Tags: jobsinyangon-career
ကိုယ့်ဆန္ဒနဲ့ထပ်တူကျတဲ့ အလုပ်တစ်ခုကို ဘယ်လိုရှာမလဲ?
အလုပ်ရှာပုံတော်ဖွင့်ခြင်း
ဒီကနေ့ခေတ် လူတိုင်းလူတိုင်း အဓိကကျတဲ့ စား၊ ဝတ်၊ နေရေး လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ အလုပ်လုပ် ကြရပါတယ်။ ဒီလို အလုပ်လုပ်ဖို့အတွက် လူအများစု ပထမ ဆုံးရင်ဆိုင်ရတဲ့ အဆင့်က အလုပ်ရှာရတာပါ။ တစ် နည်းပြောရရင် ကိုယ့်လိုအပ်ချက်တွေ ပြည့်စုံဖို့ အလုပ်ရအောင် ရှာကြရပါတယ်။ ဒီလို အလုပ်ရှာတဲ့ အခါမှာ တစ်ချို့က ကိုယ်ရတဲ့ အလုပ်ကို စား၊ ဝတ်၊ နေရေးကြောင့် မကြိုက်ပဲလုပ်ကြရသလို တစ်ချို့ကလဲ အလုပ် ကောင်းရပေမယ့် ဝါသနာ နဲ့မကိုက်ညီတာကြောင့် “ရတာမလို လိုတာမရ” ဖြစ်နေ တာတွေကို တွေ့ကြရပါတယ်။ ဒါ ကြောင့် အလုပ်နဲ့ဘဝ ထပ်တူကျအောင် အလုပ်ကို ဘယ်လိုရှာမလဲ။ အလုပ်ရှာတာနဲ့ပတ်သက်ပြီး စနစ်တကျ လုပ်ရမှာတွေ ပြင်ဆင်ရမှာတွေကို ဒီဆောင်းပါးမှာ ဦးစားပေး တင်ပြသွားပါ့မယ်။
အလုပ်ရှာတာနဲ့ပတ်သက်လို့ ရောင်းအားအကောင်းဆုံး အလုပ် ရှာဖွေနည်းစာအုပ် ရေးသားခဲ့ သော Richard Bolles က “လူအများစုဟာ သူတို့ဘဝမှာ အလုပ်ရှာတာကို ပျမ်းမျှ ၈ ကြိမ်ခန့်လုပ်ကြ တယ်လို့ ဆိုပါတယ်။ ဒီလိုရှာရင်းနဲ့ရလာတဲ့ အတွေ့အကြုံကြောင့် ကျွမ်းကျင်လာကြတယ်လို့ သိရပါ တယ်။ ဒါဆိုရင်တော့ အချိန်၊ ကုန်ကျစရိတ်နဲ့လုပ်အား စတဲ့အရင်းအနှီးတွေ များပါလိမ့်မယ်။ ဒီလို ဖြစ် ရတာဟာ လူတွေက အလုပ်ရှာပေမယ့် ဒီလုပ်ငန်းစဉ်နဲ့ပတ်သက်တာတွေကိုတော့ မလုပ်ချင်ကြလို့ပါ။ ကိုယ်ရေးရာဇဝင် (Curriculum Vitae – CV) ရေးတာ၊ လုပ်ငန်းအဆက်အသွယ်တွေ ချိန်ဆက်ရှာဖွေ တာ၊ ကိုယ်လုပ်မယ့် အလုပ်နဲ့ပတ်သက်ပြီး ရေရှည်ကောင်း/မကောင်း လေ့လာစုံစမ်းတာနဲ့ ယုတ်စွအ ဆုံး အင်တာဗျူးဖြေရမှာတွေကိုတောင် တစ်ချို့က မလုပ်ချင်ကြပါဘူး၊ ဒီလိုနဲ့ တကယ်အလုပ်ရတဲ့အခါ ပြင်ဆင်လေ့လာမှုတွေအားနည်းတာကြောင့် “ရတာမလို လိုတာမရ“ တွေဖြစ်လာကြတာပါ။ ဒီလိုမျိုး တွေ မဖြစ်ရအောင် အလုပ်ရှာဖွေနည်းတွေကို စုစည်းရေးသားထားပါတယ်။
နီးစပ်ရာကနေစပါ
လူတစ်ယောက်အတွက် နီးစပ်မှုဆိုတာ ရှုထောင့်အမျိုးမျိုးကနေ ယူလို့ရပါတယ်။ ကျင်လည်ရာ အသိုင်းအဝန်း နီးစပ်တာ၊ တက်ထားတဲ့ အတက်ပညာ နီးစပ်တာ၊ နေထိုင်ရာ အရပ်ဒေသနီးစပ်တာ စတဲ့ လုပ်ယူထားတာမဟုတ်တဲ့ ကိုယ် ရပ်တည်မှုအရ သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ နီးစပ်မှုတွေ ကနေ စတင်ပါ။ ဥပမာ - ကိုယ်က ပြောဆိုဆွေးနွေးတဲ့ နေရာမှာ အားသန်ရင် ဒီလို အလေ့အထနဲ့ အသက်မွေးနေသူတွေ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိသလား။ ရှာပါ။ ရှိရင် သူတို့ဘယ်လို ရပ်တည်နေသလဲ။ လေ့လာပါ။ အကူအညီတောင်းပါ။ အတုယူပါ။ မရရင် နောက်တစ်နည်းဖြစ်တဲ့ ကိုယ်တက်ထားတဲ့ အတက်ပညာနဲ့ တူညီတဲ့ အသိုင်းအဝန်းကိုရှာပါ။ ချဉ်းကပ်ပါ။ စတင် ဝင်ရောက်ပါ။ ဒါမှ မရနိုင်သေးရင် နေထိုင်ရာ ပတ်ဝန်းကျင်မှာ ရှိတဲ့ အလုပ်တွေထဲက ကိုယ်နဲ့နီးစပ်မှု အရှိဆုံး အလုပ်တစ်ခုကို ရွေးပြီး အလုပ်စလျှောက်ပါ။
အချင်းချင်း ချိတ်ဆက်ပါ
ကိုယ်နဲ့လုပ်ငန်းသဘောအရ ဆက်စပ်ပတ်သက်ခဲ့သူတွေ၊ ကိုယ့်ငယ်သူငယ်ချင်း အပေါင်းအ သင်းတွေ၊ ကျောင်းနေဘက် သူငယ်ချင်းတွေကို ကိုယ်အလုပ်ရှာနေတဲ့အကြောင်း အသိပေးပါ။ သူတို့နဲ့ နီးစပ်တဲ့ အလုပ်တွေထဲက ကိုယ်နဲ့ သင့်တော်မယ့် အလုပ်ကို ရွေးချယ် အကူအညီတောင်းခံ ပါ။
နောက်ဆုံးကနေ ပြန်စပါ
တစ်ချို့အလုပ် လုပ်ရင်းနဲ့ နောက်ထပ် အလုပ်ရှာနေသူတွေ ရှိသလို အကြောင်းအမျိုးမျိုး ကြောင့် လုပ်ငန်းခွင်နဲ့ အဆက်အသွယ်ပြတ်ပြီး အလုပ် ပြန်လျှောက်သူတွေလဲ ရှိပါတယ်။ ဒီလို သူတွေ အတွက် အလုပ်အမြန်ရနိုင်တဲ့ အလွယ်ဆုံးနည်းလမ်းကတော့ ကိုယ် လက်ရှိလုပ်နေတဲ့ အလုပ် ဒါမှမ ဟုတ် နောက်ဆုံးလုပ်ခဲ့တဲ့ အလုပ်နဲ့ဆက်စပ်မှု ရှိတဲ့ အလုပ်ကိုရှာဖို့ပါ။ ဒီလို ရှာတဲ့အခါမှာ ရာထူး၊ နေရာထက် ဝင်ငွေ အခြေအနေ လုံလောက်တယ်ဆိုရင် ရွေးချယ်လိုက်ပါလေ။
ရေးသားခဲ့တဲ့ အကြောင်းအရာတွေက နီးစပ်မှုကို အခြေခံပြီး အလုပ်ရှာတဲ့ နည်းလမ်းတွေပါ။ နောက်ထပ်ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းတွေကို ဆက်လက်တင်ပြပါ့မယ်။
အလုပ်ဖြစ်နိုင်တာကို လုပ်ပါ
အလုပ်ဖြစ်နိုင်တာကို လုပ်ပါလို့ ဆိုတာ ရရာ အလုပ်ကို ဝင်လုပ်ခိုင်းတာ မဟုတ်ပါဘူး။ ကိုယ် လျှောက်ချင်တဲ့ အလုပ် ပတ်ဝန်းကျင် ရှိရာ အသိုင်းအဝန်းကို ဝင်ရောက် ကျင်လည်ဖို့ တိုက်တွန်းတာ ပါ။ ဥပမာ - ကိုယ်က စာရင်းကိုင် တစ်ယောက် ဖြစ်ချင်တယ်။ ဒီအလုပ်နဲ့ အသက်မွေးချင်တယ် ဆိုပါစို့။ စာရင်းကိုင် အသိုင်းအဝန်းနဲ့ နီးစပ်ရာ ပုဂ္ဂိုတွေဆီ ချဉ်းကပ်ပါ။ သူတို့ အကြုံပေးတာတွေကို လုပ်ဆောင် ပါ။ သင်တန်းတွေ၊ နီးစပ်ရာ တွေ့ဆုံပွဲတွေ၊ ဟောပြောဆွေးနွေးမှုတွေကို တက်ပါ၊ ဒီလိုလုပ်ရင်း ကိုယ်လျှောက်ချင်တဲ့ အလုပ်နဲ့ ဆက်စပ်နေတဲ့ သူတွေ၊ သြဇာ အာဏာရှိသူတွေကို မိတ်ဖွဲ့ပါလေ။
အကျိုးဆောင် (အေဂျင်စီ) များနဲ့ ချိတ်ဆက်ပါ။
ကိုယ် အလုပ်ရှာနေတာကို အကျိုးဆောင် (အေဂျင်စီ) တွေ သိအောင် အကြောင်းကြားပါ။ ဒီလို အကြောင်းကြားတဲ့အခါမှာ ကိုယ်လုပ်ချင်တဲ့ အလုပ်၊ ကိုယ်တက်ထားတဲ့ ပညာ၊ ပိုင်ဆိုင်ထားတဲ့ လုပ်ငန်းအတွေ့အကြုံနဲ့ ရလိုတဲ့ လစာ အမျိုးအစားတွေကို တစ်ခါထဲ အသိပေးပါ။ ဒါမှ ကိုယ်နဲ့ ကိုက် ညီမယ့် အလုပ်တွေကို အကျိုးဆောင် (အေဂျင်စီ)တွေက ရှာပေးနိုင်မှာပါ။
တစ်ခုထက် ပိုပါစေ
တစ်ချို့တွေက အလုပ်လျှောက်တယ်။ အင်တာဗျူးဖြေဖို့ စောင့်ရတာ ကြာတယ်။ အရွေးမခံရ တော့မှ နောက်တစ်ခု ထပ်လျှောက်တယ်။ ဒီလိုနဲ့ ရာသီကုန်လို့ နှစ်ပတ်လည်သွားတာအဖတ်တင် တယ်။ အလုပ်က မရသေးဘူး။ ဒီလိုတွေ မဖြစ်ရအောင် ကိုယ်က အလုပ်လျှောက်တဲ့အခါ အထက်မှာ ရေးသားခဲ့တဲ့ ကိုယ်နဲ့နီးစပ်ပတ်သက်ရာ အလုပ်အမျိုးအစား အားလုံးကို ရွေးချယ်လိုက်ပါ။ ပြီးရင် တော့ အားလုံးကို တစ်ပြိုင်ထဲ လျှောက်ထားလိုက်ပါ။ အနည်းဆုံးတော့ တစ်ခုထက်ပိုတဲ့ အင်တာဗျူး ခေါ်ယူမှုကို ကြုံရပါလိမ့်မယ်။ အလုပ် အင်တာဗျူးခေါ်မှာကို ထိုင်စောင့်ရင်း ပျင်းစရာမလိုတော့ပါဘူး။ နှစ်ပတ် မလည်တော့ပါဘူး။ တစ်ဖက်ကကြည့်ရင်လဲ ကိုယ်က အလုပ်ကို စိတ်ကြိုက် ပြန်ရွေးနိုင်တဲ့ အနေအထားပါ။
ဒီလို လျှောက်တဲ့အခါမှာ ကိုယ်ရေးရာဇဝင် (Curriculum Vitae – CV) တွေ အများကြီးပြင်ပြီး ရှိသမျှအလုပ်ကို လိုက်လျှောက်ရလို့ ငွေကုန်၊ လူပန်းတယ်လို့ တစ်ချို့က ဆင်ခြေပေးနိုင်ပါတယ် ။ ဒါ အရင်ကပါ။ ဒီနေ့ခေတ်မှာ အတော်အသင့်ကောင်းတဲ့ ဖုန်းတစ်လုံးရှိရုံနဲ့ အလုပ်လျှောက်လို့ ရပါပြီ။ အ လုပ်ခေါ်စာတွေမှာ အင်တာနက် အွန်လိုင်းပေါ်ကနေ ပေးဖို့ လျှောက်ထားလို့ရတဲ့ အီးမေးလ် လိပ်စာ တွေ ပါလာပါပြီ။ ကိုယ်က ဒီ အီးမေးလ် လိပ်စာကို ကိုယ့်ဖုန်းထဲမှာရှိတဲ့ ကိုယ်ရေးရာဇဝင် (Curriculum Vitae – CV) လျှောက်လွှာ ပေးပို့လျှောက်ထားလို့ရပါတယ်။ ထိုင်ရာမထပဲ အလုပ် လျှောက်လို့ ရတယ်လို့တောင် ပြောလို့ရပါတယ်။ ကိုယ့်မှာ ကိုယ်ပိုင် အီးမေးလ် မရှိခဲ့ရင် အလုပ်လျှောက်လွှာမှာပါတဲ့ ဖုန်းနံပါတ်ကို ချိတ်ဆက်ပြီး Viber ကနေတဆင့် ပေးပို့လျှောက်ထားလို့ ရသလို အလုပ်ခေါ်ဆိုရာ အင်တာနက် လူမှုကွန်ယက်စာမျက်နှာ ဒါမှမဟုတ် ၀က်ဘ်ဆိုဒ် (Website) တွေကို ဝင်ရောက် လျှောက်ထားလို့လည်း ရပါတယ်။ ကိုယ်ကလျှောက်မယ့် အလုပ်အမျိုးအစားနဲ့ ကိုက်ညီတဲ့ ကိုယ်ရေးရာဇဝင် (Curriculum Vitae – CV) ကို ပြင်ပေးရုံပါပဲ။ ဒါဆိုရင်တော့ လူမပင်ပန်း တော့သလို အချိန်လည်း မကုန်တော့ပါဘူး။
သတိပေးပါ
အလုပ်လျှောက်တဲ့သူ အများစု မေ့လျော့နေတဲ့ အလုပ်တစ်ခုပါပဲ။ ကိုယ်က လျှောက်လွှာတင်ရုံ နဲ့ အလုပ်လျှောက်တဲ့ လုပ်ငန်းစဉ်က မပြီးသေးပါဘူး။ ကိုယ်လျှောက်လွှာ ပို့ထားကြောင်းကို အလုပ်မှာ ရှိတဲ့ သက်ဆိုင်ရာ လူသားအရင်းအမြစ် စီမံခန့်ခွဲမှုဌာန (HR) ကို ဖုန်းဆက် အကြောင်းကြားပေးရပါ မယ်။ ဒါမှ ကိုယ့်ရဲ့ ကိုယ်ရေးရာဇဝင် (Curriculum Vitae – CV) ကို သတိထားမိမှာပါ။
ဒီလောက်ဆိုရင်တော့ အလုပ်တစ်ခုရဖို့ မခက်လောက်တော့ပါဘူး။ အလုပ်ရှာရမှာ သိသင့်တဲ့ အကြောင်းအရာတွေ အများကြီး ရှိနေပေမယ့် စာဖတ်သူတို့ ဖတ်ရှုရ လွယ်ကူအောင် အနှစ်ချုပ် ရှင်း လင်းတင်ပြထားတာပါ။ ကိုယ်နဲ့ အဆင်ပြေရာ ကိုက်ညီရာကို အသုံးပြုပြီး အလုပ်ကောင်းများကို ရှာဖွေနိုင်ကြပါစေ။ အလုပ်နဲ့ဘဝ ထပ်တူကျပါစေ။
-------------------------------------------------------------------------------------------
အများသူငါတွေရဲ့ CV တွေထဲကနေ အလုပ်ရှင်များစီမှ ဦးစွာရွေးချယ်ဖတ်ရှုခြင်းခံရတဲ့ CVဟာ သေသပ်တိကျမှုနဲ့ အစီအစဉ်တကျရှိစွာ တည်ဆောက်ထားတဲ့CV တစ်ဆောင်ဆိုတာကတော့ ယုံမှားဖွယ်မရှိပါဘူး ။ အဲဒီအတွက် CVတစ်စောင်ကိုရေးသား တည်ဆောက်တော့ မယ်ဆိုရင် အောက်ပါအချက်များကို ဂရုပြုစေလိုပါတယ်။
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.