ချိတ်ဆွဲရန်စာတန်း: Knowledge-Career-Skills-Improvement-JobsinYangon
ကဲပရိတ်သတ်ကြီးရေ အဖြေကိုတော့ Audio မှတဆင့်နားထောင်ပေးပါနော်။
၁။Market ထဲမှာ ဘွဲ့ရပြီးကာစလူငယ်တွေက မေးကြတယ်။ အလုပ်လျှောက်ချင်လို့ ဘာပို့ပေးရမလဲ၊ တစ်ချို့ကျတော့လဲ Career ကို ဘယ်လိုရွေးချယ်ရမလဲ အဲ့လိုမေးခွန်းလေးတွေမေးလာတာတွေ့ရတော့ ညိုလဲ့ ဘွဲ့ရပြီးကာစလူငယ်လေးတွေကိုယ်စား မပို့ကို မေးချင်တာက အလုပ်တစ်ခုမလျှောက်ခင် ဘယ်အရာတွေကို စဉ်းစားပြီး ပြင်ဆင်သင့်သလဲဆိုတာကို မေးချင်ပါတယ်။ နောက်ပြီး Hiring Manager က အလုပ်လျှောက်တဲ့အခါ ဘယ်အချက်တွေကို စဉ်းစားပြီး interview ခေါ်သလဲ၊ အဲ့ဒါကြောင့် ဘာတွေ ပြင်ဆင်သင့်သလဲဆိုတာကို ညိုလဲ့က မေးခွန်း နံပါတ် (၁) အနေနဲ့ မေးချင်ပါတယ်။
၂။နောက်တစ်ခုကကျတော့ Entry Level မှာတောင် Experiences ရှိမှပြောတယ်။ အခုမှ ဘွဲ့ရတာ အလုပ်တစ်ခုရအောင်ဘယ်လိုလုပ်ရမလဲ? အလုပ်လျှောက်တယ် interview မခေါ်ဘူး။ နောက်ပြီး ညိုလဲ့တွေ့ရတာက သူတို့က Entry Level အစား supervisor / Manager ရာထူးမျိုးတွေကိုလည်းလျှောက်ထားတာတွေ့ရတယ်။ အဲ့လိုမေးခွန်းလေးတွေကကြားနေရတော့ အလုပ်တစ်ခုရဖို့အတွက် ဘယ်လို information တွေယူမလဲ၊သူတို့ဘယ်လိုရွေးချယ်လျှောက်သင့်လဲဆိုတာကို လည်း အကြံဥာဏ်ပေးပေးပါအုံးမ။
၃။ Interview နဲ့ ပက်သက်ပြီးလည်း ညိုလဲ့မေးချင်သေးတယ်။ ညိုလဲ့မှာရှိတဲ့အတွေ့အကြုံအရဆိုရင် Fresh Graduate တွေက အလုပ်မရဘူးသာပြောတာ interview ကို နောက်ကျမှလာတယ်။ အင်တာဗျူးတဲ့နေ့မှာ ရောက်မလာဘူး။ နောက်ပြီး အင်တာဗျူးမှာ ကြိုတင်မပြင်ဆင်ထားဘူး။ Phone ထဲမှာတင် အင်တာဗျူးလာဖို့ invite လုပ်ရုံပဲရှိသေးတယ်။ စနေ တနင်္ဂနွေရုံးပိတ်လား၊ လခဘယ်လောက်ပေးမှာလဲ? အလုပ်ချိန်က ဘယ်အချိန်တွေလဲ အဲ့ဒါတွေကို အရင်မေးကြတယ်။ ဒါတွေက ညိုလဲ့အမြင်မှာ အရင်ဆုံးသူတို့မေးသင့်တဲ့မေးခွန်းတွေမဟုတ်ဘူးပေါ့နော်။ မပို့ကျတော့ HR မှာ လုပ်လာတာ နှစ်ပေါင်းကလည်းမနည်းတော့ဘူး။ Candidate ပေါင်းစုံကို ကြုံတွေ့နေရတယ်။ အဲ့တော့ ညိုလဲ့က Fresh Graduate တွေ Interview မသွားခင်ပြင်ဆင်ရမယ့် အရာတွေ၊ interview invite လုပ်တဲ့အချိန်မှာ မေးသင့်တဲ့ မေးခွန်းနဲ့ Interview မှာ လုပ်ရမည့်အချက် မလုပ်ရမည့်အချက် တွေကို နားဆင်သူတွေသိအောင်ပြောပြပေးပါအုံးမ။
၎။ နောက်တစ်ချက်ကတော့ မပို့ရေ Interview မှာဆို Hiring Manager နဲ့ Line Manager က မေးတတ်တဲ့မေးခွန်းတွေရှိတယ်။ အဓိကက Candiate မှာ Job Role ကို လုပ်နိုင်တဲ့ဘယ်လို compentencies ရှိလဲဆိုတာကို သိချင်တဲ့အတွက်မေးကျတယ်။ Fresh Graduate တွေအတွက်ဆို compentencies/ soft skill တွေက အခြေခံကျတဲ့ Problem Solving Skill, Team Work, Communication , IT စတာတွေကိုပဲညိုလဲ့တို့က ကြည့်လို့ရအုံးမယ်။ အဲ့ဒီ skill လေးတွေသူတို့မှာ ရှိမရှိသိအောင် ဘယ်လိုမေးခွန်းတွေမေးတတ်တယ်။ သူတို့ ဘယ်လိုနားလည်ထားသင့်သလဲဆိုတာကို လည်း ဆွေးနွေးပေးပါအုံးမ။
၅။ နံပါတ်ငါးအနေနဲ့ ညိုလဲ့မေးချင်တာက Salary Negotiation ညှိုတဲ့အချက်ပါပဲမ။ ကြုံတွေ့နေရတာက Job Function နဲ့ ဆွေးနွေးပြီးတာနဲ့ လခ ကို ညှိုကျတဲ့အခါ မလုပ်နိုင်ဘူး။ လခတွေက Entry Level နဲ့ ကိုက်ညီမှုမရှိတဲ့ လခတွေကို တောင်းတာတွေ့ရတယ်။ အဲ့ဒီအပေါ်မှာရော မမရဲ့ အကြံပေးချက်လေးကို ညိုလဲ့သိချင်ပါတယ်မ
၆။ နောက်ဆုံးအနေနဲ့ ညိုလဲ့မေးချင်တဲ့။ ဒါပေမယ့် အရေးကြီးတယ်။ ညိုလဲ့အတွေ့အကြုံအရဆို အလုပ်ရှင်တွေက Fresh Graduate ကို အလုပ်ခန့်ဖို့ အရမ်းစဉ်းစားကြတယ်။ ဘာလို့လဲဆိုတော့ တွေ့ရတာက
အဲ့လို fresh graduate တွေကို အလုပ်လုပ်ဖို့ Chance မပေးဘူးဆိုရင် Fresh Graduate တွေအတွက်က အလုပ်အကိုင်ရဖို့က ခက်ခဲလာမယ်။ အဲ့လိုတွေမဖြစ်အောင် ညိုလဲ့တို့က သိသင့်တာလေးတွေကို ပြောပြပေးရမယ်ပေါ့နော်မ။ အဲ့ဒါမို့ လုပ်ငန်းခွင်ထဲရောက်သွားရင် Fresh Graduate တွေ ကြိုတင်ပြင်ဆင်လိုက်နာကျင့်သုံးသင့်တဲ့ Work Habits လေးတွေကို ပြောပြပေးပါအုံး။
ဒီ Article လေးဟာ စာဖတ်သူ ပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။