Tags: News-Windows-Hello-Users-JobsInYangon
Windows Hello ကို ယခုအခါ Windows 10 အသုံးပြုသူများရဲ့ ၈၄% မှ အသုံးပြုလျှက်ရှိနေ
Microsoft ရဲ့ Windows Hello biometric, PIN နဲ့ hardware အသုံးပြုသူအတည်ပြုစနစ်ကို တစ်နေ့တစ်ခြားအသုံးပြုသူများ များပြားလျှက်ရှိလာသည်ဟူ၍ Microsoft မှ ထုတ်ပြန်ချက်အသစ်တစ်ရပ်က ဆိုထားခဲ့ပါတယ်။
Windows Hello ဟာ အသုံးပြုသူများကို သူတို့ရဲ့စက်ပစ္စည်း (device) များ၊ online အကောင့်များ၊ web browser များ အစရှိသည်တို့ထံသို့ လုံခြုံစွာဝင်ရောက်မှုပြုလုပ်နိုင်ရန်နှင့် အတည်ပြုပေးနိုင်ရန်အတွက် လုပ်ဆောင်ပေးနိုင်သော software တစ်ခုဖြစ်ပြီး Windows Hello supported hardware များဖြစ်တဲ့ FIDO key များ၊ PIN များနဲ့ biometric လုပ်ဆောင်ချက်များဖြစ်တဲ့ iris scan, fingerprint scanner နဲ့ facial recognition တို့အားဖြင့် password များကို မှတ်သားနိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။
Microsoft မှ ပြောကြားထားချက်အရတော့ ဒီအရာက သာမန် password များကို အသုံးပြု၍ login ဝင်ရောက်ခြင်းထက် ပိုမို၍ user friendly ဖြစ်ပြီး လုံခြုံမှုရှိကာ၊ အားထားရသောလုပ်ဆောင်ချက်တစ်ခု ဖြစ်တယ်လို့ ဆိုထားခဲ့ပြီး Microsoft မှ ထုတ်ပြန်ချက်တစ်ရပ်အရလည်း ၂၀၁၉ ခုနှစ်တွင် Windows Hello ကိုအသုံးပြုပြီး Windows 10 OS သို့ sign in ဝင်ရောက်သူဦးရေ ၆၉.၄% မှ ယခု ၂၀၂၀ ခုနှစ်တွင် ၈၄.၇% သို့ တိုးပွားလာခဲ့တာကို ပြသလျှက်ရှိနေပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.