Jobs In Myanmar
Load...

Artificial Intelligence နှင့် လိုက်လျောညီထွေဖြစ်စေရန် ဝန်ထမ်းများအနေနဲ့ မိမိတို့ရဲ့ ကျွမ်းကျင်မှုများကို မြှင့်တင်မှုပြုလုပ်နိုင်ကြစေဖို့အတွက် အကြံပေးချက် (၅) ချက်

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Tips-AI-Workforce-JobsInYangon



Artificial Intelligence နှင့် လိုက်လျောညီထွေဖြစ်စေရန် ဝန်ထမ်းများအနေနဲ့ မိမိတို့ရဲ့ ကျွမ်းကျင်မှုများကို မြှင့်တင်မှုပြုလုပ်နိုင်ကြစေဖို့အတွက် အကြံပေးချက် (၅) ချက်

 

“HR professional များအနေနဲ့ AI အပေါ် သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို စတင်၍ ပြောင်းလဲပစ်ဖို့အတွက် လိုအပ်နေပြီပဲဖြစ်ပါတယ်။“ ဟူ၍ Deloitte Consulting ရဲ့ Principal တစ်ဦးဖြစ်သူ Jeff Schwartz မှ ပြောကြားထားခဲ့ပါတယ်။ “ဒီအရာက လူသားများနဲ့ AI တို့အကြား အလုပ်တာဝန်များကို ခွဲခြားသတ်မှတ်ခြင်း (သို့) အဆိုပြုချက်တစ်ခုမဟုတ်ပဲ Value (တန်ဖိုး) အသစ်များကို နည်းလမ်းအသစ်များဖြင့် ဖန်တီးခြင်းကို ဆိုလိုတာဖြစ်ပါတယ်။” ဟူ၍လည်း ထွက်ရှိလာတော့မည့် Work Disrupted စာအုပ်ရဲ့ စာရေးသူ Wiley မှ ရေးသားထားခဲ့ပါသေးတယ်။ Schwartz က AI ရဲ့ အကျိုးသက်ရောက်မှု ရှိလာနိုင်ပုံကို ATM စက်များနဲ့ နမူနာနှိုင်းယှဉ်၍ ပြသထားပါတယ် - “၁၉၇၀ ခုနှစ် နှောင်းပိုင်းတွင် ATM များထွက်ပေါ်လာသည့်အခါ၌ ဒီအရာဟာ ဘဏ်ဝန်ထမ်းများရဲ့ အလုပ်အကိုင်များကို လုံးဝဖျက်သိမ်းခြင်း မပြုနိုင်ခဲ့ပါဘူး။ ဒီအစား ATM များ ပေါ်ပေါက်လာသည့် အချိန်မှ စတင်၍ ဘဏ်ခွဲများတွင် ဘဏ်ဝန်ထမ်းများကို ပိုမို၍များပြားစွာပင် တွေ့မြင်လာခဲ့ရပါတယ်။”


HR professional များအနေနဲ့ အလုပ်တာဝန်များကို ပိုမို၍ကောင်းမွန်စွာ ထမ်းဆောင်လာနိုင်ကြစေရန် အတွက် ဝန်ထမ်းများနဲ့ AI တို့ဟာ ဘယ်လိုနည်းလမ်းများနဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်မလဲဆိုတာကို အဖြေရှာစဉ်းစားဖို့ လိုအပ်နေပြီး အလုပ်များကို ပြန်လည်၍ ချိန်ညှိသတ်မှတ်၊ ပြောင်းလဲမှုများ ပြုလုပ်ပေးဖို့ လိုအပ်နေပြီပဲဖြစ်ပါတယ်။ ယျေဘူယျအားဖြင့် “AI ဟာ များပြားလှသောအလုပ်များကို လုပ်ကိုင်နိုင်စွမ်း၊ မြန်ဆန်စွာလုပ်ကိုင်နိုင်စွမ်းနှင့် များပြားလှသော ဒေတာအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်မှုများကို ပြုလုပ်နိုင်စွမ်းရှိနေပြီး။ အခြားသောဖက်တွင် လူသားများ (ဝန်ထမ်းများ) ဟာတော့ ကိုယ်ခြင်းစာမှု/ နားလည်ပေးနိုင်မှု၊ တစ်ဦးနှင့် တစ်ဦး ဆက်သွယ်ပြောဆိုခြင်းနဲ့ ပြဿနာများဖြေရှင်းရာတွင် လွယ်ကူစွာညှိနှိုင်းပြောင်းလဲနိုင်စွမ်းများ ရှိနေပါတယ်။” ဟူ၍ Schwartz မှ ပြောဆိုခဲ့ပါသေးတယ်။ 

 

AI နှင့် လိုက်လျောညီထွေရှိလာစေရန် ဝန်ထမ်းများကို အကူအညီပေးနိုင်မည့် အကြံပေးချက် (၅) ချက်


ဒီတော့ HR professional များအနေနဲ့ ဝန်ထမ်းများကို အရည်အချင်းများ မြှင့်တင်ပေးနိုင်စေပြီး AI နှင့် လိုက်လျောညီထွေဖြစ်စေရန် ကူညီပေးနိုင်မယ့် အချက်အချို့အား ကျွမ်းကျင်သူများမှ ဝေဌပေးထားသည်ကို ကျွန်ုပ်တို့အတူ လေ့လာလိုက်ကြရအောင်လားခင်ဗျာ - 


၁။ သင့်ရဲ့ AI နည်းဗျူဟာ/ Value များဟာ ရှင်းလင်းမှုရှိနေပါစေ။ ဝန်ထမ်းများအပေါ် AI ဟာ မည်သို့ အကောင်းဘက်သို့ဆောင်သော အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်လာစေမလဲဆိုတာကို အသေးစိတ်ရှင်းလင်းပါ။ ဒါမှသာ သူတို့အနေနဲ့ ဒီအပြောင်းအလဲကို ပွင့်လင်းသောအမြင်ဖြင့် လက်ကမ်းကြိုဆိုနိုင်ကြမှာဖြစ်ပါတယ်။ မည်သို့ပြောင်းလဲမှုများ ရှိလာနိုင်ကြောင်းကို ပွင့်လင်းရိုးသားစွာ ပြောပြပေးခြင်းအားဖြင့် ဝန်ထမ်းများ စိတ်ပူပင်နေသော အရာများနဲ့ စိုးရိမ်မှုများကို ဖြေရှင်းပါ။ အချို့သော ဝန်ထမ်းများဟာ ပြောင်းလဲမှုများကို အချိန်တိုအတွင်းလက်ခံနိုင်ကြမှာဖြစ်သောလည်း (ဥပမာအားဖြင့် Generation Z ရဲ့ ၄၃% က သူတို့ဟာ အလုပ်လုပ်ရာတွင် AI ကိုအသုံးချလိုကြောင်းပြောကြားခဲ့သည်ကို ServiceNow မှ စစ်တမ်းကောက်ယူချက် တစ်ခုအရ သိရှိခဲ့ရပါတယ်။) အခြားသောဝန်ထမ်းများဟာတော့ အဆိုပါ နည်းပညာကို ကြိုဆိုရာတွင် အလားတူမြန်ဆန်စွာ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒီအတွက် HR Professional များအနေနဲ့ လူတိုင်း (ဝန်ထမ်းတိုင်း) ဟာ သူတို့ကို ကူညီထောက်ပံ့ပေးမှုများ ရှိနေတယ်လို့ ခံစားရစေနိုင်ဖို့အတွက် သေချာအောင် လုပ်ဆောင်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ 

 

၂။ AI ဟာ ဝန်ထမ်းများ အလုပ်လုပ်ကိုင်ရတဲ့အတွေ့အကြုံ (employee experience) ကို မည်သို့ အကျိုးသက်ရောက်မှုများရှိစေနိုင်ကြောင်း ရှင်းပြပါ။ ဝန်ထမ်းများကို သူတို့ကြောက်ရွံ့နေကြသော administrative အလုပ်များနဲ့ ထပ်ခါတလဲ ပြန်လည်လုပ်ဆောင်ရသောအလုပ်များကို ကိုင်တွယ် ဖြေရှင်းနိုင်စွမ်းရှိသည့် AI ရဲ့ စွမ်းရည်ကို ပြသလိုက်ပြီး ဒီအရာကို ထည့်သွင်းခြင်းအားဖြင့် သူတို့အနေနဲ့ လုပ်ငန်းခွင်အတွင်း ပိုမို၍အဓိပ္ပါယ်ပြည့်ဝသော အလုပ်များ၊ အတွေ့အကြုံများကို ရရှိနိုင်ဖို့ အခွင့်အရေး ရှိလာကြောင်းကို ပြသလိုက်ပါ။ မှန်ကန်စွာသာ အသုံးချနိုင်ခဲ့ပါက AI ဟာ ဝန်ထမ်းများရဲ့ သက်မွေးမှုလမ်းကြောင်းကို မြန်ဆန်စွာ တိုးတက်မှုရှိလာစေမှာဖြစ်ပြီး အချိန်တိုအတွင်းမှာပင် သူတို့အား ဝန်ထမ်းအသစ်တစ်ဦးအဖြစ်မှ အဖွဲ့အတွင်း နာမည်ကျော်ကြားသူတစ်ဦးအဖြစ်သို့ ပို့ဆောင်ပေးနိုင်ကြောင်းကိုလည်း သိရှိအောင် လုပ်ဆောင်ပေးလိုက်ပါ ဟူ၍ Career Experience Platform တစ်ခုဖြစ်သော Fuel50 ရဲ့ CEO ဖြစ်သူ Anne Fulton မှ အကြံပြုထားခဲ့ပါတယ်။ 

 

၃။ Manual လုပ်ကိုင်ရသော လုပ်ငန်းစဉ်များကို ရှင်းလင်းပေးနိုင်သည့်အပြင် AI မှ ဝန်ထမ်းများကို ကူညီပေးနိုင်ပုံများကိုလည်း လေ့လာပါ။ Employee experience ကို ပိုမိုကောင်းမွန်မှု ရှိလာစေဖို့အတွက် AI ကိုအသုံးပြုခြင်းကြောင့် ရရှိလာနိုင်တဲ့ ကောင်းကျိုးများကို ဝန်ထမ်းများ သိရှိလာကြစေရန် ပြုလုပ်ပေးပါ။ နောင်လာမည့် အနာဂါတ်တွင် ဝန်ထမ်းတစ်ဦးဟာ လုပ်ငန်းပရောဂျက်အသစ်တစ်ခုကို လုပ်ဆောင်နေတာကို AI မှ သိရှိပြီးနောက် နောက်ခံအချက်အလက်တစ်ချို့ကို သိရှိဖို့ လိုအပ်နေသည့်အချိန်တွင် အဆိုပါဝန်ထမ်းကို ကူညီပေးနိုင်ရန်အတွက် အသိပညာပေး ဗီဒီယိုတစ်ပုဒ်ကို မျှဝေပေးနိုင်မည့် အခြေအနေကို စိတ်ကူးယဉ်ကြည့်လိုက်ပါက AI ဟာ employee experience ကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်မှုရှိတာကို သင့်အနေနဲ့ လက်ခံရမှာပဲဖြစ်ပါတယ်။ ဒါမှမဟုတ် အနာဂါတ်တွင် AI က ဝန်ထမ်းတစ်ဦးရဲ့ စိတ်အခြေအနေကို ရိပ်မိသိရှိပြီးနောက် မန်နေဂျာကို အဆိုပါဝန်ထမ်းအား ပိုမိုကြာရှည်သော နေ့လည်စာစားချိန်ပေးစေဖို့အတွက် အကြံပြုချက်လည်း ပေးနိုင်ကောင်း ပေးနိုင်ပါလိမ့်မယ်။ AI မှ လူသားများအပေါ် value တစ်ရပ်အနေနဲ့ ကူညီပေးနိုင်မည့် နည်းလမ်းများကို ဆက်လက်၍ ရှာဖွေပေးလိုက်ပါ။ 

 

၎။ ဝန်ထမ်းများအနေနဲ့ သူတို့ရဲ့အလုပ်တာဝန်များဟာ ဦးတည်ချက်ရှိပြီး တီထွင်ဆန်းသစ်မှုရှိသည်ဟု ခံစားမိစေရန်အတွက် တိုးတက်မှုနှင့် သင်ယူလေ့လာမှုရှိသော Culture တစ်ခုကို တည်ဆောက်ပါ၊ အားပေးပါ။ လုပ်ငန်းခွင်အတွက် အကူကိရိယာများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ လေ့လာစူးစမ်းမှုနှင့် တီထွင်ဖန်တီးမှုရှိသော Culture ကို အားပေးခြင်းနှင့် သင်ကြားလေ့ကျင့်ရေးအခွင့်အလမ်းများကို ဝန်ထမ်းများအား ပေးအပ်ခြင်းတို့ဟာ Organization များအနေနဲ့ ကျွမ်းကျင်မှုများနဲ့ စွမ်းဆောင်ရည်များကို AI နှင့်အတူ တိုးမြှင့်ပေးစေနိုင်ဖို့ရာအတွက် အရေးကြီးသော တွန်းအားများဖြစ်လာကြမှာဖြစ်ပါတယ်။  

 

၅။ အောင်မြင်မှုများနှင့် အကောင်းဆုံးဆောင်ရွက်နိုင်မှုများကို မျှဝေပါ။ AI ကို ထည့်သွင်းအသုံးချခြင်း အားဖြင့် သင့်အနေနဲ့ ပိုမိုတိုးတက်မှုရှိစေလိုသော အဓိကအချက်များကို သင့်ဝန်ထမ်းများရဲ့ ကျွမ်းကျင်မှုအား မြှင့်တင်ပေးနိုင်စေရန် လုပ်ဆောင်ချက်များတွင်ထည့်သွင်း၍ ဖန်တီးတည်ဆောက်ပါ။ ပြီးနောက် သင့်ရဲ့တိုးတက်မှုအခြေအနေကို စောင့်ကြည့်လေ့လာပါ။ နည်းပညာများအားလုံးနည်းတူပင် AI ကို ထည့်သွင်းအသုံးချခြင်းဟာ အစပိုင်းတွင်ခက်ခဲမှုများရှိသည်ဟု ထင်မြင်ယူဆကြမှာဖြစ်သော်လည်း သင့်အနေနဲ့ ဘာကြောင့် ဒီနည်းပညာကိုထည့်သွင်းရသလဲဆိုတာကို မှတ်မိသိရှိထားပြီး သင့်ရဲ့ team ကိုလည်း သူတို့အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တဲ့ အရာများနဲ့ သင်ယူရရှိခဲ့သော အချက်များကို တစ်ဦးနဲ့တစ်ဦးအကြား မျှဝေပေးနိုင်စေရန်အတွက် စီစဉ်ပေးလိုက်ပါ။ ဒီအရာက momentum ကိုတည်ဆောက်နိုင်စေမှာဖြစ်ပြီး ပြောင်းလဲမှုများကိုဖြစ်ပေါ်လာစေပါလိမ့်မယ်။ 

 

ဒီ article လေးကို ဖတ်ရှုပြီးနောက် စာဖတ်သူတို့အနေနဲ့လည်း မိမိတို့ရဲ့ လုပ်ငန်းခွင်တွင် AI နည်းပညာကို ထည့်သွင်းဆောင်ရွက်ရာ၌ အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Global Technology Co., Ltd (Global Net)

Global Technology Co., Ltd (Global Net)

Our speciality is providing complete solution and systems that work through the use of our outstanding design, unique client engagement model, procurement, project management, implementation and suppo...
Show the postings (75)
URC (Myanmar) Co., Ltd.

URC (Myanmar) Co., Ltd.

URC is engaged in a wide range of food-related businesses, including the manufacture and distribution of branded consumer foods and is also in commodities. URC is the leading branded snackfoods and be...
Show the postings (5)
Design Communications International Co, Ltd.

Design Communications International Co, Ltd.

..Design Communications International Co, Ltd.....
Show the postings (2)
Creative Fox Co.,Ltd

Creative Fox Co.,Ltd

Myanmar Unilink Co., Ltd

Myanmar Unilink Co., Ltd

Our Company aspires to achieve the largest broadband access network and integrated content services provider. Promoting physical, mental, and spiritual satisfaction of all employees, while promoting a...
Show the postings (4)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS