ချိတ်ဆွဲရန်စာတန်း: News-Zoom-Live-Translation-JobsInYangon
Zoom မှ သူတို့ရဲ့ app အတွင်းသို့ Live Translation လုပ်ဆောင်ချက်အတွက် ဘာသာစကားများထပ်မံထည့်သွင်းသွားရန်ရှိကြောင်း ကြေငြာ
Zoom ဟာ သူတို့ရဲ့ အလိုအလျှောက် Live ဘာသာပြန်/ စာတမ်းထိုးစနစ်နှင့် whiteboard feature ဆိုတဲ့ လုပ်ဆောင်ချက်အသစ်ကို တိုးချဲ့မှုများပြုလုပ်၍ အပြည့်အဝ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်များကို ရရှိနိုင်ရန်အတွက် ပြုလုပ်သွားရန်ရှိကြောင်းနှင့် Zoom နဲ့ ပတ်သက်တဲ့ အခြားသောပြောင်းလဲမှုများကို စက်တင်ဘာ ၁၃ ရက်နေ့ကပြုလုပ်ခဲ့တဲ့ Zoomtopia ပွဲတွင် ကြေငြာမှုပြုလုပ်သွားခဲ့ပါတယ်။
၎င်းကြေငြာချက်အရ - အင်္ဂလိပ်ဘာသာဖြင့် အလိုအလျှောက်ဘာသာပြန်/ စာတန်းထိုးပေးမည့် real-time transcription လုပ်ဆောင်ချက်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် Free account များသို့ ထည့်သွင်းပေးခဲ့ပြီး ယခုအခါ အဆိုပါလုပ်ဆောင်ချက်အတွက် နောက်ထပ် ဘာသာစကားပေါင်း ၃၀ ကျော်ကို လာမည့်နှစ်အတွင်း ထည့်သွင်းပေးသွားတော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။
ဒါ့အပြင် Zoom မှ Paid account များအတွက် real-time translation အား ဘာသာစကား ၁၂ မျိုးဖြင့် လာမည့်နှစ်မကုန်မှီ ဝန်ဆောင်မှုပေးသွားရန်လည်း စီစဉ်နေပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မည်သည့်ဘာသာစကားများကို စတင်၍ရရှိနိုင်မလဲဆိုတာကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးတဲ့အတွက် မသိရှိရသေးပါဘူး။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။