Jobs In Myanmar
Load...

#StayHome: Work From Home Etiquette; Ensure Your Internet is Working Properly

by www.jobsinyangon.com


Tags: Knowledge-IT-WorkFromHome-Router-JobsinYangon



အိမ်ထဲမှာနေရင်း - အိမ်မှအလုပ်လုပ်ရင်း လိုက်နာလုပ်ဆောင်သင့်တဲ့အရာများ -သင့်ရဲ့အင်တာနက်လိုင်းကို စစ်ဆေးခြင်း 

အင်တာနက်လိုင်းမကောင်းခြင်းဟာ တစ်ခါတစ်ရံတွင် နည်းပညာဆိုင်ရာအခက်အခဲများကြောင့် ဖြစ်သည့်အခါတွင် ခွင့်လွှတ်၍ရနိုင်သော်လည်း အမြဲတမ်းတော့ဒါကိုပဲအကြောင်းပြချက်ပေးနေဖို့ မဖြစ်သင့်ပါဘူး။ 

ဒါဆိုရင် သင့်အနေနဲ့ သင့်ရဲ့အင်တာနက်လိုင်းကို အိမ်မှတစ်ဆင့်အလုပ်လုပ်စဉ်အတွင်း ကောင်းမွန်မှု ရှိစေရန် ဘယ်လိုပြုလုပ်ကြမလဲ? Router ကိုနေရာချထားခြင်းမှစပြီး မြန်နှုန်းစစ်ဆေးမှုများ၊ setting များကိုစစ်ဆေးခြင်းများ၊ router အသစ်ဝယ်ယူခြင်းများအထိ ဒီဆောင်းပါးလေးထဲမှာ ရှင်းပြထားပါတယ်။ 

အဆင့် ၁ - ပထမဦးဆုံး သင့်ရဲ့အလုပ်စားပွဲကိုဘယ်နေရာတွင်ထားမှာလဲ၊ သင်ဘယ် ဆိုဖာပေါ်မှာ လှဲလျောင်းမှုပြုမှာလဲဆိုတာကိုဆုံးဖြတ်ရပါမယ်။ ဒုတိယအဆင့်အနေနဲ့ သင့်အိမ်အတွင်းက သင်ဆုံးဖြတ်လိုက်တဲ့နေရာတွင် Wi-Fi လိုင်း မိ/ မမိကိုစစ်ဆေးရပါ မယ်။ သင့်အနေနဲ့ Fast.com နဲ့ Speedtest.net တို့ကဲ့သို့သော အင်တာနက်လိုင်းဆွဲအား မြန်နှုန်းစစ်ဆေးသည့် website များကိုအသုံးပြုကာ ထိုနေရာတွင် အင်တာနက်အသုံးပြု တဲ့အခါမှာ ဘယ်လိုမြန်နှုန်းတွေရှိနိုင်မလဲဆိုတာကိုခန့်မှန်းနိုင်စေဖို့အတွက် မြန်နှုန်းစစ်ဆေးမှုများလည်းပြုလုပ်သင့်ပါတယ်။ 

အဆင့် ၂ - အကယ်၍အဆင့် ၁ကိုလုပ်ဆောင်ပြီးနောက် သင်ရရှိတဲ့အဖြေများကိုစိတ်တိုင်းမကျတဲ့အခါမှာ router ကိုအနည်းငယ်နေရာရွှေ့ကြည့်ပေးပါ။ နံရံအတွင်းမြှုပ်ထားတဲ့စင်ပေါ်မှာ အနောက်ဖက်ကျကျတင်ထား တဲ့အတွက်သော်၎င်း၊ router ရဲ့ဘေးတွင် signal များကို ဟန့်တားမှုပြုနိုင်တဲ့အရာတစ်ခုရှိနေတဲ့အတွက် ရောက်ရှိနိုင်တဲ့ ပမာဏကို အပြည့်အဝမရောက်နိုင်တာသော်၎င်းဖြစ်နေနိုင်ပါတယ်။ Router ကို ဖုံးကွယ်ထား ခြင်းများမပြုလုပ်မိစေရန်ဂရုစိုက်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ router ကိုစင်တစ်ခုအတွင်းသော်၎င်း၊ စား ပွဲခုံအောက်တွင်၎င်း ထားရှိလိုက်ခြင်းက signal ရဲ့စွမ်းဆောင်ရည်ကို သိသိသာသာလျော့နည်းစေတဲ့အတွက်ပဲ ဖြစ်ပါတယ်။ Router ကို အလွန်မြင့်တဲ့နေရာ/ အလွန်နိမ့်တဲ့နေရာမျိုးမှာထားရှိခြင်းဟာလည်းကောင်းတဲ့ အချက်မဟုတ်ဘူးဆိုတာကိုသိထားသင့်ပါတယ်။ ၎င်းအရာအနေနဲ့ အသင့်တော်ဆုံးစွမ်းဆောင်ရည်ကိုပေးနိုင် ရန်အတွက် အခန်းအတွင်းရှိ ကြမ်းပြင်နဲ့ မျက်နှာကျက်တို့ ၂ခုအကြား အလယ်လောက်မှာ ထားရှိပေးသင့်ပါ တယ်။ ဒီပြောင်းလဲမှုများကိုလုပ်ဆောင်ပြီး သင့်ရဲ့အခန်းအတွင်းထင်သာမြင်သာရှိတဲ့နေရာမျိုးမှာ router ကို ထားရှိလိုက်ခြင်းအားဖြင့်သိသိသာသာကွဲပြားမှုရှိလာတာကို သင်မြင်တွေ့ရမှာပါ။ 

အဆင့် ၃ - ထိုသို့လုပ်ဆောင်ပြီးတာတောင်မှ သင့်ရဲ့အင်တာနက်လိုင်းဟာ သိသိသာသာပြောင်းလဲမသွားဘူးဆို ရင်တော့ router setting များကိုပိုပြီးနက်နက်ရှိုင်းရှိုင်းလေ့လာကြည့်ကာ band များနဲ့ အခြားသောရှုပ်ထွေး နက်နဲတဲ့အရာများဟာ နေရာတကျရှိနေရဲ့လားဆိုတာကို စစ်ဆေးကြည့်ဖို့လိုလာပါပြီ။ အကယ်၍ သင်ဘာလုပ် မိမှန်းသင်ကိုယ်တိုင်မသိပဲ setting များကို မွှေနှောက်ကလိထားတာမျိုးမရှိဘူးဆိုရင်တော့ ထိုအရာများဟာ နေရာတကျရှိနေမှာပါ။ Router ရဲ့ setting page ကိုဖွင့်လိုက်ပါ (အသေးစိတ်ကို router ရဲ့ တစ်နေရာရာမှာ ကပ်ထားတဲ့ sticker ပေါ်တွင်ရေးသားထားတတ်ပါတယ်)။ အကယ်၍ ထိုအရာကိုသင်ရှာမတွေ့ဘူးဆိုရင်တော့ သင့်ရဲ့ web browser မှတစ်ဆင့် 192.168.1.1 ဟုရိုက်ထည့်ပြီး ထိုအရာနဲ့ရော အလုပ်ဖြစ်သလားဆိုတာကို စမ်းသပ်ကြည့်လိုက်ပါ။ နောက်ထပ်နည်းလမ်းတစ်ခုအနေနဲ့ router အတော်များများမှာ စမတ်ဖုန်းများအတွက် app များရှိနေတတ်ပါတယ်။ ဥပမာအားဖြင့် Ubiquiti ရဲ့ AMPLIFI app, Netgear ရဲ့ Orbi, Nighthawk တို့ အတွက် app များ အစရှိသည်တို့, Linksys မှ သူတို့ရဲ့ router အတွက်ထုတ်လုပ်ပေးထားတဲ့ app များ အစရှိ သည်တို့ရှိနေပါတယ်။ ထိုမှတစ်ဆင့် Wireless Settings menu ထဲသို့ဝင်ရောက်ပြီးနောက် router ဟာ wireless channel များကို အလိုအလျှောက်ရွေးချယ်ဖို့ကိုသတ်မှတ်ပေးထားသလားဆိုတာကို စစ်ဆေးကြည့် ပါ။ အကယ်၍သင့်ရဲ့ router က 2.4 GHz band နဲ့ 5 GHz band ကို အသုံးပြု၍ရနိုင်ပါက နှစ်မျိုးစလုံးကိုဖွင့် ထားသလားဆိုတာကိုလဲ စစ်ဆေးကြည့်ရှုရပါမယ်။ 

အဆင့် ၄ - အကယ်၍ Wi-Fi လိုင်းမိတဲ့အကွာအဝေး (သို့) မြန်နှုန်းပြဿနာများဟာပျောက်မသွားသေးဘူးဆို ရင်တော့ သင့်ရဲ့ router ဟာ firmware update ကိုလိုအပ်နေတာလဲဖြစ်နိုင်ပါတယ်။ သင့်ရဲ့ smartphone app မှတစ်ဆင့် update ပြုလုပ်ပေးနိုင်ပါက ထိုသို့ပြုလုပ်ပေးလိုက်ပါ။ အကယ်၍ သင်ဟာ နည်းပညာနဲ့ အလှမ်းဝေးတဲ့သူတစ်ဦးဖြစ်ရင်တော့ ဒီအရာကိုလုပ်ဖို့ကျွန်တော်တို့ကမတိုက်တွန်းလိုပါဘူး။ 

အဆင့် ၅ - အကယ်၍ ဒီအဆင့်အထိဘာမှဖြစ်မလာဘူးဆိုရင်တော့ router အသစ်ကိုဝယ်ယူဖို့အချိန်ရောက်ပြီ ပဲဖြစ်ပါတယ်။ သင့်အိမ်ရဲ့အကျယ်အဝန်းအပေါ်မူတည်ပြီး 2.4 GHz နဲ့ 5 GHz Wi-Fi network နှစ်မျိုးစလုံးမှာ အလုပ်လုပ်နိုင်တဲ့ router တစ်ခုကိုရွေးချယ်ဝယ်ယူလိုက်ပါ။ သင့်အိမ်ကတော်တော်ကျယ်ဝန်းတယ်ဆိုရင် တော့ Ubiquiti networks ရဲ့ AMPLIFI HD, Linksys ရဲ့ Velop နဲ့ Netgear ရဲ့ Orbi ကဲ့သို့သော Wi-Fi mesh system များကိုဝယ်ယူဖို့အတွက်ကိုလည်း စဉ်းစားသင့်ပါတယ်။ အသစ်ထပ်မံထွက်ရှိလာသော router များတွင် ပိုမိုများပြားသောအင်တာနာတိုင်များပါဝင်ကာ ၎င်းကြောင့် ပိုမိုကျယ်ပြန့်သော wireless ကွန်ယက် ရရှိနိုင်မှုကိုပေးနိုင်မှာပဲဖြစ်ပါတယ်။ 

အဆင့် ၆ - အရေးအကြီးဆုံးနဲ့ နောက်ဆုံးအချက်ကတော့ အိမ်မှတစ်ဆင့်အလုပ်လုပ်ခြင်း ပြုလုပ်စဉ် သင့်ထံတွင် video conferencing များ၊ ဖိုင်များပေးပို့ခြင်းနှင့် download များပြုလုပ် ခြင်းတို့နှင့် သင့်အနေနဲ့အသုံးပြုရန်လိုအပ်နိုင်မယ့် online application များအားလုံးကိုအသုံးပြုနိုင် မည့် အင်တာနက်လိုင်းတစ်ခုရှိနေဖို့ပါပဲ။ ဒီအရာနဲ့ပက်သက်ပြီးဆွေးနွေးလိုရင်တော့ သင့်ရဲ့ internet service ဝန်ဆောင်မှုပေးနေသောကုမ္ပဏီကိုခေါ်ဆိုမေးမြန်းကြည့်ဖို့လိုအပ်ပါလိမ့်မယ်။ 


ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Sweety Home

Sweety Home

...Sweety Home Industry Co.Ltd established in Mandalay since 1995 is the professional manufacturing and distributing company of spring mattress, polyurethane foam, bedding accessories and modern pr...
Show the postings (31)
Eastern Group of Companies

Eastern Group of Companies

We are currently seeking dedicated staffs that have a desire to serve others while building a professional career.Over the years, our company has expended and diversified business in poultry farming, ...
Show the postings (8)
Supreme Group Of Companies

Supreme Group Of Companies

Our Mission To deliver Professional Services that meet and exceed Clients expectations. To maintain a high level of professional Standing and Integrity that is above reproach. To establish a mutual...
Show the postings (26)
One Cloud Co., Ltd.

One Cloud Co., Ltd.

Make us your reliable vendor and have a greatest contribution from us. With our expertise and track record, you can be assured of receiving quality infrastructure and services. Network Infrastructure...
Show the postings (1)
Tokyo Metropolitan Institute of Technology

Tokyo Metropolitan Institute of Technology

To recruit and develop of our country’s most promising students and most outstanding staff and be a truly global institute. To Focus on highest international standards and teaching methods. Prod...
Show the postings (5)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS