Jobs In Myanmar
Load...

8 lines Every Hard worker Wants to hear More from their Boss

by Admin


Tags: Employer Motivation Advice Employee Work in Myanmar Boss



သင်ဟာ အဖွဲ့အစည်းတစ်ခု၊ ဒါမှမဟုတ်၊ အသင်းအဖွဲ့တစ်ခုကို အုပ်ချုပ်နေရတဲ့ အုပ်ချုပ်သူတစ်ယောက်ဖြစ်တယ်ဆိုပါစို့။ သင့်ရဲ့တာဝန်တွေဟာ ဘာတွေပါလဲ။ အသင်းအဖွဲ့ကို လုပ်ငန်းဆောင်တာတွေ အချိန်မီအတွင်း ပြီးမြောက်အောင် ဦးဆောင်ပေးနိုင်မယ်၊ လက်အောက်ငယ်သားတွေကို မှန်ကန်တဲ့ လမ်းညွှန်မှုတွေပေးနိုင်မယ်၊ အဖွဲ့အစည်းအတွက် တိုးတက်ရာ တိုးတက်ကြောင်းတွေကို စဉ်းစားအကောင်အထည်ဖော်ပေးနိုင်မယ်၊ အစရှိသဖြင့် များစွာဖြစ်မှာပါ။ အဲ့ဒီအရာတွေထဲမှာ သင့်ရဲ့ လက်အောက်က ဝန်ထမ်းတွေကို စိတ်ဓာတ်တက်ကြွအောင်ထားပေးနိုင်ဖို့ကလည်း အရေးကြီးတဲ့ အချက်တစ်ချက်ဆိုတာ ငြင်းနိုင်မယ် မထင်ပါဘူး။ ဝန်ထမ်းတွေ ပျော်ရွှင်ပါမှ လုပ်ငန်းဆောင်တာများလည်း ပိုမိုပြီးမြောက်နိုင်မှာဖြစ်သလို၊ အလုပ်ခွင်ထဲမှာလည်း ပျော်ရွှင်ဖွယ်ပါတ်ဝန်းကျင်တစ်ခု ဖြစ်စေနိုင်မှာပါ။ (ဝန်ထမ်းတွေကို ဘယ်လို စိတ်အားတက်ကြွအောင်လုပ်မလဲဆိုတာကို အဆိုပါဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။ )

          သင့်ရဲ့ဝန်ထမ်းတွေကို ပျော်ရွှင်အောင်ထားဖို့ဆိုတာ သူတို့အတွက် စိတ်အားတက်ကြွဖွယ်ရှိအောင် ထားနိုင်ရမယ့်အပြင်၊ သူတို့အတွက် ချီးမွန်းစကားတွေကိုလည်း ရံဖန်ရံခါ ပြောပေးဖို့ လိုအပ်တာအမှန်ပါပဲ။ ဒါဆို သင့်အနေနဲ့ သင့်ရဲ့ဝန်ထမ်းတွေကို ဘယ်လိုချီးမွန်းစကားတွေပြောဆိုမလဲ၊ တစ်နည်းအားဖြင့် ဝန်ထမ်းတွေ အကြားချင်ဆုံး စကားတွေကလာလည်းဆိုတာ သိဖို့လည်း လိုအပ်ပါတယ်။ ဒါဆို အဲ့ဒီစကားတွေဟာ ဘာတွေလည်းဆိုတာ သိရအောင် ဆက်ဖတ်ကြည့်ရအောင်။

( ဒါ့အပြင်သင်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်တာနဲ့အညီ သင့်ရဲ့ ဝန်ထမ်းတွေကို အလုပ်မှာဘယ်လို ပျော်ရွှင်အောင် ထားရမလဲဆိုတာလည်း အရေးပါလှပါတယ်။ အဲ့ဒီအကြောင်းအရာကို ဒီဆောင်းပါးမှာ ဖတ်နိုင်ပါတယ်။ )

၁။ ငါမင်းအပေါ် ယုံကြည်မှုအပြည့်ရှိတယ်

          ကျွန်တော်တို့လူသားတွေဟာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုနဲ့ တည်ဆောက်ပြီး လုပ်ငန်းဆောင်တာတွေကို ပြီးမြောက်အောင်ဆောင်ရွက်ကြတာပဲမဟုတ်ပါလား။ လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ်၊ မိသားစုထဲမှာပဲဖြစ်ဖြစ်၊ စုံတွဲတွေမှာပဲဖြစ်ဖြစ် ယုံကြည်မှုဆိုတဲ့အရာ၊ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ယုံကြည်မှုဆိုတာဟာ အရေးကြီးလှပါတယ်။ ဒါ့ကြောင့် အလုပ်ခွင်ထဲမှာလည်း တစ်ယောက်ကို တစ်ယောက် ယုံကြည်မှုအပြန်အလှန်ရှိမှသာ လုပ်ငန်းဆောင်တာတွေဟာ အကောင်းမွန်ဆုံးပြီးမြောက်နိုင်မယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ဒါ့အပြင် ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းခွင်ထဲမှာ အဖြစ်ချင်ဆုံးအရာကတော့ သူတို့ရဲ့ အထက်လူကြီးက သူတို့အပေါ် ယုံကြည်မှုအပြည့်ရှိတာကိုပါပဲ။ အထက်လူကြီးအနေနဲ့ ဝန်ထမ်းတွေအပေါ် ယုံကြည်မှုရှိခြင်းကို ပြသနိုင်ရင် ဝန်ထမ်းတွေအနေနဲ့လည်း စိတ်အားတက်ကြွမှုရှိလာမှာဖြစ်သလို၊ လုပ်ငန်းခွင်တိုးတက်မှုကိုလည်း ဖြစ်စေမှာအမှန်ပါပဲ။

၂။ ဒါငါလိုချင်တဲ့ အရာပဲ။

          ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းဆောင်တာတစ်ခုခုကို ပြီးမြောက်သွားပြီဆိုပါစို့။ သူတို့အနေနဲ့လည်း အတတ်နိုင်ဆုံးကြိုးစားထားမယ်၊ ပြီးမြောက်သွားတဲ့ လုပ်ငန်းကလည်း အကောင်းဆုံးအနေအထားမှာရှိမယ်။ ဒါဆိုသူတို့အနေနဲ့ လိုအပ်တာကတော့ အထက်လူကြီးရဲ့ ချီးမွန်းစကားပါပဲ။ တစ်နည်းအားဖြင့် သူတို့ရဲ့ ကြိုးစားမှုအပေါ် အသိအမှတ်ပြုပေးတဲ့ စကားပါပဲ။ အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Lockheed Martin ရဲ့ စီအီးအိုဖြစ်တဲ့ Marillyn Hewson က သူ့ရဲ့ ဝန်ထမ်းတွေကို အောင်မြင်အောင် အုပ်ချုပ်ခဲ့တဲ့ လျို့ဝှက်ချက်တစ်ခုကို ပြောပြခဲ့ဖူးပါတယ်။ အဲ့ဒါကတော့ သူ့အနေနဲ့ ဝန်ထမ်းတွေကို အကောင်းဆုံး လုပ်ငန်းဆောင်တာတွေပြီးမြောက်အောင် ပြုလုပ်စေနိုင်ဖို့ဆိုတာ သူတို့အပေါ် ဘယ်လိုစီမံခန့်ခွဲမှုတွေပေးရမလဲ၊ ဘယ်လို လမ်းညွှန်မှုတွေပြုလုပ်ရမလဲဆိုတာ သိဖို့လိုပါတယ်။ ဒါ့အပြင် အရေးကြီးတဲ့အရာတစ်ခုကတော့ သူတို့ရဲ့ ရရှိလာတဲ့ ရလဒ်အပေါ် အသိအမှတ်ပြုပေးဖို့ပါပဲ ဆိုပြီး ပြောကြားခဲ့ဖူးပါတယ်။ သူပြောခဲ့သလိုပါပဲ၊ ဝန်ထမ်းတွေဟာ သူတို့အကောင်းဆုံးကြိုးစားထားတဲ့ရလဒ်ကို အထက်လူကြီးရဲ့ အသိအမှတ်ပြုခြင်း၊ တစ်နည်းအားဖြင်း ချီးမွန်းခြင်းကိုလိုချင်မှာမလွဲပါဘူး။ အနည်းဆုံး သင့်အနေနဲ့ ချီးမွန်းခြင်းမျိုးမပြုလုပ်ချင်တောင် သူဆောင်ရွက်လိုက်တဲ့အရာဟာ သင်လိုအပ်ချက်နဲ့ ကိုက်ညီကြောင်း ပြောဆိုပြသမှုပြုလုပ်ပေးပါ။

၃။ ငါတို့ နောက်တစ်ခါ ဒီထက်ကောင်းအောင် ဘယ်လိုလုပ်ကြမလဲ။

          သင့်အနေနဲ့ ဝန်ထမ်းတွေဟာ သင်ခိုင်းလိုက်တဲ့အလုပ်တိုင်းကို အကောင်းဆုံးဖြစ်အောင် လုပ်လာတာကြီးပဲ ကြုံတွေ့ရမှာမဟုတ်ပါဘူး။ တစ်ခါတစ်ရံလည်း သင်လိုချင်တဲ့ရလဒ်နဲ့ မကိုက်ညီတာမျိုးကို ကြုံတွေ့ရမှာအမှန်ပါပဲ။ သင့်ရဲ့ လက်အောက်ငယ်သားဟာ အကောင်းဆုံးကြိုးစားလာပေမယ့် သင်မျှော်မှန်ထားတာနဲ့ မကိုက်ညီတာမျိုးရှိခဲ့ရင် သင့်အနေနဲ့ အဲဒီအခြေအနေကို အကောင်းဆုံးဘယ်လိုကိုင်တွယ်ပါမလဲ။ သူ့ကို ဆူပူကြိမ်းမောင်းခြင်းပြုလုပ်မလား၊ သူ့ကို အပြစ်တင်မလား။ ဒါတွေကတော့ မှားယွင်းတဲ့အရာတွေပါပဲ။ ဘာလို့လဲဆိုတော့ အပြစ်မကင်းနိုင်တဲ့ ပုထုစဉ်လူသားတွေဖြစ်တာနဲ့အညီ ကျွန်တော်တို့ဟာလည်း လုပ်ငန်းခွင်အတွင်းမှာ အပြစ်တွေပြုလုပ်နိုင်လို့ပါပဲ။ အဲ့လို အမှားမျိုးတွေရှိတဲ့ ဝန်ထမ်းမျိုးရှိလာပြီဆိုရင် သင့်အနေနဲ့ ပြုလုပ်သင့်တာကတော့ ဖြစ်လာတဲ့အမှားကို ထောက်ပြဝေဖန်ခြင်းမျိုးပြုလုပ်ပေးပြီး၊ သူ့အတွက် နောက်တစ်ကြိမ်ဒီလို အမှားမျိုး ဖြစ်ခြင်းမရှိအောင် ဘယ်လိုပြုလုပ်သင့်ကြောင်း၊ ဘယ်လိုဆောင်ရွက်ရမယ့်နည်းလမ်းတွေရှိကြောင်း ဦးဆောင်လမ်းပြခြင်းမျိုးပြုလုပ်သင့်ပါတယ်။ တစ်နည်းအားဖြင့် သူ့ရဲ့အမှားကို ဖိအားပေးပြီး ကြိမ်းမောင်းတာမျိုးထက်၊ အမှားကို အမှန်ဖြစ်အောင် လမ်းပြပေးပြီး စိတ်အားတက်ကြွအောင် ပြောဆိုဆက်ဆံခြင်းမျိုး ပြုလုပ်ပေးသင့်ပါတယ်။

၎။ မင်းရဲ့ ထူးချွန်တဲ့အပိုင်းကိုပဲ အာရုံစိုက်လုပ်ပါ။

          အမေရိကားက ခေါင်းဆောင်အုပ်ချုပ်မှုပညာရပ်မှာ ကျော်ကြားလှတဲ့ ပညာရှင် Warren Berrin က ပြောဖူးပါတယ်။ လူသားတွေဟာ မွေးဖွားလာထဲက သူတို့ကျွမ်းကျင်တဲ့ ပညာရပ်တစ်ခုခုရှိလာဖို့ မွေးဖွားလာတာပါတဲ့။ သူတို့အနေနဲ့ သူတို့ ထူးချွန်တဲ့အရာမှာလုပ်ရင် ပိုမိုအလုပ်ပြီးမြောက်နိုင်တယ်ဆိုတာကို အဓိက အသားပေးပြောကြားဖူးတာပါပဲ။ သူ့အနေနဲ့ ထပ်မံပြောကြားသွားတာကတော့ ကုမ္ပဏီအများစုဟာ ဝန်ထမ်းတွေကို သူတို့လိုချင်တဲ့အရာတွေလုပ်ခိုင်းဖို့ သင်ကြားပေးနိုင်တယ် ထင်နေကြပါတယ်၊ ဒါပေမယ့် သူတို့ဟာ မှားပါတယ်တဲ့။ တကယ်ထူးချွန်တဲ့လူတွေဟာ သူတို့မှာ ထူးချွန်တဲ့ ထူးခြားတဲ့ ပညာရပ်ဆိုင်ရာ ရှိပြီးသားပါတဲ့။ အဲ့ဒီအရာကို လုပ်ခိုင်းမှသာ သူတို့အနေနဲ့ အကောင်းဆုံးထူးချွန်စွာလုပ်နိုင်မှာပါဆိုပြီး ပြောကြားသွားပါတယ်။ တစ်နည်းအားဖြင့်ပြောရရင်တော့ လူမှန်နေရာမှန်ဆိုတဲ့ ကျွန်တော်တို့မြန်မာစကားစုလိုပါပဲ။ လူမှန် နေရာမှန် မသုံးနိုင်တဲ့ ခေါင်းဆောင်အောက်မှာ အလုပ်လုပ်နေရတဲ့ ဝန်ထမ်းတွေအနေနဲ့လည်း ဘယ်လိုမှ ပျော်ရွှင်နိုင်မှာမဟုတ်သလို၊ သူတို့ရဲ့ခေါင်းဆောင်ကိုလည်း ခေါင်းဆောင်ကောင်းအဖြစ်စဉ်းစားပေးကြမှာ မဟုတ်ပါဘူး။ ဥပမာအားဖြင့် - တိုက်စစ်မှုး မက်ဆီကို ဂိုးဖမ်းခိုင်းသလိုမျိုးဖြစ်နေမှာပါ။ ဒါကြောင့် သင့်ရဲ့ ခေါင်းဆောင်မှုစွမ်းရည်ထဲမှာ လူမှန်နေရာမှန်ဖြစ်အောင်စီစဉ်နိုင်ဖို့ဟာလည်း အရေးကြီးလှပါတယ်။ (ခေါင်းဆောင်ဆိုးတစ်ယောက်လို့ ဝန်ထမ်းတွေ တွေးတောစေတဲ့အချက်တစ်ချို့ကိုလည်း ဒီဆောင်းပါးအတွင်းမှာ ဖတ်ရှုပေးနိုင်ပါတယ်)

၅။  မင်းရဲ့ ထင်မြင်ချက်ကဘာလဲ။

          ခေါင်းဆောင်းကောင်းတစ်ယောက်ဆိုတာ လမ်းညွှန်ပြသမှုတွေ၊ ဦးစီးဦးဆောင်မှုတွေ ပြုလုပ်နေရုံနဲ့ မပြီးသေးပါဘူး။ နားထောင်သူကောင်းတစ်ယောက်ဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်။ တစ်နည်းအားဖြင့် မိမိရဲ့ ဝန်ထမ်းတွေရဲ့ ထင်မြင်ယူဆချက်တွေကို နားထောင်ပေးဖို့လိုအပ်ပါတယ်။ အမြဲကိုယ်ကပဲ ပြောဆိုနေသူမဖြစ်စေပဲ၊ ဝန်ထမ်းတွေက ဘယ်လိုထင်မြင်ချက်ရှိလည်းဆိုတာကို အမြဲအကြံဥာဏ်တောင်းခံနေဖို့လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် ပွင့်လင်းတဲ့ ဆက်ဆံရေးမျိုးကို ဝန်ထမ်းတွေနဲ့ တည်ဆောက်သင့်ပြီး၊ အကြံဥာဏ်ကို အမြဲတမ်းတောင်းခံကာ အဖွဲ့အစည်းအတွက် တိုးတက်မှုကို အကောင်းဆုံး တည်ဆောက်နိုင်မှာပါ။

၆။ ဘယ်လို လမ်းညွှန်ပေးရမလဲ။

          အမေရိကန်ရဲ့ ကမ္ဘာကျော်ကုမ္ပဏီဖြစ်တဲ့ Facebook ရဲ့ COO ဖြစ်တဲ့ Sheryl Sandberg က ပြောဖူးတယ်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ သူတို့ရှိနေချိန်မှာပဲ ဦးဆောင်မှုပေးနိုင်ရမှာမဟုတ်ပဲနဲ့၊ သူတို့ အနားမှာမရှိချိန်မှာလည်း ဝန်ထမ်းတွေကို လွှမ်းမိုးမှုရှိနိုင်သူဖြစ်သင့်တယ် ဆိုပြီးပြောကြားဖူးပါတယ်။ ဝန်ထမ်းတွေအနေနဲ့လည်း ခေါင်းဆောင်ကောင်းတစ်ယောက်ဆီကနေ လိုအပ်တာတွေက လမ်းညွှန်မှုတွေ၊ နားလည်မှုတွေ အစရှိတာတွေများစွာရှိမှာပါ။ အဲ့လိုပဲ အရေးကြီးတဲ့ အချက်ကတော့ ဝန်ထမ်းတွေကို အကောင်းဆုံး လမ်းညွှန်မှုပေးနိုင်ဖို့ပါပဲ။ သူတို့ကို အသစ်အသစ်တွေ သင်ယူလိုစိတ်ရှိအောင် လမ်းပြပေးနိုင်ပြီးတော့၊ သူတို့မသိတဲ့အရာတွေကိုလည်း သိရှိနားလည်းလာနိုင်အောင် ညွှန်ကြားပေးနိုင်မယ့် ခေါင်းဆောင်တစ်ယောက်ဟာ သေချာပေါက် ခေါင်းဆောင်ကောင်းအရည်အချင်းရှိသူတစ်ယောက်ပါပဲ။

၇။ မေးခွန်းရှိရင် မေးပါ။

          ခေါင်းဆောင်းကောင်းတစ်ယောက်ဟာ လက်အောက်ငယ်သားတွေရဲ့ အကြံဥာဏ်ကို တောင်းခံသင့်တယ်ဆိုကြောင်း အထက်က အချက်မှာပြောကြားခဲ့ပြီးပါပြီ။ အဲ့လိုပဲ အရေးကြီးတဲ့အချက်တစ်ချက်ကတော့ သင့်ရဲ့ ဝန်ထမ်းတွေမှာ မရှင်းလင်းတဲ့အရာတွေရှိခဲ့ရင်ပဲဖြစ်ဖြစ်၊ သူတို့ မေးခွန်းထုတ်ချင်တဲ့အရာတွေရှိခဲ့တာပဲဖြစ်ဖြစ်၊ အလွယ်တကူ ကြောက်ရွံ့ခြင်းမရှိပဲ မေးမြန်းနိုင်အောင် ပြုလုပ်ပေးဖို့က သင့်ရဲ့တာဝန်ပဲဖြစ်ပါတယ်။ ဒါမှလည်း ဝန်ထမ်းတွေအနေနဲ့ အလုပ်ခွင်အတွင်းမှာ ဦးဆောင်သူအပေါ်၊ သူတို့လုပ်ဆောင်နေရတဲ့ လုပ်ငန်းဆောင်တာတွေအပေါ်မှာ သံသယရှိခြင်းမရှိပဲနဲ့ အလုပ်ကို အကောင်းဆုံးပြီးမြောက်အောင် ထမ်းဆောင်နိုင်မှာမလွဲပါဘူး။ ဒါ့အပြင် မရှင်းလင်းတဲ့အရာတွေကို မေးမြန်းခြင်းအားဖြင့်လည်း သူတို့အတွက် လုပ်ငန်းဆောင်တာတွေကို မှန်မှန်ကန်ကန်ပြီးမြောက်နိုင်ဖို့ အတွက် လမ်းညွှန်ပြပေးပြီးလည်း ဖြစ်မှာအမှန်ပါပဲ။

၈။ ချီးမွန်းပါ။

          နောက်ဆုံးအနေနဲ့ အရေးကြီးတဲ့အချက်ကတော့ သိရှိပြီးတဲ့အတိုင်းပဲ ချီးမွန်းခြင်းပါပဲ။ သင့်ရဲ့ ဝန်ထမ်းတွေဟာ အမြဲတမ်းတော့ ချီးမွန်းတာခံချင်လို့ အလုပ်လုပ်နေတာမဟုတ်ပေမယ့်လည်း သူတို့ရဲ့ အထက်လူကြီးထံကနေ သူတို့ဆောင်ရွက်လိုက်တဲ့အရာတစ်ခုအပေါ် အသိအမှတ်ပြုခြင်းကိုတော့ ဘယ်သူမဆို ခံယူချင်ကြမှာအမှန်ပါပဲ။ ဒါ့ကြောင့် သင့်အနေနဲ့လည်း ဝန်ထမ်းတွေကို ချီးမွန်းခြင်းအားဖြင့် သူတို့ရဲ့ ကျေနပ်မှုကိုရရှိစေမှာအမှန်ပါပဲ။ ဒါဟာလည်း အလုပ်ကို အမှန်တကယ် ပြီးမြောက်အောင် ဆောင်ရွက်နိုင်မယ့် ဝန်ထမ်းကောင်းတွေရရှိနိုင်စေမယ့် နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

(သင့်ရဲ့အလုပ်အတွက် လုပ်ငန်းတွေကို ပြီးမြောက်အောင်ဆောင်ရွက်ပေးနိုင်မယ့် ဝန်ထမ်းတွေကို ဘယ်လိုရှာဖွေမလဲဆိုတာ အဆိုပါဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ် )

 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


World Trading Co.,Ltd

World Trading Co.,Ltd

..Exporters Importers and Distributors We Import Laboratory Chemicals, Perfume Body Spray,European & Turkish Premium Food Products Yonca Sunflower Oil, Rio Santo Sauce Sole Distributor in Myanmar. ...
Show the postings (3)
Mo Asia Co.,Ltd

Mo Asia Co.,Ltd

..Mo Asia Co. Ltd is a distributor for Dumex Milk Powder in Myanmar. Dumex is an infants' and children's nutrition company. Its products span the infant, follow on and growing-up milk categories, and ...
Show the postings (1)
Fourteen Star Network Co., Ltd.

Fourteen Star Network Co., Ltd.

“To Be The Best Service Leader for Medical Devices” .Fourteen Star Network Company (FSN) has founded in 2004 in Myanmar. FSN distributes medical devices and equipment. FSN has mostly provided ima...
Show the postings (22)
Ayer Shwe Wah Co.,Ltd. [H.O]

Ayer Shwe Wah Co.,Ltd. [H.O]

Ayer Shwe Wah is a group of companies doing a variety of businesses and managing each unit underneath the breath of a strategic sustainability.Ayer Shwe Wah is one of the largest conglomerates in Myan...
Show the postings (26)
Elabram Systems CO., LTD.

Elabram Systems CO., LTD.

Our in-depth understanding of our customers' requirements allow us to deliver quality solutions and maintain long-term relationship. Elabram believes in integrity and effective management with an empo...
Show the postings (5)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS