Jobs In Myanmar
Load...

မြန်မာနိုင်ငံတွင် အွန်လိုင်းပေါ်မှ အလုပ်အကိုင်ရှာဖွေခြင်း၏ စိန်ခေါ်မှုများ


Tags: အွန်လိုင်းပေါ်မှ အလုပ်အကိုင်ရှာဖွေခြင်း



မြန်မာနိုင်ငံတွင် အွန်လိုင်းပေါ်မှ အလုပ်အကိုင်ရှာဖွေခြင်း၏ စိန်ခေါ်မှုများ

"အွန်လိုင်း အလုပ်အကိုင် ရှာဖွေရေးဈေးကွက်ဆိုတာ ၉၀ ပြည့်နှစ် နှောင်းပိုင်းကာလတွေက မြောက်အမေရိက၊ ဥရောပနှင့် ဂျပန်နိုင်ငံတွေမှာ စတင်ပေါ်ပေါက်လာတာပါ။ အဲဒီအချိန်က ပုံနှိပ်ဖော်ပြတဲ့ ကြော်ငြာလုပ်ငန်းတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် စတင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် တစ်ဖြည်းဖြည်းနဲ့ တိုးတက်လာပြီး ၂၀၁၁ ခုနှစ်အရောက်မှာတော့ တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေပါပြီ။ မြန်မာနိုင်ငံကလည်း ဒီလိုဖြစ်ပေါ်တိုးတက်မှုတွေထဲမှာ ပါဝင်လာမှာ မလွှဲဧကန်ပါပဲ။ Online အလုပ်အကိုင် ရှာဖွေရေး ၀ဘ်ဆိုဒ်တစ်ခုကတော့ ဒီလိုအရေးပါမှုတွေကို သိရှိပြီး နိုင်ငံပေါင်းများစွာမှာ ရှင်သန်ရပ်တည်လာတာ အခုဆိုရင် ၃ နှစ်လောက်ရှိပါပြီ။"

                                                           Vladimir Neduchal

CEO & Founder (Jobless.com.mm)

Partner of Roger Quest International(Executive Search Myanmar)

အွန်လိုင်းပေါ်မှ အလုပ်အကိုင်ရှာဖွေရေး ဈေးကွက်

ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အလုပ်အကိုင်ဆိုတာ အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခုဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံလို ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံတွေမှာ ငယ်ရွယ်သူတို့ဘ၀ အစီအစဉ်တကျ ဖြစ်ဖို့၊ မြို့ကြီးတွေ ပုံမှန်လည်ပတ်နေဖို့နဲ့ ဆင်းရဲမွှဲတေမှုတွေ လျှော့ချနိုင်ဖို့အတွက် အလုပ်အကိုင် တွေက မရှိမဖြစ်လို့ဆိုရင်လည်း ငြင်းလို့ မရနိုင်ပေ။

          Online ပေါ်မှ အလုပ်အကိုင်ရှာဖွေရေးဈေးကွက်သည် အခုဆိုရင် ခန့်မှန်းတွက်ချက်တန်ဖိုးအရ အမေရိကန်ဒေါ်လာ ၃ဘီလီယံ ခန့် တန်ကြေးရှိလာပြီဖြစ်သည်။ တစ်ကမ္ဘာလုံးအတိုင်းအတာအရ လုပ်ငန်းပေါင်း ၃၀၀၀ ကျော် ရှိသည့်အနက် အမှန်တစ်ကယ် ဖွံ့ဖြိုးတိုးတက်ပြီး စီးပွားရေးလုပ်ငန်းတစ်ခု အဖြစ်ရပ်တည် နေသည့် လုပ်ငန်းပေါင်း ၁၀၀၀ ကျော်ခန့် ရှိကြောင်းသိရသည်။ Online ပေါ်မှ အလုပ်အကိုင်ရှာဖွေရေး ဈေးကွက်ကို အဓိက ၂ ပိုင်းခွဲခြားလေ့လာနိုင်သည်။ အဆင့်အတန်းမီ Job Boards အလုပ်အကိုင်ရှာဖွေရေး အဖွဲ့နှင့် လူမှုကွန်ယက်များပေါ်မှ အလုပ်အကိုင်ရှာဖွေရေးအဖွဲ့များဟူ၍ဖြစ်သည်။

          မြန်မာနိုင်ငံရှိ Online အလုပ်အကိုင်ရှာဖွေရေးဈေးကွက်တွင် Jobless.com.mm သည် ပထမအမျိုးအစား အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းတစ်ခုဖြစ်သည်။

 

Online ပေါ်မှာ အလုပ်အကိုင်ရှာဖွေရေး၏ အကျိုးကျေးဇူးများ

          အဓိက အကျိုးကျေးဇူးအနေနှင့် အလုပ်အကိုင်ခန့်ထားခြင်း အပိုင်းတွင် ပိုမိုအဆင်ပြေရုံသာမက၊ အချိန်ကုန်ပိုသက်သာလာစေသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်တွင် အလုပ်ရှာဖွေမှုအတွက် သတင်းစာဝယ်ဖတ်ကာ ရိုးရှင်းသောနည်းလမ်းဖြင့် စတင်ခဲ့ကြသည်။ ဒီနည်းလမ်းသည် အမှန်တကယ် အလုပ်မတွင်ကျယ်သလို တစ်ခါတစ်ရံတွင် သတင်းစာ၊ ဂျာနယ်ဖိုးပါ အပို အကုန်ခံနေရသည်။ ဒီလိုပုံစံမျိုးကို ယခုအခါ Online ပေါ်မှ အလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းများက တစ်ထိုင်တည်းနှင့် ဖြေရှင်း ပြီးသား ဖြစ်သည်။

          Online အလုပ်အကိုင် ရှာဖွေရေး၏ အခြားအားသာချက်များလည်း ရှိသေးသည်။ မိမိရှာဖွေလိုသည့် နေရာဒေသ၊ အလုပ်အမျိုးအစား၊ သဘောသဘာဝနှင့် အချိန်ကာလအပိုင်းအခြားကအစ အလွယ်တကူ အချိန်တိုအတွင်း ရှာဖွေနိုင်သည်။ ထို့အပြင် လုပ်ငန်းရှင်များအတွက်လည်း မိမိခေါ်ယူလိုသည့် အလုပ်အကိုင်၊ CV စသည်များကို အချိန်တိုအတွင်းပြီးစီးအောင် လုပ်ကိုင်နိုင်သည်။ ရှေးရိုးစွဲ အလုပ်အကိုင်ခေါ်ယူမှု အဆင့်များနှင့် နှိုင်းယှဉ်ပါက အလွန်အချိန်ကုန်သက်သာသည့် အပြင် အကုန်အကျလည်း နည်းသည်။

Jobless.com.mm ၏ CEO နှင့် တည်ထောင်သူ ဖြစ်တဲ့အပြင် Roger Quest International ၏ မြန်မာနိုင်ငံ တွဲဘက်ကိုယ်စားလှယ်ဖြစ်သူ Vladimir Neduchal "ဒီလို Online အလုပ်အကိုင် ရှာဖွေရေး အတွေ့ အကြုံမျိုးကို အခု မြန်မာနိုင်ငံရဲ့ အလုပ်သမား ဈေးကွက်မှာလည်း ရရှိနေပါပြီ။ ဈေးကွက်က တော်တော်လေး အရှိန်ရလာသလို သိသိသာသာလည်းလည်း ပြောင်းလဲလာပါတယ်။ ဘ၀အာမခံချက် ရှိမယ့်အလုပ်တွေ၊ အချိန်ပြည့် လုပ်ကိုင်ရမယ့်အလုပ်တွေသာမက ဒီထက်ပိုတဲ့ အတွေ့အကြုံတွေလည်း ရနေကြပါပြီ။ ခရီးသွားလုပ်ငန်းနဲ့ အခြားထုတ်ကုန်လုပ်ငန်းများလို နိုင်ငံခြား ကုမ္မဏီတွေ အလုံးအရင်းနဲ့ ၀င်ရောက်လာတာကြောင့်ပါ။ ဒီလိုပြောင်းလဲမှုတွေကို တွန်းအားပေးတဲ့ နေရာမှာ online ရဲ့ အခန်းကဏ္ဍကလည်း အဓိက ကြပါတယ်" လို့ ဆိုပါတယ်။     

 

Online ၏ ဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာခြင်း

ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများတွင် အချိန်နှင့် ငွေသည် အလွန်အရေးကြီးသည့် ကိစ္စတစ်ခုဖြစ်လာနေပြီ ဖြစ်သည်။ ထို့ကြောင့် Online Assessment ဟုခေါ်သည့် Online သုံးစွဲမှုနည်းပညာသည် ထိုနိုင်ငံများတွင် ယဉ်ကျေးမှုတစ်ရပ်အနေဖြင့် ထွန်းကားလာပြီဖြစ်သည်။ ဒါဆို Online Assessment ဆိုတာဘာလဲ၊ ဘယ်လို အလုပ်ဖြစ်နိုင်သလဲ ဆိုတာကို ကျွန်တော်တို့ သိဖို့လိုမည်။ Online Assessment ဆိုတာ သက်ဆိုင်ရာ နယ်ပယ်အလိုက် အလွန်အရေးပါလှသည်။ Online အလုပ်ကိုင်ရှာဖွေရေးနယ်ပယ်အတွက်  Online Assessment သည် အလုပ်လျှောက်ထား သူတစ်ဦး၏ တိကျသော စရိုက်လက္ခဏာ၊ သေချာသော အရည်အချင်း စတာတွေကို အင်တာနက်ပေါ်မှတဆင့် ဆုံးဖြတ်ရာတွင် အကူအညီပေးသည်။ ဒီလို နည်းပညာမျိုးကို အလုပ်လျှောက်ထားသူ ကိုယ်ရေးအချက်အလက်၊ ဘာသာစကားကျွမ်းကျင်မှု၊ မှတ်ဥာဏ် အရည်အသွေးပိုင်းဆိုင်ရာ စစ်ဆေးမှုစတာတွေအတွက် မကြာခဏ သုံးလေ့ရှိကြသည်။ မြန်မာနိုင်ငံရှိ Online အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏ္ဍီတစ်ခုဖြစ်သည့် Jobless.com.mm ၏ Online Assessment တွင် စစ်ဆေးမှု ပေါင်းများစွာရှိပြီး အရည်အချင်းနှင့် အာရုံစူးစိုက်မှု၊ နည်းစနစ်ကျကျ တွေးခေါ်စဉ်းစားမှု၊ အရေးအသားပြေပြစ်မှု စတာတွေအပါဝင်သည်။ ထိုသို့ စစ်ဆေးခြင်းကို အရည်အချင်းစစ်ဆေးမှုဟု ခေါ်ဆိုပြီး မြန်မာ Online အလုပ်အကိုင်ရှာဖွေရေးဈေးကွက်အတွင်းရှိ ကုမ္ပဏ္ဍီများနှင့် လုပ်သားစုဆောင်းသူများကို Jobless.com.mm မှ အကူအညီပေးရန် အဆင်သင့်ရှိနေပြီ ဖြစ်ကြောင်းသိရသည်။ ထိုစစ်ဆေးမှုအတွက် မြန်မာဘာသာပုံစံကိုလည်း လာမယ့် ယခု ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

Online Assessment သည် အလုပ်လျှောက်ထားရေးနှင့် ခန့်အပ်မှုပိုင်းဆိုင်ရာ ကိစ္စများတွင် ယခင် ရှေးရိုးစွဲ ပုံစံများနှင့် နှိုင်းယှဉ်ပါက အကျိုးရလာဒ်မှာ သိသိသာသာ ကွာခြားမှုရှိသည်။ အကြံပေးမလိုအပ် တော့ခြင်း၊ စောင့်ကြည့်စစ်ဆေးသူ မလိုတော့ခြင်းနှင့် လျှောက်ထားသူသည် မည်သည့်ရာထူးနှင့် သင့်တော်သည်ကို တိကျသေချာစွာ အဖြေထုတ်နိုင်ခြင်း စသည်များသည် Online Assessment ၏ အကျိုးရလာဒ်များဖြစ်လာပေမည်။ အခြားလက်တွေ့ကျသည့် ရလာဒ်များလည်း ရှိသေးသည်။ လျှောက်ထားသူသည် Online Assessment အတွက် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ဖြေဆိုနိုင်တာကြောင့် အင်တာဗျူးလာရောက်ဖြေဆိုရမည့် အချိန်၊ ငွေနှင့် လူုပင်ပန်းမှုတို့ကို လျှော့ချနိုင်မည်။ အလုပ်ခေါ်ယူသူဘက်မှလည်း လျှော်ထားသူများစွာထဲမှ ရာထူးနှင့် သင့်လျော်မည့်သူများကို အချိန်မကုန်ပဲ လက်ရွေးစင်အဖြစ် ရွေးထုတ်နိုင်မည်ဖြစ်သည်။

ယခုအချိန်သည် မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲမှုများ တစ်ဟုန်ထိုးတိုက်လာခဲ့သလို အများစုသည် မိုလ်ဘိုင်းဖုန်းများမှ သုံးစွဲနေကြသည်။ လွန်ခဲ့သော နှစ်အန်ည်းငယ်က မိုလ်ဘိုင်းသုံးစွဲသူ ၅ သန်းမျှသာ ရှိခဲ့သော မြန်မာနိုင်ငံသည် ယခုအခါ သုံးစွဲသူပေါင်း သန်း ၂၀ ကျော်လာပြီဖြစ်သည်။ မိုလ်ဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲသူများပြားလာသော်လည်း အချို့ကုမ္ပဏ္ဍီများမှာ ယခုအချိန်အထိ ကိုယ်ပိုင် Web Sites  မရှိကြသေးသည်ကို တွေ့ရသည်။ ထိုသို့ဖြစ်ရခြင်း၏ အကြောင်းတစ်ချက်မှာ မြန်မာနိုင်ငံ၏ အင်တာနက် မြန်နှုန်းများ နှေးကွေးနေမှုကြောင့် ဖြစ်နိုင်သည်။ သို့သော် ပြည်သူများ၏ အင်တာနက်သုံးစွဲမှု တိုးတက်လာမှုက ထိုပြသနာကို ဖြေရှင်းကျော်လွှားရန် တွန်းအားတစ်ခုဖြစ်လာနိုင်ပေသည်။

Vladimir Neduchal

CEO & Founder (Jobless.com.mm)

ကိုယ်ရေးအကျဉ်း

        Vladamir Neduchal သည် မြန်မာနိုင်ငံရှိ JobsInYangon.com & Jobless.com.mm တို့၏ CEO နှင့် တည်ထောင်သူဖြစ်သည်။ သူသည် မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်က ရောက်ရှိလာခဲ့သည်။ ဥရောပနိုင်ငံများတွင် အင်တာနက်လုပ်ငန်း နှစ်ခုကို လုပ်ကိုင်ခဲ့ပြီး အလုပ်အကိုင်၊ ဝန်ထမ်းမျာနှင့် ပတ်သက်၍ အကြံပေးခြင်းနှင့် လေ့ကျင့်ပေးခြင်းတို့ကို အဓိက လုပ်ကိုင်ခဲ့သူဖြစ်သည်။ သူသည် (Rothmans of Pall Mall – Sales Consultant; Kraft Foods – Sales Director, Director Multinational Accounts/Traditional Trade for Central and Eastern Europe, Middle East & Africa; and Royal Ahold retail group - Chief Buyer for Central Europe) စသည့် လုပ်ငန်းများ၏ Sales & Marketing လုပ်ငန်းပိုင်းတွင်လည်း အတွေ့အကြုံ ၁၆ နှစ်ခန့် ရှိခဲ့သည်။


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Trust Venture Partners Co., Ltd

Trust Venture Partners Co., Ltd

To contribute to the development of the Myanmar economy by helping Myanmar companies access the capital markets to achieve their growth objectives To provide one-stop service to international compani...
Show the postings (45)
W.H.K Co., Ltd.

W.H.K Co., Ltd.

..Since established in 1997, W.H.K Company Limited has built a credible reputation as Myanmar’s leading distributor of automotive spare parts. W.H.K became the touchstone of quality and trustworthi...
Show the postings (5)
Phee Int'l Shipping Myanmar Ltd

Phee Int'l Shipping Myanmar Ltd

MISSION: To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs. VISION: To be the P...
Show the postings (8)
PENTA-OCEAN CONSTRUCTION CO., LTD.

PENTA-OCEAN CONSTRUCTION CO., LTD.

.“Creative company” for land and sea As a leading contractor in coastal and waterfront area, we seek to create attractive environment and pursue customer satisfaction and social contribution as a...
Show the postings (2)
EPCM Myanmar Co., Ltd.

EPCM Myanmar Co., Ltd.

.We seek to be the leading customer oriented Construction , Mechanical and Electrical Equipment & services for our Professionalism, Quality, Cost Efficiency and Timely Delivery. .To provide the highe...
Show the postings (11)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS