မြန်မာတိုင်းရင်းသားလူမျိုးများကြီးပွားတိုးတက်ချမ်းသာလာစေရေး၊ တိုင်းပြည်နှင့် လူမျိုးအဆင့်အတန်းမြင့်မားလာစေရေး၊ အမျိုးဘာသာသာသနာကို စောင့်ရှောက်လှူဒါန်းသွားနိုင်စေရေး၊ ဖွံ့ဖြိုးတိုးတက်လာသည့် မြန်မာနိုင်ငံ အခြေခံအဆောက်အအုံလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သွားနိုင်ရန်၊ သတင်းအချက်အလက်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သွားနိုင်ရန်၊ S.M.E အသေးစားနှင့် အလတ်စား စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သွားနိုင်ရန်၊ အစုရှယ်ယာဝင်များအတွက် သေချာပေါက်အကျိုးအမြတ်ရရှိစေမည့် လုပ်ငန်းများကိုသာစိစစ်ဆောင်ရွက်သွားနိုင်ရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် စနစ်တကျ လုပ်ဆောင်မှုဖြစ်စေရန်၊ အစုရှယ်ယာထည့်ဝင်သူများအတွက် ရေရှည်အကျိုးစီးပွားဖြစ်ထွန်းစေမည့် စိတ်ချလုံခြုံသော အဖွဲ့အစည်းအဖြစ် ခိုင်မာစွာ ရပ်တည်သွားနိုင်စေရန်။
၂၀၁၅ ခုနှစ် စတော့ရှယ်ယာဈေးကွက်တွင် ပါဝင်နိုင်မည့် နိုင်ငံတကာစံဝင်သည့် ဥပဒေစည်းကမ်းနည်းလမ်း ပုံဖော် ဆောင်ရွက်ထားသည့် အရည်အချင်းပြည့်မီသောအများပိုင်ကုမ္ပဏီ ဖြစ်လာစေရန်၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် မိမိတို့တတ်စွမ်းသည့် ကဏ္ဍများမှ ပါဝင်ဆောင်ရွက်သွားရန်၊ စီးပွားရေးလုပ်ငန်းများတွင် ဖြောင့်မတ်ရိုးသားသော စီမံခန့်ခွဲမှုဖြင့် လည်ပတ်လှုပ်ရှားဆောင်ရွက်သွားရန်၊
– ၅ / ၅ / ၂၀၁၃ ခုနှစ် နေ့တွင် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခွင့်လျှောက်ထားတင်ပြခဲ့ပါသည်။ : ၂ / ၉ / ၂၀၁၃ ခုနှစ် နေ့တွင်အမျိုးသားစီမံကိုန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ကကုမ္ပဏီမှတ်ပုံတင်လက်မှတ်အမှတ်၂၆၇၅/၂၀၁၃-၂၀၁၄ ဖြင့်မှတ်ပုံတင်ခွင့် ပြုခဲ့ပါသည်။ : ကုမ္ပဏီ၏ မတည်ငွေရင်း အစုရှယ်ယာမှာ ၂၀၀၀၀၀၀၀၀၀ိ/- (ငွေကျပ်ကုဋေပေါင်း ၂၀၀ိ/-တိတိ= နှစ်ဘီလီယံ တိတိ ) ဟု သတ်မှတ်ထားပါသည်။ : ကုမ္ပဏီ၏ အစုရှယ်ယာ တစ်စုလျှင် ကျပ်တစ်သိန်း တိတိ သတ်မှတ်ထားပါသည်။
ရောင်းဝယ်ရေးလုပ်ငန်း ၀န်ဆောင်မှုလုပ်ငန်း စက်မှုလက်မှုနှင့်ထုတ်လုပ်မှုလုပ်ငန်း ခရီးသွား လုပ်ငန်း ကျောက်မျက်လုပ်ငန်း ဆောက်လုပ်ရေးလုပ်ငန်း ဘဏ်လုပ်ငန်း နိုင်ငံတော်မှခွင့်ပြုသည့် အခြားလုပ်ငန်းများ
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။