Jobs In Myanmar
Load...

အကောင်းဆုံးသော Candidate များကို ခေါ်ယူမှုပြုနိုင်ရန် အကြံပြုချက် (၄) ချက်

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Best-Candidates-Recruitment-Tips-JobsInYangon



အကောင်းဆုံးသော Candidate များကို ခေါ်ယူမှုပြုနိုင်ရန် အကြံပြုချက် (၄) ချက် 

 

Industry တိုင်းတွင် ပုံမှန်အားဖြင့် အလုပ်ရှာဖွေလျှောက်ထားသူများ များစွာရှိနေပါတယ်။ ဝန်ထမ်းခေါ်ယူမှုပြုလုပ်ဖို့အတွက် တာဝန်ထမ်းဆောင်နေရသူ HR professional များအနေနဲ့ ထိုသူများထဲကမှ အကောင်းဆုံးသော candidate များကို ရွေးထုတ်ပေးနိုင်ဖို့ဟာ သင်တို့ရဲ့တာဝန်ပဲဖြစ်ပါတယ်။ ဝန်ထမ်းခေါ်ယူမှု ပြုလုပ်ရာတွင် ကမ္ဘာ့နေရာအသီးသီးမှာကဲ့သို့ပင် အလုပ်သမားဥပဒေများနဲ့ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမှာဖြစ်သလို အကောင်းဆုံးသော အရည်အချင်းရှိသူများကို ရွေးချယ်ခေါ်ယူနိုင်စွမ်းရှိစေဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။ ဒီတော့ သင့်အနေနဲ့ အကောင်းဆုံးသောအရည်အချင်းရှိသူများကို သင့်ကုမ္ပဏီအတွက် ဘယ်လိုမျိုးရွေးချယ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ www.jobsinyangon.com ကနေ အကြံပြုချက် (၄) ချက်ကို ဒီကနေ့ဆောင်းပါးအနေနဲ့ ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ 

 

၁။ Career ကို ဦးစားပေးတဲ့ professional ကျွမ်းကျင်သူများကို ရွေးချယ်ပါ

သင်ဌားရမ်းခေါ်ယူမှုပြုလိုတဲ့ Candidate များထံတွင်ရှိနေသင့်တဲ့ လက္ခဏာတစ်ခုကတော့ သူတို့ရဲ့ career အပေါ် သူတို့ရဲ့အလေးအနက်ထားမှုနဲ့ professional ဆန်စွာ တိုးတက်မှုကိုလိုလားသော စိတ်အခြေအနေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူတွေကို career-driven ဖြစ်နေသူတွေလို့ သတ်မှတ်နိုင်မလဲ? မိမိတို့ရဲ့ career အောင်မြင်မှုဟာ သူတို့ကိုယ်တိုင်ရဲ့အပေါ် မူတည်နေပြီး ဒါကိုဖြစ်လာစေဖို့အတွက် တာဝန်ယူလိုစိတ်အပြည့်နဲ့ ကြိုးပမ်းလုပ်ဆောင်လိုစိတ်ရှိသူများကို ထိုသို့သတ်မှတ်နိုင်ပါတယ်။ သင့်အနေနဲ့ များစွာသောသက်မွေးမှုလမ်းကြောင်းများကို လျှောက်လှမ်းနေသူ (သို့) ကုမ္ပဏီတစ်ခုမှ တစ်ခုသို့ မကြာခဏပြောင်းရွှေ့နေခဲ့ဖူးသူများကို ဌားရမ်းခေါ်ယူမိပါက သူတို့ဟာ သင့်ကုမ္ပဏီမှာလည်း အချိန်ကြာမြင့်စွာ အလုပ်လုပ်ပေးနိုင်ခြေဟာ နည်းပါးလှပါတယ်။ 

သင်အလေးအနက်သိရှိထားရမယ့်အချက်ကတော့ သူတို့ရဲ့ career အပေါ် အာရုံစူးစိုက်မှုရှိတဲ့သူများဟာ သင့်ရဲ့လုပ်ငန်းကိုလည်း တိုးတက်မှုများဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သင့်ရဲ့လုပ်ငန်းအောင်မြင်လာတာနဲ့အမျှ သူတို့လည်း အကျိုးအမြတ်များရရှိလာနိုင်တယ်လို့ ထိုသူများက ခံယူထားတဲ့အတွက်ပဲဖြစ်ပါတယ်။ Career-driven ဖြစ်နေတဲ့ professional ကျွမ်းကျင်သူများဟာ သစ္စာရှိပြီး သင့်ထံတွင်အလုပ်လုပ်ကိုင်ပေးရခြင်းကို သူတို့ကိုယ်သူတို့ ကိုယ်ရည်သွေးနေရသကဲ့သို့ မှတ်ယူထားမှာဖြစ်ပါတယ်။ ဒီကဲ့သို့သော လုပ်ငန်းကျွမ်းကျင်သူများကို ရှာဖွေနိုင်စေဖို့အတွက် သတိထားကြည့်ရှုရမယ့်အချက်အချို့ကတော့ အသင်းအဖွဲ့စိတ်ဓါတ်၊ မိမိကိုယ်ကို သိရှိနားလည်မှု၊ စိတ်ပိုင်းဖြတ်လုပ်ဆောင်တတ်မှုနဲ့ အပြောင်းအလဲများနှင့် လိုက်လျောညီထွေလုပ်ကိုင်နိုင်စွမ်းတို့ဖြစ်ပါတယ်။ 

 

၂။ Professional Employment Organization (PEO) များကိုအသုံးချပြီး ဝန်ထမ်းခေါ်ယူမှု ပြုလုပ်ပါ။ 

Professional အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်း (PEO) များဟာ လုပ်ငန်းရှင်များအတွက် ဝန်ထမ်းခေါ်ယူမှုလုပ်ငန်းစဉ်ကို ရိုးရှင်းလွယ်ကူမှုရှိလာစေမှာဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရပ်ခြားသို့တိုးချဲ့မှုများ ပြုလုပ်နေတဲ့အခါတွင် ထိုသို့ပြုလုပ်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ သူတို့က သင့်ထံသို့ သင့်တော်ကိုက်ညီမှုရှိတဲ့ဝန်ထမ်းများရရှိအောင် ဆောင်ကြဉ်းပေးနိုင်စွမ်းရှိကြပါတယ်။ ဥပမာအားဖြင့် -  သင့်အနေနဲ့ www.jobsinyangon.com ကဲ့သို့သော အလုပ်အကိုင်ရှာဖွေရေး website များကိုအသုံးပြု၍ သင့်လုပ်ငန်းနယ်ပယ်အတွင်းရှိ အကောင်းဆုံးအရည်အချင်းရှိသူများကို ဆွဲဆောင်နိုင်ပြီး သင့်ရဲ့လုပ်ငန်းကို ပိုမိုတိုးတက်မှုရှိလာစေရန် ဆောင်ရွက်နိုင်ပါတယ်။ PEO ကုမ္ပဏီများက သင့်အနေနဲ့ နေရာတစ်နေရာသို့ ကိုယ်တိုင်သွားရောက်ပြီး သင့်ရဲ့လုပ်ငန်းကိုစတင်ကာ ဝန်ထမ်းခေါ်ယူမှုများပြုလုပ်ရမယ့်ကုန်ကျစားရိတ်များကို သိသိသာသာလျှော့ချပေးနိုင်စွမ်းရှိပါတယ်။ 

 

၃။ လုပ်ငန်းအတွေ့အကြုံရှိပြီးသူများကိုခေါ်ယူပါ။ 

သင့်အနေနဲ့ သတ်မှတ်ထားတဲ့အရည်အချင်းနဲ့ ပြည့်စုံသလို သင့်ရဲ့လုပ်ငန်းနယ်ပယ်အတွင်း အတွေ့အကြုံရှိပြီးသူများကို ခေါ်ယူဖို့အတွက်ကို စဉ်းစားသင့်ပြီး ဒါမှသာ အကောင်းဆုံးသော ရလာဒ်များကို ရရှိနိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းအတွေ့အကြုံရှိပြီးသူများနဲ့ အတူလက်တွဲကာလုပ်ကိုင်ရတဲ့အတွက်ကြောင့် ရရှိလာနိုင်တဲ့အကျိုးကျေးဇူးများလည်း ရှိနေပါတယ်။ ထိုအချက်များထဲက အချို့ကတော့ - လုပ်ငန်းအတွေ့အကြုံ ရှိပြီးသူများတွင် အခုမှ career ကို စတင်မည့်သူများထက် ကောင်းမွန်မှန်ကန်သော မိမိကိုယ်ကိုသိနားလည်မှုရှိခြင်း၊ မိမိတို့ရဲ့ပုံရိပ်နဲ့ လုပ်ငန်းခွင်ကျင့်ဝတ်များကို လေ့ကျင့်ထားပြီးသားဖြစ်ကာ လုပ်ငန်းသဘောကိုကြေညက်နေပြီးသားဖြစ်ခြင်း၊ သူတို့ရဲ့ကျွမ်းကျင်မှုများ၊ လုပ်နိုင်စွမ်းများနဲ့ အားသာချက်များ၊ အလားလာများကိုလည်း ကောင်းစွာသိရှိနားလည်နေပြီးသူများဖြစ်တဲ့အတွက် သင့်ရဲ့ လုပ်ငန်းအတွက် ပိုမိုကောင်းမွန်တဲ့ ရလာဒ်များကို ဆောင်ကြဉ်းပေးနိုင်စွမ်းရှိနေပါတယ်။ သူတို့ဟာ အခြားသော လုပ်ငန်းနယ်ပယ်များတွင်လည်း လုပ်ကိုင်ခဲ့ဖူးမှာဖြစ်တဲ့အတွက် သင့်ကုမ္ပဏီအနေနဲ့ သေချာစွာတွက်ချက်ထားတဲ့ လုပ်ငန်းစီးပွားရေးလုပ်ကွက်များကိုလည်း ဖန်တီးပေးနိုင်မှာပဲဖြစ်ပါတယ်။ 

ဒါ့အပြင် သူတို့ကအရာအားလုံးနီးပါးကို လုပ်ကိုင်ခဲ့ဖူးပြီးသားဖြစ်တဲ့အတွက်နဲ့ ဘယ်အရာကတော့ အလုပ်ဖြစ်တယ်၊ ဘယ်ရာကိုတော့ ဘယ်အချိန်မှာလုပ်သင့်တယ်ဆိုတာတွေကို နားလည်သဘောပေါက်ပြီးသူများဖြစ်တဲ့အတွက် သင့်လုပ်ငန်းအတွက်စွန့်စားရမယ့်အရာများကိုလည်း အနည်းဆုံးဖြစ်အောင်လျှော့ချပေးနိုင်ပါတယ်။ လုပ်ငန်းအတွေ့အကြုံရှိပြီးသူများကို ဌားရမ်းရခြင်းဟာ cost-effective လည်းဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သင့်အနေနဲ့ သူတို့ကို ဝန်ထမ်းအသစ်များ၊ အတွေ့အကြုံမရှိသေးသူများကဲ့သို့ လေ့ကျင့်သင်တန်းပေးစရာမလိုတဲ့အတွက် ဒီနေရာမှာ အကုန်အကျများစွာလည်း သက်သာနိုင်ပါတယ်။ အဆုံးသတ်အနေနဲ့ ပြောရပါလျှင် လုပ်ငန်းကျွမ်းကျင်မှု အတွေ့အကြုံ ရှိပြီးသူများဟာ သင့်လုပ်ငန်းအဖွဲ့အစည်းအနေနဲ့ ဘယ်လိုမျိုးစီးပွားရေးအကြပ်အတည်းကာလများနဲ့မဆို ကြုံတွေ့နေရပါစေ ထိုအရာများကို ရင်ဆိုင်နိုင်ဖို့လုံလောက်တဲ့စွမ်းရည်ရှိနေပါတယ်။ ဘာလို့လဲဆိုတော့ ဒီအရာတွေကို ယခင်ကလည်း ထိုသူတို့အနေနဲ့ ကြုံဖူးခဲ့ကြမှာဖြစ်လို့ပါ။

 

၎။ လုပ်ငန်းနယ်ပယ်အစဉ်အလာများနဲ့ ကိုက်ညီမှုရှိသူများ 

Recruitment ပြုလုပ်ရာတွင် သင့်အနေနဲ့ ကုမ္ပဏီအစဉ်အလာများကို လိုက်နာနိုင်မယ့်သူများကိုသာ ဌားရမ်းခေါ်ယူမှု ပြုလုပ်လိုကြမှာဖြစ်ပါတယ်။ ဒီအတွက် ဝန်ထမ်းများဟာ သူတို့ရဲ့ လူမှုဆက်ဆံရေးဆိုင်ရာ soft skill များကို လေ့ကျင့်ထားပြီး အသားကျနေပြီးသူများဖြစ်နေမှသာ ကုမ္ပဏီအတွင်းတွင် အစီအစဉ်ကျသော၊ စနစ်ကျသောပတ်ဝန်းကျင်တစ်ခုကို ဖြစ်လာစေမှာဖြစ်ပါတယ်။ အသင့်တော်ဆုံး၊ အကောင်းဆုံးသော ဝန်ထမ်းများဟာ သင့်ရဲ့ positive office culture တစ်ခုနဲ့ အံဝင်ခွင်ကျရှိနေနိုင်တဲ့သူများပဲဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်တည်းက အရာအားလုံးကိုလုပ်ဆောင်၍မရနိုင်တဲ့အတွက် သင့်အနေနဲ့ ဝန်ထမ်းများကို အဖွဲ့အစည်းတစ်ခုအနေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းရှိတာကို လိုချင်မှာပဲဖြစ်ပါတယ်။ ဒီအတွက် ကောင်းမွန်စွာ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းရှိပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တဲ့ဝန်ထမ်းများကိုသာ ခေါ်ယူဌားရမ်းပေးဖို့ လိုအပ်ပါတယ်။ 

ထိုသို့သော Candidate များကို ရှာဖွေနိုင်ရန်အတွက် သူတို့ယခင်ကလုပ်ခဲ့ဖူးတဲ့လုပ်ငန်းများကို စစ်ဆေးခြင်း၊ မိမိလုပ်ငန်းနဲ့ သင့်တော်မှုရှိ၊ မရှိ အကဲဖြတ်ခြင်း အစရှိသည်တို့ကို အင်တာဗျူးမေးမြန်းစဉ်တွင် မေးမြန်း၍ အကဲဖြတ်လေ့လာမှုများ ပြုလုပ်သင့်ပါတယ်။ ထို့အပြင် သင့်အနေနဲ့ အကိုးအကားပြုလုပ်နိုင်ဖို့ တစ်စုံတစ်ခုကို ရှာဖွေကိုးကားမှုများပြုလုပ်နိုင်ရန် သူတို့ဟာ ယခင်လုပ်ဖော်ကိုင်ဖက်ဟောင်းများနဲ့ ဆက်ဆံရေးပြေလည်မှုရှိရဲ့လားဆိုတာကို လေ့လာကြည့်လိုက်ပါ။ 

 

နိဂုံး 

သင့်ကုမ္ပဏီအတွက် အကောင်းဆုံးသော ဝန်ထမ်းများကို ခေါ်ယူခန့်အပ်မှုပြုလုပ်နိုင်ဖို့ဟာ ရှည်လျားပြီးရှုပ်ထွေးလှတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီအရာကိုအချိန်ပေးပြီးလုပ်ဆောင်ပေးသင့်ပါတယ်။ သင့်ရဲ့ဝန်ထမ်းများဟာ သင့်အသိုင်းအဝိုင်းရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာဖြစ်တဲ့အတွက် သင့်ရဲ့လုပ်ငန်းများမှာ ဆုံးရှုံးမှုများ ဖြစ်ပေါ်မလာစေဖို့အတွက် ဝန်ထမ်းများကိုရွေးချယ်ခြင်းလုပ်ငန်းစဉ်ကို အလေးအနက်ထားပြုလုပ်ဖို့အတွက် တိုက်တွန်းလိုပါတယ်။ 

ဝန်ထမ်းကောင်းများကို ရှာဖွေနိုင်ဖို့ဟာလွယ်ကူပါတယ်၊ သင့်အနေနဲ့လုံလောက်စွာ အားထုတ်၍ရှာဖွေမှုပြုလုပ်ဖို့ပဲလိုအပ်တာပါလို့ပြောကြားရင်း ဒီကနေ့ဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါတယ်။ 


ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


EPCM Myanmar Co., Ltd.

EPCM Myanmar Co., Ltd.

.We seek to be the leading customer oriented Construction , Mechanical and Electrical Equipment & services for our Professionalism, Quality, Cost Efficiency and Timely Delivery. .To provide the highe...
Show the postings (11)
Ideal Future Co., Ltd.

Ideal Future Co., Ltd.

..Web Design and Development, Digital Marketing, Merchandising.Ideal Technology was founded by a group of young innovators in 2006. The company has been a successful company for many years in the fiel...
Show the postings (4)
Digital Dots

Digital Dots

.DigitalDots specialises in building quality business websites that people are proud of by using our expertise in all areas of website design, development and Internet marketing. Our passion for se...
Show the postings (7)
Ongo Myanmar

Ongo Myanmar

Ongo digital payment services are now available in Myanmar through the Ongo Mobile Money App!Ronoc Asia was incorporated in July 2015 when Ronoc, an international investment and advisory firm (founded...
Show the postings (1)
Lan Thit Innovation Co., Ltd

Lan Thit Innovation Co., Ltd

..We, as Lan Thit Innovation Technology, provide services like recruiting, outsourcing and brand marketing to our clients. We also assist the jobseekers in finding the right opportunity for them. We ...
Show the postings (37)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS