ချိတ်ဆွဲရန်စာတန်း: News-YouTube-Discord-Groovy-JobsInYangon
YouTube မှ ရေပန်းစားလျှက်ရှိနေသော Discord app တစ်ခုဖြစ်တဲ့ Groovy ကို ပိတ်သိမ်းသွားစေရန် ဖိအားပေးခဲ့
YouTube မှ Discord music bot များကို စတင်၍ အရေးယူမှုများကိုပြုလုပ်လျှက်ရှိနေပြီး Discord တွင် ရေပန်းစားလျှက်ရှိနေတဲ့ Groovy Music Bot ရဲ့ပိုင်ရှင်များထံသို့ operation များကို ရပ်တန့်ရန်အတွက် အမိန့်ပေးစာတစ်ရပ်ကို ပေးပို့ခဲ့ကြောင်း The Verge မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ ၎င်းဟာ Discord အသုံးပြုသူများအတွက် YouTube မှ တေးသီချင်းများကိုနားဆင်နိုင်ရန် ပြုလုပ်ပေးတဲ့ Bot တစ်ခုဖြစ်ပြီး လက်ရှိတွင် Discord server ပေါင်း 16 သန်းခန့်မှ ၎င်းကိုအသုံးပြုလျှက်ရှိနေပါတယ်။
YouTube ရဲ့ ပြောရေးဆိုခွင့်ရသူတစ်ဦးမှ “ကျွန်ုပ်တို့ရဲ့ ဝန်ဆောင်မှုကို ပြင်ဆင်မှုများပြုလုပ်၍ စီးပွားဖြစ်ရည်ရွယ်ချက်ဖြင့် အသုံးပြုနေခြင်းကြောင့် Groovy ကို ကျွန်ုပ်တို့ရဲ့ Terms of Service အား ချိုးဖောက်လျှက်ရှိနေကြာင်း အသိပေးခဲ့ပါတယ်” ဟူ၍ ရေးသားထားခဲ့ပြီး Groovy မှလည်း ဩဂုတ်လ ၃၀ ရက်နေ့မှစတင်၍ ဝန်ဆောင်မှုကို ပိတ်သိမ်းပေးခဲ့ပါတယ်။
“Groovy ဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ကျွန်တော့်ဘဝရဲ့ အကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ကျွန်တော့်သူငယ်ချင်းဖန်တီးထားတဲ့ bot ဟာ ကောင်းမွန်မှုမရှိတာကြောင့် ကျွန်တော့်အနေနဲ့ ဒီထက်ပိုကောင်းမယ့် bot ကို ဖန်တီးနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အတွက် Groovy ကို ဖန်တီးခဲ့တာဖြစ်ပါတယ်” ဟူ၍ Groovy Bot ရဲ့ပိုင်ရှင်ဖြစ်သူ Nik Ammerlaan မှ ဝန်ဆောင်မှုပိတ်သိမ်းခြင်းအား ကြေငြာမှုပြုလုပ်စဉ်တွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။