Tags: create-coverletter-jobless
ပထမဆုံး cover letter ဆိုတာ ဘာလဲဆိုတာကို တင်ဆက်ပေးလိုပါတယ်ရှင်။
ဘယ်လို position ကို ပဲလျှောက်လျှောက် အလုပ်တစ်ခုလျှောက်တော့မယ်ဆိုရင် လူကြီးမင်းသည် လျှောက်လွှာတစ်စောင်ကို ရေးဖို့လိုအပ်ပါတယ်ရှင်။ အဲ့ဒီစာထဲမှာ လူကြီးမင်းကို လူကြီးမင်းနှုတ်ဆက်မယ် ၊ ဒီစာကိုဘာကြောင့်ရေးရသလဲဆိုတာကို ရှင်းပြမယ်။ လူကြီးမင်းရဲ့ အတွေ့အကြုံ သို့မဟုတ် စွမ်းရည်တစ်ချို့ကို ဖော်ပြပြီး potential ဖြစ်တဲ့ လုပ်ငန်းရှင်နှင့် personally တွေ့ဖို့အခွင့်အလမ်းကို တောင်ဆိုတဲ့ အချက်တွေကို ဖော်ပြရမှာဖြစ်ပါသည်။ ဒီ cover letter ( ပူးတွဲစာ) က လူကြီးမင်းသည် အပြောနဲ့တင် မဟုတ် အရေးအသားနဲ့ပါ တိတိကျကျအကျိုးရှိရှိ ဆက်သွယ်ပြောဆိုလုပ်ကိုင်နိုင်တယ်ဆိုတာကို သိရှိစေနိုင်ပါတယ်။
Cover Letter တစ်စောင်ကို ရေးသားတဲ့အခါမှာတော့
နံပါတ် (၁) Opening Paragraph ၊ opening paragraph မှာ မိမိကိုယ်ကို မိတ်ဆက်ပြီး ဒီစာကို ဘယ်ကုပ္မဏီရဲ့ မည်သည့် department မှ မည့်သည့်ရာထူးအတွက်လျှောက်ထားဖို့အတွက် ရေးသားခြင်းဖြစ်တယ်ဆိုတာကို ဖော်ပြပါ။ ဥပမာ ကျမနာမည်ကတော့ နီနီဖြစ်ပြီး Eco နဲ့ ဘွဲ့ရထားသူဖြစ်ကာ ယခု Oil & Gas Company တစ်ခုမှာ Assistant Marketing Manager အဖြစ်တာဝန်ထမ်းဆောင်နေသတစ်ဦးဖြစ်ပါသည် စသည်ဖြင့် စတင်သင့်ပါသည်။
Paragraph(s) 2(-3) မှာတော့
လူကြီးမင်းရဲ့ ပညာရေး၊ အတွေ့အကြုံ၊ အတိတ်နဲ့ လက်ရှိလုပ်ခဲ့သော company အတွက် benefit ရအောင် teams နဲ့ မည်သည့် ပူးပေါင်းလုပ်ကိုင်ခဲ့ပုံစသည်တို့ကို ရေးသားဖော်ပြီးပြီး Paragraph 2 တွင် ဖော်ပြခဲ့သည့်အတွေ့အကြုံနှင့် ပညာရေးက ယခုလျှောက်ထားလိုသော အလုပ်နဲ့ မည်မျှ ကိုက်ညီကြောင်း၊ မိမိက မည်သည်သို့လုပ်နိုင်ကြောင်း၊ အလုပ်နှင့်ပက်သက်ပြီး ယုံကြည့်မှုရှိကြောင်းတို့ကို ဖော်ပြပြီး company အတွက် လူကြီးမင်း အတွေ့အကြုံ နှင့် စွမ်းရည်များကို အခြားသောလုပ်ဖော်ကိုင်ဖက်များနှင့် မျှဝေ၍ ပူးပေါင်းဆောင်ရွက်ပြီး organization အတွက် benefits များရရှိအောင် မည်သို့ပြုလုပ်ပေးနိုင်မည်ကို ဖော်ပြသွားရမည်ဖြစ်ပြီး
Closing paragraph -နောက်ဆုံးအနေနဲ့ကတော့ အထက်ပါဖော်ပြချက်နှင့် လူကြီးမင်း၏ အတွေ့အကြုံ နှင့် အရည်အချင်းကို ယုံကြည်မှုရှိပြီး ဒီအလုပ်ကို အလွန်စိတ်ဝင်စားသောကြောင့် လူကြီးမင်းသည် ဒီအလုပ်နှင့် သင့်လျော်မှုရှိတယ်လို့ထင်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြရမှာဖြစ်ပါတယ်ရှင်။
လူကြီးမင်း၏ရေးသားမှုကို အချိန်ပေးပြီး ဖတ်တဲ့အတွက် ကျေးဇူးတင်ရှိကြောင်းပြောပြီး သတင်းကောင်းကို စောင့်မျှော်နေပါတယ်လို့ ရေးသားရင်းနိဂုံးချုပ်သင့်ပါတယ်လို့ တင်ဆက်ရင်း cover letter ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို လူကြီးမင်းတို့သိရှိကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။
လူကြီးမင်းတို့၏ www.jobless.com.mm
အများသူငါတွေရဲ့ CV တွေထဲကနေ အလုပ်ရှင်များစီမှ ဦးစွာရွေးချယ်ဖတ်ရှုခြင်းခံရတဲ့ CVဟာ သေသပ်တိကျမှုနဲ့ အစီအစဉ်တကျရှိစွာ တည်ဆောက်ထားတဲ့CV တစ်ဆောင်ဆိုတာကတော့ ယုံမှားဖွယ်မရှိပါဘူး ။ အဲဒီအတွက် CVတစ်စောင်ကိုရေးသား တည်ဆောက်တော့ မယ်ဆိုရင် အောက်ပါအချက်များကို ဂရုပြုစေလိုပါတယ်။
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.