Jobs In Myanmar
Load...

Writing the perfect job ad plays a vital role in finding your ideal hire

by Admin


Tags: Recruitment Job Ad hiring ideal applicants Jobs in Myanmar



ကြော်ငြာဆိုတဲ့ဝေါဟာရဟာ ကျွန်တော်တို့အားလုံးရဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား စကားလုံးဖြစ်မှာပါ။ ခေတ်အဆက်ဆက်ပြောင်းလဲလာသလို ကြော်ငြာတွေရဲ့ မော်ဒယ်၊ လမ်းကြောင်းဟာလည်း အဆင့်ဆင့် ပြောင်းလဲလာတာကို တွေ့ရမှာပါ။ ကြော်ငြာရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သုံးစွဲသူ၊ သို့မဟုတ်၊ မိမိ ပြသလိုတဲ့ လူတွေအတွက် ထိထိမိမိပြသနိုင်ရမယ့် အချက်ပါပဲ။ ကောင်းမွန်တဲ့ကြော်ငြာဖြစ်ဖို့ဆိုတာ အချက်များစွာ ပြည့်စုံမှရမှာပါ။ အဓိကကတော့ မိမိပြသလိုတဲ့အချက်အလက်ကို တိုတိုနဲ့ လိုရင်း ပြသနိုင်ရမယ်။ ကြည့်ရှုသူအနေနဲ့ ကြော်ငြာကို ကြည့်ရှုနေစဉ်အတွင်းမှာလည်း အဆုံးထိဆက်လက်ကြည့်ရှုလိုအောင်ပြုလုပ်နိုင်ရမှာဖြစ်သလို၊ ကြည့်ရှုပြီးချိန်မှာလည်း စိတ်ထဲမှာ ကျန်ဝင်နေစေအောင် ပြုလုပ်ပေးနိုင်သင့်ပါတယ်။

ဒါပေမယ့် စီးပွားရေးကြော်ငြာ လုပ်ငန်းကြော်ငြာတွေမဟုတ်တဲ့၊ အလုပ်အကိုင်ခေါ်ယူတဲ့ ကြော်ငြာကရော အဲ့လိုတွေဖြစ်ဖို့လိုအပ်ရဲ့လားလို့ ထင်စရာပါပဲ။ အလုပ်အကိုင်ရှာဖွေသူများစွာရှိသလို၊ အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်တဲ့ ကုမ္ပဏီတွေဟာလည်း အခုအချိန်အခါမှာ များလာပြီလို့ဆိုနိုင်ပါတယ်။ အဓိကကတော့ သင့်ကုမ္ပဏီကို တကယ်အရည်အချင်းရှိတဲ့သူတွေ၊ တစ်နည်းအားဖြင့် သင့်ကုမ္ပဏီနဲ့ ကိုက်ညီမယ့်သူတွေ လာရောက်ပူးပေါင်းဖို့ကို သင့်ရဲ့ အလုပ်ခေါ်စာဟာ ကြော်ငြာတစ်ခုလိုပဲ အရေးကြီးလှပါတယ်။ အခုအောက်မှာဖော်ပြမယ့်အချက်အချို့ကတော့ မှားလေ့မှားထရှိတဲ့ အလုပ်အကိုင်ခေါ်စာကြော်ငြာတွေရဲ့ အချက်တွေပဲဖြစ်ပါတယ်။

၁။ မဖြစ်နိုင်တာတွေကို တောင်းဆိုခြင်း

သင့်ကုမ္ပဏီမှာ ခန့်ထားမယ့် ဝန်ထမ်းတစ်ယောက်ဟာ အရည်အချင်းရှိဖို့လိုတာမှန်ပါတယ်။ ထူးချွန်ဖို့လိုအပ်တယ်ဆိုတာလည်း မငြင်းနိုင်ပါဘူး။ ဒါပေမယ့် သင့်အနေနဲ့ လိုချင်တာတွေများလွန်းပြီး တောင်းဆိုမှုတွေအများအပြားပြုလုပ်ခြင်းဟာလည်း အမှားတစ်ခုလို့ပဲဆိုနိုင်ပါတယ်။ ဥပမာအားဖြင့် သင်ဟာ  Senior Graphic Designer တစ်ယောက်ကို အလိုရှိကြောင်း ကြော်ငြာတယ်ဆိုပါစို့။ အဲ့ဒီလျှောက်ထားသူအနေနဲ့ graphic design ကိုလည်း ပိုင်နိုင်ရမယ်၊ စီးပွားရေးအမြင်လည်းရှိရမယ်၊ financial project management အပိုင်းမှာလည်း အလုပ်လုပ်ဖူးသူလည်းဖြစ်ရမယ်။ စန္ဒရားလည်းတီးတတ်ရမယ်..။ (Really? ) .. သင့်အနေနဲ့ အရည်အချင်းအဖက်ဖက်ကပြည့်စုံတဲ့ လူတစ်ယောက်နဲ့ လက်တွဲအလုပ်လုပ်လိုတာမှန်ပေမယ့်လည်း တောင်းဆိုတဲ့အချက်အလက်တွေကိုတော့ အများအပြား မပြုလုပ်သင့်ပါဘူး။ ရှိသင့်တဲ့အရည်အချင်းရယ်၊ ရှိရင်ကောင်းမယ့်အရည်အချင်းရယ် (must-have) (nice-to-have) အစရှိသဖြင့် ခွဲခြားပြီး ကြော်ငြာမှုမျိုးပြုလုပ်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။

၂။ စကားလုံး ခပ်ဆန်းဆန်း ခပ်မြင့်မြင့်တွေ အသုံးပြုလွန်းခြင်း

စကားလုံးအသုံးအနှုန်း၊ စကားလုံးအထားအသိုတွေဟာလည်း ကြော်ငြာတစ်ခုမှာ အရေးပါတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ စကားလုံးမြင့်မြင့်လေးတွေ ဆန်းဆန်းလေးတွေနဲ့ ကြော်ငြာကို လူပိုစိတ်ဝင်စားအောင်၊ ကြော်ငြာကို အဆင့်မြင့်မြင့်လေးဖြစ်အောင် ပြုလုပ်နိုင်တာကောင်းပါတယ်။ ဒါပေမယ့်လည်း သင့်ရဲ့ ကြော်ငြာကို ဖတ်ရှုမယ့် သူတွေ၊ တစ်နည်းအားဖြင့် audience group ကိုလည်း နားလည်ဖို့လိုအပ်ပါတယ်။ သင့်ရဲ့ အလုပ်ကြော်ငြာမှာ စကားလုံးမြင့်မြင့်တွေ သုံးနှုန်းပြီး ကြော်ငြာလိုက်မယ်ဆိုရင် ဖတ်တဲ့သူတွေထဲက နားလည်သူတွေရှိကောင်းရှိမှာဖြစ်ပေမယ့်၊ နားမလည်တဲ့သူတွေအတွက်တော့ သင့်ကုမ္ပဏီကို အလုပ်လာလျှောက်ဖို့ အနည်းငယ်တုံ့ဆိုင်းသွားမှာဖြစ်ပါတယ်။ သင့်ရဲ့ ခပ်ဆန်းဆန်းစကားလုံးတွေကို နားမလည်တဲ့လူတွေထဲမှာလည်း အရည်အချင်းရှိတဲ့၊ ကြိုးစားတဲ့ လူတွေပါဝင်နိုင်နေမယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် သင့်ရဲ့ ကြော်ငြာထဲမှာ PPCs, EBITDAs and CTAs တွေ အများအပြားမထည့်သွင်းခင်မှာ စဉ်းစားသင့်တာကတော့ သင့်အနေနဲ့ ဘယ်သူတွေကို target ထားမလဲဆိုတာကိုပဲဖြစ်ပါတယ်။

၃။ တင်းကျပ်မှုပြုလုပ်မိသွားခြင်း

အလုပ်ကြော်ငြာမှာ တင်းကျပ်မှုပြုလုပ်မိတယ်ဆိုတာကတော့ သင့်အနေနဲ့ တစ်ဖက်သူ လာရောက်လျှောက်ထားလိုစိတ် လျော့ပါးသွားအောင်ပြုလုပ်မိတာပါပဲ။ သင့်အနေနဲ့ သင့်ရဲ့ စာအရေးအသားထဲမှာ အဲ့လိုအဓိပ္ပာယ်သက်ရောက်စေတယ်လို့ မထင်မိပဲကို သင်ကိုယ်တိုင်သတိမထားမိပဲကို ဖြစ်လေ့ရှိတဲ့ အမှားဖြစ်ပါတယ်။ သင်ဟာ သင့်အလုပ်မှာ လူမျိုးရေး၊ ဘာသာရေး၊ အသားအရောင်၊ လိင်ခွဲခြားမှုမရှိဘူး တန်းတူဆက်ဆံတဲ့လုပ်ငန်းခွင်တစ်ခုဖြစ်ကြောင်းပြသချင်တယ်၊ ထို့အတူ မသန်စွမ်းတွေအတွက်လည်း လုပ်ကိုင်နိုင်စွမ်းရှိတဲ့ အလုပ်ခွင်တစ်ခုဖြစ်စေချင်တယ်။ သို့သော် သင့်ရဲ့ အလုပ်ကြော်ငြာအရေးအသားထဲမှာ " ငယ်ရွယ်ပြီး အလုပ်ကြိုးစားလုပ်ကိုင်နိုင်သူ " သို့မဟုတ်၊ " ကောင်းမွန်စွာပြောဆိုဆက်ဆံနိုင်သူ " အစရှိသဖြင့်ထည့်သွင်းကြော်ငြာမိခြင်းဟာ မသန်စွမ်းအချို့အတွက်တော့ အလုပ်လျှောက်ထားဖို့အတွက် အတားအဆီးဖြစ်သွားစေနိုင်ပါတယ်။ ဒါကြောင့် တစ်နည်းအားဖြင့် အလုပ်လိုအပ်ချက်တွေကို တည့်တည့်ပြောဆိုမယ့်အစား အလုပ်လျှောက်ထားသူဖက်ကို ဒီအလုပ်ဟာ သူနဲ့ သင့်တော်ခြင်းရှိ၊ မရှိ သူကိုယ်တိုင်စဉ်းစားခွင့်ပေးလိုက်တာမျိုး ပြုလုပ်သင့်ပါတယ်။

၎။ မသေမချာဖော်ပြမှုမျိုးပြုလုပ်ခြင်း

အလုပ်အကိုင်ကြော်ငြာမဟုတ်ပဲ သာမန်ကုန်ပစ္စည်းကြော်ငြာမျိုးဆိုရင်တော့ မသေမချာ မရေမရာဖော်ပြတာမျိုးဟာလည်း လူစိတ်ဝင်စားဖို့အတွက် နည်းလမ်းတစ်ခုပဲလို့ ဆိုနိုင်ပါတယ်။ ဥပမာအားဖြင့်- အကောင်းဆုံးနဲ့ အသန့်ဆုံး အစစ်ဆုံးဆိုတာလေးပဲ ဖော်ပြပြီး ဘာလဲဆိုတာမပြောသွားပဲ ကြော်ငြာသွားတဲ့ ပဲဆီသန့် ကြော်ငြာဟာ လူစိတ်ဝင်စားမှုရရှိခဲ့ပါတယ်။ ဒါပေမယ့် အလုပ်အကိုင်ကြော်ငြာနဲ့ ပတ်သတ်ရင်တော့ တိတိကျကျ ဖော်ပြခြင်းမျိုးကပဲ ကောင်းမွန်တဲ့ အလုပ်ကြော်ငြာဖြစ်စေမှာပါ။ မိမိလိုချင်တဲ့ အချက်အလက်၊ မိမိမျှော်လင့်တဲ့အချက်အလက်၊ အစရှိတာတွေကို တိတိကျကျဖော်ပြသင့်ပါတယ်။ ဒါ့အပြင် အကောင်းဆုံးကတော့ သင့်အလုပ်ရဲ့ ပေးနိုင်မယ့် လစာကိုဖော်ပြတာပါပဲ။ လတ်တလောစစ်တမ်းတွေအရ လစာကို ထည့်သွင်းကြော်ငြာတဲ့ အလုပ်ခေါ်စာကို ဖတ်မိတဲ့ အလုပ်အကိုင်ရှာဖွေသူ ၃ ယောက်မှာ ၂ ယောက်ဟာ အဲ့ဒီအလုပ်ကို လျှောက်ထားမှုပြုလုပ်တယ်ဆိုတာကို တွေ့ရှိရပါတယ်။

၅။ တနွဲ့တလျရေးဖွဲ့ခြင်းထားခြင်း

စာပိုဒ်အရှည်ကြီးတွေနဲ့ စာစီစာကုံးရေးသလိုရေးထားတဲ့ အလုပ်အကိုင်ကြော်ငြာကို သင်ဖတ်ရှုမိပြီဆိုပါစို့။ သင်လိုချင်တဲ့ အချက်အလက်ကို ရှာမတွေ့၊ ရှာတွေ့ဖို့ကိုလည်း အချိန်ယူဖတ်ရှုရ၊ ဒါ့အပြင် သင်ဟာ မိုဘိုင်းဖုန်းနဲ့ ဖတ်ရှုနေသူဖြစ်တာကြောင့်လည်း စာပိုဒ်အရှည်ကြီးတွေကို အလွယ်တကူဖတ်ဖို့ အဆင်မပြေဖြစ်၊ ဒီလိုအခက်အခဲတွေကြုံတွေ့နေရပြီဆိုရင်တော့ အဲဒီအလုပ်ကို သင်အနေနဲ့ စိတ်ဝင်စားမှုမျိုး အလွယ်တကူဖြစ်ချင်မှဖြစ်တော့မှာပါ။ အလုပ်အကိုင်ကြော်ငြာဖြစ်တဲ့အတွက်ကြောင့် သင့်အနေနဲ့ ရေးသားရာမှာလည်း အချက်အလက်တွေကို ရှင်းရှင်းလင်းလင်းမြင်အောင် ရေးသားသင့်ပါတယ်၊ Bullet point တွေအသုံးပြုခြင်းမျိုး၊ မြင်သာထင်ရှားစေမယ့် အချက်တွေနဲ့ ဖော်ပြခြင်းမျိုး အစရှိတာတွေကို ပြုလုပ်သင့်ပါတယ်။ တစ်နည်းအားဖြင့် တနွဲ့တလျရေးသားထားပြီး လိုရင်းမရောက်တဲ့ CV ကို သင့်အနေနဲ့လည်း စိတ်ဝင်စားမှုမရှိနိုင်သလိုပါပဲ။

၆။ သင့်အကြောင်းကိုလည်းပြောပါ

အလုပ်လျှောက်ထားသူထံမှပဲ သူ့အကြောင်းတွေကို လိုချင်တာမျိုးထက် သင့်ရဲ့အကြောင်းကိုလည်း ပြောပြပေးပါ။ ကုမ္ပဏီကဘယ်လိုမျိုး flexible ဖြစ်ကြောင်း၊ အလုပ်ချိန်တွေသတ်မှတ်ရာမှာလည်း လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်ကြောင်း၊ ပျော်ရွှင်ဖွယ်လုပ်ငန်းခွင်တစ်ခုဖြစ်ကြောင်း အစရှိသဖြင့် သင့်ဘက်ကလည်း ပြန်လည်ဖော်ပြခြင်းမျိုးပြုလုပ်သင့်ပါတယ်။ လုပ်ငန်းခွင်ထဲမှာ အားလပ်ချိန်အနားယူဖို့ နေရာတွေဖန်တီးထားတာမျိုးတွေရှိကြောင်း၊ ကော်ဖီဖျော်စက်တွေထားရှိပေးထားတာမျိုးရှိကြောင်း၊ အစရှိသဖြင့် သင့်လုပ်ငန်းခွင်အကြောင်းကိုလည်း ကြော်ငြာခြင်းမျိုးပြုလုပ်ပေးသင့်ပါတယ်။ 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Myint Dachan Co.,LTD.

Myint Dachan Co.,LTD.

.Mission Our mission is to create positive impact on the livestock industry, as well as benefiting the farmers and to the end consumers. Our company aims to produce animal feed for the whole country...
Show the postings (1)
Mo Asia Co.,Ltd

Mo Asia Co.,Ltd

..Mo Asia Co. Ltd is a distributor for Dumex Milk Powder in Myanmar. Dumex is an infants' and children's nutrition company. Its products span the infant, follow on and growing-up milk categories, and ...
Show the postings (1)
RHENUS LOGISTICS

RHENUS LOGISTICS

..Rhenus Myanmar Limited is located in the heart of Yangon (formerly known as Rangoon). Prior to the relatively recent foundation of the new capital city Naypyidaw, Yangon was the seat of government. ...
Show the postings (2)
Tharaphu Soe Myint Company Limited

Tharaphu Soe Myint Company Limited

Under the leadership of the proprietor U Soe Myint and the assistance of the expertise knowledge of the technicians, the company works for the welfare of the local farmers and peasants.The aim of the ...
Show the postings (5)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS