Jobs In Myanmar
Load...
ကုမ္ပဏီ: Great Foundation Plastic Manufacturing
Job Category
Manufacturing
No of Employees
201-500
ကုမ္ပဏီ ဖော်ပြချက်
၁၃ နှစ်တာကာလကြိုးပမ်းမှုနှင့်အတူ Company အနေဖြင့် အရောင်းနှင့် ၀န်ဆောင်မှု ကိုမြန်မာပြည်အနှံ့ မြို့များအတွင်း ခိုင်မာစွာ တည်ဆောက်ထားပြီးဖြစ်ပါသည်။ သုံးစွဲသူသာပထမ၊ အရည်အချင်းသာပထမ ဟူသော ယုံကြည်ချက်ဖြင့် ဈေးကွက်ဦးဆောင်သူဖြစ်လာရန် ဦးတည်လုပ်ဆောင်လျက်ရှိပါသည်။ ယခုအခါ GF အနေဖြင့် ပလတ်စတစ်ထုတ်ကုန် လုပ်ငန်းများအတွင်း ယုံကြည်တန်ဖိုးထားရတဲ့ brand တစ်ခုဖြစ်လာပါပြီ ဖြစ်ပါသည်။
စဉ်ဆက်မပြတ် တီထွင်မှု၊ ပြုပြင်ပြောင်းလဲမှု၊ တိုးတက်မှုများဟာ GF ရဲ့ရည်မှန်းချက်တွေပါ။ ဒါကြောင့် ကောင်းမွန်တဲ့အနာဂတ်အသီးအပွင့်များရရှိရန် Great Foundation နဲ့အတူတကွ မျှဝေခံစားကြပါစို့။၁၃ နှစ်တာကာလကြိုးပမ်းမှုနှင့်အတူ Company အနေဖြင့် အရောင်းနှင့် ၀န်ဆောင်မှု ကိုမြန်မာပြည်အနှံ့ မြို့များအတွင်း ခိုင်မာစွာ တည်ဆောက်ထားပြီးဖြစ်ပါသည်။ သုံးစွဲသူသာပထမ၊ အရည်အချင်းသာပထမ ဟူသော ယုံကြည်ချက်ဖြင့် ဈေးကွက်ဦးဆောင်သူဖြစ်လာရန် ဦးတည်လုပ်ဆောင်လျက်ရှိပါသည်။ ယခုအခါ GF အနေဖြင့် ပလတ်စတစ်ထုတ်ကုန် လုပ်ငန်းများအတွင်း ယုံကြည်တန်ဖိုးထားရတဲ့ brand တစ်ခုဖြစ်လာပါပြီ ဖြစ်ပါသည်။
စဉ်ဆက်မပြတ် တီထွင်မှု၊ ပြုပြင်ပြောင်းလဲမှု၊ တိုးတက်မှုများဟာ GF ရဲ့ရည်မှန်းချက်တွေပါ။ ဒါကြောင့် ကောင်းမွန်တဲ့အနာဂတ်အသီးအပွင့်များရရှိရန် Great Foundation နဲ့အတူတကွ မျှဝေခံစားကြပါစို့။Great Foundation သည်သင်ယုံကြည်အားထားနိုင်သော အမှတ်သင်္ကေတတစ်ခုဖြစ်ပြီး GF company ကို ၂၀၀၁ ခုနှစ် ဇွန်လ မှ စတင်တည်ထောင်ခဲ့ပါသည်။ ဦးစားပေးထုတ်ကုန်များအနေဖြင့် အရည် အသွေး ပြည့်မီသော ပလတ်စတစ်ကျု့များ၊ ဗူးများနှင့် အဖုံးများကို ထုတ်လုပ် ပါသည်။
လုပ်ငန်းတည်ရှိရာနေရာမှာ ရွှေပြည်သာ စက်မှုဇုန်(၄) ဖြစ်ပြီး မြေဧက ၇.၈ ဧကအပေါ်တွင် လုပ်ငန်းလုပ်ကိုင်လျက်ရှိပါသည်။ လုပ်သက်ရင့်ကျွမ်းကျင်ဝန်ထမ်း ၃၂၀ ဖြင့် အရည်အသွေးပြည့်မီသော ဗူးများနှင့် ၀န်ဆောင် မှု များကို ရာနှုန်းပြည့် ဖြည့်ဆည်းပေးလျက်ရှိပါသည်။
ဝယ်သူများမှ အမျိုးအစားစုံလင်သော ပလတ်စတစ်ဗူးခွံများကို စိတ်တိုင်းကျ ရွေးချယ်နိုင်ပါသည်။ ထုတ်ကုန်များ အားလုံးကို ၀ယ်သူများ ထံသို့ တင်းကျပ်သော အရည်အသွေးစစ်ဆေးမှုကို ဖြတ်သန်းပြီး မှ သာ ပေးပို့ ပါသည်။ ၄င်းအပြင် ဈေးကွက်အတွင်းသို့ ၂၀လီတာဝင်ဗူးကြီးများကိုလည်း ထုတ်လုပ်ပေးလျက်ရှိပါသည်။ တိုးတက်လာသော ဈေးကွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက်လည်း ၂၀၁၃ ခုနှစ်မှစ ပြီး company အနေဖြင့် အော်တိုဗူးမှုတ်စက်များ ဖြင့် ထုတ်ကုန်အများအပြား တိုးချဲ့ ထုတ်လုပ်လျက်ရှိပါသည်။
Company အနေဖြင့် အရည်အသွေးပြည့်မီသော ဗူးများကိုထုတ်လုပ်ရုံသာမက အမျိုးအစားစုံလင်သော ပလတ်စတစ် စက်ပစ္စည်းများနှင့် ကျု့ထုတ် မိုများကို ပါ ရောင်းချပေးလျက်ရှိပါသည်။ Company ၏ဦးတည်ချက်မှာ အမြင့်ဆုံး အရည်အသွေးပြည့် ထုတ်ကုန်နှင့် ၀န်ဆောင်မှုများကို ဖြည့်ဆည်းပေးရန်ဖြစ်ရုံမျှမက သုံးစွဲသူများ ကျေနပ်မှုရရှိစေရန်ကို လည်း အာမခံချက်တစ်ခုအနေဖြင့် ပေးနိုင်ရန်ဖြစ်ပါသည်။GF အနေဖြင့် ပြည်ပ မှ မိုစက်ရုံ ကြီးများ၊ စက်ပစ္စည်းစက်ရုံကြီးများနှင့် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ထားနိုင်သဖြင့် အကောင်းဆုံး ဈေးနှင့် အကောင်းဆုံး ၀န်ဆောင်မှုများကို သင့် ထံ ပေးပို့နိုင်မှာ အသေအချာပါ။

AIR COMPRESSOR

GF အနေဖြင့် Compressor များကို ရောင်းချရုံမျှမက ပြုပြင် ထိန်းသိမ်းဝန်ဆောင်မှုများကိုပါ ဆောင်ရွက်ပေးလျက်ရှိပါသည်။

PRODUCT

ပလတ်စတစ် ဗူးထုတ်ကုန်တွင် တီထွင်ထုတ်လုပ်နိုင်သူအနေဖြင့် GF သည် ထုတ်ကုန်အရည်အသွေးကို အစဉ်အမြဲ upgrade လုပ်နိုင် ရန်ကြိုးပမ်းလျက်ရှိပြီး ၀ယ်ယူသူများ၏လိုအပ်ချက်နှင့် ခေတ်မီ နည်းပညာ များကို အပြည့်စုံဆုံး ပေါင်းစပ်နိုင်ရန် အမြဲ ကြိုးစားလျက်ရှိပါသည်။

မြန်မာနိုင်ငံရှိ အလုပ်များ၊ ရန်ကုန်ရှိအလုပ်များ

Information
ဝမ်း နည်း ပါ သည်။ သို့ သာ် ၄င်း အလုပ် ကမ်း လှမ်း ချက် များ ကို ယ ခု ထက် ပို ပြီး မ ရ ရှိ နိုင် တော့ ပါ
ဝမ်း နည်း ပါ သည်။ သို့ သာ် ၄င်း အလုပ် ကမ်း လှမ်း ချက် များ ကို ယ ခု ထက် ပို ပြီး မ ရ ရှိ နိုင် တော့ ပါ ရန်ကုန်ရှိ နောက်ထပ်ထောင်ပေါင်းများစွာသော အလုပ်များနှင့် www.jobsinyanogn.com နှင့် www.jobless.com.mm တွင် လူကြီးမင်းသည် မြန်မာနိုင်ငံရှိအလုပ်များကို ရှာနိုင်ပါသည်။

အသစ်ရှာဖွေမှုကို ကြိုးစားကြည့်ပါ။

မြန်မာနိုင်ငံရှိ အလုပ်များကို အောင်ပါနည်းများဖြင့် ရှာပါ။



ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS