Jobs In Myanmar
Load...

သင်အလုပ်ပြောင်းခါနီး ၂ ပါတ်အလို တွင် ဖြစ်တတ်သော စိတ်ပျက်စရာ အံအားသင့်ဖွယ် အချက် ၅ ချက်

by JobInYangon


Tags: career-job-jobsinyangon



သင်အလုပ်ပြောင်းခါနီး  ၂ ပါတ်အလို တွင် ဖြစ်တတ်သော  စိတ်ပျက်စရာ အံအားသင့်ဖွယ် အချက် ၅ ချက်

          သင်လည်း အလုပ် အသစ်ရပြီး ကောင်းမွန်တဲ့ အလုပ်အသစ် အတွက် အဆင်သင့်ဖြစ်နေ ချိန်မှာ လုပ်စရာရှိတဲ့ တစ်ခုထဲသော အလုပ်က အခုလက်ရှိ အလုပ်ကို သင်အလုပ်ထွက်တော့မယ်ဆိုတာပြောရုံပါပဲ။ ကုမ္ပဏီကထွက်မည့်အကြောင်း နှုတ်ထွက်စာတင် အသိပေးပြီးသည့်နောက် ထိုကုမ္ပဏီတွင် ဆက်လက်တာ ၀န်ထမ်းဆောင်ရန် ကျန်ရှိနေသည့် ၂ပါတ်တာကာလသည် သင့်အတွက်တော့ အနည်းငယ် ပျင်းရိငြီးငွေ့ဖွယ် ကောင်းနေပေလိမ့်မည်။ ရယ်စရာကောင်းသော မမျှော်လင့်နိုင်တဲ့ အရာတွေတော့ ဖြစ်လာနိုင်တာ တွေတော့ သင် Notice ပေးပြီးနောက်ပိုင်းမှာ ဖြစ်လာလိမ့်မည်။ တချို့အကြောင်းအရာတွေကတော့ ရုတ်တရက်ကောင်း လာပြီး တချို့ကတော့ စိတ်ပျက်ဖို့ကောင်းလိမ့်မှာတော့ အမှန်ပင်။

၁။     သင် ရုတိတရက်ကြီး စိတ်အားများထက်သန်လာမည်။

သင် အလုပ်ထွက်ရင် သင့်အနေနဲ့ လက်ရှိအလုပ်မှာသင့်ကိုသင် အလုပ်မှာလျော့ရဲ နေတယ်ထင်ပြီး အလုပ်တွေ ပိုပြီး လုပ်လာမယ် အစည်းအဝေးတွေ ခနခန ထိုင်ပြီး အလုပ်တွေလုပ်ဖြစ်နေမယ်၊ နောက်ပြီး တော်တော် ကြာကြာ ထုတ်မရောင်းဖြစ်တဲ့ ပစ္စည်းတွေကိုလည်းပြန်ရောင်းဖြစ်လိမ့်မည်။ (ဆိုလိုချင်တာက အလုပ်ကို ပိုကြိုးစားမှုကို ပြောချင်တာပါ) သင့်အတွက်လည်း အလုပ်အသစ်အတွက် စိန်ခေါ်မှု တစ်ရပ် ကို ဖြေရှင်းသလို ဖြစ်စေပါတယ်။ အခုပြောတာတွေဖြစ်နေတာက လုံးဝ ပုံမှန်ပါပဲ။ ရယ်စရာ အဖြစ်အပျက်တွေ ကတော့ ဖြစ်တတ်ပါတယ် သင်ကတော့ တရားဝင် နှုတ်ထွက်စာတင် ပြီးသွားပါပြီ။ ဖြစ်နေတာက သင်ပာာရုံးမှာပိုပြီး နောက်ကျအောင် နေဖြစ်မယ် ဒါမှမပာုတ် သင်အလုပ်စ၀င်ကတည်းက ကြန့်ကြာနေတဲ့ Project တွေကိုတောင် ပြီးမြောက် သွားစေနိုင်ပါတယ်။

၂။     သင်သေချာတောင်မသိသေးတဲ့ သူတွေသင့်ကို စကားတွေလာပြော ကြလိမ့်မယ် (ပြီးတော့သူတို့က သင့်ကို မင်းက တော်တော် လေးကို ကောင်းမွန်တဲ့သူလို့ပြောလိမ့်မယ်)

သင် အလုပ်ထွက်ပြီဆိုတာ Company ကိုကြေညာ လိုက်ပြီဆိုရင် သင့်ရဲ့ E-mail ထဲမှာ (အံအားသင့်မှု တွေ၊ ကံကောင်းပါစေလို့ပြောတာတွေ ၊ Congratulation လုပ်တာတွေနဲ့) ပြည့်နေပါလိမ့်မယ်။ သို့ပေမဲ့ အဲ့ဒါတွေ အားလုံးပာာ သင်တကယ် သိပ်မသိတဲ့လူတွေဆီမှလာ တာတွေဖြစ်ပါလိမ့်မယ်။ ချွင်းချက် အနေနဲ့ တကယ် ၀မ်းသာပေးတဲ့သူကတော့ သင့်ကို အလုပ် အသစ်အတွက် လိုအပ်သောအရာတွေကို သေချာစဉ်းစား ပေးပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ချီးမွမ်းမှု့ကို ပြောပါလိမ့်မယ်။

၃။     သင့်ရဲ့အနီးကပ်ဆုံး လုပ်ဖော်ကိုင်ဖက်ကတော့ ဝေးဝေးရှောင်နေတတ်တယ်။

သင်နဲ့ အမြဲတမ်း နေ့လည်စာသွားစားနေကြ Coffee အတူတူသောက်နေကြသူတွေနဲ့က ပိုပျော်ဖို့ကောင်းရမှာ လေ ဟုတ်တယ်ဟုတ်?  ဒါပေမဲ့ သူတိုတွေက သင်အလုပ်ထွက်တာကို သိသွားရင် သင့်အနေနဲ့ အဲ့ဒီ့ လူတွေဆီ က Coffee သွားသောက်ကြရအောင် ဆိုပြီးပြောတာ မျိုး မရှိနိုင်တော့ပါဘူး။ သင်ဆုံးဖြတ်ရပါပြီ အဲ့ဒီလူတွေကို သင့်သူငယ်ချင်းတွေအဖြစ် ဆက်သွားမှာလား ဘာဆက်လုပ်မလဲ သင့်ပေါ်မူတည်ပါတယ်။

၎။     သင့် အထက်လူကြီးကတော့ပြောပါလိမ့်မယ် အလုပ်သစ်နဲ့ ရာထူးက မင်းအတွက် အဆင်သင့်မဖြစ် သေးဘူးလို့

မေးပါလိမ့်မယ် များစွာသော မေးခွန်းတွေ အလုပ်သစ် အတွက် တာဝန်ယူရမဲ့ အပိုင်းတွေ၊ Leadership အပိုင်းက ဘယ်လိုမျိုးလဲ၊ Company က စီးပွါးရေးလုပ်တာ ဘယ်လောက်ကြာပြီလဲ အစရှိသဖြင့်ပေါ့၊ သင်ကတော့ ဖြေမှာပဲ သင်ကအလုပ်သစ်အတွက် များစွာတက်ကြွနေပြီး သူမေးတဲ့ မေးခွန်းတွေကိုဖြေ လိမ့်မယ် ဒါပေမဲ့ အဲ့ဒီ့ အချိန်မှာ သင့်လူကြီး က သင်ကို စိတ်ပူနေမဲ့ ပုံစံမျိုးနဲ့ "သင့်ကို အောင်မြင်စေချင်တယ် ဒါပေမဲ့ အဲ့ဒီ့လိုမျိုးပြောင်းတာက ကောင်းတဲ့အပြုအမှုမျီုး မဟုတ်ဘူး သင်အလုပ်ထွက်ချင်တာသေချာလား?" ဆိုတဲ့ အငြောာင်း အရာတွေပြော ပါလိမ့်မယ်။ စိတ်မယိုင်သွားပါစေနဲ့။ သင့်အထက်လူကြီးက သင့်ကိုဆုံးရှုံးမှာ စိုးရိမ်နေတာ ဖြစ်နိုင်သလို အလုပ်သစ်မှာ စိတ်ညစ်အောင် လုပ်တာလဲဖြစ်နိုင်ပါတယ်။ နောက်တနည်းအားဖြင့် သင့်ကို အလုပ်ပြောင်းဖို့ကို ပြန်စဉ်းစားစေချင်ပြီးတော့ လက်ရှိ အလုပ်ကိုပဲ လုပ်စေချင်တာပါ။

၅။     အလုပ်ကို လွှမ်းဆွှတ်သလို ဖြစ်ခြင်း

ရုတ်တရက်သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ရုံးကြီးကိုသော် လည်းကောင်း၊Client Persentationမှာ အမြဲတမ်း နောက်ကျ တတ်တဲ့သူပဲဖြစ်ဖြစ်၊ Premire Coffee (ကြော်ညာ ခ မယူပါ) က်ုပဲဖြစ်ဖြစ် (ကြိုက်တော့မကြိုက်ဘူး သောက်တော့သောက်တယ်)၊ နေ့တိုင်းဝင်ထွက်သွားလာနေတဲ့ ရုံး တံခါးကြီး အစရှိသဖြင့် သင့် ကို အနည်းငယ်တော့ဝမ်းနည်းစေမှာပါ။ သိပ် အဆိုးကြီးတော့မဟုတ်ပါဘူး

အဲ့ဒါတွေက လုံးဝပုံမှန်ပါပဲ။ သင်က ကောင်းမွန်တဲ့ Company မှာ ကောင်းမွန်တဲ့ အလုပ်ကို လုပ်နေရင်တော့ ထိုကဲ့သို့ ခံစားမှုမျိုးကို ခံစားရစေမှာ အမှန်ပါပဲ၊ အကယ်လို့များ အလုပ်ပြောင်းခဲ့ရင်တောင်မှပါပဲ။ အလုပ်ပြောင်း ရတာတော့ ခက်ခဲပါတယ် ပြီးတော့ ၀မ်းနည်းမှု့ကတော့ အနည်းနဲ့အများ ပါပဲ။ လုပ်ဖော်ကိုင်ဖက်တွေကို ပြောပါ သူတို့နဲ့ အလုပ်လုပ်တာပျော် ပါတယ်ဆိုပြီး ဘယ်လောက်ပျော် ကြောင်းပြောပေးပါ၊ Notice ၂ ပါတ်မှာ ပိုပြီး ကောင်းမွန်တဲ့ ရင်းနှီးမှုဖြစ်အောင် လုပ်ပေးတာက ပိုကောင်းပါတယ်။ အဲ့လိုမှသာ အလုပ်သစ် ပြောင်းတဲ့အခါမှာ ၀မ်းနည်းမှုတွေပျောက် သွားမှာ ဖြစ်ပါတယ်။

စိတ်ပျက်စရာကောင်းမှုတွေကို မေ့ထားပြီး အလုပ်လုပ်ဖို့ ကျန်နေတဲ့ နေ့ရက်တွေမှာ အကောင်းဆုံးလုပ်ဆောင် ပေးလိုက်ပါ။ အလုပ်ကို ဆက်ကြိုးစားးပါ၊ ချီးမွှမ်းပေးပါ၊ မကောင်းပြော တာတွေမေ့ထားပါ၊

ကိုယ့်စိတ်ခံစားချက် ကို  ကောင်းမွန်အောင်လုပ်ပေးပါ။

သင် ကောင်းမွန်တဲ့ အလုပ်ကို  မကြာခင် စတင်ရတော့မှာ ပဲ။

အားလုံးပဲ ပျော်ရွှင်စရာ နေ့လေးဖြစ်ပါစေဗျာ။


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Synergy Plus Co., Ltd

Synergy Plus Co., Ltd

Vision - To be one the Leading Construction Companies Mission - To provide our High Quality Services First after SAFETY Values - Integrity, Discipline, Professionalism, Enthusiasm & Innovation .- ...
Show the postings (4)
KM Terminal and Logistics Limited

KM Terminal and Logistics Limited

VISION To be the leading Asia based logistics service provider. MISSION With our home base in Asia and a strong focus on China, we deliver the best logistics solutions to make our customers succe...
Show the postings (10)
ABC Convenience Store

ABC Convenience Store

With over 70 stores giving access to our customers and suppliers the opportunity to leverage their product on our network. We stress on providing and maintaining highest standard in product quality an...
Show the postings (6)
Mo Asia Co.,Ltd

Mo Asia Co.,Ltd

..Mo Asia Co. Ltd is a distributor for Dumex Milk Powder in Myanmar. Dumex is an infants' and children's nutrition company. Its products span the infant, follow on and growing-up milk categories, and ...
Show the postings (1)
Pocari Sweat

Pocari Sweat

.POCARI SWEAT is similar with the composition of body fluids that containing electrolytes. Therefore, it can be absorbed by the body faster and better than ordinary drinking water. It can help to prev...
Show the postings (1)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS