Tags: News-Xiaomi-12-Smartphone-JobsInYangon
Xiaomi ရဲ့ နောက်ဆုံးပေါ် smartphone တွင် Qualcomm Snapdragon 8 Gen 1 chipset ကို ထည့်သွင်းအသုံးပြုထားပြီး ၎င်းကို မကြာမှီအချိန်အတွင်းဝယ်ယူရရှိနိုင်တော့မည်ဟုဆို
Xiaomi 12 smartphone ဟာ မကြာမှီထွက်ရှိလာတော့မှာဖြစ်ပြီး Xiaomi ကုမ္ပဏီရဲ့ CEO မှ အတည်ပြုချက်တစ်ခုအရ အဆိုပါ smartphone တွင် Qualcomm Snapdragon 8 Gen 1 chipset ကို အသုံးပြုထားမှာဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။
Xiaomi ရဲ့ တည်ထောင်သူနှင့် CEO ဖြစ်သူ Lei Jun ဟာ Qualcomm မှ ပြုလုပ်ခဲ့တဲ့ Snapdragon Tech Summit 2021 event ရှိ video တစ်ခုတွင် ပါဝင်လာခဲ့ပြီး အဆိုပါ video တွင် မကြာမှီထွက်ရှိလာတော့မည့် ဖော်ပြပါ smartphone ရဲ့ အမည်နဲ့ chipset အသစ်ကို ထည့်သွင်းတည်ဆောက်သွားမှာဖြစ်တဲ့အကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အဆိုပါ smartphone ကို “မကြာမှီတွင် ဝယ်ယူရရှိနိုင်တော့မှာ” ဖြစ်တယ်လို့လည်း Jun က ပြောကြားသွားခဲ့ပါတယ်။ Jun က Xiaomi 12 ကို စတင်ရောင်းချသွားမည့် launch date ကို အတည်ပြုပြောကြားခဲ့ခြင်းမရှိသေးသော်လည်း မကြာသေးမှီက သတင်းရရှိထားတဲ့ leak များအရ Xiaomi ဟာ အဆိုပါ ဖုန်းအသစ်ကို တရုတ်နိုင်ငံတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့မှစတင်၍ ရောင်းချသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.