Tags: News-India-Banned-TikTok-JobsinYangon
အိန္ဒိယရဲ့ TikTok ကို တားဆီးမှုနဲ့အတူ ကမ္ဘာကြီးရဲ့ ဒီဂျစ်တယ်အတား အဆီးများဟာ ပိုမိုမြင့်မားလျက်ရှိနေ
ဆင်ဆာဖြတ်တောက်ခြင်းများနဲ့ ပေါ်လစီများဟာ ကမ္ဘာလုံးဆိုင်ရာအင်တာနက်အသုံးပြုခြင်းကို ပိုင်းခြားချက်ရှိနေပြီး အသုံးပြုသူများနဲ့ နိုင်ငံနယ်ခြားစည်းများကိုလျစ်လျူရှုထားခြင်းနဲ့အသားကျ နေပြီဖြစ်တဲ့ လုပ်ငန်းများကို သီးခြားခွဲထုတ်လျက်ရှိနေပါတယ်။
အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြားတင်းမာမှုများဟာ ဟိမဝန္တာတောင်တန်းများအကြား နယ်နမိတ် အငြင်းပွားမှုတွင် အိန္ဒိယစစ်သား ၂၀ သေဆုံးမှုဖြစ်ပွားပြီးကတည်းက ပိုမိုပြီးမြင့်မားလျှက်ရှိနေပါ တယ်။ New Delhi ရှိ အိန္ဒိယအစိုးရမှ တရုတ်နိုင်ငံမှထုတ်လုပ်ထားတဲ့ app ၅၉ ခုကို အသုံးပြုခြင်း အား ပြီးခဲ့တဲ့တနင်္လာနေ့က ၎င်း app များဟာ အသုံးပြုသူများရဲ့ သတင်းအချက်အလက်များကို အိန္ဒိယနိုင်ငံပြင်ပရှိ server များသို့ တိတ်တဆိတ်ပေးပို့လျက်ရှိနေတယ်ဟုဆိုကာ တားမြစ်ပိတ်ပင် လိုက်ပြီဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ဒီဆုံးဖြတ်မှုဟာ တရုတ်နိုင်ငံရှိရှေ့ပြေးလျက်ရှိနေတဲ့ နည်းပညာကုမ္ပဏီများဖြစ်တဲ့ Alibaba, Tencent နှင့် Baidu အပါအဝင်ကုမ္ပဏီများစွာကို သက်ရောက်မှုရှိစေခဲ့ပါတယ်။ သို့သော် လည်း ကမ္ဘာတစ်လွှား ငွေကြေးအကုန်ကျခံကာ ဈေးကွက်ချဲ့ထွင်မှုပြုလုပ်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ အိန္ဒိယနိုင်ငံတွင် ပရိတ်သတ်များစွာရယူထားပြီးဖြစ်သော TikTok နဲ့ သူတို့ရဲ့မူရင်းကုမ္ပဏီဖြစ်တဲ့ ByteDance ဆိုတဲ့ ဘေဂျင်းမြို့အခြေစိုက်ကုမ္ပဏီလောက်တော့ ဘယ်အရာကမှ ထိခိုက်မှုရှိမှာမဟုတ်ပါ ဘူး။ Data Firm Sensor Tower ရဲ့ ခန့်မှန်းချက်အရ TikTok ဟာ အိန္ဒိယနိုင်ငံအတွင်း အကြိမ်ပေါင်း သန်း ၆၁၀ အထိ install ပြုလုပ်ခြင်းခံခဲ့ရတယ်ဟုဆိုပါတယ်။ အမေရိကန်နိုင်ငံတွင်မူ ၎င်း app ကို အကြိမ်ပေါင်း ၁၆၅ သန်းသာ install ပြုလုပ်ခြင်းခံခဲ့ရပါတယ်။
တရုတ်နိုင်ငံဟာ သူတို့ကိုယ်တိုင်လဲ ကမ္ဘာလုံးဆိုင်ရာ အင်တာနက်အပေါ်တွင်အတားအဆီးများကို လွန်ခဲ့သောတစ်နှစ်ခန့်ကတည်းက Silicon Valley က ကုမ္ပဏီကြီးများဖြစ်တဲ့ Google နှင့် Facebook တို့ကို သုံးစွဲရန်တားမြစ်ခြင်းအားဖြစ်ထားရှိခဲ့တာဖြစ်ပါတယ်။ ဘေဂျင်းဟာ နိုင်ငံတွင်းရှိ နည်းပညာကုမ္ပဏီအသစ်များအနေနဲ့ အောင်မြင်စွာရှင်သန်ကြီးထွားနိုင်စေရေးအတွက် ထိန်းချုပ် ထားတဲ့ပတ်ဝန်းကျင်တစ်ခုကို ပြုလုပ်ဖန်တီးပေးခဲ့ပြီး ၎င်းဟာ ကွန်မြူနစ်ပါတီအဖို့ အွန်လိုင်းပေါ်မှု စကားဝိုင်းများကို တင်းကြပ်စွာစောင့်ကြည့်နိုင်စေမယ့်နေရာတစ်ခုလည်းဖြစ်နေပါတယ်။
ယခုကဲ့သို့ ဝါရှင်တန်နဲ့အခြားသောအနောက်နိုင်ငံကြီးများက တရုတ်ကွန်မြူနစ်ပါတီကို သံသယများ တိုးပွားလျက်ရှိချိန်ဟာ တရုတ်နည်းပညာကုမ္ပဏီကြီးများက အပြည်ပြည်ဆိုင်ရာဈေးကွက်တွင် ထိုး ဖောက်ဝင်ရောက်လျက်ရှိနေချိန်လည်းဖြစ်နေပြန်ပါတယ်။ ဒီတင်းမာမှုများဟာ ByteDance အပါ အဝင် ကွန်ပြူတာ chip များ၊ ဉာဏ်ရည်တုများနှင့် အခြားသောနယ်ပယ်များရှိ နည်းပညာကုမ္ပဏီ ကိုပါ နှောင့်နှေးမှုများဖြစ်စေခဲ့ပါတယ်။ တရုတ်ပြည်အခြေစိုက် စမတ်ဖုန်းနှင့် Telecom ပစ္စည်းများ ကို ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Huawei ဟာဆိုရင်လည်း အမေရိကန်နိုင်ငံရှိ supplier များမှ ကုန် ပစ္စည်းဖြတ်တောက်ခြင်းကိုခံစားနေရလျက်ရှိပြီး ယခုအခါတွင် သူတို့ရဲ့လုပ်ငန်းဟာ ဘေဂျင်းက cyber သူလျှိုများရဲ့ပုန်းခိုရာနေရာဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်များကို ကာကွယ်ဖြေရှင်းနေရလျှက်ရှိ နေပါတယ်။
ကမ္ဘာတစ်လွှားရှိ အာဏာပိုင်အစိုးရများဟာလည်း အင်တာနက်ပေါ်ရှိ နယ်မြေပိုင်းခြားနေမှုများ အပြင် digital ပြောဆိုမှုများနဲ့ စီးပွားရေးတို့အပေါ်ပြန်လည်ပြီး ပိုမိုထိန်းချုပ်ရန်စိတ်ဝင်စားလျက် ရှိနေကြပါတယ်။ ဥရောပယူနီယံအဖွဲ့ကြီးဟာတော့ အမေရိကန်ကုမ္ပဏီကြီးများဖြစ်တဲ့ Apple နှင့် Google တို့ကို စောင့်ကြည့်စစ်ဆေးကာ တင်းကြပ်တဲ့စည်းမျဉ်းများချမှတ်လျှက်ရှိပြီး သူတို့ကို ဒေသခံစည်းမျဉ်းများနဲ့ လိုက်လျောညီထွေဖြစ်အောင်ညှိနှိုင်းလုပ်ကိုင်ကြရန် ဖိအားပေးလျှက်ရှိနေ ပါတယ်။
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.