Jobs In Myanmar
Load...

သင့်အနေနဲ့ ရှေ့သို့ရောက်လိုပါက ရှောင်လွှဲသင့်သော သက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အမှား (၁၂) ခု (အပိုင်း-၂)

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Career-Mistakes-Workplace-JobsinYangon



သင့်အနေနဲ့ ရှေ့သို့ရောက်လိုပါက ရှောင်လွှဲသင့်သော သက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အမှား (၁၂) ခု (အပိုင်း-၂)

စာဖတ်သူပရိသတ်များခင်ဗျာ။ ဒီကနေ့မှာတော့ ကျွန်တော်တို့ရဲ့  jobsinyangon.com အဖွဲ့သားများကတင်ဆက် ပေးလိုတဲ့အကြောင်းအရာလေးကတော့ သင့်အနေနဲ့ လုပ်ငန်းခွင်အတွင်း ရှေ့သို့ရောက်လိုပါက ရှောင်ရှားသင့်တဲ့ အမှား (၁၂) ချက်ရဲ့ အပိုင်း (၂) ဖြစ်ပါတယ်ခင်ဗျာ။ အပိုင်း (၁) ကိုတော့ ယခင်နေ့က ဖော်ပြပေးခဲ့ပြီးဖြစ်သလို အောက်ဖော်ပြပါ link မှ လည်း သွားရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။  

အပိုင်း (၁) သို့သွားရောက်ရန် - https://bit.ly/2Z83LcF

၇။ စည်းမျဉ်းများ၊ ကန့်သတ်ချက်များ သတ်မှတ်မထားခြင်း 

သင့်အနေနဲ့ ဘယ်လိုငြင်းဆိုရမလဲဆိုတာကိုမသိပါက သင့်ရဲ့လုပ်ဖော်ကိုင်ဖက်များနဲ့ အထက်လူကြီးတို့ဟာ သင် ဝန်ပိပြီးလဲပြိုသွားသည်အထိ အလုပ်တာဝန်များကို ဆက်လက်ပေးနေမှာဖြစ်ပါတယ်။ 

ဒီအရာက ပိုမိုများပြားတဲ့တာဝန်များကိုလက်ခံယူဖို့ အကြံပေးချက်နဲ့ ဆန့်ကျင်ဖက်ဖြစ်နေတယ်ဟုထင်ရနိုင်သော် လည်း အဓိကသော့ချက်ဟာ တာဝန်တိုင်းကိုလက်ခံယူဖို့မဟုတ်ပဲ မှန်ကန်သင့်လျှော်တဲ့တာဝန်များကိုသာယူဖို့ ဖြစ်ပါတယ်။ ဒီအရာဟာ ကျွမ်းကျင်မှုသိပ်မလိုသော်လည်း အလုပ်ရှုပ်စေတဲ့အလုပ်များထက် ကုမ္ပဏီအတွက် အကျိုးရလာဒ်များကိုဖန်တီးပေးနိုင်မည့်တာဝန်များကိုယူတတ်ဖို့ကို ဆိုလိုပါတယ်။ 

လူတွေက သင့်ကို သူတို့အတွက်တစ်ခုခုလုပ်ပေးဖို့တောင်းဆိုလာတဲ့အခါမှာ ရိုးရှင်းတဲ့တိုင်းတာစစ်ဆေးမှုဖြစ်တဲ့ - ငါ့ရဲ့ပုံမှန်အလုပ်တာဝန်ထက် ဒီအလုပ်တာဝန်ဟာ ကုမ္ပဏီအတွက် အကျိုးရလာဒ်များကိုပိုမိုဖန်တီးနိုင်စေပြီး ထို အရာကိုအသုံးချကာ သင့်အနေနဲ့ ရာထူးတိုးမြှင့်မှုရရှိဖို့တောင်းဆိုရာတွင် အထောက်အကူဖြစ်စေနိုင်သလား? ဆို တာကို မိမိကိုယ်ကိုမေးမြန်းကြည့်လိုက်ပါ။ 

ပျင်းရိတဲ့ လုပ်ဖော်ကိုင်ဖက်များအတွက် စာရွက်စာတမ်းများကူးပေးရခြင်းမှာ အဆိုပါစမ်းသပ်စစ်ဆေးမှုနဲ့ ကိုက် ညီခြင်းမရှိပါဘူး။ ပိုမိုအကျိုးအမြတ်ဖြစ်ထွန်းစေနိုင်မယ့် ဖောက်သယ်များကိုစီမံကိုင်တွယ်ခြင်းဟာ အဆိုပါစမ်း သပ်စစ်ဆေးမှုနဲ့ ကိုက်ညီမှုရှိပါတယ်။ 

ဘယ်အလုပ်တွေကိုတော့ လုပ်ဆောင်သင့်တယ်ဆိုတာကိုဆုံးဖြတ်ဖို့ဟာ ကြိုးစားလုပ်ဆောင်ချက်များရဲ့ တစ်ဝက်မျှသာရှိပါသေးတယ်။ ထိုအရာနဲ့တန်းတူ အရေးပါတဲ့အချက်ကတော့ သင့်အနေနဲ့ ငြင်းဆိုမှုပြုလုပ်ရာ တွင် သင့်ရဲ့လုပ်ဖော်ကိုင်ဖက်များအနေနဲ့ သင့်ကိုပိုမိုလေးစားမှုရှိလာစေပြီး ထိုလေးစားမှုများလျော့ပါးမသွားစေ ပဲ ငြင်းဆိုတတ်ဖို့လေ့လာသင်ယူထားရမှာဖြစ်ပါတယ်။ 

ဒီချည်းကပ်မှုကို စမ်းသပ်လုပ်ဆောင်ကြည့်လိုက်ပါ - “ခင်ဗျားအနေနဲ့ ကျွန်တော့်ကို သတိတရရှိတဲ့အတွက် ပျော် ရွှင်ပါသော်လည်း ဒီအရာကိုလုပ်ဆောင်ပေးဖို့ရာ မတတ်နိုင်ပါဘူး၊ နောက်ပြီး ကျွန်တော်ဟာ ________ ကိုလည်း လုပ်ဆောင်ပေးနေရပြီး ဒီအရာကကုမ္ပဏီအတွက်ပိုပြီးအကျိုးဖြစ်ထွန်းစေပါတယ်။” ဟူ၍ပြောဆိုကြည့်လိုက်ပါ။

၈။ ပြောဆိုဆက်ဆံမှုပြုရာတွင်ညံ့ဖျင်းခြင်း 

ကမ္ဘာကြီးဟာ သင့်ရဲ့ပြောဆိုဆက်ဆံမှုစွမ်းရည်အပေါ်မူတည်ပြီး သင့်ကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဆုံးဖြတ်သွားတာဖြစ်ပါတယ်။ သင့်အနေနဲ့ မှားယွင်းစွာ စာလုံးပေါင်းထားတဲ့ စကားလုံးတွေနဲ့ သဒ္ဒါမှားယွင်းနေ တဲ့ စာကြောင်းတွေပြည့်နေတဲ့ email တစ်ခုကို ပို့လွှတ်လိုက်တဲ့အခါမှာ သင့်ရဲ့အကြံအစည်များဟာ ဘယ်လောက်ပင် တော်နေနေ၊ သင်ဟာတုံးအတဲ့ပုံစံပေါက်သွားစေပါတယ်။ 

တစ်နည်းအားဖြင့် လူတွေက သင့်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ လုပ်ကိုင်နိုင်စွမ်းကို သင်ပြောဆိုလိုက်တဲ့အရာအပေါ် သာမက ထိုအရာကို သင်ဘယ်လိုပြောဆိုသလဲဆိုတဲ့အပေါ်မှာပါမူတည်ပြီး ကောက်ချက်ချသွားတာဖြစ်ပါတယ်။ ဒီအတွက် သင့်အနေနဲ့‌ ရှင်းလင်းပြတ်သားစွာ၊ နားလည်ရလွယ်ကူစွာနဲ့ နှစ်လိုဖွယ်ကောင်းအောင်ပြောဆိုတတ်ဖို့ ကို ဦးစားပေးအနေနဲ့ ဆောင်ရွက်သင့်ပါတယ်။ 

သင့်ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အရေးအသားစွမ်းရည်ကိုတိုးတက်စေဖို့လုပ်ဆောင်ခြင်းနဲ့စတင်လိုက်ပါ။ ဒီအရာက သင်ထင်ထားတာထက်လွယ်ကူပါတယ်။ သင့်အနေနဲ့ မှားယွင်းနိုင်တယ်လို့သံသယရှိတဲ့အခါမှာ တိုတောင်းပြီး အပိုစာလုံးမပါတဲ့စာကြောင်းများနဲ့ သွယ်ဝိုက်ပြောဆိုခြင်းတွေမပါတဲ့စာလုံးတွေကိုအသုံးပြုသင့်ပါတယ်။ လူ အများစုက ရှည်လျားသောစာလုံးများကိုအသုံးပြုခြင်းဟာ သူတို့ကို smart ဖြစ်စေတယ်လို့ထင်တတ်ကြပါ တယ်။ ဒါပေမယ့် သင့်အနေနဲ့ ဒီအရာများကိုလွဲမှားစွာအသုံးပြုတဲ့အခါမှာ ထိုအရာနဲ့ဆန့်ကျင့်ဘက်ဖြစ်သွားပါ တော့တယ်။ ဒီအရာများကို သင့်အနေနဲ့ သင့်လျော်စွာအသုံးပြုတတ်ခဲ့မယ်ဆိုရင်တောင်မှ တစ်ခါတစ်ရံတွင် အလွန်အမင်းအလေးအနက်ထားနေသောပုံစံ (သို့) လူအများမှလေးစားမှုရှိလာစေဖို့ အလွန်အမင်းကြိုးစားနေတဲ့ ပုံစံပေါက်စေနိုင်ပါတယ်။ 

Dilbert ကိုဖန်တီးခဲ့သူဖြစ်တဲ့ Scott Adams က ကောင်းမွန်တဲ့အရေးအသားရှိသူတစ်ဦးဖြစ်လာစေဖို့တိုတောင်း ထိရောက်တဲ့အကြံပြုချက်တစ်ခုကိုပေးခဲ့ပါတယ်။ ဒါကတော့ သင့်အနေနဲ့ နောက်တစ်ကြိမ်မှာ အရေးကြီးတဲ့ မှတ်စုတစ်ခု (သို့) email တစ်စောင်ကိုရေးသားတဲ့အခါတွင် စက္ကန့် ၆၀ ခန့်အချိန်ယူပြီးဖတ်ရှကြည့်ဖို့ပါပဲ။ 

သို့သော်လည်း စာဖြင့်ရေးသားထားသော ပြောဆိုဆက်ဆံမှုများဟာ ဒီပဟေဠိရဲ့ တစ်စိတ်တစ်ပိုင်းမျှသာရှိပါသေး တယ်။ သင့်အနေနဲ့ စကားပြောဆိုသည့်အခါတွင်လည်း ပိုမိုကောင်းမွန်စွာပြောဆိုဆက်ဆံနိုင်ဖို့လိုအပ်ပါတယ်။ 
Olivia Fox Cabane ရဲ့ အလွန်ကောင်းမွန်တဲ့စာအုပ်တစ်ခုဖြစ်တဲ့ “The Charisma Myth” ကိုဖတ်ရှုခြင်းဖြင့် စတင်လေ့လာလိုက်ပါ။ ဒီအရာက သင်ပြောဆိုလိုက်တိုင်းမှာ သင့်ကိုလူတိုင်းက ခိုင်မာ/ သန်စွမ်းသော်လည်း နွေးထွေးတယ်ဟုထင်မြင်လာကြစေရန်အတွက် မရှိမဖြစ်လိုအပ်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ 

ထို့နောက်သင့်ရဲ့ လူအများရှေ့တွင်ပြောဆိုခြင်းစွမ်းရည် များကို လေ့ကျင့်ထားပါ။ အထက်ကပြောကြားသွားခဲ့တဲ့ အရာများကဲ့သို့ပင် ထိုအရာဟာလည်း သင့်အနေနဲ့လုံလောက်စွာလုပ်ဆောင်မှုရှိပါက ကျွမ်းကျင်မှုရှိလာမှာဖြစ်ပါ တယ်။ Toastmasters ကို ဝင်ရောက်ထားပါ။ ၎င်းဟာ ကမ္ဘာတစ်လွှားတွင် speaking club များကိုဖွင့်လှစ်ထား လျက်ရှိကာ သင့်အနေနဲ့ public speaking ကို ကျွမ်းကျင်မှုမရှိမှီအထိ လေ့ကျင့်နိုင်စေမယ့်နေရာတစ်ခုဖြစ်ပါ တယ်။ 

၉။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကိုလျစ်လျူရှုထားခြင်း 

LinkedIn ရဲ့လေ့လာချက်အရ အလုပ်များရဲ့ ၈၅% ဟာ ဘယ်တော့မှကြော်ငြာခြင်းမပြုလုပ်ခဲ့ပါဘူး။ ဒါကြောင့် အလုပ်တစ်ခုရရှိရန်ရှာဖွေခြင်းဟာ သင့်အနေနဲ့ ဘယ်သူတွေနဲ့ရင်းနှီးသလဲဆိုတာအပေါ်မူတည်နေပါတယ်။ 
သတင်းကောင်းတစ်ခုကတော့ လူတိုင်းဟာ ကောင်းမွန်တဲ့ networker တစ်ယောက်ဖြစ်လာနိုင်ပါတယ်။ Network တစ်ခုတည်ဆောက်တတ်ရန်လေ့လာသင်ယူပြီးနောက် သင့်ရဲ့ အဆက်အသွယ်များကို စတင်ချဲ့ထွင် ပြီး အားဖြည့်ကာ ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင်ပြုလုပ်လိုက်ပါ။ 

အကယ်၍သင်ဟာ ရှက်ကြောက်တတ်သူတစ်ဦးဖြစ်နေရင်တောင်မှ အိမ်တွင်းပုန်းနေတတ်သူ (introvert) များ တောင်မှ networking ကို အောင်အောင်မြင်မြင်ပြုလုပ်နိုင်တယ်ဆိုတာကို သတိရလိုက်ပါ။ လက်တွေ့တွင် စွန့်ဦး တီထွင်လုပ်ငန်းရှင်များရဲ့ တစ်ဝက်ခန့်နဲ့ အလုပ်အမှုဆောင်များဟာ introvert များဖြစ်ကြတယ်လို့ Forbes မဂ္ဂဇင်း ရဲ့အဆိုအရ သိရှိရပါတယ်။

၁၀။ ဆက်ဆံရေးများကိုပျက်စီးစေခြင်း 

Networking ပြုလုပ်ခြင်းဟာ ကောင်းမွန်တဲ့ တိုက်စစ်တစ်ခုဟုဆိုပါက သင့်ရဲ့လက်ရှိရှိနေတဲ့ ဆက်ဆံရေးများ ကို ထိန်းသိမ်းစောင့်ရှောက်ထားနိုင်ခြင်းဟာ ကောင်းမွန်တဲ့ ခံစစ်တစ်ခုပဲဖြစ်ပါတယ်။ 

ဒီအရာတွင် သင့်ရဲ့လက်ရှိအထက်လူကြီး/ သူဌေးနဲ့ လုပ်ဖော်ကိုင်ဖက်များပင်ပါဝင်နေပြီး သင့်အနေနဲ့ အလုပ် အကိုင်အသစ်ကိုရယူဖို့အတွက်ရှာဖွေနေတဲ့အခါဖြစ်နေရင်တောင်မှ ယဉ်ယဉ်ကျေးကျေး၊ လေးစားမှုရှိရှိ၊ professional ဆန်ဆန်နေထိုင်ပြီး ရုံးခန်းအတွင်းမှ ဘယ်သူ့ကိုမှဂရုစိုက်စရာမလိုသောပုံစံဖြင့်ထွက်ခွာသွားလို ခြင်းကို ရှောင်ကြဉ်ပါ။ 

ဆက်ဆံရေးများကိုပျက်စီးစေခြင်းတွင်အတင်းအဖျင်းပြောဆိုခြင်းနဲ့ လုပ်ဖော်ကိုင်ဖက်များအကြောင်း၊ စီမံခန့်ခွဲ သူတို့အကြောင်း၊ ဒါမှမဟုတ် ကုမ္ပဏီရဲ့အကြောင်းမကောင်းပြောဆိုခြင်းများပါဝင်နေပါတယ်။ သင့်အနေနဲ့ စိတ် ထွက်ပေါက်ရရှိစေရန် ထိုအကြောင်းများကိုပြောဆိုလိုပါက သင့်ရဲ့ ချစ်သူ/ ဇနီး (သို့) သင်နဲ့လုပ်ငန်းနယ်ပယ်မတူ တဲ့ သူငယ်ချင်းများကို ထိုအကြောင်းပြောဆိုနိုင်ပါတယ်။ အနုတ်သဘောဆောင်တဲ့အရာများကို အစွမ်းကုန် ရှောင်ကြဉ်ပါ။ သင်တို့အရင်ကကြားဖူးခဲ့တဲ့ သင်ကြားမှုအတိုင်း - သင်တို့ထံတွင် ကောင်းမွန်စွာပြောဆိုနိုင်တဲ့ အရာ တစ်ခုမှမရှိပါက ဘာမှပြောမနေပါနဲ့တော့။ 

သင်နဲ့အတူ ယခင်ကအလုပ်လုပ်ခဲ့ဖူးတဲ့သူများဟာ သင့်ရဲ့ဘဝတွင်ပြန်လည်ပေါ်ပေါက်လာနိုင်ပြီး သင့်ရဲ့ career ကို ကူညီနိုင် (သို့) နှောင့်နှေးစေနိုင်တဲ့သူများဖြစ်လာမလားဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး။ 

၁၁။ မကောင်းတဲ့အမူအကျင့်များကိုမွေးမြူထားခြင်း 

သင့်ရဲ့လုပ်ဖော်ကိုင်ဖက်များအကြောင်း အတင်းအဖျင်းပြောဆိုခြင်းဟာ အနုတ်သဘောဆောင်တဲ့အရာတွေရဲ့ အစပဲရှိပါသေးတယ်။ သင့်အနေနဲ့ ထိုသို့အကျိုးမရှိတဲ့အရာတွေကိုပြောဆိုလိုခြင်းအားထိန်းချုပ်လိုမည်သာမက သင့်အနေနဲ့ ကောင်းမွန်တဲ့အမူအကျင့်များကိုသာ အများအားဖြင့်ပြသနေနိုင်ဖို့အတွက်ထိန်းကျောင်းပေးရန် လိုအပ်ပါတယ်။ 

မကောင်းတဲ့သူများကို ဘယ်သူကမှ နှစ်သက်ကြမှာမဟုတ်ပါဘူး။ ဒါဟာ သင်ကပြည့်ပြည့်ဝဝလုပ်ဆောင်လိုခြင်း မရှိတာကြောင့် ဘေးထိုင်ဘုပြောနေသည်နဲ့တူနေပြီး ဒါဟာရယ်စရာမကောင်းသလို ချစ်စရာလည်း ကောင်းမနေ ပါဘူး။ ဒါဟာ သင့်အဖွဲ့အတွင်းရှိလူတိုင်းအတွက် အဆိပ်အတောက်ဖြစ်စေပြီး အားလျော့စေပါတယ်။ 

လူတိုင်းဟာ မိမိအတွက်ပဲအလုပ်လုပ်နေတယ်လို့ခံယူထားသူများဟာ ဘယ်တော့မှ စီမံခန့်ခွဲမှု level ရဲ့ အနိမ့်ပိုင်း နဲ့ အကောင်းဆုံးအနေနဲ့ အလယ်အလတ်ပိုင်းအထိသို့သာရောက်ရှိနိုင်ပြီး အထက်ပိုင်းသို့ ဘယ်တော့မှ ရာထူးတိုး လာမှာမဟုတ်ပါဘူး။ နောက်ပြီး ထိုရာထူးများကိုရရှိခဲ့ရင်တောင်မှ သူတို့ရဲ့အထက်က မန်နေဂျာများဟာ သူတို့ကို သေချာစွာလေ့လာမှုမပြုလုပ်ကြလို့ပဲဖြစ်ပါလိမ့်မယ်။ 

သင့်အနေနဲ့ အကောင်းမြင်ခြင်း၊ ရင်းနှီးဖော်ရွေခြင်း နဲ့ လုပ်နိုင်တယ်လို့ခံယူတတ်တဲ့ အမူအကျင့်များကို စတင် လေ့ကျင့်လိုက်ပါ။ ဒါဟာ ခဏခဏကြားဖူးနေကျအရာတစ်ခုဖြစ်နိုင်သော်လည်း ဒီအကြံပေးချက်ကို ယခင်က သင်ဘာလို့ ခဏခဏကြားနေရလဲဆိုတာ အကြောင်းရှိလို့ပဲဖြစ်ပါတယ်။ 

၁၂။ အလုပ်အသစ်မရှာဖွေနိုင်သေးမှီ အလုပ်မှထွက်ခြင်း 

ဒါဟာလည်း သင်ကြားဖူးပြီးသားစာသားတစ်ခုပါပဲ - သင့်ထံတွင် အလုပ်တစ်ခုရှိနေတဲ့အခါမှာ အလုပ်ရှာဖို့ပိုပြီး လွယ်ကူပါတယ်။ 

သင့်အနေနဲ့လက်ရှိအလုပ်ကိုလုပ်ကိုင်နေရင်းမှ အလုပ်အသစ်များကိုရှာဖွေဖို့စတင်ပြုလုပ်တဲ့အခါမှာ သင့်ထံတွင် အချိန်ရှိနေပါတယ်။ သင့်အနေနဲ့ သင်လုပ်လိုသည့်အလုပ်ရာထူးများကိုလျှောက်ထားခြင်း (သို့) သင့်ရဲ့သက်မွေး ဝမ်းကျောင်းမှုတွင် သိသိသာသာတိုးတက်စေဖို့ဖြစ်နိုင်တဲ့အလုပ်များကိုလျှောက်ထားနိုင်ပြီး သင့်အနေနဲ့ အမှန်တ ကယ်ကောင်းမွန်တဲ့အလုပ်တစ်ခုကို ရရှိတဲ့အချိန်မှသာလျှင် ကူးပြောင်းမှုကိုပြုလုပ်သင့်ပါတယ်။ 

မြန်ဆန်စွာလျော့နည်းလာတဲ့ ဘဏ်စာရင်းတွေနဲ့ အကြွေးရှင်တွေဝိုင်းဝိုင်းလည်နေတဲ့အချိန်မျိုးမှာ အထက်သို့ ရောက်နိုင်ရန်အတွက် တောင့်ခံထားနိုင်ဖို့မှာ မလွယ်ကူလှပါဘူး။ လူအများစုဟာ ကြံရာမရဖြစ်လာပြီး တူညီတဲ့ (သို့) ပိုနိမ့်တဲ့ရာထူးများကိုပါရောက်သွားတတ်ကြပါတယ်။ 

ဒီ အခက်အခဲတွေအပြင်၊ မန်နေဂျာများဟာလည်း ကြံရာမရဖြစ်နေတယ်လို့ထင်ရတဲ့အလုပ်လျှောက်ထားသူများ ကို အလုပ်ခန့်အပ်မှုမပြုလိုကြပါဘူး။ ဒါဟာလူ့သဘာဝပဲဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ကြံရာမရဖြစ်နေတဲ့ ပုံစံပေါက်နေတဲ့အခါမှာ အခြားသူများက သူတို့ကိုလိုချင်တဲ့သူသိပ်မရှိဘူးလို့ထင်မြင်ယူဆသွားတတ်ပြီး ဒီအရာ က သူတို့ဟာကောင်းမွန်တဲ့ဝန်ထမ်းများမဟုတ်ကြဘူးဆိုတာကို သွယ်ဝိုက်သောနည်းနဲ့ ဖော်ပြနေသလိုဖြစ်စေပါ တယ်။ 

ဖြစ်နိုင်ပါက သင့်ရဲ့သက်မွေးမှုလမ်းကြောင်း‌တွင်အပြောင်းအလဲများဖြစ်စေရန်အတွက် အချိန်ယူပြီးပြင်ဆင်မှုပြု လုပ်သင့်ပါတယ်။ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး သင်လုပ်လိုတဲ့ရာထူးကိုရရှိနိုင်ရန်အတွက် ခုန်ပျံကျော်လွှား ပြီးနောက်တွင်မှ ပြုတ်မကျစေရန်လှေကားထစ်များကိုဖက်တွယ်ထားရသကဲ့သို့ဖြစ်ခြင်းထက် စည်းစနစ်ကျကျ၊ နည်းဗျူဟာကျကျ တစ်ဆင့်ခြင်းတက်လှမ်းသင့်ပါတယ်။ 

နိဂုံးချုပ် 

အကယ်၍သာသင့်ရဲ့ သက်မွေးမှုလမ်းကြောင်းကိုစီမံခန့်ခွဲရခြင်းဟာ လွယ်ကူပါက ကျွန်ုပ်တို့ဟာ C-Suite executive (CEO, COO, CIO, CFO, etc… ) တို့နဲ့ပြည့်နေတဲ့လောကကြီးဖြစ်နေပါလိမ့်မယ်။ 

ဒီအရာဟာ လွယ်ကူမှာမဟုတ်သော်လည်း ရှုပ်ထွေးတဲ့အရာတော့မဟုတ်ပြန်ပါဘူး။ ဒီအမှားများကိုရှောင်ကြဉ် နိုင်ဖို့အတွက် သက်မွေးမှုလုပ်ငန်းတစ်ရပ်တွင် ကျွမ်းကျင်နေစရာမလိုပါဘူး။ လိုအပ်နေတာက ဆုံးဖြတ်ချက်ခိုင် မာမှု၊ မိမိကိုယ်ကို သိနားလည်မှု နဲ့ ကြီးပွားတိုးတက်လိုတဲ့စိတ်အခြေအနေ (Growth Mindset) ရှိနေဖို့ပါပဲ။ 

သင့်ရဲ့အလုပ်ဟာ ဒီအတိုင်းရှိနေမှာမဟုတ်သလို၊ သင်ဟာလည်းအမြဲတမ်းတသမတ်တည်းရှိနေမှာမဟုတ်ပါဘူး။ သင့်အနေနဲ့ ကျွမ်းကျင်မှုအသစ်တွေကိုသင်ယူနိုင်ပြီး၊ သင်ယူဖို့လည်း လိုကိုလိုအပ်ပါတယ်။ သင့်ရဲ့အမူအကျင့် များကိုလည်း ကောင်းမွန်လာအောင်ပြင်ဆင်ပြီး အခြားသူများနဲ့အတူတူ ပိုမိုကောင်းမွန်စွာလုပ်ဆောင်လိုက်ပါ။ ဒီလိုမှမဟုတ်ရင်တော့ သင်ဟာ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်များရဲ့နောက်မှာကျန်ရစ်ခဲ့မှာပဲဖြစ်ပါတယ်။ သူတို့ဟာ အမြဲတမ်းသင်ယူမှုတွေပြုလုပ်နေတယ်ဆိုတာကိုတော့ သင့်အနေနဲ့ယုံထားသင့်ပါတယ်။ 

သင့်ရဲ့ သက်မွေးမှုလုပ်ငန်းတစ်ခုကို အသက်ရှင်နေထိုင်နေပြီး၊ ဆင့်ကဲပြောင်းလဲနေတဲ့သက်ရှိတစ်ခုအနေနဲ့ ယူဆ ထားပါ။ ဒါကိုကြီးထွားမှုရှိလာစေရန်ဘာတွေကိုလိုအပ်ပါမလဲ? ဒီအရာက သူ့ဘာသူတော့ အညှောင့်ပေါက်ပြီး ထွက်လာမှာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရာစုနှစ်များကတည်းက ကုမ္ပဏီတစ်ခုတည်းတွင် နှစ် ၄၀ ခန့်အလုပ်လုပ်ပေးခဲ့ ရတဲ့နေ့ရက်များဟာ ကုန်ဆုံးသွားခဲ့ပါပြီ။ လက်ရှိကမ္ဘာတွင် သင့်ရဲ့ career အပေါ်စတင်တာဝန်ယူမှုပြုပြီး ဂရုစိုက် ပေးမလား၊ ဒါမှမဟုတ် ဒီအရာကိုခြောက်သွေ့ညှိုးနွမ်းလာပြီး သေဆုံးခံမလားဆိုတာကိုတော့ သင်ကိုယ်တိုင်ရွေး ချယ်ရမှာပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထိုအရာဟာ သင့်ထံတွင်အပြည့်အဝတာဝန်ရှိနေပါတယ်။ 

စာဖတ်သူပရိသတ်တို့အနေနဲ့ရော သင်တို့ရဲ့ career အတွက် ဘယ်လိုအကျိုးရှိစေမယ့်အရာတွေကိုပြုလုပ်ပြီးပျိုး ထောင်နေပါသလဲ? ဘယ်လိုအတွေ့များတဲ့ career အမှားတွေကို အခြားသူတွေကပြုလုပ်နေတာကိုတွေ့နေရပါသလဲ? 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Smilax Global Company

Smilax Global Company

The goal on Information Technology and Services of Smilax Global is to deliver the best in IT service managementto ensure that our customers and, ultimately, the citizens of Myanmar realise the most f...
Show the postings (1)
PRO 1 Myanmar Co., Ltd.

PRO 1 Myanmar Co., Ltd.

The tagline of our company is "One place, Get All" because we have established a reputation as the leading warehouse style DIY store in Yangon and Mandalay. The products we sell are building hardware,...
Show the postings (14)
Yangon Academy International School

Yangon Academy International School

Vision Yangon Academy empowers each student to reach their full potential. Mission Yangon Academy is a dynamic international school that provides a challenging K-12, American-based education ...
Show the postings (14)
URC (Myanmar) Co., Ltd.

URC (Myanmar) Co., Ltd.

URC is engaged in a wide range of food-related businesses, including the manufacture and distribution of branded consumer foods and is also in commodities. URC is the leading branded snackfoods and be...
Show the postings (5)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS