Jobs In Myanmar
Load...

4 Things You Need To Be Happpy At Work

by www.jobsinyangon.com


Tags: Knowledge-Workplace-Happiness-Joy-JobsInYangon



လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်ရာတွင် ပျော်ရွှင်တက်ကြွမှုရှိစေဖို့အတွက် လိုအပ်သော အချက် (၄) ချက် 

 

“Happy wife, happy life” ဆိုတဲ့ စကားပုံကို စာဖတ်သူတို့လည်း ကြားဖူးကြမှာပါ။ ဒါဟာ လုပ်ငန်းခွင်နဲ့လည်း တစ်နည်းတစ်ဖုံ ဆက်စပ်မှုရှိနေပါတယ်။ “ပျော်ရွှင်နေတဲ့ ဝန်ထမ်းများဟာ သူတို့အလုပ်လုပ်နေရတဲ့ စီးပွားရေးလုပ်ငန်းများ အောင်မြင်မှုရှိလာစေရန် စွမ်းဆောင်ပေးနိုင်ကြပါတယ်”။ အလုပ်လုပ်ကိုင်ရာတာကို စိတ်အားတက်ကြွမှုရှိလာတာနဲ့အမျှ ဝန်ထမ်းများဟာ ပိုမို၍ productive ဖြစ်လာမှာဖြစ်ပြီး motivated ဖြစ်လာကြမှာဖြစ်တဲ့အပြင် အဆိုပါကုမ္ပဏီမှ ထွက်ခွာသွားလိုစိတ်ရှိကြတော့မှာလည်း မဟုတ်ပါဘူး။ သို့သော်လည်း များသောအားဖြင့်တော့ အလုပ်တွေပိလာခြင်း၊ အလုပ်လုပ်ကိုင်ချင်စိတ်မရှိဖြစ်ခြင်းနဲ့ မိမိတို့ရတဲ့ လုပ်ခလစာဟာ နည်းပါးလွန်းတယ်လို့ ထင်မြင်လာကြဖို့ဟာလည်း လွယ်ကူလှတဲ့အတွက် မိမိတို့ရဲ့ ကောင်းကျိုးအတွက် မိမိကိုယ်ကို မိမိ လုပ်ငန်းခွင်တွင် ပျော်ရွှင်မှုရှိပြီး motivated ဖြစ်နေဖို့အတွက် လုပ်ဆောင်ထားသင့်တဲ့ နည်းလမ်းလေးတွေကို www.jobsinyangon.com ကနေ ဖော်ပြပေးလိုက်ပါတယ် . . .။ 

လုပ်ငန်းရှင်ဘက်က မက်လောက်စရာကောင်းတဲ့ အကျိုးခံစားခွင့်များကို ပေးထားခြင်းမရှိဘူးဆိုရင်တောင်မှ စာဖတ်သူတို့အနေနဲ့ လုပ်ငန်းခွင်အတွင်းတွင် ပျော်ရွှင်မှုရှိလာစေရန်အတွက် အောက်ပါအတိုင်း မိမိတို့ဘာသာ ဖန်တီးပြုလုပ်၍ ရနိုင်ပါသေးတယ်။ 

 

၁။ ရည်မှန်းချက်ပန်းတိုင်များကို သတ်မှတ်ပြီး အဆိုပါရည်မှန်းချက်များအတိုင်း ဖြစ်မြောက်အောင် ဆောင်ရွက်ပါ - ကုမ္ပဏီအတွင်းတွင် မိမိဆောင်ရွက်လိုက်တဲ့ကိစ္စများရဲ့ အကျိုးသက်ရောက်မှုရှိပုံနဲ့ မိမိရဲ့ အောင်မြင်မှုများကို တွေ့မြင်ရတာထက် ကောင်းမွန်တဲ့ motivation ဖြစ်စရာ မရှိနိုင်ပါဘူး။ အကယ်၍ သင်ဟာ အောင်မြင်မှု (သို့မဟုတ်) တစ်စုံတစ်ခုကို အောင်မြင်စွာဆောင်ရွက်နိုင်သောကြောင့် ရရှိလာတဲ့ စိတ်ကျေနပ်မှုမျိုးကို လိုအပ်နေတယ်ဆိုရင်တော့ မိမိအတွက် စံချိန်စံနှုန်းသတ်မှတ်ချက်များကို မိမိတို့ဘာသာ သတ်မှတ်၍ မိမိတို့ဆောင်ရွက်နိုင်သလောက် ရည်မှန်းချက် (goal) များကို သတ်မှတ်ပြီး တိုးတက်မှုရှိလာအောင် ပြုလုပ်ပါ။ တစ်ခါတစ်ရံမှာ အလုပ်နဲ့ ပတ်သက်တဲ့ကိစ္စတစ်ချို့ကို အသိပေးပြောကြားမခံရခြင်း၊ အကျိုးခံစားခွင့်အချို့ကို လက်လွတ်ဆုံးရှုံးရခြင်းတို့ဟာ သင့်ကို စိတ်မကျေမနပ်ဖြစ်လာစေပြီး မိမိအပေါ် တန်ဖိုးထားခြင်းမခံရဘူးဟူ၍ ထင်မြင်ယူဆသွားစေနိုင်ပါတယ်။ မိမိရဲ့ အထက်လူကြီးက ချမှတ်ပေးလာမယ့် ရည်မှန်းချက်များကို စောင့်ဆိုင်းနေမည့်အစား လုပ်ငန်း project တိုင်းအတွက် မိမိတို့ကိုယ်တိုင် ရည်မှန်းချက်များကိုချမှတ်ပြီး ထိုရည်မှန်းချက်များအတိုင်း ရရှိအောင်မြင်နိုင်စေရန် ဆောင်ရွက်လိုက်ပါ။

 

၂။ အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်ပါ - တစ်ခါတစ်ရံမှာ ဝန်ထမ်းများဟာ တစ်ဦးတည်းသာအလုပ်လုပ်ကိုင်လိုလေ့ရှိတတ်ကြပါတယ်။ ဒါဟာ ကုမ္ပဏီရဲ့ productivity အတွက် ကောင်းမွန်မှုမရှိသကဲ့သို့ သင့်ရဲ့ productivity အပေါ်လည်း ထိခိုက်မှုရှိလာနိုင်ပါတယ်။ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိသောဝန်ထမ်းများဟာ ထိုသို့ လုပ်ဖော်ကိုင်ဖက်များအကြား ကောင်းမွန်သောဆက်ဆံရေးမရှိသူများနှင့် နှိုင်းယှဉ်လိုက်ပါက ၂.၅ ဆခန့်ပို၍ အလုပ်လုပ်ကိုင်ရာတွင် ပျော်ရွှင်မှုရှိကြတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် သင့်အနေနဲ့ အဆိုးမြင်တတ်တဲ့ (negative person) တွေကိုလည်း ရှောင်ရှားဖို့တော့ လိုအပ်ပါလိမ့်မယ်။ သင်ဟာ ဘယ်လိုပဲအကောင်းမြင်တတ်တဲ့သူတစ်ဦးဖြစ်နေပါစေ အဆိုးမြင်တတ်သူများနဲ့ ပေါင်းသင်းမိရင်တော့ သူတို့ရဲ့ အဆိုးမြင်စိတ်တွေက မိမိအပေါ် လွှမ်းမိုးမှုရှိလာမှာဖြစ်ပါတယ်။  

အကယ်၍ သင့်အနေနဲ့ လုပ်ငန်းခွင်အတွင်းရှိ အချို့သူများဟာ negative ဆန်တဲ့ အပြုအမူတွေဖြစ်တဲ့ - အတင်းပြောခြင်း (သို့မဟုတ်) ငြီးတွားခြင်း၊ အထွန့်တက်ခြင်းတို့ကို ပုံမှန်ပြုလုပ်လေ့ရှိသူများဖြစ်ပါက ထိုသူများကို တတ်နိုင်သမျှရှောင်ရှားပါ။ အကယ်၍ ထိုသို့ပြုလုပ်၍ မဖြစ်နိုင်ပါက စကားဝိုင်းအတွင်းပြောဆိုနေကြသည့် အကြောင်းအရာကို positive ဖြစ်မည့် အကြောင်းအရာတစ်ခုခုထံသို့ ပြောင်းလဲပစ်လိုက်ပါ။ ထိုအဖွဲ့ထဲတွင် သင်ဟာ negative ဖြစ်တဲ့သူတစ်ဦးဖြစ်မသွားစေဖို့ သတိပြုရပါမယ်။ 


၃။ မိမိကိုယ်ကို တိုးတက်အောင်ပြုလုပ်ပါ - မိမိကိုယ်ကို တိုးတက်မှုရှိလာအောင်ပြုလုပ်ခြင်းနှင့် ကျွမ်းကျင်မှု အသစ်များကို သင်ယူလေ့လာခြင်းတို့ဟာ မိမိကိုယ်ကိုယုံကြည်မှုတိုးတက်မှုရှိလာစေနိုင်ဖို့အတွက် လွန်စွာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ သင့်အနေနဲ့ ပိုမိုခက်ခဲသော ကိစ္စများကို ဆောင်ရွက်နိုင်ဖို့နဲ့ ပိုမိုကြီးမားတဲ့ အခွင့်အလမ်းတွေ ရောက်ရှိလာတဲ့အခါမှာ အဆင်သင့်ဖြစ်နေဖို့လိုအပ်မှာဖြစ်တဲ့အတွက် - မိမိတို့ရဲ့ အားလပ်ချိန်များတွင် professional ကျွမ်းကျင်မှုတစ်ခုခု၊ soft skills training များ၊ certificate များကို ရယူထားသင့်ပါတယ်။

 

၎။ သင့်ကိုပျော်ရွှင်မှုပေးနိုင်တဲ့ နေရာကို ရှာဖွေပါ - မိမိတို့လုပ်ကိုင်နေရတဲ့ အလုပ်ဟာ လစာငွေတစ်ခုတည်းဆိုတာထက်ကို ပိုပါတယ်။ သင့်ရဲ့ ကျွမ်းကျင်မှုများကို ပိုမိုတိုးတက်လာအောင် ပြုလုပ်ပေးနိုင်သော၊ ကောင်းမွန်တဲ့ရည်မှန်းချက်တစ်ခုအတွက် တစ်စိတ်တစ်ပိုင်းပါဝင်ဆောင်ရွက်ရသော၊ အခြားသော လူတော်များနဲ့ အတူတကွပူးပေါင်းဆောင်ရွက်ရသော အလုပ်နေရာမျိုးကို ရှာဖွေပါ။ အကယ်၍ သင်လက်ရှိအလုပ်လုပ်နေရတဲ့နေရာဟာ တစ်ဖြည်းဖြည်းတိုးတက်မှုမရှိဘူး (တစ်နည်းအားဖြင့်) နစ်မြုပ်လာတယ်လို့ ခံစားလာရပါက နှုတ်ထွက်လိုက်ပါ။ မိမိကိုပျော်ရွှင်မှုမပေးနိုင်တဲ့အလုပ်တစ်မှ နှုတ်ထွက်လိုက်ခြင်းဟာ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာ well-being အတွက် လွန်စွာအရေးပါလှပါတယ်။ ဒါကြောင့် သင့်အနေနဲ့ လက်ရှိလုပ်ကိုင်နေ?တဲ့အလုပ်မှာ မပျော်တော့ဘူး၊ စိတ်အားတက်ကြွမှုတွေမရှိတော့ဘူးဆိုရင် . . . သေချာတာကတော့ နောက်ထပ်တစ်နေရာကိုရွှေ့ပြောင်းဖို့အချိန်တန်ပါပြီလို့ပြောကြားရင်း ဒီ article လေးကို နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


One Two Three Express

One Two Three Express

..Door to door express delivery service last-mile delivery service.....
Show the postings (8)
Blue Ribbon Trading Company Limited

Blue Ribbon Trading Company Limited

Our Mission -To provide marketing and distribution services for our principals’ brands through a dictated sales and marking team. -To offer quality health care and personal care products enhancin...
Show the postings (4)
Supreme Group Of Companies

Supreme Group Of Companies

Our Mission To deliver Professional Services that meet and exceed Clients expectations. To maintain a high level of professional Standing and Integrity that is above reproach. To establish a mutual...
Show the postings (26)
Sweety Home

Sweety Home

...Sweety Home Industry Co.Ltd established in Mandalay since 1995 is the professional manufacturing and distributing company of spring mattress, polyurethane foam, bedding accessories and modern pr...
Show the postings (31)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS