Job Category
Electronics / Electrical Equipment
No of Employees
501-1000
We are looking forNIBBAN Electric & Electronics လုပ်ငန်းကို လုပ်ငန်းရှင် ဦးသိန်းကြည်မှ ၁၉၇၂ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ပါတယ်။ ပထမဦးဆုံး ထုတ်ကုန်အဖြစ် ဗဟိုလျှပ်တာပြောင်းစက် ကို ၁၉၇၂ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်တွင် ဗဟိုဘက်ထရီသုံးမီးချောင်းချုပ်နှင့် ဗဟို ဘက်ထရီအားသွင်းစက် ၊ ၁၉၇၈ ခုနှစ်တွင် ဗဟိုမီးအားမြှင့်စက် ၊ ၁၉၈၄ ခုနှစ်တွင် NIBBAN TV Antenna ၊ ၁၉၉၄ ခုနှစ်တွင် NIBBAN Safeguard ၊ ၁၉၉၇ ခုနှစ်တွင် ဗဟိုအင်ဗာတာ နှင့် ၂၀၀၀ ပြည့်နှစ်တွင် TV Antenna Booster များကို တီထွင်ထုတ်လုပ်ခဲ့တယ်။
၂၀၀၄ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် လုပ်ငန်း၏အမည်ကို ရွှေဗဟိုစက်မှုလုပ်ငန်းမှ Nibban Electric & Electronics သို့ ပြောင်းခဲ့ပါသည်။ ထိုနှစ်တွင်ပင် နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ဖြစ်သော ISO 9001:2000 လက်မှတ်ရရှိခဲ့ပါသည်။
၂၀၀၆ ခုနှစ်တွင် NIBBAN အမှတ်တံဆိပ်ဖြင့် မီးအားမြှင့်စက်အမျိုးမျိုးနှင့် အင်ဗာတာအမျိုးမျိုး တို့ကို တိုးချဲ့ထုတ်လုပ် ခဲ့ပါသည်။
၂၀၀၈ ခုနှစ်တွင် Digital ရုပ်သံလိုင်းများကို ဖမ်းယူကြည့်ရှုနိုင်သော Digital TV Set-top Box နှင့် Antenna များကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး ထုတ်လုပ်ဖြန့်ဖြူးနိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံ၏ ရုပ်သံဖမ်းယူမှုဆိုင်ရာပစ္စည်းများ ထုတ်လုပ် ရောင်းချသည့် လုပ်ငန်းနယ်ပယ်တွင် ဈေးကွက်ဦးဆောင်အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့ပါသည်။
၂၀၀၉ ခုနှစ်တွင် Colour TV, DVD/EVD ဖွင့်စက်များ၊ အသံချဲ့စက်နှင့် စပီကာများ၊ Infrared Cooker ၊ Air Cooler ၊ Hot & Cold Water Dispenser ၊ လျှပ်စစ်ပန်ကာ၊ လျှပ်စစ်ထမင်းပေါင်းအိုးများ၊ အိမ်သုံးနှင့်လုပ်ငန်းသုံး Online UPS များကို ထုတ်လုပ် ဖြန့်ဖြူးခဲ့ပါသည်။
၂၀၁၀ ခုနှစ်တွင် Air Conditioner, ရေခဲသေတ္တာ၊ Chest Freezer နှင့် LCD TV များကိုပါ တိုးချဲ့ဖြန့်ဖြူး ရောင်းချခဲ့ပါသည်။
၂၀၁၁ ခုနှစ်တွင် မီးဖိုချောင်သုံးလျှပ်စစ်ပစ္စည်းများဖြစ်သော Ceramic Cooker ၊ (ဒုတိယမျိုးဆက် Infrared Cooker) ၊ Induction Cooker (လျှပ်စစ်သံလိုက်မီးဖို) ၊ Electric Frying Pan (အကြော်အိုး) ၊ Coffee Maker (ကော်ဖီဖျော်စက်) ၊ Bread Toaster (ပေါင်မုန့်ကင်စက်) ၊ Electric Blender (သစ်သီးဖျော်စက်) များကို တိုးချဲ့ဖြန့်ဖြူးခဲ့သလို အိမ်သုံးလျှပ်စစ်ပစ္စည်းများ ဖြစ်သော Electric Termo Pot (လျှပ်စစ်ဓာတ်ဘူး) ၊ Electric Cloth Dryer (အ၀တ်ခြောက်စက်) နှင့် Hair Dryer (ဆံပင် လေမှုတ်စက်) များအပြင် Foldable TV Antenna (ခေါက်အင်တာနာ) အသစ်တစ်မျိုးကိုပါ တိုးချဲ့ထုတ်လုပ်ဖြန့်ဖြူးရောင်းချ ခဲ့ပါတယ်။
၂၀၁၂ ခုနှစ်တွင် စင်မြင့်ဖျော်ဖြေရေးသုံး စပီကာဘောက်(စ်) နှင့် အသံချဲ့စက်များ၊ ခြင်ဖမ်းစက် များကို တိုးချဲ့ဖြန့်ဖြူး ခဲ့ပါသည်။
၂၀၁၃ ခုနှစ်တွင် Digital Tuner ပါသော LED TV များကို တိုးချဲ့ဖြန့်ဖြူးခဲ့ပါသည်။
၂၀၁၄ ခုနှစ်တွင် Air Fryer, Electric Grill, Pressure Cooker နှင့် Solar Lighting Products များကို တိုးချဲ့ဖြန့်ဖြူး ခဲ့ပါသည်။
၂၀၁၄ ခုနှစ်တွင် အာဆီယံအင်ဂျင်နီယာအဖွဲ့ချုပ်မှ ချီးမြှင့်သော အာဆီယံအင်ဂျင်နီယာဆိုင်ရာ ထူးချွန်ဆုကို ရရှိခဲ့ ပါသည်။
၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးမှ ချီးမြှင့်သော နိုင်ငံ့စွမ်းဆောင်ရည်ဆု ထူးချွန်အလတ်စား စီးပွားရေးလုပ်ငန်းရှင် (ကုန်ထုတ်လုပ်မှု) တတိယဆုကို ရရှိခဲ့ပါသည်။
Jobs in Myanmar, jobs in Yangon
Information
We are sorry but this job offer is not available any more.