Tags: News-Regain-Productivity-Holidays-JobsInYangon
ပိတ်ရက်ရှည်များအပြီးတွင် သင့်ရဲ့ Productivity ကို ပြန်လည်မြှင့်တင်ပေးနိုင်မည့် နည်းလမ်းများ
သင့်ရဲ့ productivity level ကို ရှည်လျားတဲ့ ပိတ်ရက်ရှည်ကာလများဖြစ်တဲ့ - Christmas, New Year ဒါမှမဟုတ် သင်္ကြန်ကာလများအပြီးတွင် ပြန်လည်ရရှိနိုင်အောင် ကြိုးပမ်းရခြင်းဟာ လွန်စွာခက်ခဲနိုင်တဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ရှည်လျားတဲ့ ပိတ်ရက်ရှည်များအပြီးတွင် သင်အရင်ကလွယ်ကူစွာလုပ်ဆောင်နိုင်ခဲ့တဲ့အရာများကိုတောင်မှ ယခင်အတိုင်းပြန်လည်လုပ်ဆောင်နိုင်ဖို့ ခက်ခဲသွားနိုင်ပါတယ်။ ဒီကဲ့သို့ မိမိတို့ရဲ့ Productivity level အတိုင်း ပြန်လည်ရရှိနိုင်ဖို့ ကြိုးစားရခြင်းဟာ Professional အများစုအတွက် အခက်အခဲများဖြစ်လာနိုင်ပါတယ်။
ပိုဆိုးတဲ့အချက်ကတော့ သင့်ရဲ့အဖွဲ့သားများကိုယ်တိုင်ကိုက သင်ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလဲဆိုတာကို သိရှိနိုင်မှာမဟုတ်ကြတဲ့အတွက် အကယ်၍ ဒီအကြောင်းကို သင့်ဘက်က ထုတ်ဖော်ပြောကြားခဲ့ရင်တောင်မှ သင့်ကို ပျင်းရိသူတစ်ယောက်အဖြစ်မှတ်ယူသွားကြနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ဆောင်းပါးလေးမှာတော့ ပိတ်ရက်ရှည်များမတိုင်မှီက သင့်ရဲ့ productivity level အတိုင်း လုပ်ငန်းများကို ပုံမှန်အတိုင်းမြန်ဆန်စွာဆောင်ရွက်နိုင်စေရန်အတွက် အထောက်အကူဖြစ်စေနိုင်မယ့် အချက်အချို့ကို တင်ဆက်ဖော်ပြပေးလိုက်ပါတယ် -
မလိုအပ်သောအရာများကို ဖယ်ရှားပါ
ဒီအချက်မှာ အရေးအကြီးဆုံးသော့ချက်ကတော့ သင့်ရဲ့စိတ်နဲ့ လုပ်ငန်းခွင်အတွင်းက ပတ်ဝန်းကျင်မှာရှိနေတဲ့ မလိုအပ်သော အရာများကိုဖယ်ရှားပြီး သင့်ရဲ့ productivity level ကို ပြန်လည်မြှင့်တင်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ဖို့ပဲဖြစ်ပါတယ်။ သင့်ရဲ့ အလုပ်စားပွဲကို ပြန်လည်နေရာချပါ၊ e-mail နှင့် PC ပေါ်ရှိ မလိုအပ်သောအရာများကိုဖယ်ရှားပါ၊ Background ပုံအဟောင်းများကို လှပပြီး သစ်လွင်တဲ့ Background ပုံအသစ်တစ်ခုနှင့်လဲလှယ်ပေးပါ။
ကျွန်ုပ်တို့ရဲ့ Productivity level ဟာ ကျွန်ုပ်တို့ရဲ့ အပြုအမူ၊ အမူအကျင့်များနှင့် စိတ်အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲမှုများရှိလာနိုင်တဲ့အတွက် သင့်ရဲ့ အပြုအမူ၊ အမူအကျင့်နှင့် စိတ်အခြေအနေများ အကောင်းဆုံးဖြစ်နေစေရန် သေချာဆောင်ရွက်ပြီး သင့်ရဲ့ productivity level ပြန်လည်တိုးတက်လာစေရန် လုပ်ဆောင်လိုက်ပါ။
အရေးကြီးအရာများကို ဦးစားပေးဆောင်ရွက်ပါ
သင့်ရဲ့ စွမ်းဆောင်ရည်အကောင်းဆုံးအခြေအနေသို့ ပြန်လည်မရောက်ရှိမှီတွင် လုပ်ဆောင်စရာရှိတဲ့ ကိစ္စရပ်များကို ၎င်းတို့ရဲ့ အရေးကြီးသော၊ အရေးပါသော အခြေအနေပေါ်မူတည်၍ ဦးစားပေးဆောင်ရွက်ပါ။ ကိစ္စတစ်ခုဟာ လုပ်ဆောင်ဖို့ အရေးတကြီးလိုအပ်နေတာမျိုးမဟုတ်ပါက အဆိုပါကိစ္စကို ခေတ္တဆိုင်းငံ့ထား၍ အခြားပိုမိုအရေးကြီးတဲ့၊ အလျှင်အမြန်ဆောင်ရွက်ဖို့ လိုအပ်နေတဲ့ ကိစ္စတစ်ခုကို ဆောင်ရွက်လိုက်ပါ။ ဒီဥပမာအတိုင်း ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စများကို အစီအစဉ်တကျ စီစဉ်ဆောင်ရွက်ပါ။
လုပ်ဆောင်စရာရှိသောကိစ္စများကို ထိုကဲ့သို့ အစီအစဉ်တကျ စီစဉ်ဆောင်ရွက်ပေးခြင်းဟာ သင့်ရဲ့ အလုပ်အပေါ် စိတ်ပါဝင်စားမှုနှင့် အကောင်းမြင်စိတ်ကို မြှင့်တင်ပေးနိုင်မှာဖြစ်ပြီး နောက်နေ့များတွင် လုပ်ငန်းခွင်ဝင်ရောက်နိုင်ဖို့ အားအင်သစ်ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
လုပ်ဆောင်စရာ ကိစ္စများနှင့် ရည်မှန်းချက်များကို သတ်မှတ်ပါ
မည်သည့်လုပ်ငန်းနယ်ပယ်တွင်မဆို Professional တစ်ဦးဖြစ်လာသည်နှင့်အမျှ တစ်ခါတစ်ရံတွင် မည်ကဲ့သို့ သင်ခံစားနေရသည်ဖြစ်စေ လုပ်စရာရှိတဲ့အလုပ်များကို ပြီးမြောက်အောင် ဆောင်ရွက်ပြုလုပ်ပေးဖို့ လိုအပ်ပြီး လုပ်ငန်းများဟာ ဆက်လက်လည်ပတ်နေနိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ရည်မှန်းချက်များကို သတ်မှတ်ချထားခြင်းဟာ မိမိကိုယ်ကိုမိမိ ပြန်လည်တည့်မတ်ပေးနိုင်ဖို့နှင့် လုပ်ငန်းရှင်မှ မိမိအားယုံကြည်စိတ်ချစွာ အပ်နှံထားသည့် ဆောင်ရွက်စရာရှိသောကိစ္စရပ်များကို တာဝန်ယူမှုအပြည့်နှင့် ဆောင်ရွက်နိုင်စေဖို့အတွက် အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။
သင့်ကို Inspire ဖြစ်စေတဲ့ အရာများကို ပြန်လည်ရှာဖွေပါ
ကျွန်ုပ်တို့အားလုံးထံတွင် လက်ရှိရောက်ရှိနေသောနေရာတစ်ခုသို့ ရောက်ရှိလာအောင် ကြိုးစားအားထုတ်ကြရတဲ့ အကြောင်းအရင်းတစ်ခုစီ ရှိကြမှာဖြစ်ပါတယ်။ သင့်ရဲ့ productivity level ကို ပြန်လည်ရရှိနိုင်စေရန်အတွက် ဒီအချိန်ဟာ သင့်ကို inspire ဖြစ်စေခဲ့တဲ့ inspiration များကို ပြန်လည်ရှာဖွေဖော်ထုတ်ပြီး သင့်ထံတွင် ဒီကဲ့သို့ inspire ဖြစ်စေတဲ့ အရာတစ်ခုခု မရှိသေးပါကလည်း ထိုအရာကို ရှာဖွေဖော်ထုတ်ကြည့်နိုင်ဖို့အတွက် အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။
နိဂုံး
လူသားများဖြစ်တဲ့ ကျွန်ုပ်တို့အားလုံးဟာ ကျွန်ုပ်တို့ယုံကြည်ထားတဲ့အရာများကို အမှန်တကယ် ဖြစ်မြောက်လာအောင် ဆောင်ရွက်နိုင်စွမ်းရှိကြပါတယ်။ မိမိတို့ရဲ့ Productivity ဟာ မိမိတို့အပေါ်လည်း များစွာမူတည်နေတာဖြစ်တဲ့အတွက် စာဖတ်သူတို့အနေနဲ့ မိမိတို့ရဲ့ စိတ်အခြေအနေကို ကောင်းမွန်စွာ တည့်မတ်ပေးနိုင်ပြီး အလုပ်အပေါ်တာဝန်ယူစိတ်အပြည့်အဝဖြင့် ကျွန်ုပ်တို့ အထက်တွင်ဖော်ပြထားသော အချက်ကလေးတွေကို သေသေချာချာလိုက်ပါဆောင်ရွက်နိုင်ပါက Productivity level များ ပြန်လည်မြင့်တက်လာစေဖို့အတွက် အထောက်အကူဖြစ်စေနိုင်ပါလိမ့်မယ်လို့ပြောကြားရင်း ဒီ article လေးကို နိဂုံးချုပ်လိုက်ပါရစေ။
ဒီ article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အကျိုးရှိစေလိမ့်မယ်လို မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက်
www.jobsinyangon.com
အများသူငါတွေရဲ့ CV တွေထဲကနေ အလုပ်ရှင်များစီမှ ဦးစွာရွေးချယ်ဖတ်ရှုခြင်းခံရတဲ့ CVဟာ သေသပ်တိကျမှုနဲ့ အစီအစဉ်တကျရှိစွာ တည်ဆောက်ထားတဲ့CV တစ်ဆောင်ဆိုတာကတော့ ယုံမှားဖွယ်မရှိပါဘူး ။ အဲဒီအတွက် CVတစ်စောင်ကိုရေးသား တည်ဆောက်တော့ မယ်ဆိုရင် အောက်ပါအချက်များကို ဂရုပြုစေလိုပါတယ်။
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.