Job vacancies from Global Wave Technology

About us

.

.

ပြည်တွင်း စီးပွားရေး လုပ်ငန်းများအတွက် အမှန်တကယ် အသုံးချနိုင်မည့် Software Application များကို ရေးဆွဲပေးရန် ရည်ရွယ်၍ Global Wave Technology ကို ၂၀၀၅ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပါသည်။ ၂၀၀၆ ခုနှစ်တွင် Software Application များကို ပိုမို ထိရောက်စွာ အသုံးပြုနိုင်ရန် လိုအပ်သော Biometric Fingerprint/RFID Time Recorder, GPS Logger အစရှိသည့် Value Added ပစ္စည်းများကို တင်သွင်း ဖြန့်ဖြူးရောင်းချပါသည်။ ၂၀၀၈ ခုနှစ်တွင် Singapore နိုင်ငံမှ Global Wave Pte Ltd နှင့် ချိတ်ဆက်ပြီး Offshore Software Development နှင့် Software Outsourcing လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင် ခဲ့ပါသည်။ Pair Programming, Scrum Framework အစရှိသည့် ဆန်းသစ်သော Agile Software Development Method များကို အသုံးပြု၍ အရည်အသွေး ကောင်းမွန်သော Software Application များကို ရေးဆွဲပေးလျက် ရှိပါသည်။  ယခုအခါ ပြည်တွင်း Customer (1000) ကျော်နှင့် ပြည်ပ Customer (50) ကျော်တို့အတွက် Biometric Applications, Human Resource Management System, GPS Applications, Online Conference System, Online Logistic Management System, CRM အစရှိသည် Software Application များကို ရေးဆွဲပေးပြီး ဝန်ထမ်းပေါင်း ၉၀ ကျော် ဖြင့် ဝန်ဆောင်မူ ပေးလျက် ရှိပါသည်။ ဆန်းသစ်လွင်သော နည်းပညာများနှင့် အမှန်တကယ် အသုံးချနိုင်မည့် Software Application များကို အဆင့်အတန်း မှီသော အရည်အသွေး၊ သင့်တော် သော ဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရန်နှင့် Customer စိတ်တိုင်းကျ ဝန်ဆောင်မှုများ ပေးနိုင်ရန် Global Wave Technology မှ အစဉ် တစိုက်ကြိုးပမ်းလျက် ရှိပါသည်။

.

Job Title Company View Job
15/10/2019
Junior .Net Developer
Global Wave Technology
Yangon (Rangoon)
15/10/2019
Software Service Technician (180,000 - 250,000)
Global Wave Technology
Yangon (Rangoon)