ချိတ်ဆွဲရန်စာတန်း: Knowledge-IT-Internet-Router-JobsinYangon
ကြိုးမဲ့ Router တစ်ခုကိုနေရာချထားခြင်း
သင့်ရဲ့ ကြိုးမဲ့ router တစ်ခုကိုထားသိုပုံဟာ သင့်နေအိမ်အတွင်းအင်တာနက်လိုင်းရရှိနိုင်တဲ့ဧရိယာနဲ့ သင့် signal ရဲ့ပြင်းအားတို့အပေါ်များစွာအကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။
သင့်ရဲ့ router ထံမှ အကောင်းဆုံးလိုင်းဆွဲအားကိုရရှိစေရန်အတွက် အောက်ပါ မြန်ဆန်စွာ လုပ်ဆောင်နိုင်မည့် နေရာချထားပုံအကြံပြုချက်များကို လိုက်နာလုပ်ဆောင်ကြည့်လိုက်ပါ -
• Router ကို အိမ်ရဲ့အလယ်တည့်တည့်တွင်နေရာချထားပါ။ အကယ်၍သင့်ရဲ့ router ကို အိမ်ရဲ့ ဘေးဘက်တွင်ရှိတဲ့အခန်းတစ်ခုအတွင်းမှာနေရာချထားပါက သင့်အိမ်ရဲ့အခြားဘက်တွင် ကောင်းမွန်တဲ့ လိုင်းဆွဲအားကိုရရှိနိုင်မှာမဟုတ်ပါဘူး။
• Router ရဲ့ အင်တာနာတိုင်ကို တည့်တည့်မတ်မတ်ရှိနေပါစေ။ များစွာသောအင်တာနာတိုင်များ ဟာချိန်ညှိ၍ရနိုင်ပြီး လှဲထားနိုင်ပါသော်လည်း တည့်တည့်မတ်မတ်ထောင်ထားသည့်ပုံစံဟာ အများအားဖြင့် အကောင်းဆုံးပုံစံဖြစ်ပါတယ်။
• သင့်ရဲ့ router ကို ကြမ်းပြင်မှခွာထားပါ။ Router ဟာ ကြမ်းပြင်ပေါ်မှာမဟုတ်ပဲ စားပွဲတစ်လုံး ပေါ်တွင်ရှိနေပါက ပိုမိုကောင်းမွန်တဲ့လိုင်းကိုဖမ်းယူရရှိနိုင်မှာပဲဖြစ်ပါတယ်။
• Router အနီးတွင်ရှိနေတဲ့ အရာဝတ္ထုတွေရဲ့အမျိုးအစားများကိုလည်း သတိပြုပါ။ ဥပမာ- Router ကို သတ္တုစားပွဲပေါ်တွင်တင်ထားခြင်း (သို့) သတ္တုနံရံတစ်ခုပေါ်တွင်တပ်ဆင်ထားခြင်းတို့ ဟာ ပြဿနာများရှိလာစေနိုင်ပါတယ်။ Signal လိုင်းများဟာ သစ်သားစားပွဲတစ်လုံးကိုလွယ်ကူ စွာဖြတ်သန်းနိုင်သော်လည်း သတ္တုနဲ့ပြုလုပ်ထားတဲ့အရာများဟာ signal များကို ပိတ်ဆို့နိုင်စေ ပါတယ်။
• လိုင်းဆွဲအားဆိုင်ရာပြဿနာများကိုဖြစ်စေတဲ့ အခြားပိတ်ဆို့မှုများလည်းရှိနေပါသေးတယ်။ ဥပမာ - သတ္တုနဲ့ပြုလုပ်ထားတဲ့ ဖိုင်များထားသိုရာဗီဒိုတစ်ခုဟာ သင့်ကွန်ပြူတာနဲ့ router တို့အကြားတွင်ရှိနေပါက သင်ဟာ wireless signal ကို လက်ခံရရှိနိုင်မှာမဟုတ်ပါဘူး။ အခြား သော ထူထဲသည့်ပစ္စည်းများရှိနေပါကလည်း အလားတူပြဿနာများကိုဖြစ်ပွားစေနိုင်ပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက်ဗဟုသုတဖြစ်စေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။