Jobs In Myanmar
Load...

မန်နေဂျာကောင်းတစ်ယောက်ဖြစ်လာနိုင်စေသည့် လက္ခဏာ ၃ရပ်

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Recruitment-Manager-Management-HR-JobsinYangon



မန်နေဂျာကောင်းတစ်ယောက်ဖြစ်လာနိုင်စေသည့် လက္ခဏာ ၃ရပ်

 

တစ်စုံတစ်ဦးဟာ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာနိုင်တယ်လို့ သင်မည်သို့သိနိုင်မည်နည်း?

မန်နေဂျာလောင်းတစ်ဦးအတွက် ရှောင်ရန်အချက်များကို နားလည်သဘောပေါက်နေဖို့မှာ အရေးကြီး သကဲ့သို့၊ အရာအားလုံးအား မိမိတစ်ယောက်တည်းသာလုပ်ဆောင်နေသည်ကိုလည်းရှောင်သင့်ပါ သည်။ ထိုကဲ့သို့ အရာအားလုံးကို မိမိတစ်ယောက်တည်းသိမ်းကြုံးလုပ်ဆောင်ခြင်းကိုရှောင်ရှားပြီး သင့်လျော်သောသူများကို ၎င်းအလုပ်များအားလုပ်ဆောင်စေခြင်းဖြင့် ရာထူးတိုးမြင့်အောင်ပြုလုပ် ပေးနိုင်ခြင်းသည် မန်နေဂျာကောင်းတစ်ယောက်မှ ပြုလုပ်သင့်သည့်အရာများဖြစ်ပါသည်။ 

ထို့ကြောင့် မန်နေဂျာကောင်းတစ်ယောက်ဖြစ်စေနိုင်သည့် လက္ခဏာ (၃) ရပ်ကို ဖော်ပြပေးလိုက်ပါ သည်။ 

၁။ သူတို့ဟာ ကောင်းစွာနားထောင်တတ်သူများဖြစ်ကြပါသည်။ 

သူတို့အကြောင်းသူတို့ မရပ်မနားပြောနေ တတ်သည့်သူများနှင့်ကြုံတွေ့ဖူးပါသလား? 

သင်တို့ "အတူတူ" မိနစ်၃၀ ခန့် စကားပြောခဲ့သော်လည်း မေးခွန်းတစ်ခုမှပြန်မမေးသောသူများနှင့်ရော ကြုံဖူးပါသလား? 

ကောင်းမွန်သော ခေါင်းဆောင်တစ်ဦးဟာ ထိုအရာများနှင့်ဆန့်ကျင်ဖက်ဖြစ်ပါတယ်။ သူတို့ဟာ နားထောင်နိုင် ခြင်းသည် ထိထိရောက်ရောက် ဦးဆောင်မှုပြုနိုင်ရန်အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်ကို နားလည် ထားကြပါသည်။ 

ထိရောက်စွာနားထောင်နိုင်စွမ်းမရှိပါက သင်ဟာ ဘယ်အရာက မှားယွင်းနေလဲဆိုတာကိုသိနိုင်မှာ မဟုတ်ပါဘူး။ သင်ဟာ အခြေအနေတွေကို အကဲခတ်မှားစေနိုင်ပြီး သင့်ရဲ့ team နဲ့ပတ်သက်ပြီးတော့လည်း ကောင်းကောင်း နားလည်မှာမဟုတ်ပါဘူး 

ကောင်းစွာနားထောင်တတ်သူများဟာ မေးခွန်းကောင်းများကို မေးတတ်ကြပါတယ်။

ဒီစွမ်းဆောင်ရည်၏ အဓိကအချက်ကတော့ မေးခွန်းများကို ထိရောက်စွာမေးတတ်ဖို့ဖြစ်ပါတယ်။ ခေါင်းဆောင်သူတစ်ဦးအနေနဲ့ သင့်အဖွဲ့အပေါ် စဉ်ဆက်မပြတ် စူးစမ်းမှုရှိနေရမှာဖြစ်ပါတယ်။ မှန်ကန်တဲ့မေးခွန်းများကို သင့်လျော်တဲ့ အချိန်တွင်မေးမြန်းခြင်းဖြင့် ပြဿနာတစ်ခု၏အရင်းအမြစ်ကို သင့်အနေနဲ့ရှာဖွေဖော်ထုတ်နိုင်မှာဖြစ်ကာ မိမိရဲ့အဖွဲ့သားတစ်ဦးကို ပွင့်ပွင့်လင်းလင်းရှိလာစေမှာဖြစ်ပြီး အပြန်အလှန်နားလည်မှုရှိသောဆက်ဆံရေးရှိလာစေမှာဖြစ်ပါတယ် (သို့မဟုတ်) ပိုကောင်းသောခေါင်းဆောင် တစ်ဦးဖြစ်လာစေရန်အတွက် အသုံးပြုနိုင်သည့် တန်ဖိုးရှိသောအချက်အလက်များ၊ တုန့်ပြန်ချက်များကို သင် ရရှိနိုင်မှာဖြစ်ပါတယ်။ 

မေးခွန်းများမေးမြန်းမှုပြုပေးခြင်းဟာ နားထောင်ခြင်း၏စွမ်းရည်ကို တိုးမြှင့်ပေးနိုင်သော မှန်ဘီလူးများဖြစ်ပါ သည်။ နားထောင်နိုင်စွမ်းရှိသူများသည် စကားဝိုင်း (Conversation) တစ်ခုကိုဦးဆောင်နိုင်ပါသည်။ သို့မဟုတ် အခြေအနေတစ်ခုလုံးကို ပြည့်စုံမှန်ကန်စွာနားလည်နိုင်ရန်အတွက် မှန်ကန်သောနောက်ဆက်တွဲမေးခွန်းများ ကိုမေးမြန်းနိုင်ပါသည်။ 

သို့သော်လည်းမှန်ကန်သင့်လျော်တဲ့ မေးခွန်းများကိုမေးမြန်းခြင်းနဲ့ နားထောင်လိုသည့် ဆန္ဒရှိခြင်းတို့ဟာ သင့်အား ကောင်းမွန် နယးလည်စွာနားထောင်တတ်သူတစ်ဦးဖြစ်စေရန် ပြုလုပ်ပေးမည့် တစ်ခုတည်းသောအရာတော့မဟုတ်ပါဘူး။ သင်ဟာ လိုက်ပါလုပ်ဆောင်ရမှာဖြစ်ပါတယ်။ 

အပြောသာရှိပြီး လုပ်ဆောင်မှုမရှိခြင်းက အဓိပ္ပါယ်မဲ့စေပြီး စိတ်ပျက်မှုများဖြစ်စေနိုင်ပါသည်။ ထိုသို့မဖြစ်စေရန်အတွက် တက်ကြွစွာနားထောင်မှုဖြစ်စေရန်လေ့ကျင့်သင့်ပါသည်။ သင်တွေးသည့်အရာများ၊ ကြားသည့်အရာများနှင့် သင်ပြောသည့်အရာများကို အခြားသူများမှ သဘောတူညီမှုရှိလားဆိုတာကို ပြန်လည်စဉ်းစားလုပ်ဆောင်မှုပြုလုပ်သင့်ပါသည်။ 

နောက်ပြီး သင်နှင့်ပြောဆိုနေသူမှ သင့်ကို ဂရုစိုက်အားထုတ်ပြောဆိုရသည်မှာ ထိုက်တန်သည်ကိုသိရှိစေရန် သင် ကြားခဲ့ရသည့်အရာများအပေါ် မှတ်စုများမှတ်ခြင်း၊ အကောင်အထည်ဖော်ပြုလုပ်ခြင်းတို့ကို လုပ်ဆောင် ရမှာဖြစ်ပါတယ်။ ထိုအရာအားပြုလုပ်ရန် မေ့လျော့ဖို့မှာလွယ်ကူလှပါသည်။ သို့သော် ထိုအရာက သင့်နှင့် စကားပြောဆိုရခြင်းအပေါ် အခြားသူများ၏ခံစားချက်များကို (မန်နေဂျာ နှင့် အဖွဲ့ဝင်များ၏ဆက်ဆံရေးတွင်) ခြားနားမှုများစွာဖြစ်စေနိုင်ပါသည်။ 

အဖွဲ့ဝင်တစ်ဦးသည် မေးခွန်းများမေးမြန်းခြင်းကောင်းမွန်သကဲ့သို့ အတွေးအမြင်များကိုမျှဝေမှုရှိကာ မှတ်စု များကို သေချာစွာမှတ်သားခြင်းနှင့် ကတိတည်ခြင်းတို့ရှိပါက ထိုသူတို့သည် နားထောင်စွမ်းရည်ကောင်းသူ နှင့် မန်နေဂျာကောင်းတစ်ဦးဖြစ်လာမည်ဟု ခိုင်မာစွာဖော်ပြနေသောအချက်များဖြစ်ပါသည်။ 

၂။ သူတို့ဟာ ခေါင်းဆောင်ဖြစ်ဖို့ကိုစိတ်ဝင်စားကြပါတယ် (သူဌေးတစ်ယောက်အနေနဲ့ မဟုတ် ပါဘူး) 

ဒီအရာက အလွန်သိသာတယ်လို့ထင်ရနိုင်သော်လည်း တစ်စုံတစ်ဦးသည် ဦးစီးဦးဆောင်ပြုရခြင်းတွင် ကောင်းမွန်သော ကိုယ်စားလှယ်တစ်ဦးဖြစ်စေရန် အများဆုံး အဆုံးအဖြတ်ပေးသောအရာမှာ ထိုသူတို့ တွင် မန်နေဂျာဖြစ်လိုစိတ်ရှိ/ မရှိပင်ဖြစ်ပါသည်။ 
 
မန်နေဂျာတစ်ဦးဖြစ်လိုခြင်းဆိုသည်မှာ အမှန်တကယ်လုပ်ဆောင်ရသည့်လုပ်ငန်းတာဝန်နှင့် နေ့စဉ်လုပ်ငန်း ဆောင်တာများကို စိတ်ဝင်စားမှုရှိရခြင်းဖြစ်ပါသည်။ ရာထူးအပေါ်တွင်စိတ်ဝင်စားမှုရှိသည်ကို ဆိုလိုခြင်း မဟုတ်ပါ။ 
 
သင်ဟာ ခေါင်းဆောင်သူတစ်ဦး၏ဘဝကို စိတ်ဝင်စားမှုရှိပါက (နောက်ပြီး ထိုအရာကဘာကိုဆိုလိုတယ်ဆို တာကို သင်ပြည့်ပြည့်ဝဝ နားလည်မှုရှိပါက)၊ ဖြစ်နိုင်ခြေကတော့ သင်ဟာ - 
 
• အမှီအခိုကင်းမဲ့သောစာချုပ်များဖြင့်လုပ်ရသည့်အလုပ်များကို လွှတ်ချရန်ဆန္ဒရှိပြီး သင့်ရဲ့အသင့်အဖွဲ့ ကို စိတ်ဓါတ်မြှင့်တင်ရေးအတွေးအခေါ်များနှင့် ပိုမိုကောင်းမွန်စေရန် ပြုလုပ်ပေးနိုင်ခြင်း။
• ထိရောက်မှုရှိသော ပြောဆိုဆက်သွယ်မှုနှင့် နားထောင်ခြင်းကို ဦးစားပေးပြုလုပ်ရန်အသင့်ရှိနေခြင်း။ 
• ကြီးပွားတိုးတက်စေသောအတွေးအခေါ်များကို ဆောင်ယူလာပြီး ကျွမ်းကျင်မှုအသစ်များကို ခေါင်း ဆောင်တစ်ဦးအနေဖြင့်ဆက်ခံနိုင်ရန် သင်ယူလိုမှုရှိခြင်းတို့ရှိနေမှာဖြစ်ပါတယ်။ 
 
ခေါင်းဆောင်သူတစ်ဦး၏ အလုပ်များကိုလုပ်ဆောင်ရန်ဆန္ဒရှိခြင်းသည် အထူးတလည်လုပ်ဆောင်လိုစိတ်ရှိမှ သာဖြစ်နိုင်ပြီး လူတိုင်းက ထိုအရာများကိုလုပ်ဆောင်လိုစိတ်ရှိနေတာမဟုတ်ပါဘူး။ ထို့ကြောင့် ယနေ့ခေတ် မန်နေဂျာတစ်ဦး၏ မှန်ကန်သည့်အရာများနှင့် မှားယွင်းသည့်အရာများ၏ အကြောင်းပြချက်များကို ကျွန်ုပ်တို့ မှ အထူးဖော်ပြထားရခြင်းဖြစ်ပါတယ်။ 
စိတ်မကောင်းစရာအချက်ကတော့မန်နေဂျာတစ်ဦးသည် “သူဌေးတစ်ဦး“ဟုထင်မြင်သွားစေရန်မှာလွယ်ကူလှ ပါသည်။ သို့သော် ထိုသို့ထင်မြင်ယူဆချက်က သင့်အားကြာကြာခံစေမှာတော့မဟုတ်ပါဘူး။ ထိုအစား မန်နေ ဂျာကောင်းတစ်ဦးဖြစ်ခြင်းမှာ သင့်ရဲ့အဖွဲ့သားများနှင့် သင့်ရဲ့ ရည်မှန်းဦးတည်ချက်တို့အတွက် အလုပ်လုပ် ဆောင်ရခြင်းဖြစ်ပါတယ်။ ထိုအရာကလူတစ်ဦး၏အပေါ်အမြင်ကို များစွာပြောင်းလဲမှုရှိစေမှာဖြစ်ပါတယ်။ 
 
မျှော်လင့်မထားသည့်အချက်မှာ သင်ထင်မြင်ယူဆခဲ့သော “မွေးရာပါခေါင်းဆောင်“ အချို့ဟာ အများအားဖြင့် ရုန်းကန်ရတတ်ပါသည်။ သူတို့ဟာ တာဝန်ဝတ္တရားများကို လိုချင်ကောင်းလိုချင်နိုင်ပေမယ့်လည်း သူတို့ရဲ့ လူ ချစ်လူခင်ပေါများမှုနှင့်မွေးရာပါစွမ်းဆောင်ရည်များအပေါ်တွင် အကန့်အသတ်ရှိနေတတ်ပါသည်။ ထိုအချိန် တွင် ကြီးပွားတိုးတက်ချင်သောအတွေးအခေါ်ရှိသည့် မွေးရာပါမန်နေဂျာမဟုတ်သူတို့သည် ကောင်းမွန်သော ခေါင်းဆောင်တစ်ဦးဖြစ်စေရန်လိုအပ်သော များပြားလှသောကျွမ်းကျင်မှုများကို ကျွမ်းကျင်စွာတတ်မြောက် နိုင်ရန်အတွက် သင်ယူနေရင်းမှပင် အဆိုပါမွေးရာပါခေါင်းဆောင်များကိုကျော်ဖြတ်သွားနိုင်မည်ဖြစ်ပါသည်။ 
 
၃။ ထိုသူတို့ဟာ သူတို့ရဲ့အဖွဲ့သားများအပေါ် ကိုယ်ခြင်းစာနာမှုကိုပြသတတ်ကြ ပါသည်။ 

ခေါင်းဆောင်သူများသည် အလုပ်အကျွေးပြုသူများဖြစ်ပါသည်။ ထိုအရာဟာ မန်နေဂျာတစ်ဦးအနေဖြင့် သင်ယူနိုင်မည့် ပထမဦးဆုံးနှင့် ဖြစ်နိုင်ခြေရှိတာက အဓိကအကျဆုံးအရာတစ်ခုဖြစ်ပါသည်။  သင့်အနေဖြင့် အမှီအခိုကင်းမဲ့သောစာချုပ်များချုပ်ဆိုကာအလုပ်လုပ်ရခြင်းနှင့် ယနေ့အထိအသားကျနေခဲ့ပါက သင့်ရဲ့တွေး ခေါ်ပုံတွေကို တစ်ဦးခြင်းပါဝင်ဆောင်ရွက်မှုများမှ သင့်ရဲ့အဖွဲ့၏ လုပ်ငန်းစွမ်းဆောင်ရည်ကို မည်ကဲ့သို့ ဆပွား တိုးတက်လာအောင်ဆောင်ရွက်နိုင်မည်ဆိုသည်ကိုပြောင်းလဲတွေးခေါ်ရမည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် သင်ဟာသူတို့အား ဘယ်လိုပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပေးရမလဲဆိုတာနဲ့ သူတို့ကို မည်သို့ ထောက်ပံ့ ကူညီမှုများပြုလုပ်ရမယ်ဆိုတာပဲဖြစ်ပါတယ်။ 

သင့်ရဲ့အဖွဲ့သားများအပေါ်ဂရုစိုက်မှုပေးနိုင်သည့်စွမ်းရည်ဟာ ကောင်းမွန်သည့်ခေါင်းဆောင်တစ်ဦးတွင်ရှိသင့် ရှိထိုက်သည့်အမှတ်အသားတစ်ခုဖြစ်ပါသည်။ အကယ်၍ တစ်ဦးတစ်ယောက်သည် အမြဲတစေသူတို့၏ပြု လုပ်ချက်များမှသူတို့၏အဖွဲ့သားများအပေါ်ထည့်သွင်းစဉ်းစားမှုရှိသည်ကိုဖော်ပြနေကာအားလုံးတိုးတက်ကြီး ပွားမှုရှိစေရန် ကူညီပေးလျက်ရှိပါက ထိုအရာသည် တစ်စုံတစ်ဦးက အလုပ်အကျွေးပြုသူခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်သည့်ပြယုဂ်တစ်ခုဖြစ်ပါသည်။ 

 

ဒီ Article လေးဟာ စာဖတ်သူ ပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Titan Pest Management Co. Ltd.

Titan Pest Management Co. Ltd.

...Titan Pest is a full-services pest management company operating in Yangon since 2016 and specializing in urban pest management solutions. It is a subsidiary of the highly successful Killem Pest Pte...
Show the postings (1)
AA Medical Products

AA Medical Products

Our headquarters office is in Yangon and we have the branch offices in Mandalay, Myintkyina, Mawlamyine, Taunggyi, Lashio, Magwe, Sittwe, Kalay, Meik, Dawei, Pathein and Nay Pyi Taw.We have over 700 e...
Show the postings (68)
Magnate Group Logistics Co., Ltd.

Magnate Group Logistics Co., Ltd.

Our youthful and vigorous staffs have the passion and team spirit which has driven us into being able to expand to now 16 cities and further expanding to more with many outlets station and service poi...
Show the postings (14)
Tharaphu Soe Myint Company Limited

Tharaphu Soe Myint Company Limited

Under the leadership of the proprietor U Soe Myint and the assistance of the expertise knowledge of the technicians, the company works for the welfare of the local farmers and peasants.The aim of the ...
Show the postings (5)
VPower Group Holdings Limited

VPower Group Holdings Limited

We provide career development and attractive remuneration package and fringe benefits to the right candidates.VPower Group are one of the world's leading large gen-set system integration providers and...
Show the postings (2)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS