ချိတ်ဆွဲရန်စာတန်း: News-Xiaomi-Electric-Car-Industry-JobsInYangon
Xiaomi မှ လျှပ်စစ်ကားများထုတ်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့သည်မှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံခန့်ရှိနေ
တရုတ်ဖုန်းထုတ်လုပ်သူကုမ္ပဏီတစ်ခုဖြစ်တဲ့ Xiaomi ဟာ လျှပ်စစ်ကားများထုတ်လုပ်နိုင်ရန်အတွက်လည်း ကြိုးပမ်းမှုများပြုလုပ်လျှက်ရှိနေပြီး ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၁၀ ဘီလျံခန့်ကို ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့ရကြောင်း BBC သတင်းတစ်ပုဒ်မှ ဆိုထားခဲ့ပါတယ်။ သူတို့ဟာ “အရည်အသွေးမြင့် smart လျှပ်စစ်ယာဉ်များ” ကို ရောင်းချနိုင်ရန် ရည်ရွယ်ထားကြောင်းကိုလည်း ကုမ္ပဏီမှ ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့တွင် ပြောကြားခဲ့ပါသေးတယ်။
ဒေတာအချက်အလက်ကောက်ယူရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Canalys ရဲ့အဆိုအရ Xiaomi ဟာ Apple နှင့် Samsung တို့ပြီးလျှင် တတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူကုမ္ပဏီတစ်ခုအနေဖြင့်ရပ်တည်နေပြီး ယခုအခါသူတို့ဟာ ပြိုင်ဘက်ကုမ္ပဏီများဖြစ်ကြတဲ့ Apple နဲ့ Huawei တို့နည်းတူ လျှပ်စစ်ကားထုတ်လုပ်ခြင်းလုပ်ငန်းသို့လည်း ဝင်ရောက်လာကြပြီပဲဖြစ်ပါတယ်။
ကုမ္ပဏီရဲ့ CEO ဖြစ်သူ Mr Lei Jun ကတော့ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် “အဆိုပါဆုံးဖြတ်ချက်အား ကျွန်ုပ်တို့ရဲ့လုပ်ငန်းလက်တွဲဖော်များနဲ့ များစွာသောဆွေးနွေးမှုများပြုလုပ်အပြီးတွင် ချမှတ်ခဲ့တာဖြစ်ပြီး ဒါဟာကျနော့်ဘဝအတွက် နောက်ဆုံးအနေနဲ့ပါဝင်ပြုလုပ်သွားမယ့် စွန့်ဦးတီထွင်လုပ်ငန်းပရောဂျက်တစ်ခုလည်းဖြစ်ပါတယ်” ဟူ၍ ပြောကြားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။