Jobs In Myanmar
Load...

5 Smart Moves to Make When Your Job Search Stalls

by admin


ချိတ်ဆွဲရန်စာတန်း: job job board



အလုပ်သစ်တစ်ခုရှာဖွေတယ်ဆိုတာ ရိုလာကိုစတာစီးသလိုပဲ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ အရာတစ်ခုပါ။ လွယ်ကူတယ်ထင်ရပေမယ့် တစ်ခါတစ်လေခက်ခဲမှုတွေတွေ့ရတတ်သလို၊ တစ်ခါတစ်ရံတော့လည်း အဆင်ပြေချောမွေ့နေတတ်ပါတယ်။ ကိုယ်ရေးအချက်အလက် resume အတွက် သင်ဟာ အချိန်တော်တော်ကြာပြင်ဆင်မွန်းမံမယ်။ Cover Letter အတွက်လည်း အကောင်းဆုံးလို့ထင်တာတွေကို ပြုလုပ်ထားမယ်။ အလုပ်လျှောက်ပြီး နောက်မှာလည်း follow-up တွေ လုပ်မယ်။ ဒါပေမယ့် သင်လိုချင်တဲ့ ရလဒ်အဖြေအကြောင်းပြန်တာကိုတော့ ရရှိခြင်းမရှိသေးဘူး။ ရက်တွေကြာလာမယ်၊ တစ်ပါတ်က နှစ်ပါတ်ဖြစ်လာမယ်၊ ပိုပိုကြာလာမယ်၊ လိုချင်တဲ့ အကြောင်းပြန်စာကိုတော့ ရရှိခြင်းမရှိဘူး။ အဲ့လိုအချိန်တွေဟာ စိတ်ပျက်ငြီးငွေ့ဖွယ်အချိန်တွေဖြစ်မှာ မလွဲပါပဲ။ ဒါပေမယ့် အဲ့လိုတွေကြုံနေရချိန်မှာ ဒီတိုင်းစိတ်ပျက်နေမယ့်တူတူ အောက်က အချက်လေးတွေကို လိုက်လုပ်ကြည့်ရင်းနဲ့ အပြောင်းအလဲလေးတွေနဲ့အတူ စိတ်မွန်းကျပ်နေမှုတွေကို ပယ်ဖျက်ကြည့်ရအောင်။

 

၁။ Resume ကို ပြန်လည်ပြုလုပ်ကြည့်ပါ

         အရောင်လေးတွေပြောင်းလဲကြည့်ပါ။ စာလုံးဒီဇိုင်းအသစ်တွေသုံးကြည့်၊ စာလုံးအရောင်တွေ ပြောင်းလဲကြည့်ပြီး သင့်ရဲ့ resume ဒီဇိုင်းကို အမြင်ဆန်းသွားအောင် အသစ်တဖန် ပြန်လည်မွန်းမံကြည့်ပါ။ သင်ဟာ Graphic Designer လည်းမဟုတ်ပဲနဲ့ ဘာလို့ ဒီဇိုင်းကို အမြင်ဆန်းအောင်လုပ်နိုင်မှာလည်း လို့လည်းမတွေးပါနဲ့ဦး။ ဒါသင့်ရဲ့ ကိုယ်ရေးအချက်အလက်ပါ၊ သင့်ရဲ့ resume ပါ။ ဥပမာအားဖြင့် တချို့သူတွေ သီတင်းကျွတ်အချိန်မျိုးမှာ သူတို့ရဲ့အိမ်ကို မီးလုံးလေးတွေနဲ့ အလှဆင်သလိုမျိုးပေါ့။ အိမ်ကို မီးလုံးလေးတွေတပ်ဖို့ အဲ့ဒီသူဟာ ဗိသုကာပညာရှင်ဖြစ်နေဖို့မလိုတာတော့ သေချာပါတယ်။ အဲ့လိုပဲ graphic designer မဟုတ်တဲ့ သင်ဟာလည်း သင့်ရဲ့ ကိုယ်ပိုင် resume ကို လှပအောင် မွန်းမံနိုင်တဲ့ အစွမ်းရှိပါတယ်။ အသေးလေး တွေကစပါ။ ဥပမာအားဖြင့် နာမည်ကို စာလုံးလေးနည်းနည်းကြီးလိုက်ပါ။ အရောင်လေးနည်းနည်း ပြောင်းလဲလိုက်ပါ။ အဖြူအမည်းတွေများမယ့် resume တွေထဲမှာ သင့်ရဲ့ resume ဟာ အနည်းနဲ့ အများ ပေါ်လွင်သွားစေမှာပါ။ ဒါ့အပြင် အင်တာနက်ပေါ်က ရှိပြီးသား templates တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ သင့်နဲ့သက်ဆိုင်တဲ့အပိုင်းတွေကို ပေါ်လွင်အောင် ပြုပြင်လိုက်မယ်ဆိုရင် အဲ့ဒီ template တွေနဲ့ သင့်ရဲ့ resume ဟာလည်း သေသပ်တဲ့စာမျက်နှာတစ်ခုဖြစ်လာမှာပါ။

 

 

 

၂။ Cover Letter ကို စိတ်ဝင်စားဖွယ်ဖြစ်အောင် မွန်းမံပေးပါ။

         များသောအားဖြင့် ကျွန်တော်တို့ဟာ Cover letter တစ်ခုမှာ စစချင်းအဖွင့်အနေနဲ့ ရေးလေ့ရှိတာကတော့.." I’m writing to you because I’m extremely interested in.." ဘာညာ..ဘာညာ.. အစရှိသဖြင့် ဖော်ပြတတ်ကြပါတယ်။ မှားတယ်လို့ဆိုမရပေမယ့်လည်း စိတ်ဝင်စားဖွယ်ရာမကောင်းတာတော့ သေချာပါတယ်။ လိုရင်းတိုရှင်းပေမယ့်လည်း သင့်ရဲ့ cover letter ရဲ့ ရေးသားမှုဟာ အများစုရဲ့ အရေးအသားနဲ့ တစ်ပုံစံတည်းဖြစ်နေမှာကတော့ သေချာပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ cover letter ကို အများစုထဲမှာမပါအောင်၊ သိသာထင်ရှားမှုဖြစ်အောင်၊ လျှောက်ထားတဲ့အလုပ်နှင့် သက်ဆိုင်မယ့် သင့်ရဲ့ ကိုယ်ပိုင်အတွေ့အကြုံမျိုးကို ဖော်ပြပြီး စိတ်ဝင်စားဖွယ် စီကာပတ်ကုံးဖော်ပြခြင်းမျိုးဟာ အများကြားထဲမှာ သင့်ရဲ့ cover letter ကို ပိုမိုသတိပြုစေမှာဖြစ်ပါတယ်။ သတိထားရမယ့်အချက်ကတော့ ခြုံငုံရေးသားဖို့ကို မမေ့ဖို့ပါပဲ။ အသေးစိတ်ရေးသားပြီး ဝတ္ထုတစ်ပုဒ်လိုပြုလုပ်ဖို့လည်း မလိုအပ်လို့ပါ။ ရည်ရွယ်ချက်က ဖတ်တဲ့သူရဲ့ စိတ်ဝင်စားမှုကို ရရှိဖို့ဖြစ်ပြီးတော့ စာအရှည်ကြီးကိုတွေ့ပြီး လန့်သွားအောင်ပြုလုပ်ဖို့မဟုတ်လို့ပါ။

 

၃။ social media ကိုအကောင်းဆုံးအသုံးချပါ။

         ဒီနေ့ခေတ်အချိန်အခါ ကွန်ပျူတာခေတ်ကြီးမှာ အလုပ်ရှင်တော်တော်များများဟာ လူမှုကွန်ရက်ကို အသုံးပြုလာကြပါပြီ။ သင့်ကိုစိတ်ဝင်စားရင် အနည်းဆုံးတော့ သင့်ရဲ့ linkedIn ကို ဝင်ကြည့်တာမျိုးပြုလုပ်မှာပါ။ သင့်မှာ မရှိသေးရင် အခုအချိန်ဟာပြုလုပ်ဖို့အချိန်ဖြစ်ပြီး၊ ရှိပြီးသားဆိုရင်လည်း အကောင်းဆုံးမွန်းမံမှုများပြုလုပ်ပေးသင့်ပါတယ်။ ဥပမာအားဖြင့် headline အပိုင်းဟာ သင်ဘာလုပ်လည်းဆိုတာဖော်ပြတာမျိုးပါ။ စာလုံး ၁၂ဝ ထိ အသုံးပြုနိုင်တဲ့အတွက်လည်း သာမန်အလုပ်ခေါင်းစဉ်မျိုးတပ်တာထက် ပိုမိုစိတ်ဝင်စားဖွယ် စကားလုံးမျိုးဖြစ်အောင် ရေးသားသင့်ပါတယ်။ ဒါ့အပြင် Summary section မှာဆိုလည်း သင့်ရဲ့ အကြောင်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် စီကာပတ်ကုံးပြောပြနိုင်ပါတယ်။ သင့်ရဲ့ စက္ကန့် ၆ဝ စာ ကြော်ငြာတစ်ခုပါပဲ။ LinkedIn ဟာ Search Engine တစ်ခုဖြစ်တဲ့အတွက်လည်း လူသုံးများတဲ့ keywords များကို ထည့်သွင်းအသုံးပြုဖို့လည်း မမေ့သင့်ပါဘူး။

 

၎။ သင်အလုပ်ရှာနေကြောင်း သူငယ်ချင်းတွေကိုလည်း ပြောပြပါ။

         သေချာတာကတော့ သင်အလုပ်သစ်ရှာပြီဆိုရင် သင့်ရဲ့ မိဘ၊ အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့ သင့်ရဲ့ ချစ်သူတွေကို အလုပ်သစ်ရှာနေကြောင်း သင်အသိပေးပြီးသားဖြစ်မှာပါ။ ဒါပေမယ့် သူတို့တွေတင်မဟုတ်ပဲ သင့်ရဲ့ မိတ်ဆွေအသိုင်းအဝိုင်းထဲမှာလည်း ပြန်လည်ပြောပြပေးပါ။ သင့်အလုပ်နဲ့သက်ဆိုင်မှုရှိတဲ့ နယ်ပယ်ဝန်းကျင်မှ အခွင့်အလမ်းတစ်ချို့ကို လက်တို့ပေးနိုင်တဲ့ မိတ်ဆွေတစ်ယောက်နှစ်ယောက်ဆိုတာ အမြဲရှိတတ်ပါတယ်။ သင့်ရဲ့ အခင်မင်ဆုံး အသိုင်းအဝိုင်းတွင်းမှာပဲ မဟုတ်ပဲနဲ့ အပြင်က မိတ်ဆွေတွေကိုလည်း ဒီသတင်းကို မျှဝေ သင့်ပါတယ်။ ဥပမာအားဖြင့် သင်နဲ့ ဆရာကန်တော့ပွဲမှာတွေ့တဲ့ သူငယ်ချင်းနဲ့ စကားစမည်ပြောရင်း ဒီအကြောင်းကို ပြောပြရင် သူ့အနေနဲ့လည်း သူ့နဲ့ပတ်သတ်တဲ့ မိတ်ဆွေအသိုင်းအဝိုင်းထဲမှတဆင့် သင့်တော်တဲ့ အခွင့်အလမ်းတချို့ကို သင့်ကို လက်တို့ခြင်းမျိုးဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း သင်ဟာလက်ရှိမှာ အလုပ်လက်မဲ့မဟုတ်ပဲ တခြားလုပ်ငန်းတစ်ခုမှာ လုပ်ကိုင်ဆဲဖြစ်တယ်ဆိုရင်တော့ ဒီနည်းလမ်းဟာ အကောင်းဆုံးနည်းလမ်းတစ်ခုတော့ မဟုတ်နိုင်ပါဘူး။

 

၅။ ရှုထောင့်အသစ်က စဉ်းစားပေးပါ။

         သင့်အနေနဲ့ အလုပ်သစ်ရှာနေပြီဆိုရင် သေချာတာကတော့ အလုပ်ခေါ်စာဝက်ဘ်ဆိုက်တွေ၊ အလုပ်အခွင့်အလမ်းစာစောင်တွေကို ဖတ်နေမိမှာပါ။ ဒါပေမယ့် သင်နဲ့သက်ဆိုင်တဲ့ အလုပ်ဟာ အသစ်တွေမရှိလာပဲ သင်လျှောက်ပြီးသားတွေပဲဖြစ်နေမယ်ဆိုရင်တော့ စိတ်ပျက်စရာပါပဲ။ အလုပ်ရှာမယ့်ဝက်ဘ်ဆိုက်မှာ သင်လိုချင်တဲ့အလုပ်အကိုင်ခေါင်းစဉ်ကို ရှာကြည့်လိုက်လို့ သင့်အနေနဲ့ အလုပ်သစ်ကို မတွေ့ဘူးဆိုရင် သင့်အနေနဲ့ စိတ်ညစ်မိမှာပါ။ ဒါပေမယ့် အမြဲတမ်း သင့်နဲ့ သက်ဆိုင်မယ့် အလုပ်ခေါင်းစဉ်ကိုပဲ လိုက်ရှာမယ့်အစား ရှုထောင့်အသစ်တွေက စဉ်းစားပေးပါ။ သင်ဟာဘယ်လိုမျိုးကို စိတ်ဝင်စားပါသေးလဲ၊ ဘယ်လိုအဖွဲ့အစည်းမျိုးမှာ လုပ်ချင်ပါသေးလဲ၊ အစရှိသဖြင့်ပေါ့။ ဥပမာအားဖြင့်- ကျွန်တော်ဟာ content writer တစ်ယောက်၊ social guru တစ်ယောက်ပေါ့။ ဒါ့အပြင်ကျွန်တော်ဟာ ဘောလုံးပွဲလည်းဝါသနာပါတယ်။ ဒါဆိုရင် ကျွန်တော်ဟာ ဘောလုံးအဖွဲ့ချုပ်၊ ဒါမှမဟုတ်၊ ဘောလုံးစာစောင်တွေရဲ့ အလုပ်ကြော်ငြာတွေထဲ ဝင်ကြည့်ပြီးတော့ ကျွန်တော့်အတွက် သင့်တော်တဲ့ နေရာတစ်ခုရှိမရှိဝင်ကြည့်ဖြစ်မှာပါ။ ဒါ့အပြင် ကျွန်တော်ဟာ စာရင်းကိုင်တစ်ယောက်၊ စာအုပ်ဖတ်တာဝါသနာပါတယ်။ ဒါဆိုလည်း စာအုပ်ဆိုင်တွေမှာ ဂဏန်းပိုင်းတွေမှာ ထက်မြက်တဲ့သူတစ်ယောက် အလိုရှိမှာအသေအချာပါပဲ။

        

ကျွန်တော်အပါအဝင်၊ ဘယ်သူမှ အလုပ်သစ်ရှာပြီး စောင့်ဆိုင်းနေရတာကို ကြိုက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း စောင့်ဆိုင်းခြင်းဆိုတဲ့အရာကို စိတ်ပျက်မွန်းကျပ်နေမယ့်အစား အထက်ကဖော်ပြထားတဲ့ ပြုပြင်ပြောင်းလဲခြင်းများနဲ့ အစပြုပြီးတော့ အောင်မြင်မှုဆိုတဲ့လမ်းကို ဆက်လက် လျှောက်လှမ်းကြည့်ရအောင်..။

http://www.jobsinyangon.com/app/job-search?jobtype=&region=&keywords=&send=1&today=1


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Koe Koe Tech IT Social Enterprise

Koe Koe Tech IT Social Enterprise

Myanmar is exceptional among developing countries in that it appears poised to completely leapfrog feature phones and go straight to smartphones. Android smartphones in distribution in Myanmar already...
Show the postings (20)
FORUM8 YANGON Co.,Ltd.

FORUM8 YANGON Co.,Ltd.

Sales/Office work, Engineering workFORUM8 exerts its force primarily on the development/marketing of software that support civil engineering design, analysis, architectural design, etc. and lately the...
Show the postings (1)
Supreme Group Of Companies

Supreme Group Of Companies

Our Mission To deliver Professional Services that meet and exceed Clients expectations. To maintain a high level of professional Standing and Integrity that is above reproach. To establish a mutual...
Show the postings (26)
PENTA-OCEAN CONSTRUCTION CO., LTD.

PENTA-OCEAN CONSTRUCTION CO., LTD.

.“Creative company” for land and sea As a leading contractor in coastal and waterfront area, we seek to create attractive environment and pursue customer satisfaction and social contribution as a...
Show the postings (2)
Young Investment Group

Young Investment Group

.WE ARE WELL ESTABLISH AND WORKING TOGETHER WITH MANY DIFFERENT NATIONALS THAT WILL LET YOU FEEL AS YOUR HOMEOUR COMPANY IS A LEADING INTERNATIONAL PRIVATE COMPANY IN MYANMAR. DOING 9 BIG SECTORS OF B...
Show the postings (14)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS