by www.jobsinyangon.com
Tags: Knowledge-Strategies-Effiecive-JobSearch-JobsInYangon
မိမိတို့လျှောက်ထားလိုက်တဲ့အလုပ်တစ်ခုကို သေချာပေါက်ရရှိနိုင်စေရန် အထောက်အကူဖြစ်စေမည့် နည်းလမ်းများ
နှစ်တစ်နှစ်ရဲ့ အစတွင် လူအများစုဟာ သူတို့ချမှတ်ထားခဲ့ဖူးတဲ့ ရည်မှန်းချက်တွေအတိုင်း - အချို့ကတော့ ဒီနှစ်မှာ ပိုမို၍ ကျန်းမာအောင် နေထိုင်စားသောက်ဖို့၊ ကျန်းမာရေးလိုက်စားဖို့ ဒါမှဟုတ် အချို့ကလည်း မိမိတို့လိုချင်တဲ့အလုပ်ကို ရရှိနိုင်ရန် ပိုမိုကြိုးစားသွားဖို့ အစရှိသည်ဖြင့် မိမိတို့ဆုံးဖြတ်ထားတဲ့ ရည်မှန်းချက်တွေအလိုက် ဆောင်ရွက်ကြဖို့ ရည်စူးထားတာလေးတွေ ရှိကြပါလိမ့်မယ်။
မိမိတို့နဲ့ အသင့်တော်ဆုံး အလုပ်နေရာတစ်ခုကို ရရှိနိုင်စေဖို့အတွက်ဟာ ထိရောက်မှုရှိတဲ့ နည်းဗျူဟာတစ်ခု ရှိနေဖို့ကလည်း အရေးကြီးလှပါတယ်။ အလုပ်ရှာဖွေရတဲ့ လုပ်ငန်းစဉ်ဟာ နေ့စဉ်နဲ့အမျှ ပြောင်းလဲတိုးတက်မှုများဖြစ်ပေါ်နေတာဖြစ်တဲ့အတွက် စာဖတ်သူတို့အဖို့ ယခင်နှစ်က အလုပ်ရှာခဲ့ဖူးတဲ့ နည်းလမ်းဟောင်းတွေက ယခုနှစ်မှာ အသုံးဝင်ချင်မှဝင်တော့မှာဖြစ်ပါတယ်။ ဒါကြောင့် ယခုတစ်ခေါက်မှာတော့ စာဖတ်သူတို့အနေနဲ့ မိမိတို့လိုချင်တဲ့အလုပ်နေရာတစ်ခုကို လျှောက်ထားမှုပြုလုပ်ရာတွင် အသုံးပြုနိုင်မယ့် နည်းဗျူဟာအချို့ကို www.jobsinyangon.com ကနေ တင်ဆက်ပေးလိုက်ပါတယ် . . .
အရေးကြီးတဲ့ Career Goal (ရည်မှန်းချက်) တွေကို ချမှတ်ပါ
သင်လုပ်သမျှ အရာရာတိုင်းမှာ တိကျတဲ့ဦးတည်ချက်နဲ့ ရည်မှန်းချက်တွေကို သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။ Career goal များကို သတ်မှတ်ထားခြင်းဟာ စာဖတ်သူတို့အနေနဲ့ ဆုံးဖြတ်ချက်များချမှတ်နိုင်ဖို့ ထိန်းကျောင်းပဲ့ပြင်ပေးနိုင်မှာဖြစ်ပြီး မှန်ကန်တဲ့လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ရန် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ သင့်အနေနဲ့ အလုပ်တစ်ခုကို အပူတပြင်းလိုအပ်နေခဲ့တယ်ဆိုရင်တောင်မှ သင်ဘာကို အမှန်တကယ်လိုချင်လဲဆိုတာကို သေသေချာချာ နားလည်ဆုံးဖြတ်ပြီးသားဖြစ်ပါက ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခြင်း၊ ပိုမိုကောင်းမွန်တဲ့အလုပ်များကို လျှောက်ထားနိုင်ခြင်းနဲ့ ပိုမိုကောင်းမွန်တဲ့ အသိမိတ်ဆွေအသိုင်းအဝိုင်းကို တည်ဆောက်နိုင်ခြင်းတို့ကို ပြုလုပ်လာနိုင်စေဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။
သင်ချမှတ်ထားတဲ့ ရည်မှန်းချက်တွေက သင့်ရဲ့ရွေးချယ်မှုများကို ပြုလုပ်ရာတွင်နှင့် သင်ရည်မှန်းထားတဲ့အတိုင်း ဖြစ်မြောက်လာစေရန် အထောက်အကူပြုနိုင်မှာဖြစ်တဲ့အတွက် အောက်ပါမေးခွန်းအချို့ကို သင့်ကိုသင် မေးမြန်းကြည့်လိုက်ပါ . . .
- ဒီနှစ်အတွင်းမှာ သင့်အနေနဲ့ ဘယ်လိုကျွမ်းကျင်မှုမျိုးတွေကို သင်ယူသွားလိုပါသလဲ?
- သင် လစာဘယ်လောက်အထိ လိုချင်ပါသလဲ?
- သင့်အနေနဲ့ ဘယ်လိုလုပ်ငန်းနယ်ပယ်မျိုးမှာ အလုပ်လုပ်ကိုင်မှုပြုလုပ်လိုပါသလဲ?
သင့်ရဲ့ Career profile များအားလုံးကို ပြန်လည်၍ Update ပြုလုပ်ပါ
ယနေ့ခေတ်တွင် အရာရာတိုင်းဟာ Online ပေါ်သို့ ရောက်ရှိလာပြီဖြစ်တဲ့အတွက် သင်ဟာလည်း အလုပ်ရှာဖွေရေး website များစွာတွင် sign-up ပြုလုပ်ခဲ့ဖူးပါလိမ့်မယ်။ ဒီနေရာတွေမှာ သင့်ရဲ့ profile များကို ပုံမှန် update ပြုလုပ်ထားဖို့ဟာလည်း မေ့ထားဖို့မသင့်တဲ့ အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ နောက်ဆုံး လေ့လာသင်ယူထားတဲ့ ကျွမ်းကျင်မှုတွေနဲ့ အောင်မြင်မှုတွေကို အလုပ်ရှင်တွေဘက်က အမြဲတမ်းသိရှိနေစေဖို့ အတွက် update ပြုလုပ်ပေးဖို့ဟာလည်း အရေးကြီးတဲ့အတွက် မိမိတို့ရဲ့ Profile ကို Update ပြုလုပ်ခြင်းမရှိပဲ “Apply” လိုက်နှိပ်နေရုံမျှနဲ့တော့ လုံလောက်မှုရှိမှာ မဟုတ်တော့ပါဘူး။
Up-to-date ဖြစ်တဲ့ profile များကို တည်ဆောက်ထားတဲ့ ရာပေါင်းများစွာသောအလုပ်လျှောက်ထားသူများကို ဝန်ထမ်းခေါ်ယူသူတွေက Online ပေါ်မှတဆင့်ရှာဖွေခန့်အပ်မှုတွေကို ပြုလုပ်လျှက်ရှိနေတဲ့အတွက် မိမိတို့ရဲ့ ကျွမ်းကျင်မှုအသစ်တွေနဲ့ အောင်မြင်မှုတွေကို အမြဲတမ်း update ပြုလုပ်ထားနိုင်ဖို့ လိုအပ်နေပါပြီ။ ဒါကြောင့် ယခုပဲ www.jobsinyangon.com သို့ ဝင်ရောက်ပြီး သင့်ရဲ့ ကျွမ်းကျင်မှုတွေ၊ Professional လမ်းကြောင်းတွင် အောင်မြင်မှုတွေနဲ့ Certificate တွေကို “Employee Profile” တွင် ထည့်သွင်း၍ update ပြုလုပ်ထားလိုက်ပါ။ အလုပ်အကိုင်အခွင့်အလမ်းတွေက သင့်ထံသို့ တံခါးခေါက်ပြီးရောက်ရှိလာမှာဖြစ်ပါတယ်။
သင့်ကိုယ်သင် စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ဖော်ပြပါ
သင်ဟာ အခြားသူများထက် ထူးခြားမနေပါက လုပ်ငန်းရှင်/ အလုပ်ခန့်အပ်သူ ဘက်က သင့်ကို လွယ်လင့်တကူ သတိထားမိနိုင်မှာမဟုတ်ပါဘူး။
- သင့်ကိုယ်သင် ဘယ်လိုဖော်ပြမလဲ?
- သင့်ရဲ့ အပေါင်းအသင်းဝင်ဆံ့မှုကရော ဘယ်လိုလဲ?
သင်အလုပ်လုပ်ချင်တဲ့ ကုမ္ပဏီများတွင် ရှိနေတဲ့ မိမိရဲ့ အလုပ်ရှင်ဖြစ်လာနိုင်တဲ့ potential employer များ/ recruiter များနဲ့ ဆက်သွယ်ချိတ်ဆက်နိုင်ဖို့ဆိုတဲ့ ရိုးရှင်းလှတဲ့ ဒီအဆင့်ဟာ အလုပ်ရရှိခြင်းနဲ့/ အလုပ်မရရှိနိုင်ခြင်းအကြား ခြားနားသွားစေမယ့် အရာတစ်ခုဖြစ်လာနိုင်တာကို သတိပြုပါ။
ဒါ့အပြင် မိမိတို့ရဲ့ CV များနဲ့ Cover Letter များကို ရေးသားရာတွင် အလေးအနက်ထား၍ သေသေချာချာရေးသားဖြည့်စွက်ပါ။ အလုပ်များကိုလျှောက်ထားရာတွင် တူညီတဲ့ CV နဲ့ Cover Letter ကိုပဲ အသုံးပြုနေလို့တော့ မရနိုင်ပါဘူး။ ဒီပုံစံနဲ့ အလုပ်လျှောက်ထားနေခြင်းကို ပြောင်းလဲပစ်လိုက်ပါ။ ဒီလိုလုပ်ခြင်းဟာ အချိန်ကုန်သက်သာစေနိုင်တယ်လို့ ထင်ရသော်လည်း သင့်ရဲ့အလုပ်လျှောက်ထားမှုအပေါ် ကောင်းမွန်တဲ့ရလာဒ်တွေကို ဖြစ်ပေါ်စေမှာမဟုတ်ပါဘူး။
အလုပ်များကို လျှောက်ထားရာတွင် နည်းစနစ်ကျကျလျှောက်ထားမှုပြုလုပ်ပါ
ယနေ့ခေတ်ရဲ့ အလုပ်အကိုင်ဈေးကွက်တွင် အရေးအကြီးဆုံး အချက်များထဲကတစ်ခုကတော့ မိမိတို့လျှောက်နိုင်သမျှ အလုပ်များများကို လျှောက်ထားမှုပြုလုပ်ထားဖို့ပဲဖြစ်ပါတယ်။ နှစ်တစ်နှစ်ရဲ့အစတွင် စာဖတ်သူတို့အနေနဲ့ Career goal တစ်ခုကို သတ်မှတ်ထားပြီးဖြစ်ပါက ဒီအချက်ကိုလိုက်ပါဆောင်ရွက်နိုင်ဖို့ဟာ လွယ်ကူလှပါတယ်။ “သင့်ရဲ့ ရည်မှန်းချက်တွေနဲ့ ကိုက်ညီမှုရှိတဲ့အလုပ်တွေကို သေချာရှာဖွေပြီးလိုက်လံလျှောက်ထားပါ။ နောက်ပြီး ဖော်ပြထားတဲ့ Job description (မိမိတို့ လုပ်ရမယ့်အလုပ်ကို ရှင်းလင်းဖော်ပြချက်) များနဲ့ အဆိုပါအလုပ်ကို အောင်မြင်စွာလုပ်ကိုင်နိုင်ဖို့လိုအပ်တဲ့ Requirement တွေနဲ့ မိမိမှာရှိနေတဲ့ ကျွမ်းကျင်မှု/ အတွေ့အကြုံတွေ ကိုက်ညီမှုရှိစေဖို့ကိုတော့ သေချာစွာစစ်ဆေးပြီးမှ လျှောက်ထားသင့်ပါတယ်။”
သင့်ရဲ့ကျွမ်းကျင်မှုတွေကို အမြဲတမ်းတိုးတက်မှုရှိနေစေရန် ပြုလုပ်ထားပါ
သင့်ရဲ့ကျွမ်းကျင်မှုတွေကို အမြဲတမ်းတိုးတက်မှုရှိနေဖို့ ကြိုးစားသင်ယူလေ့လာမှုများကို ပြုလုပ်ခြင်းဟာ အမြဲတမ်းလိုအပ်နေမယ့်အရာတစ်ခုပဲဖြစ်ပါတယ်။ အလုပ်အကိုင်ဈေးကွက်အတွင်းတွင် သင့်အနေနဲ့ ခိုင်မာတဲ့ ရပ်တည်မှုတစ်ခုကို တည်ဆောက်နိုင်စေဖို့အတွက် ပို၍ ပို၍ ကျွမ်းကျင်မှုရှိနေစေရန် ပြုလုပ်နေဖို့ဟာ မရှိမဖြစ်လိုအပ်တဲ့ အမှန်တရားတစ်ခုလည်းဖြစ်ပါတယ်။ အကယ်၍ သင့်ထံတွင် ထိုသို့ပြုလုပ်နိုင်ဖို့ (သင်တန်းတွေတက်နိုင်ဖို့) လိုအပ်တဲ့ ငွေကြေးပမာဏ လုံလောက်မှုမရှိဘူးဆိုရင်လည်း မိမိတို့ သင်ယူချင်တဲ့ ကျွမ်းကျင်မှုတွေနဲ့ ရင်းနှီးမှုရှိနေစေဖို့အတွက် - YouTube, Facebook နဲ့ Google Search တို့ကို အသုံးပြုပြီး အခမဲ့သင်ခန်းစာများကို ကြည့်ရှုခြင်း၊ ဖတ်ရှုခြင်းတို့ကို ပြုလုပ်၍ လေ့လာမှုပြုလုပ်နိုင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ - အလုပ်ရှာရတဲ့ Process တစ်ခုဟာ အချိန်ယူရမှာဖြစ်ပြီး စိတ်ဖိစီးမှုတွေလည်း ရှိလာနိုင်ပါတယ်။ ဒါပေမယ့် သင်သိထားရမှာက အဖက်ဖက်ကပြည့်စုံတဲ့ အလုပ်လျှောက်လွှာတစ်စောင်ကို အောင်မြင်စွာလျှောက်ထားနိုင်ခဲ့မယ်ဆိုရင် . . . သင့်ရဲ့ဘဝလမ်းကြောင်းတွင် သိသာတဲ့အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်ပါတယ်။ အကောင်းဆုံးသော ရလာဒ်များကိုရရှိနိုင်စေဖို့အတွက် မှာကြားလိုတာကတော့ - မိမိတို့လျှောက်ထားချင်တဲ့အလုပ်ကို သေသေချာချာရွေးချယ်ပါ၊ မိမိဘက်က ကြိုတင်လုပ်ဆောင်ထားနိုင်တဲ့အရာတွေကို ကြိုတင်လုပ်ဆောင်ထားပါ၊ နောက်ပြီး မိမိရရှိလာတဲ့အလုပ်ကို စိတ်အားထက်သန်စွာနဲ့ လုပ်ကိုင်သွားပါလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
ဒီ article လေးက စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
GMO-Z.comACE Co.,Ltd.
..GMO-Z.comACE, jointly established by GMO Internet Group from Japan and ACE Data Systems in Myanmar, specializes in Domain, Hosting and SSL with its sale purpose to provide the needs of various resel...
Show the postings (7)
Polyconcept Hong Kong Ltd
Skills training related with job;
2. International working environment;
3. Career development in different domain and places;
4. Opportunities to work in different cities and countries;
5. 15 annu...
Show the postings (1)
Victory Myanmar Group Co., Ltd.
..The Victory Myanmar Group (VMG) was created in 2009 based on organic growth and the acquisition of Mandalay Rum which was established in 1886 which now sells over 1.8 million cartons per year. Our p...
Show the postings (1)
Phee Int'l Shipping Myanmar Ltd
MISSION:
To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs.
VISION:
To be the P...
Show the postings (50)
URC (Myanmar) Co., Ltd.
URC is engaged in a wide range of food-related businesses, including the manufacture and distribution of branded consumer foods and is also in commodities. URC is the leading branded snackfoods and be...
Show the postings (5)