Jobs In Myanmar
Load...

သင့်ရဲ့ခေါင်းဆောင်မှုစွမ်းရည် ပိုမိုကောင်းမွန်မှုရှိလာစေရန် သင်မေးခွန်းထုတ်သင့်သော မေးခွန်း (၁၀) မျိုး (အပိုင်း - ၂)

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-HRM-Leaders-Leadership-JobsInYangon



သင့်ရဲ့ခေါင်းဆောင်မှုစွမ်းရည် ပိုမိုကောင်းမွန်မှုရှိလာစေရန် သင်မေးခွန်းထုတ်သင့်သော မေးခွန်း (၁၀) မျိုး (အပိုင်း - ၂) 

 

ဒီကနေ့မှာတော့ Leader များအနေနဲ့ သူတို့ရဲ့ခေါင်းဆောင်မှုစွမ်းရည်များ ပိုမိုကောင်းမွန်မှုရှိလာစေရန်အတွက် မေးခွန်းထုတ်ကာ လုပ်ဆောင်သင့်သော မေးခွန်း (၁၀) မျိုးအကြောင်းကို အပိုင်း (၂) ကို ကျွန်တော်တို့ www.jobsinyangon.com အဖွဲ့သားများက ဆွေးနွေးတင်ဆက်ပေးသွားလိုပါတယ်။

 

၆။ ဒီအပတ်အတွင်း သင့်အတွက်အကောင်းဆုံးအဖြစ်အပျက်တစ်ခုက ဘာပါလဲ? အလုပ်တွင်လား အလုပ်ခွင်ပြင်ပတွင်လား? 

တိုက်ရိုက်ပေးပို့လာတဲ့ report များကိုလေ့လာခြင်းက သင့်ကိုပိုမို၍စိတ်အားထက်သန်မှုရှိပြီး engage ဖြစ်နေတဲ့ team တစ်ခုကို တည်ဆောက်ရာတွင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။ သို့သော် တစ်ကိုယ်ရည်အခြေအနေများတွင်တော့ ဝန်ထမ်းများအနေနဲ့ သူတို့ရဲ့မန်နေဂျာဟာ သူတို့အကြောင်းကိုသိရှိပြီး သူတို့ရဲ့ တစ်ကိုယ်ရည်ရည်မှန်းချက်များကို နားလည်သဘောပေါက်မှုရှိတယ်ဆိုတာကို သိရှိခံစားရပါက အဖွဲ့သားများရဲ့စည်းလုံးညီညွှတ်မှုနဲ့ ဝန်ထမ်းများကို အလုပ်တွင်တည်မြဲနေစေဖို့အတွက် ထိန်းသိမ်းနိုင်ရာတွင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။ ဒီမေးခွန်းကို အခွင့်အလမ်းတစ်ရပ်အနေနဲ့အသုံးချကာ အဓိပ္ပါယ်ပြည့်ဝသောအဆက်အသွယ်များကို တည်ဆောက်ပြီး အားလုံးရဲ့တူညီတဲ့ရည်မှန်းချက်ကိုရှာဖွေပါ။ 

 

၇။ အကယ်၍ သင့်ထံတွင်အခွင့်အရေးရှိပါက ကျွန်ုပ်တို့ကုမ္ပဏီကပေးအပ်၊ ရောင်းချလျှက်ရှိတဲ့ ထုတ်ကုန် (သို့)ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး ပိုမိုတိုးတက်မှုရှိလာစေရန်အတွက် သင်ပြောင်းလဲလိုတဲ့အရာတစ်ခုဟာ ဘာဖြစ်မလဲ?

တီထွင်ဆန်းသစ်မှုများရှိလာစေရန်အတွက် အကောင်းဆုံးအရင်းအမြစ်ဟာ ရံဖန်ရံခါတွင် သင့်အတွက်အလုပ်လုပ်ပေးနေတဲ့သူများထံ၌ရှိနေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ထံတွင် သင့်ထုတ်ကုန် (သို့) ဝန်ဆောင်မှုတစ်ခုအတွက် အတွင်းလူတစ်ဦးရဲ့အသိပညာများ မတူညီတဲ့ရှုထောင့်တစ်ခုကနေ ရှိနေတတ်လို့ပါပဲ။ Suggestion Box များဟာ Fax Machine များကဲ့သို့ပင် ခေတ်ကုန်သွားပြီဖြစ်တဲ့ အရာတစ်ခုဖြစ်နေတဲ့အတွက် ဒီမေးခွန်းကို ကိုယ်တိုင်ကိုယ်ကျမေးမြန်းကြည့်ခြင်းဟာ သင့်အဖွဲ့ဝင်များကို ကုမ္ပဏီအတွက် တိုးတက်မှုရှိစေမည့်အကြံဉာဏ်များကို ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ မျှဝေနိုင်ဖို့အတွက် လမ်းစဖွင့်ပေးလိုက်တာပဲဖြစ်ပါတယ်။ 

 

၈။ သင်သာ ဒီကုမ္ပဏီပိုင်ရှင်ဖြစ်ခဲ့ပါက ဘယ်အရာကိုတော့ မတူကွဲပြားအောင်လုပ်ဆောင်လိုပါသလဲ? 

အထက်တွင်ဖော်ပြသွားခဲ့တဲ့မေးခွန်းဟာ အတွေးအမြင်များနဲ့ တီထွင်ဆန်းသစ်မှုများကိုမွေးမြူပေးနိုင်စေရန် ရည်ရွယ်တာဖြစ်သော်လည်း ဒီမေးခွန်းကတော့ သင့်ရဲ့အလုပ်ခွင်အတွင်းရှိ လူများကို သင်ပိုမို၍ သိရှိနားလည်မှုရှိနိုင်စေရန်အတွက် စီစဉ်ထားတဲ့မေးခွန်းဖြစ်ပါတယ်။ အကယ်၍ သင်က ဝန်ထမ်းများကိုခေါ်ယူရာတွင်နှင့် သူတို့အား အလုပ်တွင်မြဲမြံမှုရှိစေရန်အတွက် ထိထိရောက်ရောက် ထိန်းသိမ်းထားနိုင်ခဲ့ပြီဆိုပါက သင့်အဖွဲ့အစည်းအတွင်းတွင် အနာဂါတ်အတွက် ခေါင်းဆောင်များနဲ့ အလုပ်အမှုဆောင်များကို ရရှိပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ ဒီတော့ သင့်အနေနဲ့ ဒီမေးခွန်းကိုမေးမြန်းလိုက်တဲ့အခါမှာ သင်ဟာ ခေါင်းဆောင်မှုဆိုင်ရာစိတ်အခြေအနေများကို အားပေးပြီး ကုမ္ပဏီကိုအောင်မြင်မှုရရှိစေရန်အတွက် လုပ်ဆောင်နိုင်တဲ့ အချက်အခြာကျတဲ့ အကြံဉာဏ်များကို ဖော်ထုတ်နိုင်စေမှာဖြစ်ပါတယ်။ ဒီမေးခွန်းဟာ လူတိုင်းကိုမောင်းနှင်သူနေရာကနေ မိနစ်အနည်းငယ်ပေးကာ စဉ်းစားခိုင်းစေတာဖြစ်တဲ့အတွက် အားပေးကူညီမှုနဲ့ မိမိပိုင်ကုမ္ပဏီကဲ့သို့သဘောထားလိုစိတ်ကိုလည်း မွေးမြူ ပေးနိုင်မှာဖြစ်ပါတယ်။ 

 

၉။ အခြားသောအဖွဲ့ဝင်များက ပြုလုပ်ပေးနိုင်ခဲ့တဲ့ လွန်စွာကောင်းမွန်တဲ့ လတ်တလောလုပ်ဆောင်ချက် (Contribution) များဟာ ဘာတွေလဲ? 

ဝန်ထမ်းတစ်ဦးချင်းစီရဲ့လုပ်ငန်းစွမ်းဆောင်ရည်အပေါ် feedback များမေးမြန်းနေမည့်အစား ဒီမေးခွန်းကို ပွင့်ပွင့် လင်းလင်းမေးမြန်းလိုက်ခြင်းအားဖြင့် ဝန်ထမ်းများအနေနဲ့ တစ်ဦးနဲ့တစ်ဦးအကောင်းမြင်လာစေပြီး ပိုမို၍အဖွဲ့အစည်းဆန်လာစေမှာဖြစ်ပါတယ်။ ထိုသို့အချိန်မှန်မေးမြန်းပေးခြင်းအားဖြင့် သင့်အနေနဲ့ အဖွဲ့အတွင်း တစ်ဦးတစ်ယောက်ခြင်းအရရော အဖွဲ့အစည်းတစ်ခုအနေနဲ့ပါ ဘယ်အရာတွေဟာ အဆင်ပြေချောမွေ့စွာဖြစ်ပေါ် နေသလဲဆိုတာကိုလည်း သိရှိနားလည်နိုင်မှာဖြစ်ပါတယ်။ ဒီမေးခွန်းရဲ့အဖြေများကိုအသုံးပြုပြီး သင်အသစ်ဌားရမ်းခေါ်ယူမယ့်ဝန်ထမ်းတစ်ဦးတွင် ရှိသင့်တဲ့အကောင်းဆုံးအရည်အချင်းများကိုလည်း နားလည်မှုရှိစေရန်အတွက် တည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။ 

 

၁၀။ သင့်အနေနဲ့ ပိုမိုကောင်းမွန်တဲ့ခေါင်းဆောင်တစ်ဦးဖြစ်လာစေရန် ဘာတွေကိုလုပ်ဆောင်နိုင်မလဲ? 

ဒီမေးခွန်းကိုမေးမြန်းကြည့်ခြင်းထက် model seeking နဲ့ အပြုသဘောဆောင်သော ဝေဖန်ချက်များကိုလက်ခံနိုင်စေဖို့ ပိုမိုကောင်းမွန်တဲ့နည်းလမ်းအချို့ရှိနေပြီး ဒီမေးခွန်းကို အစပိုင်းတွင်မေးခွန်းထုတ်နိုင်ဖို့အတွက် ခက်ခဲနိုင်သော်လည်း အချိန်ရလာသည်နှင့်အမျှ ပိုမို၍လွယ်ကူလာမှာ ဖြစ်ပြီး သင်ရရှိလာတဲ့တုန့်ပြန်ချက်များဟာလည်း လွန်စွာတန်ဖိုးရှိတဲ့အရာများဖြစ်လာပါလိမ့်မယ်။ သင့်အနေနဲ့ သင့်ဝန်ထမ်းများက ခေါင်းဆောင်မှုဆိုင်ရာအတွက်အဓိကကျတဲ့တန်ဖိုးတွေက ဘာတွေဖြစ်တယ်လို့ခံယူထားသလဲဆိုတာကို သိရှိနားလည်နိုင်မှာဖြစ်ပြီး management ပိုင်းနဲ့ ကုမ္ပဏီမှတန်ဖိုးထားတဲ့အရာများနဲ့ ခြုံငုံကြည့်ပါက ကိုက်ညီမှုရှိပါရဲ့လားဆိုတာကိုလည်း ဆုံးဖြတ်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ သူတို့ရဲ့မန်နေဂျာကို ဘယ်နေရာများတွင်တော့ ပိုမိုတိုးတက်မှုရှိလာစေရန်အတွက် ဆောင်ရွက်နိုင်မလဲဆိုတာကို ပြောဆိုပေးဖို့အတွက် ကျွမ်းကျင်ပြီး သတ္တိရှိတဲ့ဝန်ထမ်းတစ်ဦးရှိနေဖို့လည်း လိုအပ်မှာဖြစ်တဲ့အတွက် ပေးအပ်လာတဲ့အတွေးအမြင်များဟာ သင့်ရဲ့အဖွဲ့အတွင်းရှိသူများကိုလည်း တိုးတက်မှုရှိလာစေမှာလည်းဖြစ်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Flavours & Fragrances Distribution Company Limited

Flavours & Fragrances Distribution Company Limited

Our company aims to be more marketable and sustainable.Since our company is made up of a family of only a few employees, it is clear that our own skills and hard work are clearly displayed.We are a co...
Show the postings (3)
Myanmar First Asia Group

Myanmar First Asia Group

The Myanmar First Asia is Group of companies focused in Marketing and Distribution of Gems & Jewellery, Lubricant, Coach and bus , Food and Beverages founded in 2008. Myanmar First Asia is striving to...
Show the postings (8)
V Net - Mandalay Internet Service Provider

V Net - Mandalay Internet Service Provider

Vision and Mission Call us rebels, but we strongly believe every home and business in Myanmar should have fast, affordable and reliable access to the internet. No compromise, no barriers, no fuss.So ...
Show the postings (33)
Facilitation Limited

Facilitation Limited

A challenging work space associated with learning opportunityConsulting services for company registration, secretarial services, investment permit and financial services...
Show the postings (3)
Sea Rain Co.,Ltd

Sea Rain Co.,Ltd


Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS