲ့ဘောင်အတွင်း တတ်နိုင်သမျှ အသေးစိတ်ပြုလုပ် ဖော်ပြပေးရမှာဖြစ်ပါတယ်။
Sales Benchmark Index တွင်ရှိတဲ့သူများရဲ့ပြောဆိုချက်အရ ကောင်းမွန်သော sales story များတွင် အောက်ပါ အချက်များပါဝင်လျှက်ရှိနေပါတယ်။
• The Hero – prospect အနေနဲ့ သူတို့အမြင်မှာဆက်စပ်ကြည့်ရှု၍ရနိုင်တဲ့ အဓိကဇာတ် ကောင်တစ်ဦး။ The Hero ဟာ prospect နဲ့ အချက်အချို့တူညီနေသင့်ပြီး သူ/ သူမကိုယ်တိုင်ကြုံတွေ့ရနိုင်တဲ့ ဆင်တူ တဲ့အခြေအနေများ (သို့) prospect အနေနဲ့ မကြာခဏဆိုသလိုတွေ့ကြုံရတဲ့ အရာတွေရဲ့ ဥပစာများ ဖြစ်နေဖို့လိုအပ်ပါတယ်။
• The Stimulus – Hero ကို သူတို့ရဲ့ပြဿနာများ (သို့) အခြေအနေများကို ပိုမိုကောင်းမွန်လာစေရန် ဖြေရှင်းဖို့တွန်းအားပေးနေသောတစ်စုံတစ်ရာ။ ဒီအရာဟာ သင့်ရဲ့ product (သို့) လက်ရှိရှိနေတဲ့ အရောင်းလုပ်ငန်းစဉ်တစ်ရပ်နဲ့ ဆက်စပ်မှုရှိနေရပါမယ်။
• Tension or Conflict – Hero အနေနဲ့ ကျော်လွှားရမယ့် ပြဿနာများ၊ ရုန်းကန်ရမှုများ၊ စစ်ဆေးမှုများနဲ့ အန္တရာယ်များ။
• A Crossroad – Hero အနေနဲ့အဖြေကိုရှာဖွေတွေ့ရှိရန်အတွက် ရွေးချယ်ရမယ့်လမ်းကြောင်းကိုဆုံး ဖြတ်ရမယ့်အချိန်။ အရောင်းလုပ်ငန်းစဉ်တစ်ရပ်တွင် သင့်အနေနဲ့ အကြောင်းအရာများကိုလေ့လာသည့် ဇာတ်လမ်းတစ်ပုဒ် (သို့) prospect ရဲ့အခြေအနေ ကိုအသုံးပြုနေသည့်အချိန်၊ ဒီအပိုင်းဟာ client တစ် ယောက်ကဝယ်ယူရန်ဆုံးဖြတ်မှုပြုသည့်အချိန်လည်းဖြစ်နေပြန်ပါတယ်။
• The Moral of the Story – Hero ရဲ့ ပြဿနာများကို သူ/ သူမတွေ့ရှိလိုက်တဲ့အဖြေများနဲ့ဖြေရှင်းပြီး ချိန်။
နောက်ပြီး sales story များဟာလည်း ဇာတ်လမ်း/ ပုံပြင်များဖြစ်တဲ့အတွက် ဇာတ်လမ်း/ ပုံပြင်တစ်ပုဒ်နဲ့တူ အောင်တည်ဆောက်ထားသင့်ပြီး အစ၊ အလယ်၊ အဆုံး (၃) ပါးလုံးနဲ့ပြည့်စုံနေရပါမယ်။ ကျွမ်းကျင်သူတစ် ယောက်ဖြစ်တဲ့ Kambi Crew ကတော့ “နိဒါ
န်းဟာသင့်ရဲ့ ပရိသတ်တွေအတွက် ဆွဲဆောင်မှုရှိနေရမှာဖြစ်ပြီး၊ နိဂုံးတွင် လုပ်ဆောင်ဖို့ဆုံးဖြတ်ချက်များဟာတော့ ရှင်းရှင်းလင်းလင်းရှိနေရမှာပဲဖြစ်ပါတယ်။”
၎။ ဇာတ်လမ်းပုံပြင်များဟာ လုပ်ဆောင်ချက်များကိုအားပေးလျှက်ရှိနေပါတယ်။
အကယ်၍သင်ဟာဇာတ်လမ်းပုံပြင်များကို prospect တစ်ဦးရဲ့အခြေအနေနဲ့ကိုက်ညီမှုရှိစေရန် ဖန်တီးပြုလုပ်ပြီး နောက် ထိုသူများရဲ့အာရုံစိုက်မှုကိုရရှိအောင်ဆောင်ရွက်အောင်မြင်ခဲ့ပြီဆိုရင်တော့ သူတို့အနေနဲ့ဝယ်ယူရန်ဆုံး ဖြတ်မှုပြုလုပ်နိုင်ရန်အတွက်ကို လွှမ်းမိုးမှုရှိစေရန်ကောင်းမွန်တဲ့နေရာသို့ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ သင့်ရဲ့ ပုံပြင်များအတွင်း သင့်ရဲ့ brand နဲ့ သင့်ရဲ့ product ကို နေရာချထားတဲ့ပုံစံဟာ ရောင်းချမှုတစ်ခုပြုလုပ်နိုင်ရန် အတွက်လွန်စွာမရှိမဖြစ်အရေးကြီးသောအရာပဲဖြစ်ပါတယ်။
လုပ်ဆောင်ရန်ဆုံးဖြတ်ချက်များဟာ ခိုင်မျာမှုရှိပြီး အခွင့်အာဏာရှိနေရပါမယ်။ ကျွန်ုပ်တို့ပြောခဲ့သလိုပဲ ထိုအရာ ဟာ မှန်ကန်မျှတမှုရှိတဲ့အတွေးအခေါ်ဖြစ်နေပြီး စိတ်ခံစားချက်အရလည်းကောင်းမွန်မှုရှိနေရပါမယ်။
အောက်ပါအရာများကတော့ သင့်ရဲ့ prospect ကို သင်လုပ်ဆောင်ဖို့ဆုံးဖြတ်ချက်ချရန် မပြောဆိုမှီအချိန် အထိ ဆွဲဆောင်ထားနိုင်စေမည့် နည်းစနစ်အချို့ပဲဖြစ်ပါတယ်။
သူတို့အကြောင်းပြောဆိုသည့်ပုံစံပြုလုပ်ထားပါ - သင့်အနေနဲ့ အခြားသော client များအကြောင်းပြောဆိုခြင်း (သို့) လေ့လာထားတဲ့အခြေအနေများအကြောင်းပြောဆိုခြင်းတို့ကိုပြုလုပ်နေတာဆိုရင်တောင်မှ client ဟာ သူတို့ကိုယ်သူတို့ အဆိုပါဇာတ်လမ်းများတွင် အမြဲတမ်းမြင်ယောင်ကြည့်နိုင်စေရန်အတွက် ပြုလုပ်ပေးပါ။
ဇာတ်လမ်းပုံပြင်များပြောဆိုရာတွင် လိုရင်းကိုတည့်တည့်သွားပါ - အရမ်းတွေကဗျာဆန်ပြနေစရာမလိုပါဘူး။ ကျွန်တော်တို့ဟာ လွန်စွာကောင်းမွန်တဲ့ဇာတ်လမ်းတစ်ခုကိုရေးလိုတာမဟုတ်ပဲ prospect များကိုဆွဲဆောင်လို တာပါ။ သင့်အနေနဲ့ကောင်းမွန်စွာပြင်ဆင်မှုပြုလုပ်ခဲ့ပါက အောင်မြင်စွာဖြတ်သန်းနိုင်ဖို့လုံလောက်မှုရှိစေမှာပါ။
စိတ်ကူးစိတ်သန်းများကိုအသုံးပြုပါ - အခြေအနေများကိုချယ်သနိုင်မည့် ဇာတ်လမ်းပုံပြင်များပြောဆိုတတ်ဖို့ကို လေ့လာပါ။ ဇာတ်လမ်းပုံပြင်များဟာ ခြောက်ကပ်သော presentation များနဲ့ လားလားမျှသက်ဆိုင်မှုမရှိသော် လည်း သင့်ရဲ့ ဇာတ်လမ်းပုံပြင်များဟာခြောက်ကပ်ကပ်ဖြစ်မနေဖို့ကိုလည်း ဂရုစိုက်ရပါမယ်။ ထိုဇာတ်လမ်းပုံ ပြင်များကို ဖြစ်နိုင်ပါက လုပ်ဖော်ကိုင်ဖက်များကိုပြောဆိုကြည့်ပြီးလေ့ကျင့်လိုက်ပါ။
ဟာသများနှောကာအသုံးပြုပါ - ချိန်သားကိုက်ပြုလုပ်တတ်ခြင်းဟာ ဆုလာဒ်တစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့ ထို ဆုလာဒ်ကိုပိုင်ဆိုင်ထားပါက သင့်ရဲ့ prospect ကိုရယ်မောစေဖို့ ပြုလုပ်ပေးပါ။ အလွန်အကျွံတော့မဖြစ်ပါစေနဲ့။ ကျွမ်းကျင်လိမ္မာခြင်းနဲ့ လမ်းဘေးပြဇာတ်တစ်ပုဒ်ဆန်ဆန်ဖြစ်ခြင်းတို့ကြားမှာ အနည်းငယ်သာကွာဟမှုရှိနေပါ တယ်။
လူတိုင်းဟာ သူတို့ကိုရောင်းချနိုင်ဖို့ချည်းကပ်ခြင်းကိုမုန်းတီးကြသော်လည်း ဇာတ်လမ်းပုံပြင်များကိုတော့နှစ် သက်ကြပါတယ်။
ကုန်ပစ္စည်းအမှတ်တံဆိပ် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ storytelling ကိုအသုံးပြုကာ လူတွေကိုဆွဲဆောင် နေကြပါတယ်။ ဒီတော့ ရောင်းချမှုအတတ်ပညာတွင်ရော ထိုနည်းစနစ်ကိုဘာလို့အသုံးမပြုပဲနေနေမှာလဲ? ဒီအ ရာက ရောင်းချမှုလုပ်ငန်းစဉ်တစ်ရပ်ကို လူသားဆန်စေပြီး sale department များစွာကို ဒုက္ခပေးနေသော ခြောက်ကပ်ကပ်စကားဝိုင်းများဖြစ်ခြင်းမှ ကုစားပေးနိုင်ပါတယ်။
အောင်မြင်တဲ့ inside sales professional များဟာ ရှိနေတဲ့ သတင်းအချက်အလက်များကိုအသုံးပြုပြီး ဒီအရာ များကို ဇာတ်လမ်းပုံပြင်များမှာတဆင့် အသက်ဝင်လာစေရန်ဘယ်လိုပြုလုပ်ရမလဲဆိုတာကိုကောင်းစွာသိရှိနား လည်ထားကြပါတယ်။ သင့်ကုမ္ပဏီနဲ့ သင့်ရဲ့ prospect များတွင် တွေ့ကြုံနေရတဲ့အတွေ့အကြုံများဟာ ကုန်ခမ်း သွားမှာမဟုတ်ပါဘူး။ သင်ဖန်တီးလိုက်တဲ့ ဇာတ်လမ်းပုံပြင်များနဲ့ကိုက်ညီမှုရှိစေမယ့်သတင်းအချက်အလက်များ ကိုရှာဖွေတတ်သော စူးရှတဲ့အမြင်ရှိဖို့ကိုသာ လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။
Storytelling ဟာ ရှိကိုရှိထားသင့်တဲ့ ရောင်းချမှုစွမ်းရည်တစ်ခုပဲဖြစ်ပါတယ်။
Prospect တစ်ဦးကို Hero တစ်ယောက်အနေနဲ့ ဇာတ်လမ်းရေးဆွဲပြီး သူတို့တွေ့ကြုံရမယ့်အခက်အခဲများဟာ သင့်ရဲ့ product ကိုအသုံးပြုခြင်းအားဖြင့် ပြဿနာရပ်ကိုဖိအားပေးနေစရာမလိုပဲ ဘယ်လိုဖြေရှင်းပေးနိုင်တယ် ဆိုတဲ့အကြောင်း ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ ဖန်တီးပြုလုပ်ထားလိုက်ပါ။
စာဖတ်သူပရိသတ်များကရော storytelling ကို သင့်ရဲ့ လုပ်ငန်းဆောင်ရွက်ချက်များတွင် ဘယ်လိုအသုံးချနေ ကြပါသလဲဆိုတာကိုဖြေကြားပေးခဲ့ကြည့်ကြပါဦး။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
Cadian Myanmar
.with enjoy at Team Work. We Cadian Myanmar Co., Ltd have mainly draw the scaffolding Design by Auto CAD 2D and 3D.
. To prevent accident and safety management guidance to the customer,we supply all ...
Show the postings (3)
Myanmar Marketing Research & Development, Ltd. (MMRD)
What we do: We help businesses and organizations to connect with their audience through print and digital directories (yellow pages), and to better understand their environment through Research Servic...
Show the postings (15)
River King Ayeyar Construction Co., Ltd.
Our Vision
To develop and maintain an everlasting strong relationship with our client based on trust and the quality of services provided by us.
Our Mission
To deliver excellence quality in time...
Show the postings (14)
Phyo Pyae Sone Myanmar Co.,Ltd
With customers at the forefront of our minds,The Company prioritizes for the best of customer service at value price point for our guests with uncompromising quality and facilities.Starting from Distr...
Show the postings (44)