Jobs In Myanmar
Load...

CV တစ်စောင်ရေးသားခြင်း

by Jobless


Tags: Writing successful CV Introduction basic rules



CV တစ်စောင်ရေးသားခြင်း

          CV တစ်စောင် ရေးသားခြင်းအတွက် အဓိက ရည်ရွယ်ချက်က အင်တာဗျူးခွင့် ရဖို့ဆိုတာ လုံးဝမမေ့ဖို့ လိုပါတယ်။ ဒါကြောင့် ယှဉ်ပြိုင်လျှောက်ထားတဲ့ တစ်ခြားလျှောက်လွှာတွေနဲ့ ယှဉ်ရင် ကိုယ့်ရဲ့ CV က ပေါ်လွင်ထင်ရှားနေဖို့ လိုပါတယ်။ ဒါ့အပြင် အလုပ်သမားရှာဖွေစုဆောင်းသူများဘက်ကလည်း အလုပ်ရာထူး ခေါ်ဆိုမှုတစ်ခုအတွက် လျှောက်လွှာပေါင်းများစွာကို လက်ခံရရှိလေ့ ရှိတယ်ဆိုတာ မမေ့ပါနဲ့။ ဒါကြောင့် စံကာတင် CV စာရင်းကို ရွေးချယ်ရာမှာ အချက်အလက်ကိုက်ညီတဲ့ CV ထက် အချက်အလက် မကိုက်ညီတဲ့ CV တွေကို ပထမရွေးချယ် ဖယ်ထုတ်လေ့ ရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ CV ကို  အမှားကင်းစွာ၊ ရှင်းလင်းစွာ၊ ပြီးတော့ လျှောက်ထားလိုတဲ့ ရာထူးအတွက် ထိုက်တန်ကြောင်း ပြသနိုင်အောင် ပြင်ဆင်နိုင်ပြီ ဆိုရင်တော့ ဖယ်ထုတ်ခံရတဲ့ CV စာရင်းကနေ လွတ်မြောက်နိုင်မှာပါ။

          ဒါကြောင့် CV ကို ပြင်ဆင်တဲ့ အခါမှာ ကိုယ်က ဘာတွေကို တတ်မြောက်ထားကြောင်း၊ ဘယ်လို လျှောက်လွှာရှင်မျိုးဖြစ်ကြောင်း၊ ယခု လျှောက်ထားတဲ့ CV က ကိုယ်တတ်ကျွမ်းတဲ့ အတတ်ပညာနဲ့ အတွေ့အကြုံတွေကို ရောင်းချနေတဲ့ CV တစ်စောင်ဖြစ်ကြောင်း ပေါ်လွင်အောင်ပြသနိုင်ရင်တော့ အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဘက်စလုံးအတွက် လူမှန်၊ နေရာမှန်ဆိုတဲ့ စကားအတိုင်း အံဝင်ဂွင်ကျဖြစ်လာမှာပါ။

          CV တစ်စောင်ကို ရေးသား ပြင်ဆင်တဲ့အခါမှာ ကိုယ်ကြိုက်နှစ်သက်သလို ပြင်ဆင်နိုင်ပေမယ့် အလုပ်ခေါ်တဲ့သူ အထင်ကြီးဖို့ဆိုရင် အခြေခံ စည်းမျဉ်းတွေကိုတော့ လိုက်နာရမှာ ဖြစ်ပါတယ်။ ဒါကလည်း သေချာစဉ်းစားသုံးသပ်ရင် လွယ်ကူရိုးရှင်းတဲ့ စည်းမျဉ်းတွေပါ။ ကိုယ်လျှောက်တဲ့ ရာထူးက အတတ်ပညာပိုင်းဆိုရင်တော့ ကျွမ်းကျင်မှုကို ပေါ်လွင်အောင် ဦးစားပေးရေးသားရမှာဖြစ်သလို အသက်မွေးဝမ်းကျောင်းအတွက်ဆိုရင်တော့ အရည်အချင်းကို ဦးစားပေး ဖော်ပြရမှာ ဖြစ်ပါတယ်။

CV တစ်စောင်တည်းက အလုပ်အကိုင် ရာထူးအမျိုးမျိုးကို လျှောက်ထားဖို့ မသင့်လျော်တာကို သတိပြုရမှာပါ။ ဒါကြောင့် ကိုယ်လျှောက်တဲ့ ရာထူး၊ အလုပ်အကိုင်အမျိုးအစားပေါ်မူတည်ပြီး ပြင်ဆင်ရေးသားရမှာပါ။ အလုပ်လျှောက်သူတိုင်းမှာ အခြေခံ အချက်အလက်တွေတူတဲ့ CV ပုံစံ တစ်စောင်တော့ ရှိတတ်ကြပေမယ့် သူတို့ လုပ်ခဲ့တဲ့ အလုပ်အကိုင်တွေပေါ်မူတည်ပြီး  CV မျိုးကွဲ များစွာကို ဖန်တီးနိုင်ကြပါတယ်။ Sales (အရောင်း ဝန်ထမ်း) ရာထူးအတွက် လျှောက်ထားတဲ့ CV၊ Marketing Executive (ဈေးကွက် တာဝန်ခံ) ရာထူးအတွက် လျှောက်ထားတဲ့ CV အစရှိတဲ့ ပုံစံအမျိုးမျိုးကို ပြင်ဆင်ကြရပါတယ်။

ဒီလို ပြင်ဆင်တဲ့ အခါမှာ ပါသင့်တဲ့ အချက်တွေ ပါရအောင် ဘယ်လိုပြင်ဆင်ရမယ်ဆိုတဲ့ အခြေခံ အချက်အလက်တွေကို ဥပမာ အချို့နဲ့အတူ လေ့လာကြည့်ကြရအောင်။

 (၁) CV တစ်စောင်က မှန်ကန်တဲ့ စာလုံးပေါင်းပုံစံနဲ့ သန့်ရှင်းသပ်ရပ်နေဖို့ လိုပါတယ်။ စာလုံးပေါင်း သတ်ပုံ မှားနေတဲ့ CV တွေက အင်တာဗျူးမပါတာ များပါတယ်။

(၂) CV နှင့်အတူ တွဲဖက်တင်ပြတဲ့ အထောက်အထားတွေက ကိုယ့်လျှောက်တဲ့ ရာထူးနဲ့ အသက်မွေးဝမ်းကျောင်းအတွက် သိသာထင်ရှားတဲ့၊ အထောက်အကူပြုတဲ့ အထောက်အထားတွေ ဖြစ်ဖို့လိုပါတယ်။

ဒါ့အပြင် CV ပါ အချက်အလက်တွေက ကိုယ်လျှောက်တဲ့ ရာထူးနဲ့ ကိုက်ညီမှု ရှိမရှိကို ခေါ်ယူတဲ့ အလုပ်ခေါ်စာပါအချက်တွေနဲ့ ပြန်လည်တိုက်ဆိုင် စစ်ဆေးရပါမယ်။ ခေါ်ယူတဲ့ ရာထူးအတွက် လိုအပ်တဲ့ သတ်မှတ်ချက်များများကို တိုက်ဆိုင်အောင်ပြင်ဆင်နိုင်လေလေ ကိုယ်က အလုပ်ရဖို့ ပိုနီးစပ် လေလေဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအချက်အလက်တွေကို ပြင်ဆင်တဲ့အခါမှာ ပေါ်လွင်ထင်ရှားအောင် ဂရုတစိုက် ပြင်ဆင်ရပါမယ်။

 (၃) အခြေခံ အချက်အလက်တွေဖြစ်တဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ် (personal details) တွေဖြစ်တဲ့ အမည်၊ ဖုန်းနံပါတ်၊ email လိပ်စာ စတဲ့ အရာတွေကို ထည့်သွင်းပေးရပါမယ်။ လိပ်စာနဲ့ အသက်အပိုင်းအခြားကို ကိုယ့်ရဲ့ အတွင်းရေးနှင့် အသက် ကန့်သတ်ချက် အခြေအနေတွေကို ရှောင်ရှားနိုင်ဖို့ လိုအပ်မှသာ ထည့်သွင်းသင့်ပါတယ်။

(၄) ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေက ကိုယ်လျှောက်တဲ့ ရာထူးနဲ့ ကိုက်ညီတဲ့ အချက်အလက်တွေဖြစ်ရမှာဖြစ်သလို ကိုယ့်ရဲ့အရည်အချင်းကို အထင်ကြီးလေးစားလာအောင် ပြင်ဆင်ထားရပါမယ်။

 (၅) ကိုယ်လျှောက်တဲ့ အလုပ်နဲ့ သက်ဆိုင်တဲ့ သိသာထင်ရှားသော အောင်မြင်မှုတွေကို ဖော်ပြရပါမယ်။ ဒီအချက်က ကိုယ့်အတွက် တကယ့် အခွင့်အရေးတစ်ခုဖြစ်ပြီး အောင်မြင်မှု တွေကို CV မှာ ထည့်သွင်းဖော်ပြတဲ့အခါမှာ ဒီလိုဖော်ပြတဲ့ အခါမှာ တတ်နိုင်သလောက် အကျဉ်းချုပ်ရေးသားပြီး၊ ဘယ်လောက် ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့သလဲဆိုတာကို ထည့်သွင်း ရေးသားသင့်ပါတယ်။

 (၆) လုပ်ခဲ့ဖူးတဲ့ အလုပ်အကိုင်များကို ဖော်ပြတဲ့နေရာမှာလည်း လက်ရှိ လုပ်နေတဲ့ အလုပ်အကိုင် (ဒါမှမဟုတ်) နောက်ဆုံးလုပ်ခဲ့ဖူးတဲ့ အလုပ်အကိုင်ကနေပြီး ယခင်လုပ်ခဲ့ဖူးတဲ့ အလုပ်အကိုင်တွေ အထိ အစဉ်လိုက်ဖော်ပြပေးရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် တက်ရောက်ခဲ့ဖူးတဲ့ သင်တန်းတွေကို ထည့်သွင်း ဖော်ပြတဲ့နေရာမှာလည်း အနီးစပ်ဆုံး တက်ခဲ့ဖူးတဲ့ သင်တန်းကနေ စပြီး အစဉ်လိုက် နောက်ကြောင်းပြန် ဖော်ပြရမှာပါ။

သတိပြုရမှာက ကိုယ်ထည့်သွင်းဖော်ပြတဲ့ သင်တန်းက ကိုယ်လျှောက်တဲ့ အလုပ်နဲ့ ကိုက်ညီမယ်ဆိုရင် အလုပ်ရှင်တွေရဲ့ စိတ်ဝင်စားမှုကို ပိုရနိုင်ပါတယ်။

          (၇) ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်း အတွေ့အကြုံတွေထဲမှာ အကြောင်းတစ်ခုခုကြောင့် အဆက်အစပ်ပြတ်နေခဲ့ရင် ဘာကြောင့်ပြတ်ရတယ်ဆိုတာကို ထည့်သွင်းဖော်ပြသင့်ပါတယ်။

          (၈) ကိုယ့်ပြင်ဆင်ထားတဲ့ CV နဲ့ပတ်သက်ပြီး မှန်ကန်ကြောင်း ထောက်ခံပေးနိုင်မယ့်၊ ကိုယ့်ရဲ့အရည်အချင်းကို အတည်ပြုပေးနိုင်မယ့် (recommend person) ထောက်ခံသူ ၂ ဦးကို ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်တွေနဲ့အတူ ထည့်သွင်းဖော်ပြပေးသင့်ပါတယ်။

နောက်ဆုံးအနေနဲ့ အလုပ်တစ်ခု လျှောက်ခါနီးတိုင်း ကိုယ်ပြင်ဆင်ထားတဲ့ CV ထဲမှာ အလုပ်ခေါ်စာနဲ့ မကိုက်ညီတဲ့ အချက်တွေ ပါ၊ မပါကို အနည်းဆုံး တစ်ခေါက်ပြန်လည် စမ်းစစ်သင့်ပါတယ်။

ဒီလို စမ်းစစ်တဲ့ နေရာမှာလည်း-

(၁) အလုပ်ရှင်တွေ လိုအပ်တဲ့ အရည်အချင်းကို ပေါ်လွင်အောင် ထည့်သွင်းဖော်ပြထားမှု ရှိ၊ မရှိ။

(၂) ရာထူးနဲ့ ကိုက်ညီတဲ့ အတွေ့အကြုံများကို ပေါ်လွင်အောင် ထည့်သွင်းဖော်ပြထားမှု ရှိ၊ မရှိ။

(၃) သင့်တော်တဲ့ ကိုယ်ရေးအချက်အလက်များ ပေါ်လွင်အောင် ထည့်သွင်းဖော်ပြထားမှု ရှိ၊ မရှိ။

(၄) လျှောက်ထားတဲ့ ရာထူးလိုအပ်ချက်တွေကို အမှန်တကယ်နားလည်မှုရှိကြောင်း ပေါ်လွင်အောင် ထည့်သွင်းဖော်ပြထားမှု ရှိ၊ မရှိ။

စတဲ့ အချက်တွေကို အခြေခံပြီး ပြန်လည်စစ်ဆေးရမှာ ဖြစ်ပါတယ်။

ဒါမှလည်း ကိုယ့်ရဲ့ CV က ခေါ်ယူထားတဲ့ ရာထူးနဲ့ ကိုက်ညီတဲ့ CV တစ်စောင်ဖြစ်လာတော့မှာ မလွဲ ဧကန်ပါ ခင်ဗျာ။

နောက်အပတ်တွေမှာလည်း CV တစ်စောင်ရေးသားခြင်းနဲ့ ပတ်သက်တဲ့ အခြား ဗဟုသုတ ရဖွယ်ရာတွေကိုလည်း ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

www.Jobless.com.mm

 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Mya Kyar Khine Co., Ltd

Mya Kyar Khine Co., Ltd

..Mya Kyar Khine Company Limited was established in 1997 and started distributing Paul Mitchell Professional Hair Care Products (U.S.A) to the Myanmar market. Then, Depilève Waxing and Paraffin Produ...
Show the postings (5)
Phyo Pyae Sone Myanmar Co.,Ltd

Phyo Pyae Sone Myanmar Co.,Ltd

With customers at the forefront of our minds,The Company prioritizes for the best of customer service at value price point for our guests with uncompromising quality and facilities.Starting from Distr...
Show the postings (42)
Mo Asia Co.,Ltd

Mo Asia Co.,Ltd

..Mo Asia Co. Ltd is a distributor for Dumex Milk Powder in Myanmar. Dumex is an infants' and children's nutrition company. Its products span the infant, follow on and growing-up milk categories, and ...
Show the postings (1)
One Two Three Express

One Two Three Express

..Door to door express delivery service last-mile delivery service.....
Show the postings (8)
V Net - Mandalay Internet Service Provider

V Net - Mandalay Internet Service Provider

Vision and Mission Call us rebels, but we strongly believe every home and business in Myanmar should have fast, affordable and reliable access to the internet. No compromise, no barriers, no fuss.So ...
Show the postings (33)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS