Jobs In Myanmar
Load...

အိန္ဒိယရဲ့ TikTok ကို တားဆီးမှုနဲ့အတူ ကမ္ဘာကြီးရဲ့ ဒီဂျစ်တယ်အတား အဆီးများဟာ ပိုမိုမြင့်မားလျက်ရှိနေ 

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-India-Banned-TikTok-JobsinYangon



အိန္ဒိယရဲ့ TikTok ကို တားဆီးမှုနဲ့အတူ ကမ္ဘာကြီးရဲ့ ဒီဂျစ်တယ်အတား အဆီးများဟာ ပိုမိုမြင့်မားလျက်ရှိနေ 

ဆင်ဆာဖြတ်တောက်ခြင်းများနဲ့ ပေါ်လစီများဟာ ကမ္ဘာလုံးဆိုင်ရာအင်တာနက်အသုံးပြုခြင်းကို ပိုင်းခြားချက်ရှိနေပြီး အသုံးပြုသူများနဲ့ နိုင်ငံနယ်ခြားစည်းများကိုလျစ်လျူရှုထားခြင်းနဲ့အသားကျ နေပြီဖြစ်တဲ့ လုပ်ငန်းများကို သီးခြားခွဲထုတ်လျက်ရှိနေပါတယ်။ 

အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြားတင်းမာမှုများဟာ ဟိမဝန္တာတောင်တန်းများအကြား နယ်နမိတ် အငြင်းပွားမှုတွင် အိန္ဒိယစစ်သား ၂၀ သေဆုံးမှုဖြစ်ပွားပြီးကတည်းက ပိုမိုပြီးမြင့်မားလျှက်ရှိနေပါ တယ်။ New Delhi ရှိ အိန္ဒိယအစိုးရမှ တရုတ်နိုင်ငံမှထုတ်လုပ်ထားတဲ့ app ၅၉ ခုကို အသုံးပြုခြင်း အား ပြီးခဲ့တဲ့တနင်္လာနေ့က ၎င်း app များဟာ အသုံးပြုသူများရဲ့ သတင်းအချက်အလက်များကို အိန္ဒိယနိုင်ငံပြင်ပရှိ server များသို့ တိတ်တဆိတ်ပေးပို့လျက်ရှိနေတယ်ဟုဆိုကာ တားမြစ်ပိတ်ပင် လိုက်ပြီဖြစ်ပါတယ်။ 

အိန္ဒိယနိုင်ငံရဲ့ ဒီဆုံးဖြတ်မှုဟာ တရုတ်နိုင်ငံရှိရှေ့ပြေးလျက်ရှိနေတဲ့ နည်းပညာကုမ္ပဏီများဖြစ်တဲ့ Alibaba, Tencent နှင့် Baidu အပါအဝင်ကုမ္ပဏီများစွာကို သက်ရောက်မှုရှိစေခဲ့ပါတယ်။ သို့သော် လည်း ကမ္ဘာတစ်လွှား ငွေကြေးအကုန်ကျခံကာ ဈေးကွက်ချဲ့ထွင်မှုပြုလုပ်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ အိန္ဒိယနိုင်ငံတွင် ပရိတ်သတ်များစွာရယူထားပြီးဖြစ်သော TikTok နဲ့ သူတို့ရဲ့မူရင်းကုမ္ပဏီဖြစ်တဲ့ ByteDance ဆိုတဲ့ ဘေဂျင်းမြို့အခြေစိုက်ကုမ္ပဏီလောက်တော့ ဘယ်အရာကမှ ထိခိုက်မှုရှိမှာမဟုတ်ပါ ဘူး။ Data Firm Sensor Tower ရဲ့ ခန့်မှန်းချက်အရ TikTok ဟာ အိန္ဒိယနိုင်ငံအတွင်း အကြိမ်ပေါင်း သန်း ၆၁၀ အထိ install ပြုလုပ်ခြင်းခံခဲ့ရတယ်ဟုဆိုပါတယ်။ အမေရိကန်နိုင်ငံတွင်မူ ၎င်း app ကို အကြိမ်ပေါင်း ၁၆၅ သန်းသာ install ပြုလုပ်ခြင်းခံခဲ့ရပါတယ်။ 

တရုတ်နိုင်ငံဟာ သူတို့ကိုယ်တိုင်လဲ ကမ္ဘာလုံးဆိုင်ရာ အင်တာနက်အပေါ်တွင်အတားအဆီးများကို လွန်ခဲ့သောတစ်နှစ်ခန့်ကတည်းက Silicon Valley က ကုမ္ပဏီကြီးများဖြစ်တဲ့ Google နှင့် Facebook တို့ကို သုံးစွဲရန်တားမြစ်ခြင်းအားဖြစ်ထားရှိခဲ့တာဖြစ်ပါတယ်။ ဘေဂျင်းဟာ နိုင်ငံတွင်းရှိ နည်းပညာကုမ္ပဏီအသစ်များအနေနဲ့ အောင်မြင်စွာရှင်သန်ကြီးထွားနိုင်စေရေးအတွက် ထိန်းချုပ် ထားတဲ့ပတ်ဝန်းကျင်တစ်ခုကို ပြုလုပ်ဖန်တီးပေးခဲ့ပြီး ၎င်းဟာ ကွန်မြူနစ်ပါတီအဖို့ အွန်လိုင်းပေါ်မှု စကားဝိုင်းများကို တင်းကြပ်စွာစောင့်ကြည့်နိုင်စေမယ့်နေရာတစ်ခုလည်းဖြစ်နေပါတယ်။ 

ယခုကဲ့သို့ ဝါရှင်တန်နဲ့အခြားသောအနောက်နိုင်ငံကြီးများက တရုတ်ကွန်မြူနစ်ပါတီကို သံသယများ တိုးပွားလျက်ရှိချိန်ဟာ တရုတ်နည်းပညာကုမ္ပဏီကြီးများက အပြည်ပြည်ဆိုင်ရာဈေးကွက်တွင် ထိုး ဖောက်ဝင်ရောက်လျက်ရှိနေချိန်လည်းဖြစ်နေပြန်ပါတယ်။ ဒီတင်းမာမှုများဟာ ByteDance အပါ အဝင် ကွန်ပြူတာ chip များ၊ ဉာဏ်ရည်တုများနှင့် အခြားသောနယ်ပယ်များရှိ နည်းပညာကုမ္ပဏီ ကိုပါ နှောင့်နှေးမှုများဖြစ်စေခဲ့ပါတယ်။ တရုတ်ပြည်အခြေစိုက် စမတ်ဖုန်းနှင့် Telecom ပစ္စည်းများ ကို ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Huawei ဟာဆိုရင်လည်း အမေရိကန်နိုင်ငံရှိ supplier များမှ ကုန် ပစ္စည်းဖြတ်တောက်ခြင်းကိုခံစားနေရလျက်ရှိပြီး ယခုအခါတွင် သူတို့ရဲ့လုပ်ငန်းဟာ ဘေဂျင်းက cyber သူလျှိုများရဲ့ပုန်းခိုရာနေရာဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်များကို ကာကွယ်ဖြေရှင်းနေရလျှက်ရှိ နေပါတယ်။ 

ကမ္ဘာတစ်လွှားရှိ အာဏာပိုင်အစိုးရများဟာလည်း‌ အင်တာနက်ပေါ်ရှိ နယ်မြေပိုင်းခြားနေမှုများ အပြင် digital ပြောဆိုမှုများနဲ့ စီးပွားရေးတို့အပေါ်ပြန်လည်ပြီး ပိုမိုထိန်းချုပ်ရန်စိတ်ဝင်စားလျက် ရှိနေကြပါတယ်။ ဥရောပယူနီယံအဖွဲ့ကြီးဟာတော့ အမေရိကန်ကုမ္ပဏီကြီးများဖြစ်တဲ့ Apple နှင့် Google တို့ကို စောင့်ကြည့်စစ်ဆေးကာ တင်းကြပ်တဲ့စည်းမျဉ်းများချမှတ်လျှက်ရှိပြီး သူတို့ကို ဒေသခံစည်းမျဉ်းများနဲ့ လိုက်လျောညီထွေဖြစ်အောင်ညှိနှိုင်းလုပ်ကိုင်ကြရန် ဖိအားပေးလျှက်ရှိနေ ပါတယ်။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com

Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


SUPER SEVEN STARS CO., LTD

SUPER SEVEN STARS CO., LTD

We aspire to be the most successful retailer of automobiles by providing the best customer experience in every market we operate.By 2015, Super Seven Stars Co., Ltd is representing Kia, Peugeot, Ssang...
Show the postings (71)
Phyo Pyae Sone Myanmar Co.,Ltd

Phyo Pyae Sone Myanmar Co.,Ltd

With customers at the forefront of our minds,The Company prioritizes for the best of customer service at value price point for our guests with uncompromising quality and facilities.Starting from Distr...
Show the postings (42)
V Net - Mandalay Internet Service Provider

V Net - Mandalay Internet Service Provider

Vision and Mission Call us rebels, but we strongly believe every home and business in Myanmar should have fast, affordable and reliable access to the internet. No compromise, no barriers, no fuss.So ...
Show the postings (33)
Global Technology Co., Ltd (Global Net)

Global Technology Co., Ltd (Global Net)

Our speciality is providing complete solution and systems that work through the use of our outstanding design, unique client engagement model, procurement, project management, implementation and suppo...
Show the postings (75)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS