Jobs In Myanmar
Load...

မန်နေဂျာတစ်ဦးဖြစ်လာစေရန်အတွက် လိုအပ်သောအဆင့် ၅ ချက်

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Career-Knowledge-Steps-Manager-JobsinYangon



မန်နေဂျာတစ်ဦးဖြစ်လာစေရန်အတွက် လိုအပ်သောအဆင့် ၅ ချက်မန်နေဂျာတစ်ဦးဖြစ်လာစေရန်အတွက် လိုအပ်သောအဆင့် ၅ ချက်

 

များစွာသောသူတို့သည် သူတို့၏သက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများတွင် တာဝန်ယူမှု၊ တာဝန်ခံမှု ပိုမိုရရှိချင် လာသည်ဟု ဆုံးဖြတ်ချက်ချခဲ့သော အချိန်များရှိပါသည်။ မန်နေဂျာတစ်ဦးဖြစ်လာခြင်းမှာ လုပ်ငန်းကျွမ်းကျင် သူများအတွက် သူတို့၏သက်မွေးဝမ်းကျောင်းမှုလုပ်ငန်းတွင်တိုးတက်မှုရှိစေရန်နှင့် ပိုမိုပြီးဝင်ငွေရရှိလာစေရန် အတွက် အကောင်းဆုံးသောလမ်းကြောင်းဖြစ်ပါသည်။ 

မန်နေဂျာများဟာ ကုမ္ပဏီစီမံကိန်းများနှင့် နေ့တဓူဝလုပ်ငန်းဆောင်တာများကို ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကြီးကြပ်ခန့်ခွဲခြင်းတို့အတွက် တာဝန်ရှိပါသည်။ ထိုအရာက ကုမ္ပဏီအတွင်းရှိ သူတို့၏အလုပ်တာဝန်အား တစ်မူထူးခြားစေပြီး လုပ်ငန်းတစ်ခု၏အောင်မြင်မှုအား ထိန်းသိမ်းနိုင်ရန်အတွက် အလွန်အရေးပါအရာရောက် သောရာထူးတစ်ခုဖြစ်စေပါသည်။ သို့သော်လည်း မန်နေဂျာတစ်ဦးဖြစ်လာနိုင်စေဖို့မှာ အမြဲတမ်းလွယ်ကူမှုရှိနေ မှာမဟုတ်ပါဘူး၊ သင့်အနေနဲ့ အခြားသော အရည်အချင်းပြည့်မှီတဲ့ မန်နေဂျာဖြစ်ဖို့လျာထားခြင်းခံရသူများ၊  လုပ်ဖော်ကိုင်ဖက်များနှင့် အဆိုပါရာထူးရရှိရန်အတွက် ယှဉ်ပြိုင်ရခြင်းများရှိလာနိုင်ပါတယ်။

အောက်ပါအချက် ၅ချက်ဟာ သင်အလုပ်လုပ်နေသော ကုမ္ပဏီတွင် မန်နေဂျာတစ်ဦးဖြစ်လာစေရန်အတွက် လုပ်ဆောင်သင့်သည့်အချက်များဖြစ်ပါသည်။

 

၁။ သင့်မျှော်လင့်ချက်များနှင့် ရည်မှန်းချက်များကို အများသိစေရန်အတွက်ပြုလုပ်ပါ

သင်ဟာ မန်နေဂျာတစ်ဦးဖြစ်လာစေရန် ရည်မှန်းထားပါက ထိုအရာနှင့်ပတ်သက်ပြီးဆိတ်ဆိတ်မနေလိုက်ပါနဲ့။ သင့်အနေနဲ့ ထိုရည်မှန်းချက်ကိုအလွန်အမင်းပြသဖို့ မလိုအပ်သော်လည်း သင့်တော်မည့်လူများကို သင်ဟာ နောက်တစ်ဆင့်သို့တက်လှမ်းရန်လုပ်ဆောင်ဖို့စဉ်းစားနေသည်ဟု အသိပေးထားဖို့အရေးကြီးပါတယ်။ ဒါမှသာ သူတို့ဟာ သင့်ကို သင်လိုချင်တဲ့နေရာသို့ ရောက်ရှိရန်အတွက် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ လက်ရှိမန်နေဂျာ သို့မဟုတ်လုပ်ငန်းရှင်အား သင်ဟာယခုအခြေအနေထက်ပိုမိုပြီး ရည်ရွယ်မျှော်လင့်ချက်ထား တယ်ဆိုတဲ့အကြောင်း အသိပေးပြီး နောင်တွင်အလုပ်နေရာအပြောင်းအလဲ ပြုလုပ်နိုင်စေရန်အတွက် သင့်ထံ တွင်လိုအပ်နိုင်မည့် ကျွမ်းကျင်မှုများကို သူတို့နှင့်အတူတူအလုပ်လုပ်ပြီး သင်ယူလိုက်ပါ။

သင့်အနေဖြင့် HR Manager တစ်ဦးဖြစ်လာချင်သည်ဆိုပါက ဖြေကြားရနိုင်သည့် လူတွေ့စစ်ဆေးမှုမေးခွန်း (၁၀) ခုကိုဖတ်ရှုရန် ဤနေရာကိုနှိပ်ပါ။

 

၂။ သင်ကြားပေးနိုင်သူတစ်ဦးဖြစ်လာဖို့ပြုလုပ်ပါ

အကယ်၍ သင့်အနေဖြင့် အခြားသူများအားပြန်လည်သင်ကြားပေးရန် အခွင့်အလမ်းများပေါ်ပေါက်လာပါက သို့မဟုတ် သင့်ထံမှလေ့လာသင်ယူလိုသူများနှင့်ချိတ်ဆက်ပေးနိုင်သည့် သင့်လုပ်ငန်းနယ်ပယ်အတွင်းရှိ လုပ်ငန်း ကျွမ်းကျင်သူ (Professional) အဖွဲ့အစည်းများသို့ပါဝင်ပြီး သင်ကြားပေး၍ ရနိုင်၊ မရနိုင်ကို သင့်ရဲ့ မန်နေဂျာ သို့မဟုတ် လုပ်ငန်းရှင်သူဌေးအားမေးမြန်းပါ။ အဆိုပါအရာက သင့်ထံတွင်မန်နေဂျာရာထူးတိုင်းတွင် မရှိမဖြစ် လိုအပ်သည့် အခြားသူများနှင့် နီးနီးကပ်ကပ်အလုပ်လုပ်နိုငသောကျွမ်းကျင်မှုရှိပြီး သင်ဟာဆက်ဆံရေးကောင်း မွန်သူတစ်ဦးဖြစ်သည်ကိုပါဖော်ပြနိုင်ပါသည်။ သို့မဟုတ်သင့်အားသင်ကြားပေးနိုင်သူတစ်ဦးကိုရှာဖွေပါ - သင့် ထက်အလုပ်အတွေ့အကြုံများသူများဟာ သင့်အနေဖြင့် အလုပ်တာဝန်များပိုမိုထမ်းဆောင်နိုင်ရန် ပြင်ဆင်နိုင်ဖို့ ရာအတွက် ကူညီပေးနိုင်ပါတယ်။

 

၃။ သင့်ရဲ့ကျွမ်းကျင်မှုများကို ပိုမိုတိုးတက်လာစေရန်ပြုလုပ်ပါ

မန်နေဂျာတစ်ဦးအနေနဲ့ သင့်မှာ အနားရတဲ့အချိန်များပိုမိုနည်းလာပြီး၊ အခွင့်အာဏာနှင့် ဦးဆောင်ရမှုများ ပိုမိုများ ပြားလာမည်ဖြစ်သည့်အပြင် အခြားလိုအပ်ချက်အသစ်များစွာလည်းရှိလာမည်ဖြစ်ပါသည်။ ထို့ကြောင့်ပင် သင့်ရဲ့ ကျွမ်းကျင်မှုများကို ပိုမိုတိုးတက်လာစေရန်ပြုလုပ်ခြင်းကသာလျှင် အဆိုပါစိန်ခေါ်မှုများနှင့် တာဝန်များကို သင်ပြု လုပ်နိုင်စေရန်အတွက် အာမခံချက်ပေးမည်ဖြစ်သောကြောင့် အရေးကြီးပါသည်။ သင့်တွင်ရှိနေနှင့် ပြီးသော ကျွမ်းကျင်မှုများအား သေချာစွာခွဲခြမ်းစိတ်ဖြာပြီး သင့်ထက်အရင် စီမံခန့်ခွဲမှုရာထူးများ ရရှိထားနှင့်ပြီး သူများနှင့်စကားပြောဆိုကာ သင့်အနေနှင့် ဘယ်လိုကျွမ်းကျင်မှုမျိုးကို ရယူထားရန်လိုအပ်သည်ကို စဉ်းစားဆုံး ဖြတ်ရမည်ဖြစ်ပါသည်။ သင့်လုပ်ငန်းနယ်ပယ်အတွင်းရှိအသစ်ဖြစ်ပေါ်နေသောအရာများနှင့် ရေပန်းစားနေသော ကိစ္စရပ်များကိုအမြဲလေ့လာမှုပြုလုပ်ပါ၊ ရရှိလာသောအခွင့်အလမ်းများကိုလက်မလွတ်စေပဲ သင့်ရဲ့စွမ်းဆောင် ရည်များကို ပိုမိုခိုင်မာလာစေရန်ဆောင်ရွက်ပါ။

 

၎။ သင့်ရဲ့တန်ဖိုးအားပြသပေးပါ

သင့်ရဲ့ရည်မှန်းချက်တွေအား အကောင်အထည်ဖော်ရန်မှာ အလွန်အရေးကြီးပါတယ်။ သင့် အနေနဲ့ ပိုမိုမြင့်မားတဲ့အလုပ်နေရာကို ကြိုးစားဖို့အခွင့်အရေးကိုမရမှီ သင်ဟာဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာကို သင့်ရဲ့အလုပ်ရှင်သူဌေးအားပြသသင့်တယ်လို့ ထင်မြင်ယူဆပါက ယနေ့ထက်ထိ သင့်ရဲ့အောင်မြင်မှုတွေနဲ့ ကုမ္ပဏီအပေါ်အလေးအနက်ထားမှုတွေကိုပေါ်လွင် စေတဲ့ တင်ဆက်ပြသမှုအား ပြင်ဆင်ကာ အစည်းအဝေးတစ်ခု ပြုလုပ်သင့်ပါတယ်။ သင့်ရဲ့ အောင်မြင်မှုများကိုတိကျတဲ့ကိန်းဂဏန်းများနဲ့ (“ဝယ်နေကျဖောက်သည်များ ၄၀% အထိ တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့သည်သို့မဟုတ်ကြော်ငြာသူများ၏အကောင့်များကိုစီမံခန့်ခွဲ ကာ စုစုပေါင်းဘဏ္ဏာငွေအတွက် ဒေါ်လာ ၂၀၀၀၀၀ ခန့်ပံ့ပိုးနိုင်ခဲ့သည်”) စသကဲ့သို့ သင့်ရဲ့ ဆွေးနွေးချက်များကို ပြန်လည်၍မေးခွန်းမထုတ်နိုင်စေရန်အတွက် သေချာစွာဖော်ပြပါ။

 

၅။ ဝေဖန်အကြုံပြုချက်များကိုတောင်းဆိုပါ

သင့်ရဲ့ အထက်လူကြီးများနဲ့ လုပ်ဖော်ကိုင်ဖက်များကို သင့်ရဲ့ယနေ့အထိအလုပ်လုပ်ဆောင်ခဲ့မှုများအပေါ် အကဲ ဖြတ်ပေးရန်အတွက် တောင်းဆိုပါ။ သင့်အနေနဲ့ကတောက်ကဆဖြစ်မှုများကို ကောင်းကောင်းကိုင်တွယ်ဖြေရှင်း နိုင်ခဲ့ပါသလား? သင့်အနေနဲ့ စိတ်ဖိစီးဖွယ်ရာအခြေအနေများကို ကောင်းစွာတုံ့ပြန်မှုများပြုလုပ်ခဲ့ပါသလား? သင့်အနေဖြင့် ထိန်းချုပ်မှုများလွန်းတာ သို့မဟုတ် နည်းလွန်းသွားတာမျိုးမဖြစ်စေပဲ အဖွဲ့တစ်ခုကို ကောင်းမွန်စွာ ဦးဆောင်နိုင်စွမ်းရှိပါရဲ့လား? စသည့် သင့်လုပ်ဖော်ကိုင်ဖက်များနှင့် သင့်မန်နေဂျာများထံမှ အသေးစိတ်ဝေဖန် အကြံပြုချက်မျာဟာ သင့်ရဲ့အားသာချက်တွေနဲ့ သင်ဘယ်နေရာတွေမှာတိုးတက်အောင်လုပ်ဆောင်ဖို့လိုအပ်နေ သည်တို့ကို အဆုံးအဖြတ်ပေးသွားမည်ဖြစ်ပါသည်။ ဒီအရာက သင်သည်ဝေဖန်အကြံပြုချက်များကိုအမြဲတမ်း လက်ခံကာ တိုးတက်စေဖို့ကြိုးစားနေသည်ကိုပြသရုံမျှမက သင့်အဖွဲ့အတွင်းရှိတစ်ဦးတစ်ယောက်ချင်းစီ၏ အမြင် များကိုသင်တန်ဖိုးထားသည်ကိုလဲဖော်ပြနေပါသည်။ ဤအရာဟာ မန်နေဂျာတိုင်းတွင် ရှိသင့်ရှိထိုက်သည့် အချက် တစ်ခုဖြစ်ပါသည်။

မန်နေဂျာတစ်ဦးဖြစ်လာခြင်းက သင့်ရဲ့သက်မွေးဝမ်းကျောင်းမှုလုပ်ငန်းတွင်တိုးတက်မှုရှိလာစေရန်နှင့် နောင်တွင် ကျွမ်းကျင်မှုဆိုင်ရာ အခွင့်အလမ်းများအတွက်ပြင်ဆင်နိုင်စေရန် အလွန်ကောင်းမွန်သော နည်းလမ်းတစ်ခုဖြစ် ပါသည်။ အဆိုပါအချက်များကိုအသုံးပြုကာ နောင်လာမည့်နှစ်တွင် သင်အလုပ်လုပ်ကိုင်နေသော ကုမ္ပဏီ၌ ပိုမိုမြင့်မားသောရာထူး၊ တာဝန်များကို ရရှိဆောင်ရွက်ရန်အတွက် မိမိကိုယ်ကိုကတိပေးကာကြိုးစားလိုက်ပါ။ ကံကောင်းကြပါစေ။

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


DHL Global Forwarding Myanmar

DHL Global Forwarding Myanmar

Vision: Our Purpose Our Guiding Principle Our Customer PromiseDHL Global Forwarding Myanmar was opened in August 2013 and is providing freight forwarding services, international supply chain servic...
Show the postings (2)
Diebold Nixdorf Myanmar Ltd

Diebold Nixdorf Myanmar Ltd

With a population of nearly 54 million people, Myanmar has huge growth potential in the banking sector as it expands its services outside of Yangon to more rural areas where it is estimated that more ...
Show the postings (4)
EPCM Myanmar Co., Ltd.

EPCM Myanmar Co., Ltd.

.We seek to be the leading customer oriented Construction , Mechanical and Electrical Equipment & services for our Professionalism, Quality, Cost Efficiency and Timely Delivery. .To provide the highe...
Show the postings (11)
Ayer Shwe Wah Co.,Ltd. [H.O]

Ayer Shwe Wah Co.,Ltd. [H.O]

Ayer Shwe Wah is a group of companies doing a variety of businesses and managing each unit underneath the breath of a strategic sustainability.Ayer Shwe Wah is one of the largest conglomerates in Myan...
Show the postings (26)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS