Jobs In Myanmar
Load...

အလုပ်ဆိုင်ရာသတ်မှတ်ဖော်ပြချက်ကောင်းတစ်ခု ရေးသားရန်အဓိကအချက် (၅)ချက်

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Employee-Knowledge-JD-HR-JobsinYangon



အလုပ်ဆိုင်ရာသတ်မှတ်ဖော်ပြချက်ကောင်းတစ်ခု ရေးသားရန်အဓိကအချက် (၅)ချက်

 

၁။ အလုပ်နဲ့ သက်ဆိုင်တဲ့ အသေးစိတ်စီစစ်လေ့လာမှု တစ်ခုပြုလုပ်ပါ။
အလုပ်တစ်ခုမှာ ဘာတွေလိုအပ်တယ်ဆိုတာကို သင်ကိုယ်တိုင်အသေးစိတ်နားလည် မထားဖူးဆိုရင်တော့ သင့်အနေနဲ့ အလုပ်ဆိုင်ရာသတ်မှတ်ဖော်ပြချက်တစ်ခုကောင်း ကောင်းရေးနိုင်မှာ မဟုတ်ပါဘူး။ဒါကြောင့် အလုပ်ဆိုင်ရာသတ်မှတ်ဖော်ပြချက်တစ်ခု မရေးခင်မှာ သင့်အနေနဲ့ ဝန်ထမ်းအသစ်နဲ့လက်တွဲပြီးအလုပ်လုပ်မယ့် အဖွဲ့ဝင်တွေ၊ သင်ခန့်အပ်မှာအလုပ်ရာထူးနေရာမှာ လက်ရှိတာဝန်ထမ်းဆောင်နေသူတွေ အပါအဝင် ဝန်ထန်းခန့်အပ်ရေးမန်နေဂျာနှင့်ပါ ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်ပါတယ်။ ထိုသူတွေကို အလုပ်လျှောက်သူ တစ်ယောက် အလုပ်ရရှိဖို့အတွက် လိုအပ်တဲ့ စွမ်းရည် (ကျွမ်းကျင်မှု)တွေနဲ့ သူလုပ်ရမယ့် နေ့စဉ်လုပ်ငန်းတာဝန်တွေနဲ့ ပတ်သက်ပြီးမေးမြန်းပါ။
သင့်အနေနဲ့ အလုပ်လျှောက်သူတွေကို ကမ်းလှမ်းထားတဲ့ ကမ်းလှမ်းချက်တွေဟာ အခြားသူ(အဖွဲ့အစည်း)ရဲ့ ကမ်းလှမ်းချက်တွေနဲ့ ယှဉ်လို့ရနိုင်တယ်ဆိုတာကို သေချာ စေဖို့အတွက် ပြင်ပလေ့လာမှုတွေလည်းပြုလုပ်သင့်ပါတယ်။ ဘယ်လိုလစာမျိုးနဲ့ အကျိုးခံစားခွင့်တွေကဈေးကွက်မှာယှဉ်ပြိုင်ရပ်တည်နိုင်လည်းဆိုတာကို သိရဖို့အတွက် www.jobsinyangon.com  လို အလုပ်ရှာဖွေတဲ့ဝက်ဘ်ဆိုက်တွေနဲ့ Salary Survey  တို့လို အချက်အလက်ရင်းမြစ်တွေကို လေ့လာသင့်ပါတယ်။

၂။ အလုပ်က ဘာကြောင့်အရေးကြီးတယ်ဆိုတာကို ဖော်ပြပါ။
ယနေ့ခေတ်မှာ အလုပ်ရှာတဲ့သူတွေဟာ အလုပ်ကိုလာ ရှစ်နာရီကြာအလုပ်လုပ်ပြီး အိမ်ပြန် ဆိုတဲ့ လုပ်ငန်းခွင်မျိုးတွေကိုဘဲ ရှာဖွေနေကြတာမဟုတ်ပါဘူး။ သူတို့ဟာ သူတို့လုပ်တဲ့အလုပ်က အဓိပ္ပါယ်ရှိပြီး အရေးပါအရာရောက်တယ်လို့ ခံစားရစေတဲ လုပ်ငန်းခွင်တွေကို ရှာဖွေနေကြတာဖြစ်ပါတယ်။ အဲ့ဒီလိုသဘောမျိုးကို ပုံဖော်ပေးနိုင်ဖို့ က သင့်ရဲ့တာဝန်ဘဲဖြစ်ပါတယ်။ အဲ့ဒီလိုပုံဖော်နိုင်ဖို့အတွက်ဆိုရင် အလုပ်ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးအစိတ်အပိုင်းတွေနဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တွေဟာ ကုမ္ပဏီအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှု ရှိစေနိုင်တယ်ဆိုတာကိုလည်း အသေးစိတ်ဖော်ပြပေးပါ။ဖြစ်နိုင်သည်မှာ သင့်ရဲကုမ္ပဏီဟာ ကုမ္ပဏီရဲ့ အဓိက ဘဏ္ဍာရေးဆိုင်ရာ ရည်ရွယ်ချက်တစ်ခုကို ပြည့်မြောက်အောင်ဆောင်ရွက်ဖို့အတွက် လာမယ့်နှစ်အတွင်းမှာ သုံးစွဲသူစိတ်ကျေနပ်မှုကို တိုးတက်အောင်ပြုလုပ်ဖို့  ကြိုးစားနေတယ်ဆိုရင် သင်ခန့်အပ်ထားရှိဖို့ကြိုးစားနေတဲ့ Customer Success Manager ရာထူးဟာ အဲ့ဒီရည်ရွယ်ချက်ပြည့်မြောက်အောင်မြင်ဖို့အတွက် ကူညီပေးနိုင် ရပါလိမ့်မယ်။ အလုပ်ရှာသူတစ်ယောက်အနေနဲ့ သူတို့လုပ်ရမယ့်အလုပ်ရဲ့ တန်ဖိုးနဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်နိုင်ဖို့အတွက် သင့်အနေနဲ့ သူတို့ဝင်ရောက်လုပ်ကိုင်ရမယ့် ရာထူးကဏ္ဍကို ကုမ္ပဏီရဲ့ ရည်မှန်းချက်ပန်းတိုင် နှင့် အစဉ်အလာတို့နဲ့ ချိတ်ဆက်ထားဖို့လိုအပ်ပါတယ်။  နောက်ဆုံးအနေနဲ့ကတော့ ရွေးချယ်ခန့်အပ်ခံရတဲ့ ဝန်ထမ်း တာဝန်ယူလုပ်ကိုင်ရမယ့် စိတ်လှုပ်ရှားစရာ ပရောဂျက် တွေအကြောင်းကိုလည်း ဖော်ပြဖို့မမေ့ပါနဲ့ ။ သူတို့အနေနဲ့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ နည်းပညာအသစ်တွေကို အသုံးပြုရမယ်၊ သူတို့ထပ်ရာထူးကြီးသူတွေနဲ့ လက်တွဲ လုပ်ကိုင်ခွင့်ရရှိနိုင်မယ် သို့မဟုတ် အရေးကြီးတဲ့လုပ်ဆောင်ချက်တွေပါ ပါဝင် ဆောင်ရွက်ခွင့်ရရှိမယ်ဆိုရင်လည်း အဲ့ဒီအချက်တွေကို အလုပ်ဆိုင်ရာသတ်မှတ်ဖော် ပြချက်တွေမှာ ထည့်သွင်းဖော်ပြပါ။

၃။ လိုအပ်ချက်တွေကို ပြန်လည်စစ်ဆေးညှိနှိုင်းပါ။
အထက်မှာဖော်ပြခဲ့သလိုပင် အလုပ်လျှောက်သူတစ်ယောက်မှာ ဘယ်လိုစွမ်းရည် (ကျွမ်းကျင်မှု)တွေနဲ့ နောက်ကြောင်းရာဇဝင်တွေ ပိုင်ဆိုင်ထားဖို့လိုအပ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ဝန်ထမ်းခန့်အပ်ရေးမန်နေဂျာ နှင့် အဖွဲ့တို့နဲ့ တိုင်ပင်ခြင်းက ကောင်းမွန်သင့်တော်တဲ့ လုပ်ဆောင်ချက်တစ်ခုဘဲဖြစ်ပါတယ်။ သို့သော် လိုအပ်ချက် တွေမှာ မဖြစ်မနေလိုအပ်တဲ့စွမ်းရည်(ကျွမ်းကျင်မှု)တွေကိုဘဲ အကျဉ်းချုံးဖော်ပြနိုင်ဖို့က တော့ ဝန်ထမ်းရှာဖွေသူဖြစ်တဲ့ သင့်ရဲ့တာဝန်ဘဲဖြစ်ပါတယ်။ အလုပ်လျှောက်မယ့်သူ တွေက သဘာဝမကျတဲ့လိုအပ်ချက်တွေကို အစုလိုက်အပြုံလိုက်ဖော်ပြထားတာကို တွေ့ရမယ်ဆိုရင် သူတို့ဟာ အဲဒီအလုပ်အကိုင်အခွင့်အလမ်းရာထူးကို လက်လွှတ် လိုက်နိုင်ပါတယ်။ တကယ့်တော့ အလွန်အမင်းများပြားတဲ့လိုအပ်ချက်တွေဟာ သင့်ရဲ့ ကျား/မဝန်ထမ်း အားလုံးပါဝင်ရေးဆောင်ရွက်ချက်တွေကိုတောင် ထိခိုက်နိုင်ပါတယ်။ လေ့လာတွေ့ရှိ ချက်တွေအရ အမျိုးသမီးတွေဟာ လိုအပ်ချက်တွေနဲ့ ၁၀၀ ရာခိုင်နှုန်းကိုက်ညီမှုရှိမှသာ အလုပ်တစ်ခုကို လျှောက်ကြပြီး အမျိုးသားတွေကတော့ ၆၀ရာခိုင်နှုန်းလောက် ကိုက်ညီရင်ဘဲ အဲ့ဒီအလုပ်ကို လျှောက်ကြပါတယ်။အဲ့ဒီအခြေအနေတွေကို တွန်းလှန် နိုင်ဖို့အတွက် အခြေခံအားဖြင့် မဖြစ်မနေ အနည်းဆုံးပိုင်ဆိုင်ထားရမယ့် အရည်အချင်း တွေနဲ့ ပိုပြီးနှစ်သက်အလိုရှိ တဲ့ အရည်အသွေး လိုအပ်ချက်တွေကို အမျိုးအစား ခွဲထားပြီး ကျန်တဲ့မလိုအပ်တဲ့အရာတွေကိုတော့ လုံးဝဖယ်ထုတ်ထားရမှာဖြစ်ပါတယ်။   သင့်အနေနဲ့ ဘယ်အလုပ်လျှောက်သူကိုမှ သင့်ရဲ့သတ်မှတ်ဖော်ပြချက်တွေကို ဖတ်ပြီးတဲ့ အခါမှာလန့်သွားတာမျိုးဖြစ်စေချင်မှာ မဟုတ်ပါဘူး။

၎။သင့်ကုမ္ပဏီရဲ့ အစဉ်အလာတွေကိုလည်း ဖော်ပြပါ။
အလုပ်ဆိုင်ရာသတ်မှတ်ဖော်ပြချက်တွေဟာ သင့်ရဲ့အလုပ်လျှောက်သူပိုင်ဆိုင်ထားဖို့ လိုအပ်တဲ့အရည်အသွေးတွေကို ဖော်ပြဖို့ချည်းသက်သက်မဟုတ်ပါဘူး။ သူတို့ဟာ သင့်အနေနဲ့ အလုပ်လျှောက်သူတွေကို ဘာတွေကမ်းလှမ်းနိုင်လည်းဆိုတာကို ဖော်ပြဖို့ အခွင့်အရေးလည်းဖြစ်ပါတယ်။ သင့်ရဲ့ကုမ္ပဏီနဲ့ ကုမ္ပဏီရဲ့တစ်မူထူးခြားတဲ့ အစဉ်အလာတွေ အကြောင်းကို ဖော်ပြဖို့အတွက် “ကျွန်ုပ်တို့၏ အကြောင်း” ဆိုတဲ့ အပိုင်းတစ်ခု ထည့်သွင်းဖော်ပြပါ။ အဲ့ဒီအပိုင်းမှာ ကုမ္ပဏီအကြောင်း အကျဉ်းချုပ်ဖော်ပြချက်၊ လုပ်ငန်းလုပ်ဆောင်ပုံနဲ့ ဘယ်အရာတွေက သင့်ရဲ့ကုမ္ပဏီကို အလုပ်လုပ်လို့ ကောင်းတဲ့နေရာတစ်ခုဖြစ်စေတယ် ဆိုတဲ့အချက်တွေကို ဖော်ပြပါ။ လျင်မြန်စွာတိုးတက်နေတဲ့ လုပ်ငန်းသစ်တစ်ခုရဲ့ အုတ်မြစ်မှာ ပါဝင်လုပ်ကိုင်ဖို့ အခွင့် အရေး၊ အကောင်းဆုံးလုပ်ခလစာနှင့် ခံစားခွင့်များ သို့မဟုတ် မိမိရဲ့ပရော်ဖက်ရှင်နယ် တိုးတက်ဖို့အတွက် အလေးသာမှု အစရှိတဲ့ သင့်ရဲ့အလုပ်လျှောက်သူတွေ အခြား ဘယ်နေရာမှာမှ မရရှိနိုင်တဲ့ unique value proposition တွေကိုလည်း ဖော်ပြပေးပါ။ 

၅။ သင့်ရဲ့ အလုပ်ဆိုင်ရာသတ်မှတ်ဖော်ပြချက်တွေကို မိုဘိုင်းဖုန်းမှာ ကြည့်ရှု့လို့ ရနိုင်အောင်ပြုလုပ်ထားပေးပါ။
ယနေ့ခေတ်မှာ ကျွန်တော်တို့ရဲ့ဖုန်းကို အသုံးပြုပြီး မလုပ်ဖြစ်တဲ့အရာ မရှိသ လောက်ရှားပါတယ်။ အဲ့ဒီအထဲမှာ အလုပ်အကိုင်ရှာဖွေခြင်းလည်း တစ်ခုအပါအဝင်ဖြစ် ပါတယ်။ တကယ်တော့ JobInYangon ကိုဝင်ရောက်ကြည့်ရှု့မှုတွေရဲ့ တစ်ဝက်ကျော် လောက်က ဖုန်းတွေကနေ ဝင်ရောက်ကြတာဘဲဖြစ်ပါတယ်။ ဒါကြောင့် အခုလို နည်းပညာအသုံးပြု အလုပ်အကိုင်ရှာဖွေသူတွေအတွက် လွယ်ကူအောင်ပြုလုပ်ထား ပေးပါ။  ကွန်ပြူတာပေါ်မှာလိုဘဲ ဖုန်းပေါ်မှာလည်း ဖတ်ရှု့ရတာလွယ်ကူတဲ့ အလုပ်ဆိုင်ရာဖော်ပြချက်တစ်ခု ဖန်တီးပါ။ ရှည်လျားရှုပ်ထွေးတဲ့ စာပိုဒ်တွေရေးခြင်းကို ရှောင်ပါ။ ကြည့်ရှု့ဖို့အတွက် လွယ်ကူတဲ့ ခေါင်းစဉ်ခွဲတွေနဲ့ အရေးကြီးတဲ့အချက်တွေကို ဖော်ပြတဲ့နည်းလမ်းကိုသာ အသုံးပြုပါ။

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Tharaphu Soe Myint Company Limited

Tharaphu Soe Myint Company Limited

Under the leadership of the proprietor U Soe Myint and the assistance of the expertise knowledge of the technicians, the company works for the welfare of the local farmers and peasants.The aim of the ...
Show the postings (5)
MYANMAR PARA LIGHT LED & LIGHTING ACCESSORY CO.,LTD

MYANMAR PARA LIGHT LED & LIGHTING ACCESSORY CO.,LTD

Translator -Female -Chinese language (4 Skills) -Graduate UniversityMYANMAR YANG DING is Taiwanese LED manufacturing below at PARA LIGHT Group Our HQ at Taipei, Taiwan. The Myanmar factory i...
Show the postings (4)
AA Medical Products

AA Medical Products

Our headquarters office is in Yangon and we have the branch offices in Mandalay, Myintkyina, Mawlamyine, Taunggyi, Lashio, Magwe, Sittwe, Kalay, Meik, Dawei, Pathein and Nay Pyi Taw.We have over 700 e...
Show the postings (68)
IMYANMARHOUSE CO.,LTD.

IMYANMARHOUSE CO.,LTD.

.We publish monthly property magazines since May 2015 and 13 property related books so far.iMyanmarHouse.com is the market leader of Myanmar Real Estate online platform that connects buyers, real esta...
Show the postings (11)
V Net - Mandalay Internet Service Provider

V Net - Mandalay Internet Service Provider

Vision and Mission Call us rebels, but we strongly believe every home and business in Myanmar should have fast, affordable and reliable access to the internet. No compromise, no barriers, no fuss.So ...
Show the postings (33)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS