Job Category
FMCG
No of Employees
201-500
၂၀၀၃ ခုနှစ်တွင် ရှမ်းရွှေတောင် ရှူးရှဲလက်ဖက်အား မြန်မာ့လက်ဖက် ဈေးကွက်အတွင်း ကျန်းမာရေးနှင့် သင့်တော်ညီညွတ်စေသော ထုတ်လုပ်မှုပုံစံဖြင့် စားသုံးသူများထံ ပထမဦးဆုံး အောင်မြင်စွာ FDA စစ်ဆေးထောက်ခံချက်များဖြင့် ထုတ်လုပ်ဖြန့်ချီရောင်းချခဲ့သည်။ ထိုမှတဆင့် ဇယန်းလက်ဖက် ၊ ဂျင်းမွှေး ၊ နှစ်ပြန်ကြော် ၊ ရွှေဥကြော် စသည်တို့ကို ထပ်မံ ထုတ်လုပ်ဖြန့်ချီရောင်းချီရောင်းချခဲ့ပါသည် ။ မြန်မာနိုင်ငံအတွင်းရှိ လက်ဖက်စားသုံးသည့် အရောင်းဈေးကွက်တွင် အရောင်း ဈေးကွက်ရှယ်ယာ ၇၅% ဖြင့် ယနေ့အချိန်အထိ ကျန်းမာရေးနှင့်ညီညွတ်မှုရှိစေသော ခေတ်မီနည်းစနစ်များ ၊ ခေတ်မီစက်ကိရိယာ ထုတ်လုပ်မှု ပုံစံများဖြင့် အောင်မြင်စွာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျှက်ရှိပါသည် ။ ထို့နောက် ၂၀၁၈ခုနှစ်တွင် ကုမ္ပဏီလီမိတက်ပုံစံဖြင့် ဈေးကွက်လိုအပ်ချက်အား ပိုမိုထိရောက်စွာ ရောင်းချလုပ်ကိုင်လျှက် ရှိပါသည် ။ အဆိုပါ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၏ လက်ဖက်လောကတွင် ပထမဦးဆုံး နိုင်ငံတကာအဆင့်မီ ဥရောပ (EU)အသိမှတ်ပြု လက်မှတ်ရ ‘‘ ပလိုင်း အော်ဂဲနစ် နှမ်းလက်ဖက် အနှစ် နှင့် နှမ်းလက်ဖက် အညွန့်” တို့ကို Premium Qualityအဖြစ် ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများ၏ ဈေးကွက်အတွင်းသို့ ထပ်မံ ထုတ်လုပ် ရောင်းချနိုင်ခဲ့ပါသည် ။ လက်ရှိ စက်ရုံတွင် နေ့စား ၀န်ထမ်း - ၄၀၀ ဦးရေ ၊ လခစာ ၀န်ထမ်း - ၁၀၀ ဦးရေ ခန့်ကို မြန်မာနိုင်ငံ အလုပ်သမားဥပဒေများနှင့်အညီ အလုပ်ကိုင်အခွင့်လမ်းများ ပေးအပ်ခန့်ထားနိုင်ကာ ၊ စားသုံးသူများအတွက် ကျန်းမာရေးနှင့် ညီညွတ်ကာ သန့်ရှင်းသပ်ရပ်သော ၊ ခေတ်မီနည်းပညာများဖြင့် ဈေးကွက်လိုအပ်ချက်ကို ဖြည့်တင်းရောင်းချပေးနိုင်ရန် ကြိုးစားထုတ်လုပ် ရောင်းချလျှက်ရှိသည် ။ အဓိကအားဖြင့် ရှမ်းရွှေတောင်လက်ဖက်နှင့် ပလိုင်း(အော်ဂဲနစ်)လက်ဖက် ဟူ၍ (၂)မျိုး ခွဲခြားထုတ်လုပ်ရောင်းချလျှက် ရှိသည် ။
ရှမ်းရွှေတောင်လက်ဖက် ထုတ်ကုန်များမှာ
၁။ ရှမ်းရွှေတောင်-ရှူးရှဲလက်ဖက်
၂။ ရှမ်းရွှေတောင် - ဇယန်းအညွန့်နှပ်
၃။ ရှမ်းရွှေတောင်-ဂျင်းမွှေး
၎။ ရှမ်းရွှေတောင် - နှစ်ပြန်ကြော်
၅။ ရှမ်းရွှေတောင်-ရွှေဥကြော်
မြန်မာ့နိုင်ငံတွင် ပထမဦးဆုံး EU အသိမှတ်ပြု Certificate လက်မှတ်ရ အော်ဂဲနစ်စစ်စစ် - ပလိုင်းလက်ဖက် Premium Standard ပလိုင်း အော်ဂဲနစ် လက်ဖက် ထုတ် ကုန်ပစ္စည်းများ -
၁။ ပလိုင်း-နှမ်းလက်ဖက်အနှစ်(အော်ဂဲနစ်)
၂။ ပလိုင်း-နှမ်းလက်ဖက်အညွန့်(အော်ဂဲနစ်)
၃။ ပလိုင်း - ပဲအစေ့အစုံကြော်
မြန်မာနိုင်ငံရှိ အလုပ်များ၊ ရန်ကုန်ရှိအလုပ်များ
Information
ဝမ်း နည်း ပါ သည်။ သို့ သာ် ၄င်း အလုပ် ကမ်း လှမ်း ချက် များ ကို ယ ခု ထက် ပို ပြီး မ ရ ရှိ နိုင် တော့ ပါ